Friday, March 20, 2009

နွေဦးကံ့ကော်

ဒီမှာ ကံ့ကော်တွေ ပွင့်ပြန်ပေါ့…တပင်လုံးခဲနေအောင် ပွင့်တဲ့ ကံ့ကော်လေးတွေကြည့်ပြီး ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော် သီချင်းလေးကို သတိရသွားမိတယ်… မနှစ်က ရိုက်ထားတဲ့ ပုံလေးတွေနဲ့  ကိုယ့်ဘာသာ စမ်းကြည့်ထားတာလေး ခံစားကြည့်ပါဦး…



တန်ခူး
10:24pm 20-Mar-2009

22 comments:

nu-san said...

မမရေ.. ကံ့ကော်ပန်းတွေနဲ့ ထူးအိမ်သင် သီချင်း တွဲပြီး photo clip လေးလုပ်ထားတာ idea ကောင်းလိုက်တာ.. မနှစ်က မတန်ခူး Blog ကို လာလည်ရင်း comment ရေးဖြစ်တာ အဲဒီ ကံ့ကော်ပန်းတွေ တင်ထားတဲ့ ပို့စ်ကနေ စ တာပဲ အမ.. တနှစ်တောင် ရှိသွားပြီနော်.. ကံ့ကော်ပန်းနံ့ မရပေမယ့် ပန်းပုံလေး မြင်ရတာ အလွမ်းပြေပါတယ် အမရယ်.. :)

နွေးနေခြည် said...

ပန်းထဲမှာ အကြိုက်ဆုံးက ကံ့ကော်ပါပဲ
လွမ်းလိုက်တာ

မေငြိမ်း said...

လွမ်းအောင် လုပ်ပြန်ပြီ။...

Anonymous said...

လက်ရာတွေကို ခံစားသွားတယ် အမတန်ခူးရေ။ ပန်းလေးတွေက လှလိုက်တာ။ အမတို့ဆီကလည်း ပိတောက်ပန်းလည်း ပွင့်တယ်။ ကံ့ကော်ပန်းတွေလည်း ပွင့်တယ်နော်။ ပျော်စရာကြီး။ အင်း နွေဦးအလှကလည်း ကံ့ကော်ပါမှ ပြည့်စုံတယ်ထင်ပါ့နော်။ အမနုစံလို အလွမ်းမပြေဘူး။ ပန်းနံ့လေးရချင်လိုက်တာ။

Anonymous said...

ငယ်ငယ်ကတော့ ကံ့ကော်ပွင့်ချိန်ကို စာမေးပွဲရာသီနဲ့ တွဲမှတ်ထားတာ တန်ခူးရေ ...ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော် သီချင်းလေးကိုလည်း သိပ်ကြိုက်ပါတယ်...

Anonymous said...

အဲ့ဒီပန်းရနံ့လေးက ထူးထူးဆန်းဆန်းလေးနော် ကျနော်လည်းကြိုက်တယ် စာအုပ်ကြားထဲထည့်ညှပ်ထားရင် ခြောက်တဲ့အထိ မွှေးနေတာ ကံကော်ပန်းလေးက ချစ်စရာ ။

Anonymous said...

သီချင်းလာဆိုသွားပါတယ် အမတန်ခူးခင်ဗျား

khin oo may said...

ကြိုက်တယ။်

Nyein Chan Aung said...

နွေဦးကံ့ကော်.. နွေဦးကံ့ကော်ရေ.. ခုမှ မတန်ခူးဘလောဒ့်ကို ရောက်ဖူးတာပါ။ အရောက်နောက်ကျတယ်။ နောက်လည်း မကြာမကြာ လာလည်ပါ့မယ်။ ပိတောက်တွေပွင့်ပြီဆိုတော့ ဓါတ်ပုံရိုက်ပြီး မတင်တော့ဘူးလား..

ခင်မင်စွာဖြင့်

သစ်နက်ဆူး said...

မတန်ခူးရေ...
သိပ်လွမ်းဆွတ်သင်းပျံ့တဲ့ စိတ်ကူးပါဘဲ...
ဒီပန်းက ရေဆေးပန်းချီဆွဲတဲ့ အခါ...
အစွဲဆောင်ဆုံးနဲ့ ဒီသီချင်းကတော့ အနှစ်သက်ဆုံးသီချင်းထဲမှာပါတယ်...။
ကံကော်မြေကိုတော့ ခြေမချဘူးပါဘူး....
ကံ့ကော်သမီးပျိုတွေတော့ လွမ်းဘူးတယ်..။

Anonymous said...

ချစ်စရာကောင်းလိုက်တဲ့
စိတ်ကူးပဲ၊
ပန်းနဲ့သီချင်းကို ခံစားရင်း
ကြည်နူးမိတယ်။

Moe Cho Thinn said...

ကံ့ကော်ပန်းတွေ့ရင် ငယ်ငယ်တုန်းက အိမ်ရှေ့က ကံကော်ပင်ကြီး မှာ တပင်လုံးကံ့ကော်တွေ ဝေနေတာ လွမ်းမိတယ်။ ကံ့ကော်ရယ်၊ စပယ်ရယ် ချစ်တဲ့ပန်းတွေထဲမှာ ထိပ်ဆုံးက။
သီချင်းလေးနားထောင်ရင်း မျက်ရည်တွေနဲ့ ၀ါးကုန်ပြီ။

မတန်ခူးရေ..အမနဲ့ ချိုသင်းတို့ရဲ့ ချစ်သူတွေသာ မွေးနေ့တူတာမဟုတ်၊ အမ အမေ မြန်မာလို မွေးနေ့က ချိုသင်းရဲ့ အင်္ဂလိပ်လို မွေးနေ့နဲ့ တူပြန်ပါပေါ့။ ကွန်မန့်ထဲ လာရေးလို့ သိတာပါ။ ရေစက်ထင်ပါရဲ့ အမရေ..

မီယာ said...

အမရေ.. ကံ့ကော်နံ့ကို အရမ်းကြိုက်တာ... ငယ်ငယ်က သနပ်ခါးလိမ်းရင် ကံ့ကော်ဝတ်ဆံခြောက် ခရေပန်းခြောက်လေးတွေ ထည့်ပြီးသွေးတာ။ ပန်းနဲ့ သီချင်းလေးက လွမ်းစရာ...

Phyo Maw said...

လင့် တယ်နော်။

ခင်မင်းဇော် said...

လွှမ်းမိုးရဲ့ ကံ့ကော်မြို့တော်သီချင်းကိုတောင် သတိရသွားသေးတော့တယ်။

သက်ဝေ said...

တန်ခူးရေ...
သီချင်းလေးနဲ့...
ဓါတ်ပုံလေးတွေနဲ့ တကယ်လိုက်တယ်...
လှပတဲ့ စိတ်ကူးလေးက တကယ်ကို ကြည်နူးစရာပါ...
ကျေးဇူးနော်..

pandora said...

ကံ့ကော်ကို အလွန်ကြိုက်ပါတယ်
လွမ်းအောင် လုပ်နေတယ်။

ဒါနဲ့ ပိတောက်တွေ ပွင့်နေပြီဆိုတာ ဘယ်နေရာမှာလဲဟင်။ ဓာတ်ပုံရိုက်ချင်လို့။

မေဓာဝီ said...

မ-ရေ ..
ကံ့ကော်တွေ ဘယ်မှာပွင့်နေတာလဲ။ ဗမာပြည်မှာလား ..
အိမ်က ကံ့ကော်ပင်ကြီးတော့ နာဂစ်ဒဏ်ကြောင့် ဒီနှစ်ပွင့်နိုင်တော့မယ် မထင်ဘူး ...
ကံ့ကော်ကို မြင်တော့ အိမ်ကိုရော ကျောင်းကိုရော ...သတိရလိုက်တာ ...
ကံ့ကော်ပန်းလေး ကြည့်ရင်း ကံ့ကော်နံ့လေးတောင် ရလာသလိုပဲ ...
ငိုချင်လျက် လက်တို့ဖြစ်နေပြီ ... :(

တန်ခူး said...

နုရေ… ဟုတ်တာပေါ့… ဒီပို့ စ်လေးတင်မယ်လုပ်တုန်းက နုကို သတိရမိတယ်… ချစ်စရာညီမလေးတယောက်တိုးလာတာ ၁နှစ်တောင် ပြည့်ပြီလို့ …

နွေးရေ… တူတူပဲပေါ့… ကံ့ကော်က အမအကြိုက်ဆုံးပန်းထဲမှာ တခုအပါအ၀င်ပါညီမရေ… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲလာလည်ဦးနော်…

မ ရေ… လွမ်းဖော်ညှိကြည့်တာပါ မ ရယ်…

နိနိရေ… ကံ့ကော်တွေ ပိတောက်တွေ တွေ့ ရလို့  နဲနဲတော်သေးတာပေါ့ညီမရယ်… ဒါပေမယ့် ရာသီဥတုက နွေနဲ့ မတူဘူးလေ… ပန်းလေးကို အခြောက်ခံပြီး စာတိုက်ကနေ နိနိဆီ ပို့ လိုက်မယ်… ဒါဆို ရနံ့ လေးပါ ရသွားတာပေါ့… လိပ်စာပြောပြလေ…

မ ရေ… ဟုတ်တယ်နော်… စာမေးပွဲရာသီမို့  ဘုရားမှာ ကံကော်အောင်ဆို ကံ့ကော်တွေ ကပ်သေးတာ အောင့်မေ့မိတယ်… အဲဒီသီချင်းလေးက အတော်ကို ဆွဲဆောင်မှုရှိနော်…

ဟုတ်တယ်မောင်မျိုးရေ… ငယ်ကတော့ စာအုပ်ကြားထဲထည့်သိမ်းထားဖူးတယ်… အရွက်လေးလဲ သိမ်းဖူးတယ်…

ရွာသားလေးရေ… သီချင်းလေးက ဆိုလို့ ကောင်းတယ်နော်…

ပျော်သွားပြီ… မမ ကြိုက်တယ်ဆိုလို့ …

မောင်လေးငြိမ်းချမ်းအောင်ရေ… မကြာမကြာလာလည်မယ်ဆိုလို့  ၀မ်းသာပါတယ်… ပိတောက်တွေ ဓာတ်ပုံရိုက်ဖြစ်တယ်… ဒါပေမယ့် ပွင့်ပြီး နောက်တနေ့ မှ ရိုက်တယ်ဆိုတော့ သိပ်မလှဘူးလေ…

ကိုသစ်နက်ဆူးရေ… ကံ့ကော်ပန်းချီလေးတွေ တွေ့ ဖူးတယ်… ရုပ်လုံးကြွပြီး အစစ်အတိုင်းပဲနော်…

ကျေးဇူးပါ အပြုံးပန်းရေ… ကြည်နူးမိတယ်ဆိုလို့  ၀မ်းသာရပါတယ်… နောင်လဲ လာလည်ပါဦးနော်…

ချိုသင်းရေ… ချိုသင်းတို့ အိမ်ရှေ့ က ကံ့ကော်ပင်ကြီးက အကြီးကြီးနေမှာနော်…ဒီမှာက အပင်သေးသေးလေးတွေ… အမလဲ ကံ့ကော်နဲ့ စံပယ်ကို အရမ်းချစ်တယ်… ပန်းလေးတွေက ရိုးသားပြီး အပြစ်ကင်းနေသလိုပဲ… ငိုမိအောင် လုပ်မိတဲ့အတွက် စိတ်မကောင်းပါဘူးညီမရေ… ချိုသင်းရေ… တိုက်ဆိုင်မှုတွေက အံ့သြစရာနော်… ပျော်ရွင်ချမ်းမြေ့ဖွယ် မွေးနေ့ ဖြစ်ပါစေ…

မီယာရေ… ဟုတ်တယ်နော်… သနပ်ခါးထဲလဲထည့်လိမ်းတယ်… ခေါင်းအုံးအောက်လဲ ထားအိပ်တယ်… ဆံပင်လေးတွေ မွှေးနေအောင်လို့ လေ…

ကျေးဇူးပါ ဖြိုးမော်ရေ… နောင်လဲ လာလည်ပါဦး…

ကံ့ကော်မြို့တော်သီချင်းကိုလဲ အရမ်းကြိုက်တယ် မ…

သက်ဝေရေ… ကြည်နူးရတယ်ဆိုတာ သိရလို့  ၀မ်းသာမိပါတယ်…

ပန်ရေ… ကံ့ကော်ကတော့ တမြို့ လုံးနီးပါးပွင့်တာ… ပိတောက်က တချို့ နေရာတွေမှာ ပွင့်တယ်… Yio Chu Kang MRT နားမှာ ပိတောက်လမ်းလေးရှိတယ်… ပွင့်ပွင့်ချင်းနေ့ က ဓာတ်ပုံမရိုက်လိုက်ရပဲ နောက်ရက်မှ ရိုက်တော့ အပွင့်တွေကြွေပြီး မလှတော့ဘူး… clementi ရေကူးကန်နားမှာလဲ ပိတောက်လမ်းတခုရှိသေးတယ်လေ… အပင်တွေက အရမ်းမြင့်တော့ ဓာတ်ပုံရိုက်ဖို့  လွယ်ပါ့မလားမသိ…

မေ ရေ… ကံ့ကော်တွေ ပွင့်တာ စင်္ကာပူမှာပါ… မြန်မာပြည်က ကံ့ကော်ပန်းလေးတွေနဲ့  ဝေးနေတာ အတော်ကြာပါပြီ ညီမရယ်… ကံ့ကော်တွေလဲ နာဂစ်ဒဏ်အတော်ခံလိုက်ရတယ်နော်… အမတို့ အိမ်က ကံ့ကော်ပင်လေးကတော့ အပင်နိမ့်လို့ ထင်တယ်… ရှိသေးတယ်… ငိုချင်အောင်လုပ်လိုက်မိသလို ဖြစ်သွားတာ စိတ်မကောင်းပါဘူး မေရယ်….

Anonymous said...

အမရေ ဟုတ်တယ်ဗျာ။ ဒီတစ်ခါတော့ တောင်းထားပြီး ရေးကိုရေးမယ်စိတ်ချ။ ထန်းပင်တွေက ဂွေးချိုကလေအမ ပန်းမြိုင်လယ်က ဥယျာဉ်မှူးတုန်းက ကျော်ဟိန်းနဲ့ သိဂီ င်္ထွန်းတို့ရိုက်တဲ့နေရာလေ။ ဘလော့က ကျနော်လုပ်တာမဟုတ်ဘူးဗျ အထင်တွေကြီးနေမှာစိုးလို့။ ကျနော်က မလုပ်တတ်ဘူးရယ် သူများကို အကူအညီတောင်းထားတာပါဗျာ။

Kaung Kin Ko said...

နွေဦးကံ့ကော်များ ဝါရွှေနုပွင့်ဖြူ ရင်ထဲလှိုက်ဖိုသွား

Anonymous said...

I miss my wife(your friend):P