Sunday, September 7, 2008

လတ်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု...

မ (မမေငြိမ်း) tag ထားတာလေး ရေးလိုက်ပါတယ်…( မ ရေ အမှတ်တရ tag ပေးတာ ကျေးဇူးပါ…) ဟိုးငယ်ငယ် အလယ်တန်း၊ အထက်တန်းကျောင်းသူ ဘ၀က အဲဒီလို ဆန်ဆန် အော်တိုလေးတွေ ရေးတာ လွမ်းသွားတယ်။ စာမျက်နှာတိုင်းမှာ ခေါင်းစဉ်လှလှလေးတွေနဲ့  တယောက်ကို တကြောင်းရေးရတာလေ... ခေါင်းစဉ်လေးတွေ မှတ်မိနေသေးတယ်… “မိပေး ဖပေး နာမည်လေး” “မိမိမိုက်မိုက် သူငယ်ချင်း တသိုက်” “ခင်ဆုံး မင်ဆုံး အချစ်ဆုံး”… အဲဒီလို ခေါင်းစဉ်လေးတွေနဲ့ … ။ tag ခံထားသူတွေ ရေးထားတွေ လိုက်ဖတ်တော့ ငယ်ငယ်က အော်တိုလေး ပြန်ဖတ်ရတဲ့  ခံစားချက်နဲ့  ခပ်ဆင်ဆင်။ အင်း…ကိုယ့် ကွမ်းထုတ် ကိုယ်ဖြေ ရရင်တော့….

ကိုယ့်ရဲ့နာမည် - အမေပေးထားတဲ့ နာမည်ကတော့ တခုထဲပါ… ကိုယ့်ဘာသာ ဟိုလျှောက်ရေး ဒီလျှောက်ရေးဖို့ ပေးထားတဲ့ နာမည်တွေကတော့ လေးခုတောင်… ဒီထဲမှာ တန်ခူး ဆိုတာက တခုပေါ့။

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမည်ရင်းကို ခေါ်ကြတာများပါတယ်။ အင်း… ကွယ်ရာမှာတော့ Nickname ခေါ်ကြတယ်တဲ့…။

ကိုယ်ဒီမှာနေတယ် - ကျွန်းသေးသေးလေးပေါ်က မီးခြစ်ဆံဗူးလေးထဲမှာ…။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - စကားပြောရတာ ၀ါသနာပါတဲ့သူဆိုတော့... အိပ်ချိန်ကလွဲ ကျန်တဲ့ အချိန် ဘယ်ချိန်ခေါ်ခေါ်။

အရောင်ဆိုရင် - အဖြူက ပထမ၊ အနက်က ဒုတိယ…။

အ၀တ်အစားဆိုရင် - မြန်မာရင်ဖုံးအကျီခပ်ပွပွ နဲ့  မြန်မာချည်ထမီလေးတွေ…။

အစားအစာဆိုရင် - မုန့် ဟင်းခါး၊ လဘက်သုတ်…ပြီးတော့ မြန်မာပြည်က လမ်းဘေးစာတွေ အကုန်ကြိုက်။

ပစ္စည်းဆိုရင် - ကလစ်လှလှလေးတွေ… နားဆွဲလှလှလေးတွေ။

သီချင်းဆိုရင် - နန်းတော်ရှေ့ သီချင်းတွေ… ရှေးက အငြိမ့်သီချင်းတွေ… မာမာအေးသီချင်းတွေ…ဆယ်ကျော်သက်တုန်းက တူးတူး၊ ဟေမာ၊ မေခလာ… ဒီဘက်ပိုင်းရောက်တော့… ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်၊ ခင်မောင်တိုး၊ မွန်းအောင်၊ IC တဖွဲ့ လုံး….ထွန်းအိန္ဒာဗိုနဲ့ တင်ဇာမော်…။

စာရေးဆရာ - ရေးလိုက်ရင် အတော်ရှည်သွားမှာ…။ ကြိုက်တဲ့သူတွေ အတော်များလို့ ပါ။

စာအုပ် - အပေါ်နဲ့ တူတူပဲ။

Life style - ငယ်ကတည်းက ကျောင်းမှာပျော်တယ်။ သူငယ်ချင်း အပေါင်းအသင်း ခုံမင်တယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ရတာလဲ နှစ်ခြိုက်တယ်။ ခရီးသွားခြင်းကို ခုံမင်တာက မိဘတွေ ဆီက အမွေ။

ကိုယ့်ရဲ့ဝါသနာ - စိတ်ထဲရှိတာ လျှောက်ရေးတတ်တဲ့ စာရေးခြင်း။

အလိုချင်ဆုံးလက်ဆောင် - အိမ်လှလှလေးတလုံး။

ကိုယ့်ရဲ့အချစ်ဆုံးသူက - သားလေး၊ မိဘနှစ်ပါး၊ ခင်ပွန်း။

ကိုယ့်ရဲ့အလေးစားဆုံးသူက - မြတ်ဗုဒ္ဓ။

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ပေါ် အမြဲကောင်းတဲ့ သူငယ်ချင်းလေး။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - မိဘနှစ်ပါး နဲ့  ခင်ပွန်း။ ပြီးတော့… ညီမထွေးလေး။

ကိုယ့်ရဲ့အမုန်းဆုံးသူက - ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့သူ။

ရင်အခုန်ဆုံးအချိန် - သားလေးကို ခွဲခန်းထဲမှာ ပထမဆုံးတွေ့ လိုက်တဲ့ အချိန်…။

အကြောက်ဆုံးအချိန် - ကိုယ်ချစ်တဲ့သူတွေနဲ့  ဝေးနေရမယ့် အချိန်…။

အမှတ်တရနေ့  - သားလေးမွေးတဲ့နေ့ ။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - စိတ်သွားတိုင်း ကိုယ်ပါ ပါစေ…။

အချစ်ဆိုတာ - တခါတလေကျတော့ ဆွတ်ပျံ့ ကြည်နူးဘွယ်… တခါတလေကျတော့ ရူးလောက်အောင် ပူလောင်ရတယ်…။

အမုန်းဆိုတာ - မီးတစ။

အလွမ်းဆိုတာ - စားလဲဒီစိတ်၊ သွားလဲဒီစိတ်။

သံယောဇဉ်ဆိုတာ - နှလုံးသားချင်း ချည်နှောင်ထားတဲ့ အရမ်းခိုင်ခန့် တဲ့ ကြိုးတချောင်း။

ဘ၀ဆိုတာ - နေတတ်ရင်တော့ ကျေနပ်စရာ။

သူငယ်ချင်းဆိုတာ - ဆုံးရှုံးမှုတွေနဲ့ တွေ့ ရင် နွေးထွေးစွာ ဖေးမပြီး အောင်မြင်မှုတွေကိုလဲ မုဒိတာ ပွားနိုင်တဲ့သူ။

ချစ်သူဆိုတာ - ကိုယ့်ရဲ့နှလုံးသားတခု ပုံအပ်ရလောက်အောင် ရင်ခုန်မြတ်နိုးတန်ဖိုးထားမိသူ။

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - စိတ်ထဲရှိတဲ့ အတိုင်း ၀ုန်းဝုန်းဒိုင်းဒိုင်း ပြောတတ်သူ။ စိတ်တိုရင် အမြင့်ဆုံးထိတိုပြီး ချက်ချင်းဘုန်းကနဲ ပြန်ကျတတ်သူ။ သံယောဇဉ်ဖြတ်ခဲသူ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ဘယ်နေရာမဆို စေတနာမှန်ရင် အကျိုးပေးတယ်…။

အပြောချင်ဆုံးစကားတခွန်း - ကိုယ်ချင်းစာတရားလေး ထားကြပါ။

ဆက်tagချင်သူများကတော့
၁) ကိုပေါ
၂) တပြည်သူအိမ့်ချမ်းမြေ့
၃) သက်ဝေ
၎) နုစံ
၅) မြတ်နိုး
၆) SONATA-CANTATA

ရေးပေးကြနော်…။ မျှော်နေမယ်။

တန်ခူး
3:12am 7-Sep-2008

23 comments:

စူး said...

အမကတော့ လုပ်ပီ..:P
သူများအကြောင်းတွေ ပေါ်တော့မှာပဲ..

ကိုပေါ said...

ရေးပြီးသွားပြီဗျိုး။

စူး said...

အမရေးပီးပီ.နော်

Anonymous said...

အစ်မ ...အချစ်ဆုံးက သားသား နံပါတ် ၁ ယူသွားတယ်နော့် အစ်ကိုက မနာလိုဘူးတဲ့ဗျး)

Anonymous said...

ဟင်….
တကယ်ကြီးရေးရမှာလား
း)

Moe Cho Thinn said...

မတန်ခူး ကွမ်းထုတ်လေး လာဖြည်ကြည့်သွားပါတယ်။
နောက်တခုက ကိုယ့်ထက်ကြီးမှန်းမသိလို့ ညီမရေ တန်ခူးရေ နဲ့ ကွန်မန့်တွေရေးနေတာ အားနာလိုက်တာ။ အကြိမ် ၁၀၀ လောက် တောင်းပန်သွားပါတယ်။
ချိုသင်းလို့ပဲ ရင်းရင်းနှီးနှီး ခေါ်စေချင်ပါတယ်။

nu-san said...

မရေ.. ဘာရေးရမှန်းမသိချိန်မှာ tag ခံရလို့ ပျော်လိုက်တာ အဟီး.. :D ရေးပြီးရင်လည်း လာပြောမယ်နော်.. မတန်ခူး အကြောင်းလည်း ဖတ်သွားတယ်.. :)

pandora said...

သူများအကြောင်းတွေ လာဖတ်သွားတယ်. ကိုယ့်အကြောင်းကတော့ ပျင်းစရာပါ။

Anonymous said...
This comment has been removed by the author.
Anonymous said...

လေနုအေး
ငွေခရုလေးနဲ့
ဇေယျတုတေးကို ရွတ်ဆိုသွားပါစေကြောင်း….

မေငြိမ်း said...
This comment has been removed by the author.
မေငြိမ်း said...

တန်ခူးရေ.. (ပထမ comment မှာ စာလုံးကျန်သွားလို့ ဖျက်ပြီး အသစ်ပြန်ရေးတာပါ။) Tag တာကို ရေးပေးလို့ ကျေးဇူးပါ နော်..။ တကယ်ပဲ ဖေးဗရိတ် စာအုပ်လေးတွေကို ပြန်သတိရသွားတယ်။ ဟုတ်ပ.. :) မိမိမိုက်မိုက်နာမည်လေးက.... အမြဲမဝေးချင်တဲ့ အသည်းလေးရဲ့နာမည်တို့...ဟဲဟဲ....

Sonata Cantata said...

တန်ခူးရေ "ကျွန်မ၏အကြောင်း" ရေးရတာ ခက်ပုံများ ကမ်းကုန်ရော။

kay said...

စာတမ်းတင်ဖို့..လာရောက်လေ့လာသွားတယ်။
း)

သက်ဝေ said...

တန်ခူးရေ...
ရေးမယ်နော်...။ တစ်ရက် နှစ်ရက် အတွင်း...။
မရေးခင် အရင် လာရောက်စပ်စုသွားပါကြောင်း...။

Anonymous said...

ပြီးပါပြီ ဆရာမးး))))

သက်ဝေ said...

တန်ခူးရေ...
ရေးပြီးကြောင်း...

တန်ခူး said...

မြတ်နိုးရေ… အကြောင်းတွေ ပိုသိသွားတော့ ပိုခင်သွားတာပေါ့…

ကိုပေါရေ… ကျေးဇူးပါ…

ကျေးဇူးပါ မြတ်နိုးရေ…

သူ့ အချစ်ဆုံးကလဲ သားသားပဲတဲ့ မောင်မျိုးရေ…

တကယ်ကြီးရေးပေးတာ ကျေးဇူးပါ အိမ့်ရေ…

တို့ ကတောင်းပန်ရမှာပါ ချိုသင်းရေ…

နုရေ… အလုပ်ရှုပ်နေပေမယ့် ရေးပေးရမယ်နော်…

ပန်အကြောင်းက ပျင်းစရာကောင်းမှာ မဟုတ်ဘူးဆိုတာ မဖတ်ခင်ထဲက ကြိုသိပြီးသား… ဖတ်ပြီးတော့ ပိုသိသွားတာပေါ့ ပန်ရေ…

ကိုမာရေးသျှင်… နှူတ်ဆက်ကဗျာလေးက မိုက်တယ်…

ဟိဟိ… မ ရေ… အမှန်ပဲ… ခုကလေးပြန်ဖြစ်သလို ခံစားလိုက်ရတယ်…

မ ရေ… ခက်တာ စာပေစီစစ်ရေးကြီးကြောင့်လား… ဖတ်လို့ ကောင်းပါတယ် မ ရေ….

မကေရေ… ဒီမှာက ရိုးရိုးကြီးရယ်… သူများတွေလို သိပ်မရေးတတ်ဘူး… မကေ စာတမ်းလေးတွေ့ ပြီးပြီ…ကောင်းတယ်…

သက်ဝေရေ…. ကျေးဇူးအကြီးကြီးတင်တယ်… သက်ဝေအကြောင်းလေးက အေးချမ်းလိုက်တာ…

အိမ့်ရေ… ကျေးဇူးပါနော်… ရေးတတ်သူဆိုတော့ ဖတ်လို့ လဲ ကောင်းပါ့… ဆွတ်ပျံ့ ပျံ့ လေး….

Anonymous said...

တန်ခူးရဲ့အခင်ဆုံးသူငယ်ချင်းလေးက ဘယ်သူလဲဟင

တန်ခူး said...

သိလျက်နဲ့  မေးနေပြန်ပါပြီ…

ကလိုစေးထူး said...

မတန်ခူးရဲ့ ကိုယ်ရေးအချက်အလက် ပို့စ်ထဲမှာ သားလေးက သုံးမှတ်နဲ့ ဗိုလ်စွဲသွားပါသည်။ :)

တန်ခူး said...

ကိုစေးထူးရေ… သားလေးက ကျွန်မဘ၀လေ….

addicted said...

စာလုံးလေးတွေလှပါ့။