Saturday, August 6, 2011

အား






ဒီနေ့  facebookပေါ် ၀င်တော့ ကျွန်မဘလော့က ပို့ စ်လေးဖြစ်တဲ့ ကျွန်မသူငယ်ချင်း ကိုသျှားရဲ့ ကျောင်းကဗျာအရှည်ကြီးနဲ့  အချစ်ရိုင်းတို့ အချစ်ဦး ပို့ စ်လေးကို စာချစ်သူ တယောက်က ဖြန့် ဝေထားတာ တွေ့ ရပါတယ်။ အဲဒီလိုတွေ့ ရတိုင်း ကျွန်မရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ၀မ်းသာပီတိဖြစ်မှုက ဘယ်လို ရေးပြရမှန်းကို မသိတာပါ။ ကျွန်မလို ဘာမှမဟုတ်တဲ့ ၀ါသနာအရ စာတိုပေစလေးတွေသာ ရေးတတ်တဲ့သူတယောက် အတွက် စာဖတ်သူကပေးတဲ့ အင်အားဆုလာဘ်တခုလို့  မှတ်ယူမိပါတယ်။ ခုလို ကျွန်မပို့ စ်လေးကို တခုတ်တရ ဖြန့် ဝေပေးတဲ့  စာချစ်သူတွေကို လေးလေးစားစား ကျေးဇူးတင်ကြောင်း ပြောချင်လို့  ဒီပို့ စ်လေးကို ရေးလိုက်ရတာပါ။

ဟိုတလောက ကျွန်မဘလော့နဲ့  အတော်ဝေးစဉ်ကာလကလဲ ကျွန်မကြည်ညိုလေးစားရတဲ့ ဦးကျော်သူအကြောင်း ရေးတဲ့ပို့ စ်လေးဖြစ်တဲ့ ကျွန်မ သို့ မဟုတ် ပြည်သူချစ်သောမင်းသား ပို့ စ်လေးကို ဦးကျော်သူရဲ့ facebookပေါ်မှာ ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  တွေ့ လိုက်ရတော့ ရင်ထဲ အတိုင်းမသိကြည်နူးမိပါတယ်။ ကျွန်မရဲ့ ပို့ စ်လေးကို တင်ပေးတဲ့ ဦးကျော်သူadmin အဖွဲ့ နဲ့  ကော်မန့် လေးတွေ အချိန်ပေးပေးသွားကြသူများကိုလဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။

ဒီပို့ စ်နဲ့ အတူ ဟိုးအရင် ကျွန်မရေးခဲ့ဖူးတဲ့ RITကျောင်းသူ... သတိ…၁၂ဒေါ်လာ ပို့ စ်လေးတွေကို အီးမေးလ်နဲ့  ဝေမျှပေးခဲ့တဲ့  စာချစ်သူတွေကို ဘယ်သူဘယ်ဝါရယ်လို့  မသိပေမယ့်လည်း ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောပါရစေ။ ကျွန်မပို့ စ်လေးတွေကို ကျွန်မလင့်ခ်လေးထည့်ပြီး သူတို့ ဘလော့လေးတွေပေါ်မှာ ပြန်လည်ဝေမျှပေးကြတဲ့ ဘလော့ရောင်းရင်းတွေကိုလဲ ကျေးဇူးအထူးပါ။

အထူးတလည်ကျေးဇူးတင်မိသူတွေကတော့ ကျွန်မစာရေးကျဲလဲ ကျွန်မဘလော့လေးကို အချိန်မှန်လာဖတ်ကြတဲ့ ကျွန်မရဲ့ ဘလော့ရောင်းရင်းများ… ကျွန်မရဲ့စာဖတ်သူများ ဖြစ်ပါတယ်။ အဲဒီအားပေးမှုတွေကြောင့် ကျွန်မ စာရေးဖို့  ပို့ စ်တွေမှန်မှန်တင်ဖို့  အားသစ်တွေမွေးဖြစ်တာမို့  ဒီပို့ စ်လေးနဲ့  ကျေးဇူးမှတ်တမ်းတင်ပါရစေ။ စာတွေပုံမှန်ပြန်ရေးဖို့  ကျွန်မကြိုးစားပါ့မယ်။

လေးစားစွာဖြင့်
တန်ခူး
12:18am 7-Aug-2011

3 comments:

T T Sweet said...

အားရှိသွားရင်လဲ စာလေးတွေပြန်ရေးနော် သူငယ်ချင်း။
အမြဲအားပေးလျက် ...

သက်ဝေ said...

အားရှိသွားရင်လဲ စာလေးတွေပြန်ရေးနော် သူငယ်ချင်း။
အမြဲအားပေးလျက်...

(ခင်မင်မှု ခံစားမှု အတွေးစိတ်ကူး... အစစ တူညီတဲ့ သူငယ်ချင်းတွေဆိုတော့ ကော်မန့်လည်း ဆင်တူအောင် ကူးရေးလိုက်ပါတယ်...)

Maung Myo said...

ဦးကျော်သူ ဖေ့ဘွတ်မှာတော့ အစ်မပို့စ်လေး ဖတ်ဖြစ်ပြီးကတည်းက ၀မ်းသာ ဂုဏ်ယူနေတာ မှတ်ချက်တွေတွေ့တော့ အစ်မအစား မုဒိတာ ပွားမိပါတယ် ။


အားရှိသွားပြီဆိုတော့ စာလေးတွေ ရေးပါအုံးး မနေ့ကတောင် အစ်ကိုနဲ့ ဖုန်းပြောဖြစ်တော့ အစ်မ နေကောင်းလား တွေ့သေးလား မေးဖြစ်သေးတယ် သတိရနေတာ သားသား ကိုကော မတွေ့တာ သူ့အကြောင်းတွေ မဖတ်ရတာကြာပေါ့ ။