သူက…
ငြိမ့်ညောင်းတဲ့
ခေတ်ဟောင်းတေးတပုဒ်
ရှက်ပြုံးလေးမပွင့်တပွင့်
ရင်ဖုန်းလေးအမြဲဝတ်ပြီး
ဆံနွယ်ရှည်ရှည်တွေနဲ့ 
ကာရန်ညီအောင်လှတဲ့
မဟာဆန်သူလေးပေါ့…၊
သူက…
ပေါ့ပ်နဲ့ ကလပ်စစ်
နှစ်မျိုးလုံးဖြစ်တယ်
ထက်မြက်တဲ့မျက်ဝန်းနဲ့ 
နူးညံ့တဲ့နှလုံးသား
ပေါင်းမိသွားတော့
လက်ချောင်းသွယ်သွယ်တွေပေါ်က
အံ့သြစရာကောင်းလောက်အောင်
အနုပညာတွေပြိုပြိုကျလာတတ်တဲ့
ပန်းချီ၊ကဗျာ၊တူရိယာနဲ့ 
လောကကြီးကို
သာယာစေသူလေးပေါ့…၊
သူက
ရော့ခ်ဂီတလို
ရင်ထဲရှိသမျှ
ပွင့်လင်းစွာချပြတတ်သူ
သင်္ချာ၊ကွန်ပြူတာဦးနှောက်က
ယောင်္ကျားတွေတောင်ရှုံးလောက်တယ်
မယုံကြည်စရာကောင်းလောက်အောင်
တခါတခါ
အလွန်ချိုမြတဲ့
ကဗျာဆရာမလေးပေါ့…၊
ကိုယ်ကတော့
မပြတ်သားလိုက်ပုံများ
ကလပ်စစ်၊ပေါ့ပ်၊ရော့ခ်
အားလုံးRemix
ရင်ဖုန်း၊ရှပ်အကုန်ဝတ်တတ်သူ
ကဗျာတို၊စာတိုနဲ့ 
ဟိုမရောက်ဒီမရောက်
မတောက်တခေါက်ပေါ့…၊
အဲဒီလေးယောက်ရယ်
ခပ်ထူထူစာအုပ်ပုံကြီးရယ်
လဘက်သုတ်တပွဲရယ်
အဝေးကဂီတာသံရယ်
ကက်ဆက်ထဲကဗဒင်သီချင်းရယ်
နောက်…
ကြယ်တွေမစုံတဲ့ညရယ်
လွမ်းမိတယ်…။
တန်ခူး
27-Aug-2008 5:30pm
11 comments:
အဲဒီလေးယောက်ပေါ့ဗျာ။ Theatre အပေါက်ဝကနေ ကိုယ်ရောင် တချက်ပြလိုက်တာနဲ့ ရထားတွဲလိုဘဲ တန်းစီပြီး အပြင်ကို ပြေးထွက်လာကြ…..(မဟာဆန်သူလေးကတော့ ထုံးစံအတိုင်း နောက်ဆုံးကနေ ဟိုလူ့ကွယ်၊ ဒီလူ့ကွယ်နဲ့ လိုက်လာတာပေါ့)။ ပြီးတော့ ပါးစပ်ကလည်း အလုအယက် မေးလိုက်ကြသေးတယ်။ “ဟဲ့….. နင်..ကဗျာစာအုပ် ဘယ်နှစ်အုပ် ရောင်းကုန်ခဲ့ပြီလဲ” တဲ့။
ပျော်စရာကောင်းလှတဲ့ အဲသည်တုန်းက အချိန်တွေကို လွမ်းမိတာတော့ အမှန်ပါဘဲ။း-)
သူငယ်ချင်း ၄ ယောက်စလုံးမှာ ဆွဲဆောင်မှုလေးတွေ တစ်ခုစီတွေ့ လိုက်ရတယ် ။ ရင်ဖုန်းအကျီင်္ဆံပင်ရှည်၂နဲ့  မဟာဆန်သူ ၊ ဂီတကိုချစ်မြတ်နိုးပြီး ကိုယ်တိုင်ဖန်တီးနိုင်သူ၊ နုညံ့တဲ့ အခါတွေရှိသလို ရဲရင့်တယ်လို့ ထင်ရတဲ့ ကဗျာဆရာမလေး ၊ နောက်ဆုံးတစ်ယောက်ကတော့ အစ်မတန်ခူးလို့ ထင်တာပဲး) ဘာပဲဖြစ်ဖြစ် ဟိုမရောက် ဒီမရောက်လို့ ဆိုပေမယ့် အစ်မရဲ့စာတွေကိုကြိုက်တယ် ။
(အများကြီးမပြောတက်လို့  ရမ်းတုတ်လိုက်တာ မှားသွားရင် ဆောတီး :P )
သူငယ်ချင်းတွေ အကြောင်း ထင်ပ။
ကျန်တဲ့ ၃ယောက်တော့ မသိပေမဲ့ နောက်ဆုံး တယောက်ကတော့ တန်ခူး ထင်ပါရဲ့။ မတောက်တခေါက်မို့ပေပဲ..
နေ့တိုင်းလာဖတ်နေရတယ် ညီမရေ။
သရုပ်ပေါ်တဲ့ ကဗျာကောင်းလေးပါ။
အနော်တို့ အုပ်စုလဲ အဲဂလိုမို့ so amazing!
awwsome :)
တန်ခူးရဲ့  ကဗျာလေးကို ဖတ်ပြီး သူငယ်ချင်းတွေရယ်၊ ကျောင်းကြီးရယ် ကို လွမ်းလိုက်တာ။ ဟုတ်တယ်နော်...
နောက်ဆုံးနှစ် စာမေးပွဲနဲ့  ဗဒင်သီချင်းတွေနဲ့  တစ်ထပ်ထဲဘဲနော်...။ စာတွေမနိုင်မနင်း ကျက်ရင်း၊ နွေးအေးမှာ ထိုင်ရင်း ဗဒင်သီချင်းတွေ နားထောင်ခဲ့ရတဲ့ အချိန်တွေက မမေ့နိုင်စရာပါ။
တန်ခူးရေ...
တန်ခူးက ဟိုမရောက် ဒီမရောက်
မတောက်တခေါက် လုံးဝမဟုတ်ရပါဘူး။ ရသမျှ အချိန်လေးတွေမှာ ကဗျာတွေ စာတွေကို လှလှပပ ဖန်တီးတတ်တဲ့၊ သားလေးအတွက် ညအိပ်ရာဝင် ပုံပြင်တွေကို ပြောပြတတ်တဲ့၊ မောင့်အတွက် အလွန်တရာမှ ချစ်စဖွယ်ကောင်းတဲ့ ပါရမီဖြည့်ဘက်ကလေး၊ သူငယ်ချင်းတွေအတွက်လဲ ချစ်ခင်နှစ်လို ဖွယ်ကောင်းလှတဲ့ သူငယ်ချင်းကလေး တစ်ယောက်ပါ...။
သူငယ်ချင်း လေးယောက်ရဲ့ ချစ်ခင်စရာ ရုပ်ပုံလွှာ လေးတွေကို ခန့် မှန်းမြင်ယောင်လာတယ်။ အကုန်လုံးကတော့ အရည်အချင်း အလှအပ ကိုယ်စီနဲ့ နော်။
အစ်မက ကဗျာလည်း အရေးကောင်းသားပဲ။
ကျွန်တော် ပျောက်နေတာက စာမေးပွဲဖြေနေရလို့ ဗျ။အစ်မတို့ မိသားစု ကျန်းမာ ပျော်ရွှင်ပါစေ
very nice
ရေးချင်ဇောနဲ့ ရေးလိုက်တာ စာလုံးတွေ ရှေ့နောက်လွဲသွားလို့ ပထမ comment ကို ဖျက်လိုက်နော်။
ကိုပေါရေ… လွမ်းစရာနော်… သြော်… အဲဒီလေးယောက်မှာလဲ အပူကပ်စရာဆိုလို့  ဒီမောင်လေးတွေပဲ ရှိတာကို… ကိုပေါတို့ လို အပေါင်းအသင်းဆန့်  မျက်နှာချိုတဲ့သူဆို (နဲနဲမြှောက်လိုက်တာ) ကဗျာစာအုပ်တွေက ဟောတအုပ် ဟောတအုပ် မိုလား…
မောင်မျိုးရမ်းတုတ်တာ မှန်ပါတယ်… တို့ ရဲ့ ဟိုမရောက် ဒီမရောက်စာတွေ ကြိုက်တယ်ဆိုလို့  ၀မ်းသာပါတယ်… ကျေးဇူးပါနော်…
မ ရေ… ခုလို အားပေးစကား အတွက် ကျေးဇူးပါ… နေ့ တိုင်းလာဖတ်တဲ့ အတွက် ကျေးဇူးနှစ်ထပ်နော်…
မယ်လိုဒီတို့ လဲ အဲလိုပဲလား… ပျော်စရာကြီးပေါ့နော်… ပို့ စ်တခုလောက်ရေးပါလား…
အိုးးး….ဒါဆို သက်ဝေက တို့ နဲ့ တနှစ်ထဲ ကျောင်းပြီးတာ ဖြစ်ရမယ်… ထင်တော့ထင်သား… ဗဒင်batchတွေပေါ့နော်… သက်ဝေပြောတာနဲ့ ဟိုးမိုးပေါ်ရောက်သွားပြီ… ကျေးဇူးပါ သက်ဝေရေ…
ကောင်းကင်ကိုရေ… ကဗျာဂုရုကြီးရဲ့ အားပေးစကား အတွက် ကျေးဇူးပါ… စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပါစေလို့ ….
မ ရေ… အားလုံးအတွက် ကျေးဇူးနော်…ဟိ ဟိ…
မတန်ခူးက ကဗျာရေးလည်း ကောင်းတာပဲ။ လွမ်းစရာကြီး။
ကဗျာလေးကောင်းလိုက်တာ
ပုံရိပ်ရေ ခုလို အားပေးတာ ကျေးဇူးပါညီမရေ…
အိမ့်ရေ… ကဗျာရေးတော်တဲ့ အိမ့် အားပေးတာ ကျေးဇူးပါနော်…
Post a Comment