
မြန်မာတွေကိုပဲ ရွေးလုပ်သည် ဆိုတော့ အတော် ခံပြင်း ဒေါသ ထွက်သွားသည်။ အဲဒီလို ကလိန်ကကျစ်နည်းဖြင့် မသိနားမလည်သော သူတွေဆီက ခေါင်းပုံဖြတ် စီးပွားရှာတာတော့ အတော် ရုပ်ဆိုးလွန်းသည်။
ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာ တည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး ဟိုတနေ့ က အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ့ မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ ၀င်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့ များတယ်လို့  သတိပေးရသည်။ နောက် နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့် သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ် ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက ပိုပို ကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့  တိုက်တွန်းလိုက်ရသည်။
အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံး သွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး သေချာ ပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့  မှာလိုက်သေးသည်။ သူ့ ခမျာ အမေအိုကြီး လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန် ရပါစေလို့  ကိုယ်တောင် ၀င်ဆုတောင်းပေးလိုက် သေးသည်။
နေ့ လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့  မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခု ရှိကြောင်း ပြောပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံ အလုပ်ကလဲ လိုချင်တော့ ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။ အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။
လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့် နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည် အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ့ အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊ လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။
နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာ ရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသော အခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံ မပေးရင် သူတို့  အလုပ်ရှာ မပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။ ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲ ဆိုပဲ။
မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။ မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။
ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။
တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။
တန်ခူး
10:30am 21-Aug-2008
ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာ တည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး ဟိုတနေ့ က အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ့ မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ ၀င်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့ များတယ်လို့  သတိပေးရသည်။ နောက် နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့် သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ် ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက ပိုပို ကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့  တိုက်တွန်းလိုက်ရသည်။
အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံး သွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး သေချာ ပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့  မှာလိုက်သေးသည်။ သူ့ ခမျာ အမေအိုကြီး လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန် ရပါစေလို့  ကိုယ်တောင် ၀င်ဆုတောင်းပေးလိုက် သေးသည်။
နေ့ လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့  မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခု ရှိကြောင်း ပြောပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံ အလုပ်ကလဲ လိုချင်တော့ ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။ အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။
လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့် နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည် အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ့ အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊ လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။
နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာ ရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသော အခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံ မပေးရင် သူတို့  အလုပ်ရှာ မပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။ ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲ ဆိုပဲ။
မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။ မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။
ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။
တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။
တန်ခူး
10:30am 21-Aug-2008
60 comments:
အမ.. မေးလ်လိပ်စာလေး ထည့်ပေးထားပီး သတိပြုရန် ဆိုတာလေးပါ ထည့်ပေးရင် ပိုကောင်းမယ်ထင်တယ်နော်။
သြော် စလုံးမှာပါ မြန်မာနည်းတူ လိမ်စဉ်တွေရှိကုန်ပီကိုး။
ဒါမျိုး များများ ဖော်ထုတ်နိုင်မှ မြန်မာတွေ အလိမ်မခံရမှာ အမရေ..ဒီပို့စ်လေးကိုဖတ်ပီး မြန်မာတွေများစွာ အလိမ်ခံရခြင်းကင်းကြပါစေ...။
ဒီပို့စ်ကို စလုံးကလူတော်တော်များများ ဖတ်ဖြစ်ကြပါစေ။
မြန်မာတွေကိုမှ ရွေးလိမ်တာတဲ့လားဗျာ စိတ်ပျက်ဖို့ ကောင်းလိုက်တဲ့ ဒီအကြောင်းကို စလုံက မြန်မာတွေဖတ်ဖြစ်ကြပါစေဗျာ။ အားလုံးလည်း အဆင်ပြေပါကြပါစေ ။
အမရေ.. ဖတ်ပြီး စိတ်တောင်မကောင်းဘူးရယ်.. လုပ်ရက်တယ်နော်.. သူများဆီက ပိုက်ဆံကို အတော်လေးကို အချောင်လိုချင်နေကြတာပဲနော်.. နိုင်ငံခြားရောက်ပြီဆိုရင် အလုပ်လိုချင်ကြတာ သဘာဝဆိုပေမယ့် သူများရဲ့ အားနားချက်ကို ဖိပြီး စီးပွားရှာတာကတော့ အတော်လေး ဆိုးတယ်။ ကျနော်လည်း အကိုနဲ့ယောင်းမဆီ သတိပေးလိုက်ဦးမယ်မရေ.. စိတ်ပူတယ်။
အမရေ လိပ်စာက ဒီမှာပါ။
jssjs@singnet.com.sg
151 Chin Swee Road #14-09 Manhattan House.
Previously from 101A Upper Cross Street #08-07 People's Park Centre
စင်ကာပူမှာ အလုပ်လာရှာကြတဲ့ ရွှေမြန်မာတွေကို အဓိကထားပြီး ရိုက်စားလုပ်နေတယ်လို့ကြားပါတယ်။ အလုပ်လျောက်သူ ၁၀၀ မှာ ၈၀% လောက် ဒီလိပ်စာကနေ အင်တာဗျူးခေါ်တယ်ဆိုပြီး စာရကြတယ်တဲ့။ ဟိုရောက်တော့ သူတို့အလုပ်ရှာပေးမယ်။ registration fees ၂၀ တောင်းပြီး ဖောင်ဖြည့်ခိုင်းတယ်။ ပြီးတော့ အလုပ်အင်တာဗျူးရှိရင် ပြန်ဆက်သွယ်မယ်လို့ ပြောလိုက်တယ်တဲ့။ အလုပ်ရှာနေပါတယ်ဆိုမှ အကူအညီရလိုရငြား လျောက်ခဲ့ကြတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့တွေကတဆင့် အလုပ်ရသွားတယ်လို့ တစ်ခါမှ မကြားဘူးသေးပါဘူး။ ဒီလိုမျိုးတခြား Agencyတွေလည်း ရှိတယ်လို့ ကြားပါတယ်။ တချို့ဆို registration feesက $80 အထိတောင် တောင်းကြတယ်တဲ့။ အလုပ်ရသွားရင်လည်း သူတို့ကို Agent Fees ပေးရဦးမယ်တဲ့။ တခြား Agent တွေရဲ့ နာမည်တွေ သိရင်လည်း မျှဝေပေးကြပါ။ ကံကောင်းကြပါစေ။
ဟုတ်တယ်.. အဲဒါကျွန်တော့ကိုယ်တွေ့ လွန်ခဲ့တဲ့၂နှစ်လောက်က ကျွန်တော် စင်္ကာပူရောက်တုံးအဲဒီလိုခံလိုက်ရတယ်။ ကျွန်တော်က သတင်းစာကနေရတာ။ လိပ်စာက People Park Center မှာ အဲဒီ ရုံးက ကျွန်တော့တုန်းက ၁ဝ $ နဲ့ခံလိုက်ရတာ.. နောက်အဆက်အသွယ်လုပ်တော့ ရှာတုန်းလို့ပြောတယ်။ နောက်ကျွန်တော်လဲ အလုပ်ရသွားတော့ ထားလိုက်တော့တာ။ ကျေးဇူးဘဲဗျာ နောက်လူတွေ ကျွန်တော်တို့လို မဖြစ်စေအောင် ရေးပေးတဲ့အတွက်။
ကောက်ရိုးလေးတစ်မျှင်ရယ်ဆိုပြီးလှမ်းဆွဲကာမှ ရေနစ်သူဝါးကူလို့ထိုးရက်တယ်..
ကိုယ်ချင်းစာစိတ် မရှိလိုက်ကြတာနော်။
မြန်မာတွေလဲ သူများ အချဉ်ဖမ်းစရာ ဖြစ်ရတာ ရင်နာစရာပဲ။ စေတနာပါတဲ့ ပို့စ်လေးမို့ ကျေးဇူးတင်လိုက်ပါတယ် တန်ခူးရေ..။
I also met this event. So let me share their email. But I don't want to tell my name so I edit my information in this email. the following mail is their real mail thet I got ....
check their words (If u have been here or applied with us before, please do not reapply again)
this is show their cheat ...
----------------
From: jssjs@singnet.com.sg
To: xxxxxx@hotmail.com
Subject: RE: Application of YOUR NAME xxxx Post
Date: Mon, 3 Mar 2008 17:25:45 +0800
Hi
Thanks for your application. In this case, can we see u for an interview onWed 5/3/08 9.30 am? Please advice.
151 Chin Swee Road #14-09 Manhattan House.
Direction:- Take MRT down to Chinatown station and exit from D. U can go to OG taxi stand there and walk towards the direction of some HDB at Chin Swee Road . Go straight until u can see Seng Siong ….We are just behind Seng Siong. U can ask people around there ..:)
(If u have been here or applied with us before, please do not reapply again)
Appreciate that.
Regards
Vathi
--------------------------
မတန်ခူးရဲ့ ပို့စ်က အင်မတန် တန်ဖိုးရှိတဲ့အတွက် ကျနော့်ဘလော့မှာ ကူးယူဖော်ပြခွင့် ပေးပါခင်ဗျာ။ ကျေးဇူးခင်ဗျ။
မတန်ခူးရဲ့ ပို့စ်က အင်မတန် တန်ဖိုးရှိတဲ့အတွက် ကျနော့်ဘလော့မှာ ကူးယူဖော်ပြခွင့် ပေးပါခင်ဗျာ။ ကျေးဇူးခင်ဗျ။
မြတ်နိုးရေ… စကားပန်းနဲ့  Anonymous ပြောတဲ့ အတိုင်းပါပဲ… တကယ်အတူတူပါပဲ… တို့ လဲ အဲဒီလို များများဖတ်ဖြစ်ကြပါစေလို့  ဆုတောင်းပါတယ်….
မြန်မာတွေမှ ရွေးလုပ်တယ်ဆိုလို့  စိတ်မကောင်းလဲဖြစ် ဒေါသလဲ ဖြစ်ရပါတယ် မောင်မျိုးရေ…
ဟုတ်တယ်နုရေ… အားနည်းချက်ကို ဖိနင်းပြီး မတရားခေါင်းပုံဖြတ်တာ….
စကားပန်းရေ… အဲဒီအတိုင်းပါပဲ… အခုလို ပြည့်ပြည့်စုံစုံ ဝေမျှပေးတာ ကျေးဇူးပါ ညီမရေ… ဒါထက် ညီမblogလိပ်စာက ဘာလဲဟင်… အမ profileရှာမတွေ့ လို့ …
ကိုpicospark ရေ… သူတို့ ရုံးက အရင်က People Park မှာလို့ ကြားပါတယ်.. အတူတူပဲ ဖြစ်လိမ့်မယ်ထင်တယ်.. ခုလို အတွေ့ အကြုံမျှဝေပေးတာ ကျေးဇူးပါ…
ဟုတ်ပါရဲ့ ရွာသားလေးရယ်… ကိုယ်ချင်းစာတရားမရှိကြတာပေါ့…
မ ရေ… အလုပ် အရမ်းလိုချင်နေကြတာကို သိလို့  အခွင့်ကောင်းယူတာပေါ့ မ ရယ်… ဟုတ်တယ် မ ရေ… ကိုယ်ချင်းစာတရားကင်းကြတာပါ…
Anonymousရေ… အဲဒီအတိုင်း တထပ်ထဲပါပဲ… ခုလို ဝေမျှပေးတာ ကျေးဇူးပါနော်…
ကိုကဒေါင်းရေ… ဒီက မြန်မာများများသိလေ ပိုကောင်းလေမို့  ကိုကဒေါင်းblogမှာ ဖော်ပြတော့ ပိုကောင်းသွားတာပေါ့…
It's vena, vena thein
here is another company that is cheating job seekers, especially from Myanmar.
Please read:
http://www.shwerooms.com/sg/view_otherads.php?t=be-careful-on-the-cheaters
Here is their address:
http://www.shwerooms.com/sg/view_otherads.php?t=cheating-company-tbp-group-of-companies
စိုးပ။ သတင်းလေးဖြန့်ဝေတာ ကျေးဇူးပါ။ သတိထားစရာတစ်ခုပေါ့။
“ မြန်မာတွေစုပြီး ပညာပြန်ပြလိုက်ရကောင်းသား...”
မိုက်ရိုင်းလိုက်လေခြင်း...မြန်မာတွေကို တော်တော်အထင်သေးတဲ့လုပ်ရပ်ပဲ..အခုလိုသတိပေးတာကောင်းပါတယ်ဗျာ.
ဒါတောင် ဘယ်နှစ်ယောက်လောက်ခံလိုက်ရပြီလဲမသိဘူး
နောက်ဆို ဒီလိုအဖြစ်ပျက်မျိုးနဲ့မကြုံကြပါစေနဲ့ဗျာ...
Yes....that is Recruit Express...near ChinaTown.....be carefullll
အမအေးရေ
ကျွန်တော်လည်း ရောက်ခါစက အဲဒီလို အီးမေးရတယ်။ ရောက်နှင့်တဲ့ သူငယ်ချင်းတွေက
ကြိုတင်သတိပေးထားလို့ သွားတော့ကြည့်လိုက်သေးတယ်
အခြေအနေ မဟန်မှန်းသိလို့ အောင်မြင်စွာနဲ့ ဆုတ်ခွာလာခဲ့လိုက်တယ်။ ဘယ်ရမလဲဗျာ တောင်ငူသားပဲဟာ
အင်း ကိုယ့်မြန်မာတွေကို အဲလိုစော်ကားတယ်ကြားတိုင်း အဓိကတရားခံ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးလို့ အော်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေကို မေတ္တာပို့ဖြစ်တယ်။
တန်ခူးရေ...
ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
အလုပ် အရမ်းလိုချင်နေကြတာကို သိလို့  အခွင့်ကောင်းယူတာပေါ့လေ။ ပြီးတော့ ကိုယ်ချင်းစာတရားလဲ ကင်းကြတာပါ…။
တန်ဖိုးရှိတဲ့ ပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်...။
ဒါကို MOM ကို တိုင်လို့ရမယ်ထင်ပါတယ်။ တခါထဲ ထိထိရောက်ရောက်လုပ်လိုက်ရင် နောက်လုပ်မယ့်သူတွေ လက်တွန့်ပြီး အားလုံးအတွက် အကျိုးရှိမှာပါ။
ခံပြင်းစရာကြီးပါလားဗျာ။
ဆိုးတယ်ဗျာ။ အလုပ်လိုချင်ဇောနဲ့ ဆိုတော့လည်း ပေးမိတော့မှာပေါ့။း-(
(မ) တန်ခူး ရေ...
စလုံးမှာ အလုပ်လာရှာတဲ့ မြန်မာပြည်က လူတွေ... ရိုက်စားတွေ ဘေးရန်က ကင်းဝေးစေလိုတဲ့အတွက် အဲဒီပို့စ်လေးကို ထပ်ဆင့် မှီငြမ်း ဝေမျှချင်ပါတယ် ခင်ဗျာ။
Anonymousရေ… မြန်မာနာမည်နဲ့ တူသလိုပဲနော်…
မခင်သူဇာရေ… ခုလို သတင်းဝေမျှပေးတာ ကျေးဇူးပါနော်….
ဟုတ်တယ်ကိုတားမြစ်ထားသောရေ… မြန်မာတွေက သူတို့ ထင်ထားသလောက် မနုံဘူးဆိုတာ ပြရမယ်…
ကိုHunterရေ… တော်တော်များများခံလိုက်ရပုံပဲ…
ဟုတ်ပါတယ်Uniqueရေ… China Town မှာပါ…
ကိုတောင်ငူက ကံကောင်းသွားတာပေါ့…
Anonymousရေ… အမှန်ပဲ…
သက်ဝေရေ… အမှန်ပါပဲ… ဒီလို အတွေးမျိုးရကြတာလဲ အံ့သြရော…
Anonymousရေ… ကာယကံရှင်တွေက ခုမှအလုပ်ရှာတုန်း ဆိုတော့ မတိုင်ရဲကြဘူး…
ကိုစေးထူးရေ… သိပ်ခံပြင်းစရာပါ…
ဟုတ်ပါတယ်ကောင်းကင်ကိုရေ… အားနည်းချက်ကို အခွင့်ကောင်းယူတာပေါ့…
ကိုJulyDreamရေ… လူများများသိလေ ပိုအကျိုးရှိလေမို့  လွတ်လပ်စွာ ဝေမျှပါ…
Last year, I also gave S$12 to this company. the same company address. So bad. That time i want to get the job so need to give them.
အမရေ...ဘလော့ဂ် လိပ်စာက ဒီမှာပါ။(www.sakarpan.blogspot.com)။ အမလို စာတွေတော့ သိပ်မရေးဖြစ်ဘူး။ အမ ဘလော့ဂ်ကိုတော့ အမြဲရောက်တယ်။ ကိုယ်ပြောချင်တာတွေကို အမက ကူပြောပေးနေသလိုဖြစ်နေလို့ :)
ဒီနေ့ (23, Aug 08) Straits Times, စာမျက်နှာ C70 , ကော်လံ 630 Sales အလယ်လောက်မှာ jssjs@singnet.com.sg ဆိုပြီး အလုပ်အမျိုးအစား 4 မျိုးလောက်အတွက် စုပေါင်းပြီး ခေါ်ထားပြန်ပြီ...
တော်တော် အကြံပက်စက်တဲ့ သူတွေ...
I would like to suggest that somebody in Singapore (may be Blogger for this blog) write about this case to a local Newspaper. And, as a next step, inform MOM.
The more we wait, the more Burmese will have to suffer.
Sorry, I am not from Singapore, but hope that you would take an action on this case.
Thanks and appreciated.
please inform to this team:
SPF_CID_CNCC@spf.gov.sg
Retrived from :
http://www.spf.gov.sg/contactus/contactus_index.htm
တန်ခူး
၁) အခုလိုပြောပြတဲ့ အတွက် အလုပ်ရှာနေတဲ့ မြန်မာတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်။
၂) အီးမေးနဲ့ လိပ်စာ ဖော်ပြတဲ့သူများ ကိုယ့်ဘက်က တကယ် သေချာသိလို့ ပြောတယ် ယူဆပါတယ်။ သေချာရင်လည်း ဘာလို့ ငြိမ်နေမှာလဲ။
၃) ဒါမျိုးတွေ ကို သွားပါ၊ အင်တာဗျူး အတွေ့အကြုံ ရတာပေါ့။ But NO Sign, NO Money. ပိုက်ဆံ မပေးနဲ့ ၊ ဆိုင်းမထိုးခဲ့ နဲ့ ။
၎) ဆိုင်းထိုး ရမယ် (သို့ ) ပိုက်ဆံ ပေးရမယ် (သို့ )ဖောင်ဖြည့် ရမယ် ဆိုရင် အချိန်ယူဖတ်ပါ။
ပိုက်ဆံ ပေးရင် အထောက်အထား တစ်ခုခု ကိုယ့်ကို ပြန်ပေးရမယ်။(မပေးရင် တောင်းပါ၊)
ဘယ်ပစ္စည်း ၊ ဘယ်ဝန်ဆောင်ခ အတွက် ပေးရတယ် ဆိုတာ ပါရမယ်။
အမည်မသိ .. ရေးသွားသလိုပဲ.. စ လုံးက သတင်းစာမှာ ဆောင်းပါး တစ်ပုဒ်အနေနဲ့  ပါလာနိုင်ရင် ကောင်းမှာပဲ..။ သက်ဆိုင်ရာကို တိုင်လို့  မရဘူးလား။။
MOM or Police ကိုတိုင်ကြားလို့ရမဲ့ နည်းလမ်းရှာကြရင်ကောင်းမယ်။ ထောင်ချောက်ဆင်ဖမ်းရင်မိနိုင်တာပေါ့။ အနဲဆုံးတော့ သတင်းထောက်တယောက်လောက်က သက်သေလုပ်ပြီးပြောနိုင်တာပေါ့။ မြန်မာတွေကငြိမ်ခံကြတာများတော့ အဲလိုလုပ်ကြတာပေါ့။
blog တင်ပေးတာကို ကျေးဇူး..
မြန်မာအချင်းချင်းရိုင်းပင်းကူညီပူးပေါင်းဆောင်ရွက်ကြပါ..
ဗမာပြည်က ဂျာနယ်တွေထဲမှာ ဒါမျိုးထည့်ရေးပေးနိုင်ရင် ကောင်းမယ်။
ကျွန်တော် ကတဲ့ မြန်မာ ပြည်မှာ အိုင်တီး ဘွဲ့ရပြီး အလုပ်လာရှာတာ Registration fee SG$ ၃ဝဝ ပေးခဲ့ရပါတယ်။ ၁ လလောက် နေလို့ ဘာမှ အခြေအနေ မထူးတာနဲ့ ပြန်တောင်းတော့ စာရွက်စာတန်းကြေး ၁၅ဝ ယူထားပြီး ၁၅ဝ ကိုပြန်ပေးလိုက်ပါတယ်။ ခဏခဏ ရန်ဖြစ်ပြီး တောင်းမှ ထုတ်ပေးတာပါ။ အဲဒါတောင်းတာ ရုံးခန်းလို့ ပြောတဲ့ က မြေညီထပ်က အခန်းလေး တစ်ခုကို နေ့တိုင်းသွား နေတောင်းခဲ့ရတာ။ သူတို့ တွေက မြန်မာတွေ ပါ။ စလုံး ကလူတစ်ယောက် နဲ့ ဝိုင်းပြီး လုပ်ကြတာ။ မြန်မာ ပွဲစားသုံးယောက်ပါ။ သူတို့ ထဲက တစ်ယောက် က တရုတ်လို ကျွမ်းတဲ့လူ တစ်ယောက်ပါတယ်။ မြန်မာ တွေ အချင်းချင်း လုပ်ခံခဲ့ ရတာပါ။ အတော် ကိုအံ့သြဖို့ကောင်းပါတယ်။
ကျွန်တော် ကတဲ့ မြန်မာ ပြည်မှာ အိုင်တီ ဘွဲ့ရပြီး အလုပ်လာရှာတာ Registration fee SG$ ၃ဝဝ ပေးခဲ့ရပါတယ်။ ၁ လလောက် နေလို့ ဘာမှ အခြေအနေ မထူးတာနဲ့ ပြန်တောင်းတော့ စာရွက်စာတန်းကြေး ၁၅ဝ ယူထားပြီး ၁၅ဝ ကိုပြန်ပေးလိုက်ပါတယ်။ ခဏခဏ ရန်ဖြစ်ပြီး တောင်းမှ ထုတ်ပေးတာပါ။ အဲဒါတောင်းတာ ရုံးခန်းလို့ ပြောတဲ့ China Town က မြေညီထပ်က အခန်းလေး တစ်ခုကို နေ့တိုင်းသွား နေတောင်းခဲ့ရတာ။ သူတို့ တွေက မြန်မာတွေ ပါ။ စလုံး ကလူတစ်ယောက် နဲ့ ဝိုင်းပြီး လုပ်ကြတာ။ မြန်မာ ပွဲစားသုံးယောက်ပါ။ သူတို့ ထဲက တစ်ယောက် က တရုတ်လို ကျွမ်းတဲ့လူ တစ်ယောက်ပါတယ်။ မြန်မာ တွေ အချင်းချင်း လုပ်ခံခဲ့ ရတာပါ။ အတော် ကိုအံ့သြဖို့ကောင်းပါတယ်။
အသိတွေထဲမှာတင် အဲလိုကြုံတွေ့တာ ၃ ယောက်မကပါဘူး၊ ပေးတဲ့သူလည်းပေးခဲ့၊ မပေးဘဲပြန်လာတဲ့သူလည်းရှိနဲ့၊
ရုံးက ဖိလစ်ပီးနိုး တစ်ယောက်ကို ဒီအကြောင်းပြောပြတော့ သူလည်း အားတက်သရော သူတို့ လူမျိုးတွေ အလုပ်ရှာတဲ့အခါလည်း အဲဒိမေးလ်ရောက်တယ်တဲ့ တစ်ချို့လည်း ပေးခဲ့တယ်တဲ့၊
I will send cursing emails daily. Everybody should have to do this!
ဒီပို့ စ်လေးကို လာရောက်အားပေး အကြံပြုကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်… ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ လူမျိုးအချင်းချင်း ဘယ်လောက် သံယောဇဉ်ကြီးကြ အရေးကြီးတော့ သွေးနီးကြတယ် ဆိုတာ ပြတာမို့  ကျွန်မအရမ်း ၀မ်းသာမိပါတယ်…
အားလုံး အကြံပြုတဲ့ အတိုင်း ကျွန်မ ပိုပြီး အသေးစိတ် လေ့လာကြည့်တော့ အဲဒီcompanyက တရားဝင် မှတ်ပုံတင်ထားပုံ ရပါတယ်… တချို့ သူတွေကို ပိုက်ဆံလက်ခံရရှိကြောင်း ပြေစာပြန်ပေးကြောင်းသိရပါတယ်… ဒါပေမယ့် အလုပ်တကယ်ရှာပေးလားဆို ပိုက်ဆံပေးတဲ့ တခေါက်ပြီးတာနဲ့  ဘယ်သူ့ ကိုမှ ဘာအကြောင်းမှ မပြန်ပါဘူး… ဘယ်သူ့ ကိုမှ အလုပ်တကယ် မရှာပေးပါဘူး… သူတို့ အဲဒီလို လုပ်နေတာ လွန်ခဲ့တဲ့ ၃ ၄ နှစ်ထဲက ဆိုတာ ကျွန်မပို့ စ်ကို ဖတ်ပြီး ပြောပြတဲ့ သူငယ်ချင်းကြောင့် သိခွင့်ရခဲ့ပါတယ်… သူ့ တုန်းက ၂၀ဒေါ်လာ… သူ့ ညီမကျတော့ ၁၂ဒေါ်လာ… ညီမနှစ်ယောက်လုံး ခံရတာပါ… နောက်ဆို မြန်မာ အချင်းချင်း လက်တို့ သတိပေးလို့  ခံရသူဦးရေ လျော့နဲသွားမှာပါ… မြန်မာပြည်က ဂျာနယ်တစောင်စောင်ကနေ သတိပေးနိုင်ဖို့  ကျွန်မကြိုးစားကြည့်ပါဦးမယ်….
အိရေ… အလုပ်လိုချင်ဇောနဲ့  ပေးမိကြတာပေါ့နော်…
စကားပန်းရေ… လာလည်မယ်နော်… အမဘလော့ဂ်ကို အမြဲ လာလည်တယ် သိရလို့  ၀မ်းသာပါတယ်… ကျေးဇူးညီမရေ…
Forgetmeရေ… အဟုတ်ပဲနော်…
Anonymousရေ.. အကြံပေးတဲ့ အတိုင်း ကြိုးစားကြည့်ပါမယ်… ကျေးဇူးပါနော်…
Muanရေ… ကာယကံရှင်တွေကို ပြောပြလိုက်ပါတယ်…
Anonymousရေ… တချို့ တွေကို ပြေစာပြန်ပေးတယ်လို့ ကြားပါတယ်… ဒါပေမယ့် အလုပ်တော့ တကယ်မရှာပေးပါတဲ့…
လေးမရေ… ကြိုးစားကြည့်မယ်လေ… အနည်းဆုံးမြန်မာပြည်က ဂျာနယ်တစောင်စောင်ပေါ့…
Anonymousရေ… ဟုတ်ပါတယ်… အချင်းချင်းကူညီကြရမှာပါ…
ကိုပေါရေ.. အကြံပေးတဲ့ အတိုင်း ကြိုးစားကြည့်မယ်လေ…
Anonymousရေ… မြန်မာ အချင်းချင်းလုပ်ရက်တာ အံ့သြစရာပဲ… သူများ မသထာရေစာစားပြီး အသက်မွေးဝမ်းနေရတဲ့ ဘ၀တွေ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး….
Smilesရေ… ဖိလစ်ပီးနိုးတွေလဲ ခံရတာပဲလား…
ကိုဝဏရေ ကျေးဇူးပါ… ဒါမှ လူများများ ပိုသိတော့ နဲနဲပဲ ခံရမှာပေါ့နော်…
အမ...ကျေးဇူးအရမ်းတင်တယ်..
အမ...ကျေးဇူးအရမ်းတင်တယ်..
Hi, i heard from my sister for the same stroy but i am not sure the company name. I will check and let u all know. the way they did was call for interview and ask SGD 100 for ep application. also they selected and called Myanmar ppls those with social visit pass. One myanmar guy is working that company and he do interview.
pls share to others.
regards,
Wai
Anonymousရေ… ကျွန်မကလဲ ညီညီညွတ်ညွတ်နဲ့  ကိုယ့်လူမျိုးတွေ မခံရအောင် သတင်းပေးသူတွေကို ကျေးဇူးတင်ပါတယ်…
ဝေရေ… သတင်းပေးတာ ကျေးဇူးနော်… ကိုယ့်မြန်မာအချင်းချင်း ပြန်လုပ်ရက်တာတော့ ရုပ်ဆိုးလွန်းတာပေါ့နော်…
>> တန်ခူး
မြန်မာ ဂျာနယ်တွေ က ပြောလဲ ဒီလိုကောင်တွေ သူတို့ company နံမယ် ပြောင်းပြီး ထပ်လုပ်စား မှာပဲ။ စလုံး သတင်းစာ တစ်ခုခု ကို တို့လိုက်ပါ။
>> ပတ်သက်မိသောသူများ
တတ်နိုင်သလောက် အထောက်အထားပို့ပါ။ (စာရွက်စာတမ်း ၊ ကော်ပီ ၊ ဗီဒီယို ကလစ်၊ အသံဖိုင် ) ရှိတဲ့ ဟာတွေ ပို့ပါ။(တန်ခူး ဆီ ပို့လိုက်ပါ၊ မတန်ခူး လည်း ငြင်းမယ်မထင်ပါ၊)
အဲဒီမှာ မြန်မာတွေ ပါတာပဲ၊ သိတဲ့လူများ ပြောပြပါ၊ ဘယ်သူဆိုတာ။ ဘယ်မှာ နေတယ်ဆိုတာ။
ပိုက်ဆံ ပြန်တောင်းဖို့ သွားမယ်ဆိုရင် ဘော်ဒါတွေ စုပြီး ခေါ်သွားပါ ။ အချိန်အားရင်၊ ပျင်းနေရင် အီးမေး အဆက်မပြတ် ပို့ပါ။ ဖုန်းအလကား ရရင် ခေါ်ပြီး ဆဲပါ။ :)
ကိုရွှေတိုက်စိုးရေ… ခုလို အကြံပေးတာ ကျေးဇူးပါ…
မြန်မာနိုင်ငံသားတွေကို အချဉ်ဆိုပြီး လုပ်ချင်တာလုပ်တယ်လို့ ပြောမယ်ဆိုမမှားပါဘူး။ ကျွန်တော်လည်းပေးခဲ့ဘူးတယ်။ တပတ်လောက်ရှိတော့ သွားမေးကြည့်ပါတယ်။ မလာပါနဲ့တယ့်။ ထူးခြားရင်မေးပို့ပေးမယ်တယ့်။ သတင်းစာတစ်ခုခု ကိုပြောပြနိုင်ရင်တော့ ပိုကောင်းမယ်ထင်တယ်
လင့်ခ်လုပ်ပြီးမျှဝေလိုက်ပါတယ်။ မ တန်ခူး။
Loveရေ… ကျွန်မကြိုးစားနေပါတယ်…
ကျေးဇူးပါရှင်… ဘာလို့ များဒီနာမည်ကြီးပေးထားတာလဲ…
ဟုတ်ပ။ ကိုယ်တိုင်လဲခံခဲ့ရဖူးပါတယ်။ company နာမည်က jssjs ဖြစ်မယ်ထင်ပါတယ်။
ဒါပေမယ့်အမရေမြန်မာတွေကိုပဲရွေးလုပ်တာတော့မဟုတ်ပါဘူး။ ကျွန်မသွားတုန်းကဖိလစ်ပင်းနဲ့အင်ဒိုတွေလဲတွေ့ခဲ့ရပါတယ်။ နေရာကတော့ people park centre မှာပဲဟုတ်ပါတယ်.
last year I got refund $20 from them on behalf of my wife after she went back home with bare hands. Investigte throughly before doing anything. Others will look down on us, my brothers and sisters.
dessicant air dryerpediatric asthmaasthma specialistasthma children specialistcarpet cleaning dallas txcarpet cleaners dallascarpet cleaning dallas
vero beach vacationvero beach vacationsbeach vacation homes veroms beach vacationsms beach vacationms beach condosmaui beach vacationmaui beach vacationsmaui beach clubbeach vacationsyour beach vacationscheap beach vacations
bob hairstylebob haircutsbob layeredpob hairstylebobbedclassic bobCare for Curly HairTips for Curly Haircurly hair12r 22.5 best pricetires truck bustires 12r 22.5
washington new housenew house houstonnew house san antonionew house ventura
new houston house houston house txstains removal dyestains removal clothesstains removalteeth whiteningteeth whiteningbright teeth
jennifer grey nosejennifer nose jobscalebrities nose jobsWomen with Big NosesWomen hairstylesBig Nose Women, hairstyles
black mold exposureblack mold symptoms of exposurewrought iron garden gatesiron garden gates find them herefine thin hair hairstylessearch hair styles for fine thin hairnight vision binocularsbuy night vision binocularslipitor reactionslipitor allergic reactionsluxury beach resort in the philippines
afordable beach resorts in the philippineshomeopathy for eczema.baby eczema.save big with great mineral makeup bargainsmineral makeup wholesalersprodam iphone Apple prodam iphone prahacect iphone manualmanual for P 168 iphonefero 52 binocularsnight vision Fero 52 binocularsThe best night vision binoculars here
night vision binoculars bargainsfree photo albums computer programsfree software to make photo albumsfree tax formsprintable tax forms for free craftmatic air bedcraftmatic air bed adjustable info hereboyd air bedboyd night air bed lowest price
find air beds in wisconsinbest air beds in wisconsincloud air beds
best cloud inflatable air bedssealy air beds portableportables air bedsrv luggage racksaluminum made rv luggage racksair bed raisedbest form raised air bedsbed air informercialsbest informercials bed airmattress sized air beds
bestair bed mattress antique doorknobsantique doorknob identification tipsdvd player troubleshootingtroubleshooting with the dvd playerflat panel television lcd vs plasmaflat panel lcd television versus plasma pic the bestadjustable bed air foam The best bed air foam
hoof prints antique equestrian printsantique hoof prints equestrian printsBuy air bedadjustablebuy the best adjustable air bedsair beds canadian storesCanadian stores for air beds
migraine causemigraine treatments floridaflorida headache clinicdrying dessicantair drying dessicant
thank you amma, i just received their mail and before i went, i wanted to check it on internet for fear of the cheating agency, then i saw your post, very valuable. i really appreciate your post and hope it to be published on newspaper.
thanks, jssjs တော့ မဟုတ်ဘူးထင်တယ်.
NR RecruitNet Services Pte Ltd အဲဒါဖြစ်နိုင်မယ် ထင်တယ်..သူငယ်ချင်းတစ်ယောက်လည်း IT နက်ဘဲ သွားတာ EP တင်ပေးမယ်ဆိုပီ ၃၀၀ တောင်တယ်တဲ့..သူကတော့ မပေးခဲ့ပါဘူး..
i also received this interview.Now ,i'm looking for this address in google map before go to there.thx a lot sis.
I also received the letter for interview.Thank you good-nature,myanmar national.This is the letter I got on 10/04/2010.
jssjs@singnet.com.sg
to me
Hi
Thanks for your application. In this case, can we se you for an
interview on 12/4 Mon at 1030am? Pls advice
My address is at 46C HOng Kong Street . (Besides Carpenter street )
(Pls check from Google website on how to get here before you come)We
are at the 3RD FLOOR..
Take a MRT down to Clarke Quey station and you will see Central
Shopping centre.
We are just opporsit central Shoppong mall (Where you will see some
shop houses)
** If you have apply at 151 Chin Swee Road #14-09 Manhattan House, PLS
DO NOT REAPPLY AGAIN! ***
>
> Thanks
အင်း..............
အခု နေရာပြောင်းသွားပါပြီ။
64 Hong Kong Street
Unit C မှာပါ။ လုပ်ပုံကိုင်ပေါက် လုံးဝ မပြောင်းလဲသေးပါကြောင်း။
ပြီးခဲ့တဲ့ တစ်ပါတ်ကမှ အင်တာဗျူး email ရလို့ company background ရှာကြည့်ရင်း အင်တာနက်ထဲမှ ရိုက်စားခွင်ကို မြင်လိုက်ရပါပြီ။ ခုလို သတိထားစရာ မျှဝေပေးတာ ကျေးဇူးကြီးလှပါကြောင်း။
http://forums.cozycot.com/career/9510-bad-job-agencies-47.html
MOM မှာတော့ တိုင်လို့ရမယ်/မရဘူး မသေချာပါ။ သူတို့ နိုင်ငံသားများအတွက်တော့ Temp/Part Time ရှာပေးသေးသကိုး။
Post a Comment