Friday, March 27, 2009

ဝါသနာလေးများ

ခုတလော အိမ်မှာရော ရုံးမှာပါ အလုပ်အရမ်းများနေလို့  မောင်လေးမောင်မျိုးတက်ဂ်ထားတဲ့ ၀ါသနာလေးများကို ခုမှပဲ ရေးဖြစ်ပါတော့တယ်။ နောက်ကျသွားတာ ခွင့်လွှတ်ပါ မောင်မျိုးရေ။ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ။

**********

ဝါသနာတွေက အများသားဆိုတော့ ကိုယ့်ဘာသာ ခေါင်းစဉ်လေးတွေ ခွဲပြီး ဒီလို ချရေးကြည့်မိတယ်။

အသက်မွေးဝမ်းကျောင်း

အဖေနဲ့ အမေက ဆရာ၊ဆရာမ ဖြစ်ခဲ့ဘူးလို့ လား မသိ။ ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က ဆရာမ။ ဖြစ်လာတော့ အင်ဂျင်နီယာ။ လုပ်နေတာက ကွန်ပြူတာ။ ကျောင်းတုန်းက အထိ စိတ်ကမလျော့သေးဘူး။ ကျောင်းပြီးရင် ကျောင်းမှာ ဆရာမ ပြန်လုပ်မယ်ပေါ့။ ဒါပေမယ့်…။ ခုလဲ စိတ်မလျော့သေးပါဘူး။ သားရဲ့ ဆရာမလေ။

အနုပညာ

မြန်မာအကကို အရမ်းဝါသနာပါတာ။ ငယ်ကတော့ အမေ့ကို မြန်မာအက သင်ပေးဖို့  ခဏခဏ ပူဆာဖူးတယ်။ အမေက အားမပေးဘူးလေ။ အဖေက မကြိုက်လို့ ။ သူများတွေ TV မှာ က တာတွေ့ ရင် သိပ်အားကျတာ။ ဘယ်သူမှ မသင်ပေးတော့ ကိုယ့်ဘာသာ ကြိတ်လေ့ကျင့်တာ။ သင်္ကြန်အကလောက်တော့ ရတယ်။ သမီးလေးမွေးရင် မြန်မာအကကို စနစ်တကျ အကဆရာမနဲ့  သင်ပေးမယ်လို့  စိတ်ကူးထားတာ။ မွေးလာတော့ သားလေး။

စာရေးဝါသနာပါတာတော့ မပြောတော့ဘူးနော်။ အရင်ကတော့ စာမူလေးတွေပိုက်ပြီး တတိုက်ဝင် တတိုက်ထွက်။ လကုန်ရင် ကိုယ့်စာလေးများ ပါမလားလို့ မျှော်လင့်။ မပါရင်မျှော်။ ပါလာရင်ပျော်။ ခုတော့ ဘလော့ဂ်ကြီးရှိနေတော့။ ရေးစမ်းပါလေ့နော်။

အားကစား

ငယ်တုန်းက ကစားသန်သလောက် ကြီးတော့ အပျင်းကြီးသွားတယ်။ အပြေးကတော့ ၀ါသနာပါဆုံး အားကစား။ အပြေးလဲသန်တယ်။ ငယ်တုန်းကပါ။ ခုတော့ နဲနဲလေး လမ်းသုတ်သုတ်လျှောက်ရင်တောင် ဟောဟဲနေပြီ။ ငယ်တုန်းက လွတ်လပ်ရေးနေ့  အပြေးပြိုင်ပွဲဆို ဆုချိတ်နေကျ။

အလှအပ

အကျီင်္လေးတွေ ဖက်ရှင်ထွင်တာ ၀ါသနာ အရမ်းပါတယ်။ ဒီဇိုင်နာ သိပ်ဖြစ်ချင်တာ။ ကိုယ့်ဘာသာတော့ သိပ်အချိုးကျအောင် မ၀တ်တတ်ပေမယ့် သူများကို ပုံဆန်းလေးတွေ ထွင်ပေးချင်တယ်။ ငယ်တုန်းကတော့ အရုပ်မလေးတွေ ၀တ်စုံမှာ ကိုယ်က ဒီဇိုင်နာပေါ့။ ကြီးလာတော့ ညီမလေးရဲ့ ဒီဇိုင်နာ။ ခုထိ အိမ်ပြန်ရင် သူ့ ချူပ်ဖို့  အကျီင်္ပုံလေးတွေ ဆွဲပေးနေရတုန်း။ တခါတလေ သူ့ သူငယ်ချင်းတွေပါ အဆစ်ပါတယ်။ မြန်မာအင်္ကျီရင်ဖုံးဆန်းလေးတွေ ထွင်ရတာ အပျော်ဆုံးပဲ။

နားဆွဲလှလှလေးတွေ စုရတာလဲ ၀ါသနာပါတယ်။ ကိုယ့်မှာ နားပေါက်တော့ မရှိဘူး။ ကပ်နားကပ်ခေါင်းလေးတွေ ၀ယ်ပြီး ပြောင်းတတ်တာ။ တတ်နည်းသိချင်ရင် ပို့ စ်အနေနဲ့  တင်ပေးမယ်နော်။

အိမ်တွင်းမှု

ဇာထိုး၊ ပန်းထိုး ၀ါသနာပါတယ်။ အရင်က ပန်းထိုး၊ သိုးမွှေးထိုး၊ တက်တင်းထိုး အကုန်လုပ်တယ်။ ခုတော့ မျက်စိပျက်မှာ ကြောက်လို့  သိပ်မလုပ်ဖြစ်ဖူး။

ငယ်က ၀ါသနာမပါခဲ့တဲ့ ပန်းပင်စိုက်တာ ခုတော်တော် ၀ါသနာပါလာတယ်။ စိတ်ကို အတော်ကြည်နူးမှုပေးနိုင်တဲ့ ၀ါသနာပါ။

အပန်းဖြေ၀ါသနာ

ခရီးသွားရတာ တမိသားစုလုံး ၀ါသနာပါတယ်။ မြန်မာပြည်ကြီးမှာတုန်းက ဘယ်လောက်သွားသွား မနှံ့ ဘူး။ သွားပြီးရင်း သွားချင်ရင်း။ အဲဒီလိုလူမှ ကျွန်းသေးသေးလေးပေါ် ရောက်နေတာ။ တခါလာလဲ sentosa၊ တခါလာလဲ shopping centre။ မလေးရှားဗီဇာလျှောက်ဦးမယ်။ သွားစရာဆိုလို့  မလေးရှားပဲ ရှိတာကို။ လေယာဉ်မူးတတ်တော့ လေယာဉ်အရှည်ကြီးစီးရမယ့် ခရီးဆိုကြောက်တယ်။ ပိုက်ဆံလဲ နဲနေတာ ပါပါတယ်။

ဆက်တက်ဂ်ချင်သူများကတော့

၁) မမသိဂီၤ
၂) မမသီတာ
၃) သူငယ်ချင်းသက်ဝေ
၎) ညီမလေးပေါက်
၅) ညီမလေးနုစံ

တို့ ဖြစ်ပါတယ်။ ရေးပေးနော်။ မျှော်နေမယ်။

တန်ခူး
4:00pm 27-Mar-2009

19 comments:

ကိုပေါ said...

သားလေးမွေးလည်း မင်းသားအက သင်ပေးလို့ ရပါတယ် တန်ခူးရယ်။

အဖေလုပ်တဲ့ လူကြီးကို သင်ခိုင်းပေါ့။

pandora said...

ဆရာမရဲ့ ၀ါသနာတွေ သိသွားပါပြီ။ စာရေးရုံတင်ဘယ်ကမလဲ စာဖတ်ပါ ၀ါသနာပါတယ်လို့ မှတ်လိုက်မယ်နော်။ ဒါက တွဲလျက်ကိုး။

အပန်းဖြေခရီးကတော့ နီးနီးနားနားဆို ထိုင်းကိုလည်း သွားလို့ရတယ်လေ။

ဒါမှမဟုတ် မလေးရှားပဲ ဆိုရင်လည်း ရထားနဲ့သွားကြည့်ပါလား။

Anonymous said...

အမ ကတာကြည့်ချင်သား သင်္ကြန်နားနီးရင်လာကြည့်မယ်ဗျ :P

nu-san said...

အမရဲ့ ၀ါသနာလေးတွေက ကောင်းလိုက်တာဆိုပြီး ကြည်နူးမှု အပြည့်နဲ့ ဖတ်နေတာ.. ဖတ်ရင်းက ကိုယ်တိုင်လည်း ဘာများ ၀ါသနာ ပါပါလိမ့်ပေါ့..စဉ်းစားရင်းးး အောက်ဆုံးမှာ ကိုယ့်နာမည်တွေ့တော့...ဟိုက်ခနဲပဲ.. :D အလကား စတာပါ အမရေ.. ရေးပေးမယ်နော်.. ပြီးရင် လက်တို့လိုက်မယ်.. :)

nu-san said...

မမ မီးမီးက ညီလေး ဟုတ်ဘူးလေ... :D

kay said...

ဝါသနာအတော်များများ တူတယ်..မတန်ခူးရေး
( ကြုံတုန်းဝင် ပါလိုက်အုံးမယ်)း)
အကျီ င်္ ဒီဇိုင်းထွင်တာ.. က..အစ
အက တော့..ဟိုးငယ်ငယ်လေးက..၀ါသနာပါပြီး..ကြီးတော့.. မပါတော့သလိုပဲ။

သက်ဝေ said...

အဲ... ဒေါ်တန်ခူးရေ...
နုစံပြောသလိုပဲ တန်ခူးရဲ့ ၀ါသနာတွေကို တပြုံးပြုံးနဲ့ ဖတ်နေတာ.. တန်ခူး ၀ါသနာတွေက အေးအေးချမ်းချမ်းနဲ့မို့ ချစ်စရာလေးတွေ...
သို့သော် ကိုယ်နဲ့ မတူတာတွေကိုလဲ တွေ့နေရတာမို့ ဖတ်ရင်း သဘောတွေကျနေတာလေ...
အောက်ကိုရောက်တော့ ကိုယ့်နာမည်တွေ့လိုက်တော့မှ ဘုရားရေ... လို့ဖြစ်သွားတာ...

Tag ပေးတာ ကျေးဇူးပါ တန်ခူးရေ... နောက်တပါတ်ကျရင် ရေးပေးမယ်နော်... အခုလောလောဆယ်တော့ အမိုးအကာ တခုအတွက် အလုပ်ရှုပ်နေတယ်လေ... :-D
သိတယ်ဟုတ်...

Anonymous said...

ဟုတ်တယ်...အစ်မ ကတာကြည့်ချင်တယ် ဟီး သင်္ကြန်နားနီးတော့ အစ်ကိုက နွေမ သီချင်းဖြစ်ဖြစ် ညိုမြ ဖြစ်ဖြစ် ဆို အစ်မက ..က ပျော်စရာကြီးနေမှား) ရေးပေးတာ ကျေးဇူးနော် သားသားရဲ့ ဆရာမပန်းပျိုးလက်ပေါ့ ။

tg.nwai said...

တန်ခူးရဲ့ ၀ါသနာလေးတွေက အဖိုးတန်လိုက်တာ..။
ဒါကလည်း လုပ်ယူလို့ ရတာ မဟုတ်ဘူးနော်..။ ဆရာမ ၀ါသနာပါတာကတော့ တန်ခူးမေမေနဲ့ တူတာပေါ့နော်..။

သဘောကျစရာကောင်းလိုက်တာ...။

သတိတရ Tag တဲ့ အတွက် ကျေးဇူး မပြောတော့ဘူးနော်..ညီအမချင်းတွေပဲဟာ.. ရေးမယ်နော် တန်ခူး... ကိုယ့်ဝါသနာတွေ ဟိုတစ ဒီတစ ပြန်ကောက်ကြည့်ရဦးမယ်.. ဘာတွေပါလိမ့်ဆိုတာ..အဟဲ...။

Moe Cho Thinn said...

ဝါသနာလေးတွေ ရေးပြတာများ စနစ်တကျပဲ။ ချိုသင်းနဲ့ တော်တော်များများ တူပါတယ်။ အကျီ င်္ဒီဇိုင်းတော့ မထွင်တတ်ဘူး အမရေ။ အမဆီ နီးများနီးရင် ရင်ဖုံးပုံလေးတွေ လာအပ်ချင်ပါရဲ့။ ချိုသင်းကတော့ လွယ်တာ ကောက်စွပ်တတ်တာမို့ ဒီတခုကလွဲရင် ကျန်တာ တူတယ်။ :)

Anonymous said...

အမ ဒါဆို ညီမကို မြန်မာ စလေးတွေကို ဖက်ရှင်ပုံစံ စကတ်နဲ့ အကျီံ ဒီဇိုင်းထွင်ပေးပါ...

နော်..နော်


မြတ်နိုး

khin oo may said...

ဖတ်သွားသည်။ ကြည့်ချင်တယ်။ ဟိ

တှိှူု့ ကိုတော့ လွယ်လွယ်ကုကူ ပူဆိုးဘဲ ချူပ်ပေးပါ။

မေဓာဝီ said...

စာမူလေးတွေပိုက်ပြီး တတိုက်ဝင် တတိုက်ထွက် ... တဲ့ ... တူလိုက်တာ ... :P
နားပေါက်မရှိတာချင်းလဲ တူတာပဲ ..
မေကတော့ နားကပ်ဝါသနာ မပါဘူး ...
ခရီးသွားတာနဲ့ ဆရာမ- လုပ်ချင်တာတော့ အမနဲ့ တူတူပဲ ... ။
အမရဲ့ ၀ါသနာလေးတွေက ချစ်စရာ ...
အများပြောသလိုပဲ အမ ကတာ ကြည့်ချင်တယ် ...

မဇနိ said...

အမတန်ခူးက မိန်းကလေး ပီသလိုက်တာနော်။ အချုပ်အလုပ် ဇာထိုးပန်းထိုး အကုန်ရ။ အပင်စိုက်လည်း ဝါသနာပါတယ်ပေါ့လေ။ ဆရာမလည်း ဝါသနာပါပြန်ရော။ အကလည်း ရတယ်ဆိုတော့ ဘာမှကို ပြောစရာမလိုတဲ့ မိန်းကလေးပီသသူတယောက်ပါ။ ညီမလည်း ဟိုစပ်စပ် ဒီစပ်စပ်တော့ ဖြစ်တယ်။ ဖြစ်မြောက်အောင်တော့ မတတ်။

ATN said...

အတော်ပဲ သင်္ကြန်လည်း ကျတော့မှာဆိုတော့ ချိုသင်းကလည်း ၀ါသနာတူတယ် ပြောထားတော့
ချိုသင်းနဲ့ မတန်ခူးတို့ ကတာ ကြည့်ချင်တယ်...း)

sonata-cantata said...

တန်ခူးရဲ့ ချစ်စရာ ၀ါသနာလေးများလည်း ဖတ်ပြီးသွားပြီ
ကိုယ့်ရဲ့ ၀ါသနာလေးများလည်း ရေးပြီးသွားပြီ

မနီ said...

မတန်ခူးပြောတာသိပ်မှန်တာဘဲ..ဘာလို့လည်းဆိုတော့..ငယ်ငယ်တုန်းကကိုယ်ဝါသနာပါတာကိုမလုပ်ရဘူးလေ..အခုသားသမီးတွေရှိလာတော့..ကိုယ်မလုပ်ရသမျှသူတို့ကိုလုပ်ခိုင်းတယ်..ဥပမာ..ပန်းချီဆွဲတာတို့ဘာတို့ပေါ့..အချုပ်အလုပ်အချက်အပြုတ်ဝါသနာပါတာကတော့..တို့လည်းတန်ခူးအတိုင်းဘဲ..
နားကပ်အကြောင်းလေးတွေပို့စ်တခုအနေနဲ့တင်ပေးပါနော်..တို့ကသိပ်မကြိုက်ပေမယ့်..တို့သမီးလေးအတွက်ပါ..

သက်ဝေ said...

တန်ခူးရေ...
ရေးပြီးကြောင်း သတင်းလာပို့ပါသည်။

Kaung Kin Ko said...

ကဲ ပရိသတ်ကတော့ ကဖို့ တောင်းဆိုနေပြီ အစ်မရေ။