Monday, March 24, 2008

မေမေဆရာမ


မေမေက ကျွန်မကို ဟိုးငယ်ငယ်လေးထဲက အိမ်မှာ စာပြပေးခဲ့သည်။ မေမေစာပြပေးတာ မဆန်းပေမယ့် ကျောင်းမှာ မေမေက ကျွန်မတို့ပထဝီဆရာမဖြစ်လာသောအခါ ကျွန်မတော်တော်စိတ်ညစ်ခဲ့ရသည်။

ကိုယ့်အမေကကိုယ့်အတန်းသင်တာ ကောင်းတာပေါ့လို့ အပြင်ဘန်းမြင်လို့ရပေမယ့် ကျွန်မအတွက်ရော၊ မေမေအတွက်ပါ မလွပ်လပ်ခဲ့။ စည်းကမ်းကြီးသည်ဟု နာမည်ကြီးသောမေမေက ကျွန်မအတန်းကို မသင်ရအောင် အမျိုးမျိုးရှောင်ရှားခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် သင်ခဲ့ရသည်။ ကျွန်မက မေမေ့သမီးမပီသစွာ ပထဝီဘာသာရပ်ကို အလွန်ငြီးငွေ့သည်။ မေမေက မြေပုံလေးကို အချိုး ကျကျဆွဲ၍ ဒေသန္တရဗဟုသုတပါ တွဲသင်လိုက်တော့ စိတ်ဝင်စားစရာတော့ ကောင်းသွားခဲ့သည်။

နေ့တိုင်းစာမေးတတ်တော့ တနေ့စာတနေ့ မှန်မှန်ကျက်ဖြစ်သည်။ စာမရလျှင် မရိုက်ပဲ ဒဏ်ပေးစနစ်ကို သုံးသည်။ မီးသွေးကို ညက်နေအောင်ကြိတ်လို့ အုန်းဆီလေးနဲ့သမအောင်မွှေထားပြီး ဗူးတခုထဲထည့်ကာ မေမေက စားပွဲပေါ်တင်ထားသည်။ စာမရလို့ကတော့ ချွတ်ရခက်သည့် နှုတ်ခမ်းမွှေးလှလှနှင့်။ မိန်းခလေးကျောင်းဆိုတော့ နှုတ်ခမ်းမွှေးဆွဲခံရမှာ အလွန်ရှက်ကြသည်။ မေမေ့တပည့်ဖြစ်ခဲ့ဖူးသူ တော်တော်များများက မေမေ့ကို အဲဒီဒဏ်ပေးနည်းနဲ့တွဲလို့ သတိရတတ်ကြသည်။ နောက်ဒဏ်ပေးနည်းတခုကတော့ ဇီးစေ့ကို ဒူးအောက်ထားပြီး ကော်ရစ်ဒါမှာ ဒူးထောက်ခိုင်းသည်။ စာမေးပွဲကျပြီဆိုလျှင် လည်ပင်းမှာ "ကျွန်မ ပထဝီကျပါသည်" ဆိုသည့်စာတန်းလေးဆွဲပြီး ခုံရွက်၍ တတန်းဝင် တတန်းထွက် လိုက်ပြရသည်။ အဲဒီလို ဒဏ်ပေးခြင်းရလဒ်က မေမေဘာသာ အောင်ချက်ကောင်းခြင်းပင်။ အဲဒီခေတ်က ဆရာမအများစုက ဒဏ်ပေးနည်းသာကွဲချင်ကွဲမည်၊ ကျောင်းသားတွေ အောင်ချက်ကောင်းဖို့ တနည်းမဟုတ်တနည်းဖြင့် ကြိုးပမ်းကြသည်။

ကျွန်မကတော့ မေမေ့အချိန်ရောက်လျှင် အားလုံးစောင့်ကြည့်ခံရသည်။ ပထမဆုံးစာမေးခံရသူသည် ကျွန်မပင်။ ကျွန်မကိုယ်တိုင် ဒဏ်ပေးခံရတာရှက်သည်က တကြောင်း၊ မေမေ့သိက္ခာကြောင့်တကြောင်း စာမေးတိုင်းရအောင်ကျက်ရသည်။ ဒီကြားထဲ ဘယ်အပုဒ်မေးမယ်ဆိုတာ ပြောပြထားလို့နေမှာပေါ့ဟု အပြောခံရသေးသည်။ စာမေးပွဲနီးလျှင် တချို့က ကျွန်မကိုအစ်ကျသည်။ မေးခွန်းသိဖို့ မပြောနှင့်၊ မေမေက ကျောင်းမှာမေးခွန်းထုတ်၊ ကျောင်းမှာသိမ်းသည်။ ကျောင်းမှာ အမှတ်ခြစ်သည်။

ကျွန်မစိတ်ညစ်သည်မှာ အဲဒီနှစ်က ပထဝီဘာသာကို ဘယ်လောက်ဖြေနိုင်ဖြေနိုင် ဘယ်တော့မှ အမှတ်ပြည့်မရခြင်းပင်။ မေမေသည် ကျွန်မအား ဘယ်တော့မှ အမှတ်ပြည့်မပေးခဲ့။ ပထဝီဘာသာတွင် အမှတ်ပြည့်မရ၍ ကျွန်မအဆင့်သည်လဲ ထိပ်ဆုံးမရောက်ခဲ့ပါ။

အဲဒီတုန်းက ငယ်သေးတော့ ဖြေနိုင်ရဲ့နဲ့ အမှတ်ပြည့်မပေးသည့်မေမေ့ကို စိတ်ကောက်ခဲ့သည်။ ကြီးလာတော့ မေမေ စာနေ့တိုင်းမေးတာ၊ အမှတ်ပြည့်မပေးတာကို နားလည်လာခဲ့သည်။ ဆရာမတယောက်၏ ဂုဏ်သိက္ဓာနှင့်ကျင့်ဝတ်ကို လေးစားတန်ဖိုးထားသည့်မေမေ့ကို ပိုလေးစားလာခဲ့သည်။ တာဝန်နှင့် မိသားစုကို စည်းကမ်းရှိရှိခွဲခြားနိုင်ခဲ့သည့် မေမေ့ကို အားကျခဲ့သည်။ ပထဝီဘာသာတွင်အမှတ်ပြည့်မရခဲ့ပေမယ့် ဘဝအတွက်သင်ခန်းစာပေးခဲ့သော ကျွန်မမေမေဆရာမ၏အနန္တကျေးဇူးကား တုနှိုင်းမရနိုင်အောင်ကြီးမားမြင့်မြတ်လှပါသည်။

(22-Mar-2008 တွင်ကျရောက်သည့် ကျေးဇူးရှင်မေမေ၏ ၆၃နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ)

တန်ခူး
11:30AM 24-Mar-2008

13 comments:

myatnoe said...

good post! I understand ur feeling when u was young.
coz my dad is also school teacher.
Fortunately, we were not the same school.But, we met outside class room.In case , I have to try hard everyday like u. :)
My dad is good at in Maths.So, now I'll become a scientist.

zayar said...

i do remember my high sku age and life. my history teacher also used her own method to stimulate her pupils' effort. u know how? it was simple. she made the pairs of girl and boy and ordered them to question and answer each other and vice versa.still remember that happy time.. hee hee :P

Ko Paw said...

ကျနော်တွေ့ဘူးသမျှတော့ စည်းကမ်းကြီးတဲ့ ကျောင်းဆရာ၊ ဆရာမရဲ့ သားသမီးဆိုရင် ဆိုးတာများတယ်။ တပည့်တွေတော့ ထိန်းနိုင်တယ်။ သားသမီးကျတော့ မထိန်းနိုင်ဘူးဆိုတဲ့ သဘောလားတော့မသိဘူး။ တန်ခူးရဲ့အမေဆရာမ အနေနဲ့ သားသမီးကိုပါ လိမ္မာအောင် ထိန်းနိုင်တာကို ချီးကျူးပါတယ်။ အကြိုက်ဆုံးကတော့ သားသမီးကို ဘက်မလိုက်တာဘဲ။ ကျနော်တွေ့ဘူးတဲ့ တချို့ဆရာမတွေကျတော့ သူ့သားသမီးကို မဆိုထားနဲ့ဦး၊ သူ့ဝိုင်းကျူရှင် က ကလေးတွေဆိုရင်ဘဲ အတန်းထဲမှာ အင်မတန် ပစားပေးတယ်။

သက်ဝေ said...

တန်ခူး မေမေရဲ့ ၆၃ နှစ်မြောက် မွေးနေ့ အတွက် ဆုတောင်းပေးပါတယ်။
အသက်ရာကျော်တိုင်သည်အထိ သားသမီး မြေးမြစ်တွေနဲ့ အတူတူ ကျန်းမာ ချမ်းသာစွာ နေထိုင်နိုင်ပါစေ လို့ ...။

ကလိုစေးထူး said...

တန်ခူးနဲ့ ကျနော် အဲဒါတခု တိုက်ဆိုင်တယ်။ ကျနော့်မေမေလဲ ကျောင်းဆရာမပဲ။ ကျနော့်ကို အတန်းပိုင် နှစ်ကြိမ်တောင် ဖြစ်ခဲ့ဖူးတယ်လေ၊ ခြောက်တန်းမှာ တခါ၊ ရန်ကုန်ကနေ နယ်မြို့ကိုပြန်ပြောင်းတော့ ကိုးတန်းမှာတခါ။ အဲဒီ နှစ်နှစ်လုံး ကံဆိုးမိုးမှောင်ကျတဲ့ နှစ်တွေပါပဲ၊ ဟီးဟီး။ ရေရေလည်လည် ဆော်ပလော်တီးခံထိတယ်။ ကိုပေါပြောတာ ကျနော့်ကို ထိတယ်ဗျ၊ ကျနော်က အလွန်အင်မတန်ဆိုးတဲ့ကောင်လေ။ မေမေ မထိန်းနိုင်တာထက် ဆယ်တန်းအောင်ပြီးတော့ မေမေ့ထိန်းချုပ်မှုအောက်က လွတ်လပ်ခဲ့တာလဲ ပါတယ်။

ထနောင်း said...

တန်ခူး ရဲ့ မေမေ
မွေးနေ့မှာ ပျော်ရွှင်ပါစေ....

တန်ခူး နဲ့ မေမေ
မွေးနေ့တွေ ရာထောင်တိုင်ပါစေ...

စိုးထက် - Soe Htet ! said...

ဆရာမတယောက်၏ ဂုဏ်သိက္ဓာနှင့်ကျင့်ဝတ် နဲ့
မေမေ၏ အနန္တကျေးဇူး ....

မေမေ ဆရာမ ဆိုတော့ နှစ် ဆ အနန္တကျေးဇူး ... ဗျ :)

တန်ခူး said...

မြတ်နိုးရေ...တို့ဖေဖေလဲကျောင်းဆရာလုပ်ခဲ့ဖူးတယ်။

ဆရာတွေရဲ့စေတနာက ဘယ်တော့မှမေ့လို့မရတဲ့ ကျေးဇူးတရားတွေပေါ့ကိုဇေယျာ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နောက်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ကိုပေါရေ...ကောင်းတာလေးတွေ ရွေးရေးထားတာပါ။ ဆိုးတာလေးတွေ လာဦးမယ်။

သက်ဝေပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ဆုတောင်းလေးအတွက် ကျေးဇူးပါ။

ကိုစေးထူးရေ...ဘဝတူတွေပေါ့နော်။ ကျွန်မလဲ ဆိုးပါတယ်။ ကောင်းတာလေးတွေ ရွေးရေးထာလို့။

ပေးတဲ့ဆုနဲ့ပြည့်ပါစေ ထနောင်းရေ။ ကျေးဇူးတင်ပါတယ်။

ဟုတ်တယ်ကိုစိုးထက်။ နှစ်ဆအနန္တကျေးဇူးပါ။

Anonymous said...

ှအန်တီဆရာမ ရဲ့ ၆၃နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်းရာကျော်တိုင်အောင် ကျန်းမာပျော်ရွှင်ငြိမ်းချမ်းသော မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ...ပညာသင်ပေးခဲ့သော ကျေးဇူး..ဘဝအတွက်သင်ခန်းစာများသင်ပေးခဲ့သော ကျေးဇူး..စေတနာ, မေတ္တာများအားအစဉ်လေးစားလျှက်.....

တန်ခူး said...

မေမေ့အတွက်ဆုတောင်းလေးအတွက်ကျေးဇူးပါ သူငယ်ချင်း။

khunmyahlaing said...

မတန်ခူးရဲ့ မေမေ ဒဏ်ပေးပုံလေးက အပြစ်ကင်းလို့ ချီးကျူး ချင်ပါတယ်။ လှိုင်တို့ ဆရာ/ ဆရာမတွေ ကတော့ ကျောင်းသားချင်း ပြိုင်စေချင်လို့ သူ့ထက်ငါ ကြိုးစား စေချင်လို့ တစ်ယောက်ကို စာမေးလို့ ရရင် အဲဒီ စာဖြေနိုင်သူက သူများကို ထပ်မေးရပြီး စာမရရင် စာရတဲ့ ကျောင်းသားက စာမရတဲ့ ကျောင်းသားကို နားရွက်ဆွဲခိုင်းပါတယ်။ အချင်းချင်း ရှက်ပြီး စာကြိုးစား စေချင်လို့ပါ။ လှိုင်ကတော့ အတန်းတိုင်းမှာ အမြဲတမ်း ပထမဆုံး စာမေး ခံရတဲ့ ကျောင်းသူပါ။ အကျိုးဆက်ကတော့ ဆယ်တန်း အပြီး လေးနှစ်တိတိ ကျောင်းပိတ် ထား ခံရတဲ့ အရပ်သား အင်ဂျင်နီယာ တက္ကသိုလ် ကျောင်းဆင်း လှိုင့်ထက် သုံးနှစ်စောပြီး ကျောင်းပြီးတဲ့ အခြေခံ ပညာ အထက်တန်း တုန်းက အတန်းဖော် စစ်အင်ဂျင်နီယာက လုပ်ငန်းခွင်ထဲ ရောက်ရင် အကြွေး ဆပ်မယ် တွေ့မယ်လို့ အကြိမ်း ခံလိုက် ရတာပါပဲ။ ဒါကြောင့် လုပ်ငန်းခွင် အန္တရာယ် များတဲ့ အင်ဂျင်နီယာ အလုပ်နဲ့ တသက်လုံး လုပ်မစား သလို ဘယ်တော့မှ လူချင်း ပြိုင်ခိုင်းတဲ့ အလုပ်ကို မလုပ်ဘူးလို့ သန္ဒိဌာန် ချလိုက်မိပါတယ်။ ဆရာ/ ဆရာမ တွေကတော့ ဒီလို အဖြစ်မျိုး ဖြစ်လာမယ်လို့ စဉ်းတောင် စဉ်းစား မိကြမယ် မထင်ပါဘူး.. ကျောင်းတုန်းက အဖြစ်လေးတွေကို “ပုခက် လွှဲကျယ်” ဆိုတဲ့ ပို့စ်လေးနဲ့ ခြယ်မှုန်းပါဦးမယ် … ပုခက် ဆိုတာ ဖြေးဖြေး လွှဲရင် စီးလို့ ကောင်းသလောက် လွှဲကျယ် များရင် လူပြုတ်ကျ တတ်တယ် မဟုတ်လားနော်.. အနေတော်လေး လွှဲတတ် ခဲ့တဲ့ မတန်ခူးရဲ့ မေမေ မွေးနေ့ မှသည် နောင် နှစ်ပေါင်း များစွာ တိုင်အောင် လွှဲကျယ် မှန်သော ဆရာမ၊ မိခင်၊ အဘွား အဖြစ် ဆက်လက် တည်ရှိ နေနိုင် ပါစေ။

တန်ခူး said...

ိလိုင်ရေ...ပြည့်စုံတဲ့commentလေးအတွက် ကျေးဇူးပါ။“ပုခက် လွှဲကျယ်” ဆိုတဲ့ စိတ်ကူးလေးက အတော်creativeဖြစ်ပြီး အဓိပ္ပါယ်လေးနက်ပါတယ်။ အဲဒီpostလေးသွားဖတ်မယ်။

木須炒餅Jerry said...

cool!very creative!avdvd,色情遊戲,情色貼圖,女優,偷拍,情色視訊,愛情小說,85cc成人片,成人貼圖站,成人論壇,080聊天室,080苗栗人聊天室,免費a片,視訊美女,視訊做愛,免費視訊,伊莉討論區,sogo論壇,台灣論壇,plus論壇,維克斯論壇,情色論壇,性感影片,正妹,走光,色遊戲,情色自拍,kk俱樂部,好玩遊戲,免費遊戲,貼圖區,好玩遊戲區,中部人聊天室,情色視訊聊天室,聊天室ut,成人遊戲,免費成人影片,成人光碟,情色遊戲,情色a片,情色網,性愛自拍,美女寫真,亂倫,戀愛ING,免費視訊聊天,視訊聊天,成人短片,美女交友,美女遊戲,18禁,三級片,自拍,後宮電影院,85cc,免費影片,線上遊戲,色情遊戲,情色