Monday, November 3, 2008

မြို့ ပြနဲ့  ဗိုင်းရပ်စ်

ကျွန်မ ခုတလော ခဏပျောက်နေရတဲ့ အကြောင်းကတော့ ကျွန်မသားလေး နေမကောင်းဖြစ်ပြီး မမျှော်လင့်ပဲ ဆေးရုံတင်လိုက်ရလို့ ပါ။ အမြဲသန့် ရှင်းပြီး အင်းဆက်တွေ တွေ့ ရခဲတဲ့ ဒီနိုင်ငံမှာ စိုထိုင်းတဲ့ ရာသီဥတုကြောင့် လေထုထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားကတော့ အတော်ကို များပါတယ်။ အဲဒီ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေ ဒဏ်အခံရဆုံးကတော့ ကလေးငယ်တွေ ပါပဲ။ ကျွန်မသားဆို ကျောင်းပို့ စက ၂ ပတ်တခါလောက် နေမကောင်းဖြစ်ပြီး ခုတော့ တလတခါလောက် ဖြစ်တတ်ပါတယ်။

မြန်မာပြည်မှာလို ရိုးရိုး အအေးပတ် ဖျားတာမျိုးက ဒီနိုင်ငံမှာ မရှိသလောက်ပဲ။ ဘယ်တော့မှ ရိုးရိုးလေး တွေးလို့ မရပါဘူး။ ဗိုင်းရပ်စ်တွေကလဲ တနှစ်နဲ့ တနှစ်တောင်မတူ အသစ်အသစ်တွေ ပေါ်ပေါ်လာတာ အတော်မုန်းစရာကောင်းပါတယ်။ Flu ကာကွယ်ဆေးထိုးထားလဲ အဲဒီ ကာကွယ်ဆေးက အသစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်ကို မသတ်နိုင်ပြန်ဘူး။ တော်ကြာ သွေးလွန်တုန်ကွေး၊ တော်ကြာ Hand Foot Mouth… တမျိုးပြီး တမျိုး မရိုးရပါဘူး။ ကြာလာတော့ ကလေးကို လူရှုပ်ရှုပ်ခေါ်ဖို့ တောင် ကြောက်ကြောက်လာတယ်။

ဒီတခေါက် သားဆီ ရောက်လာတာက ဘက်တီးရီးယားတဲ့။ ကျွန်မက လူပြိန်းလို နားလည်ထားတာ ဘက်တီးရီးယားဆိုတာ ညစ်ပတ်မှ ဖြစ်တယ်ပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ ဘက်တီးရီးယားက ဗိုင်းရပ်စ်လောက် အကူးမမြန်ပေမယ့် ကစားကွင်းတို့  ကျောင်းတို့ က တဆင့်ကူးနိုင်ပါတယ်။ ဗိုင်းရပ်စ်ထက် အကောင်ကြီးပြီး အတော်ခံရပါတယ်။ သားရဲ့ သွေးဖြူဥတွေ များအောင် လုပ်ပစ်လိုက်တော့ သားခမျာ အတော်ကို အင်အားကုန်ခမ်း ဖျော့တော့ သွားပါတယ်။ သူကိုယ်ထဲကို ဒရစ်အမြန်သွင်း ဘက်တီးရီးယားသတ်ဆေး အမြန်သွင်းမှ ပြန်ထောင်လာပါတယ်။

အမြဲတမ်း ခုန်ပေါက်ပြေးလွှား တက်ကြွနေတဲ့သားလေး ဒရစ်ပိုက်တန်းလန်းနဲ့  ၃ ရက်လောက်နေရတာ ကြည့်ပြီး ကျွန်မတော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ပထမတရက်ကတော့ ရေကုန်ရင်ဖြူတ်ရမယ်လို့  သူ့ ကိုပြောပြထားတော့ ပုလင်းလေးပဲ တကြည့်ကြည့်။ နောက် ပုလင်းအသစ်တွေ ထပ်ထပ်ချိတ်တော့ သူတော်တော် စိတ်ညစ်ပြီး မမှိုင်စဖူး မှိုင်တွေလို့ ။ သားတခုခုဖြစ်ရင် ကျွန်မပါခံစားရတာ အတော် ထူးဆန်းတဲ့ ဆက်သွယ်မှုပါ။ သားက ဗိုက်အောင့်တယ်ဆို သားလေး ခံစားရတာကြည့်ပြီး ကျွန်မ ဗိုက်တွေပါ အောင့်လာတတ်တယ်။ သားက မောတယ်ဆို ကျွန်မလဲ အသက်ရှုမ၀သလို။ုသားလေး မှိုင်တွေနေတော့ ကျွန်မလဲ မပျော်ရွှင်တော့ပါဘူး။ (မိခင်မေတ္တာကို ပိုသဘောပေါက်လာမိပါတယ်)။ သားက တအီအီနဲ့ မိဘစိတ်မချမ်းသာအောင် မလုပ်တတ်လို့ တော်သေးပါတယ်။

မနှစ်က မြန်မာပြည် တလပြန်တော့ ဖုန်ထဲသဲထဲ ကျွမ်းပစ်ဆော့ပြီး ဒေါင်ဒေါင်မြည်နေတဲ့ သားကို ကျွန်မတောင် အံ့သြရပါတယ်။ ခြင်ကိုက်ဖုတွေ အများကြီးနဲ့  သွေးလွန်တုတ်ကွေး ဖြစ်မှာ စိုးရိမ်တဲ့ ကျွန်မကို ကျွန်မအမေက ပိုရန်ကောဆို မျက်စောင်း တထိုးထိုး။ တကယ်တော့ ဒီနိုင်ငံမှာ အနေကြာလာပြီး အဲဒီဖိုးဘီးယား ရလာတာပါ။ ဒီမှာက အသန့် ရှင်းလွန်ပြီး တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေတာကြာတော့ ကလေးတွေ ခုခံအား သိပ်မကောင်းကြပါဘူး။ ကျွန်မတို့  ငယ်ငယ်တုန်းကတော့ ခြံဝင်းကျယ်ကျယ်ထဲ မြေကြီးပေါ် ပြေးလွှားဆော့ သစ်ပင်တက်နဲ့  ဒေါင်ဒေါင်မြည်ခဲ့တယ်မိုလား။

ဒီလိုနဲ့ ပဲ မြို့ ပြရဲ့ ဗိုင်းရပ်စ်တွေကို တိုက်ရင်း ခိုက်ရင်း အရွယ်ရောက်ခဲ့ရတာ ဒီက ကလေးတွေ ဘ၀ပါ။ ကျွန်မကတော့ သားလေးကို လယ်ကွင်းထဲက ဖြတ်လာတဲ့ သန့် ရှင်းလတ်ဆတ်တဲ့ လေတွေကို တ၀ကြီး ရှုစေချင်သလို၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးပေါ်တက်လိုက် သစ်ပင်အောက်က မြေတလင်းပြင်ထဲ ပြေးလွှားဆော့လိုက်… ပြီးတော့ လေကောင်းလေသန့် ရတဲ့ ခြံဝင်းထဲက အိမ်လေးမှာ မိခင်ဘာသာစကားကို တ၀ကြီးပြောပြီး ဆွေမျိုးတသိုက်နဲ့  ပျော်ရွှင်နွေးထွေးရတဲ့ ဘ၀လေးကို ရစေချင်မိတယ်။ ကျွန်မ စိတ်မလျော့သေးပါဘူး။ တနေ့ နေ့ ပေါ့လေ။

(စာကြွင်း- ဒီနေ့ တော့ ဆေးရုံပေါ်ကဆင်းလာတဲ့ လူမမာ နလန်ထလေး ဆော့လွန်းလို့  လူမမာလာမေးတဲ့ သူတွေတောင် မယုံနိုင်အောင်ပါပဲ။ သူကလေး ပြန်နေကောင်းလာလို့ လဲ ကျွန်မ ဘလော့ဂ်ပေါ် ပြန်လာနိုင်တာပေါ့)

တန်ခူး
11:40 am 03-Nov-2008

26 comments:

Anonymous said...

သားသားလေးနေမကောင်းဖြစ်နေတာ မသိဘူး အမတန်ခူးရေ။ ဘလော့ဂ်ကို မရောက်ဖြစ်လို့ပါ။ အခုအတော်သက်သာလာပီဆိုတော့ ၀မ်းသာစရာပါ။ အမတန်ခူးသားလေး အမြန်ဆုံးနေကောင်းပါစေနော်။

kay said...

သားလေး ကျန်းမာပါစေ-
ဟုတ်ပနော်- ကျမတို့ငယ်ငယ်က..ဖုန်ထဲသဲထဲ..ဆော့စမ်း။ မိုးထဲရေထဲ ဆင်းစမ်း။ ဘာမှ ပူစရာမရှိခဲ့ဘူး။ ပိုးတွေ ဗိုင်းရပ်စ်တွေ..ဘက်တီးရီးယားတွေ..ပြီးလို့ အချင်းချင်း..သမ မျှတ နေ-နေကြတာပဲ။

မြို့ပြ ရောဂါပေါ့လေ။

ThuHninSee said...

ကလေးနေမကောင်းရင် စိတ်ညစ်ရတယ်နော်။
သက်သာပြီဆိုလို့ ၀မ်းသာပါတယ်အစ်မ။

Moe Cho Thinn said...

တော်သေးတာပေါ့ မတန်ခူးရေ..
သားသား ပြန်နေကောင်းသွားပေလို့။ ဘယ်လောက် စိုးရိမ်ပူပန်လိုက်မလဲဆိုတာ နားလည်ခံစားမိပါတယ်။
ကလေးဆိုတာ နုနုလေး။ ရောဂါတွေ ဖိတ်ခေါ်နေသလိုပဲ။ အမ စိတ်ကူးမျှော်လင့်သလို ပျော်ရွှင်ကြည်နူးစွာ ဆွေမျိုး တသိုက်နဲ့ နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးကို အမြန်ဆုံး ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပါတယ်။
သားသားရေ ဒီတောင်ကို ကျော်ပြီဟေ့ Cheers!

ကိုပေါ said...

တန်ခူးရေ…

သားကလေး အမြန် ကျန်းမာလာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ခုနကတင် ဒီပို့စ်ကို မမြင်လို့ ဖုန်းဆက်နေမိသေးတယ်။ ကလေးအိပ်နေလို့ ဖုန်းပိတ်ထားတယ်ထင်တယ်။

P.Ti said...

အမတန်ခူး.. သားလေး အမြန်နေကောင်းပြီး ပုံမှန်ဆော့ကစားနိုင်ပါစေ...

Anonymous said...

သားသား နေမကောင်းတာမသိဘူး တော်သေးတာပေါ့ သက်သာသွားလို့  ။ မြန်၂ကျန်းမာမာဖြစ်ပါစေ သားသားရေ့ =) အားတင်းထား ..။

Life is for Success said...

that why when we back ygn, it is easy to sick coz our immue system is so weak. Also u can see here the water including chemical loosing a lot of our hair fall.... Now compare with last decade my hair is less than half really......

Kaung Kin Ko said...

သားလေး ကျန်းမာပါစေဗျာ။

nu-san said...

မတန်ခူးရေ.. သားလေး နေပြန်ကောင်းလာပြီဆို တော်သေးတာပေါ့။ ကလေးတွေ နေမကောင်းဖြစ်ရင် အရင်ဆုံး စိတ်ညစ်ရတာ မိဘတွေပါပဲ... အမဘယ်လောက်ပူပန်နေရမလဲဆိုတာ ကိုယ်ချင်းစာတယ်။ နလန်ထလေး ဆော့နေပြီဆိုတော့ စိတ်အေးရတာပေါ့ အမရေ.. :)

tg.nwai said...

သားလေး နေမကောင်းဖြစ်နေတာလား။ မြန်မြန်ပြန်နေကောင်းပါစေ..။ ကလေးတွေ နေမကောင်းဖြစ်ရင် သိပ်သနားဖို.ကောင်းတာပဲ...။ ကိုယ်သာ ဖြစ်လိုက်ချင်တော့တာပဲ...။ ကလေးလည်း မြန်မြန်နေကောင်း..တန်ခူးတို.လည်း စိတ်ပင်ပန်းတာတွေ သက်သာပါစေ...

လင်း said...

ဟုတ်တယ်နော် လင်းလဲ ဟိုတလောက လက်ကြီးတခုလုံး ဘာမှလဲ မထိခိုက် ဘာကောင်မှလဲ မကိုက်ဘဲနဲ့  ယောင်ကိုင်းလာတာ။ ဆ၇ာဝန်ပြတော့ Infection ၀င်တာတဲ့း( အဆန်းပဲရှင်လို့ သာ အော်လိုက်ချင်တယ်။

မတန်းခူးသားလေး မြန်မြန်နေကောင်းပြီး အရင်ကလို ပန်းချီတွေပြန်ဆွဲနိုင်ပါစေ။

Anonymous said...

ဆုတောင်းပေးပါတယ် သားငယ်နေကောင်းပါစေ

သက်ဝေ said...

သားလေး နေကောင်းပါစေ...
တန်ခူးနဲ့ တန်ခူးရဲ့ မောင်လဲ ပူပန်သောကတွေ သက်သာရာ ရကြပါစေ...

စူး said...

ဟယ် အမသားလေးက ဆေးရုံတောင်တက်လိုက်ရတယ်လားးး အဲဒါကြောင့် အမပျောက်နေတာကိုးးး

အခုတော့ နာလန်ထလေး အတိုးချဆော့နေပီဆိုတော့ ကောင်းသွားပီပေါ့..

ဆော့ပါစေအမရယ်.. ကလေးဆိုတာ ဆော့မှ ကျန်းမာတာတဲ့..

ကလေးနေမကောင်းတုန်းခံစားနေရတဲ့ အမကို မြင်မိတယ်။ မဒီဒေဝီ ရဲ့ သောက လိုပဲလေ မျက်စိထဲမှာ ပြေးမြင်မိပါတယ်။

PAUK said...

မတန်ခူးရေ..
သတင်းစကားမှာ သားလေးနေမကောင်းဘူးဆိုတာ
ရေးထားတာတွေ့ပေမယ့်..သာမာန်ရိုးရိုးနေမကောင်းတာလောက်ပဲ
မှတ်နေတာ...
ဆေးရုံတက်ရလောက်အောင်ထိဖြစ်မှန်းမသိဘူး..
စလုံးမှာတော့မသိဘူး..
ဒီမှာတော့ရာသီအကူးအပြောင်းမှာဖြစ်တတ်ကြတယ်
သားလေးမြန်မြန်နေကောင်းပါစေနော်..

khin oo may said...

တော်ပါသေးရဲ့။

သစ်နက်ဆူး said...

မတန်ခူး...
ကျနော်က ပို့ စ်အသစ်မတွေ့ တော့ မတန်ခူး နေမကောင်းဖြစ်တယ် ထင်နေတာ...
ကျနော့်က မမိုးခိုနဲ့ မတန်ခူး အသစ်မတင်ရင် နေမကောင်းဘူးဘဲ ထင်နေတော့တာ...။
သားလေးဖြစ်တယ်ကြားတော့ စိတ်မကောင်းဘူး။
လူကြီးတွေက ကိုယ်ခ့စားရတဲ့ ဝေဒနာကို ပြောပြတတ်တယ်...
ကလေးတွေက ပြန်မပြောတတ်ကြတော့ စိတ်ပူရတယ်... ကိုယ်ချင်းစာပါတယ်ဗျာ..။
နေပြန်ကောင်းပြီး ဆော့နိုင်တယ်ဆိုမျ စိတ်အေးမိတာပါ...။
သားသားကို...
“ ဖေကြီး...ဒီဘက်လှည့်ပါဦး ခင်ဗျ...မေကြီး...
ဒီဘက်လှည့်ပါဦးခင်ဗျ” ဆိုတာလေးက စပြီး
ချစ်နေတာ..။
သားလေး အမြဲ ကျမ္မာပါစေ...
မတန်ခူးတို့ မိသားစုလဲ သောကအပူ ကင်းဝေးပါစေ လို့ 
ဆုတောင်းပေးလိုက်ပါတယ်..။

ကလိုစေးထူး said...

သားလေး နေပြန်ကောင်းလာလို့ ၀မ်းသာကြောင်း အရင်ပြောပါရစေ အမတန်ခူးရေ...။ ဘက်တီးရီးယားဆိုလို့ ကလေးမပြောနဲ့ လူကြီးဖြစ်တဲ့ ကျနော်တောင် တလောက ချောင်းတွေ အရမ်းဆိုးနေတာ ပထမတော့ ခပ်ပေါ့ပေါ့နဲ့ပဲ ချောင်းဆိုးဆေးရည်လောက် သောက်နေတာ၊ ညသန်းခေါင် အိပ်မရအောင် သုံးလေးရက် ဆက်ဆိုးနေတော့မှ ဆရာဝန်ဆီ သွားပြရတယ်။ ဆရာဝန်က နားကျပ်လေး ထောက် နားထောင်၊ နှာခေါင်းပေါက်နဲ့ နားပေါက်တွေထဲ ဓာတ်မီးသေးသေးလေးနဲ့ လိုက်ထိုးကြည့်...၊ ပြီးမှ မှတ်ချက်ချတာ...၊ ဘက်တီးရီးယားပိုးကြောင့် ချောင်းဆိုးသတဲ့...။ လူရွှင်တော်တွေ ပြောသလိုပဲ... ဆိုးဆိုးနိုင်လွန်းတဲ့ ချောင်း၊ ယားယားနိုင်လွန်းတဲ့ ဘက်တီးရီးယားလို့ သာ ဟစ်လိုက်ချင်တော့တယ်။

Anonymous said...

Wishing all your family to be healthy, wealthy, happy life...

ပုံရိပ် / Pon Yate said...

သားက ဆေးရုံရောက်တဲ့ အထိတောင် နေမကောင်း ဖြစ်သွားတာကိုး။ ကလေးတွေ နေမကောင်း ဖြစ်ရင် သိပ်သနားဖို့ ကောင်းတယ်။ ဖိုးရွှေလိပ်ကလေး မြန်မြန် နေကောင်းပါစေ။

Anonymous said...

အမရေ .. သားသား ဆေးရုံတောင် တက်ရတယ် ဆိုတော့ တော်တော် လန့်သွားမှာနော်... ဘက်တီးရီးယား အဆန်းတွေက ကမ္ဘာကြီး ပူနွေးလာလို့ အရင်ထက် အဆ ၄၀ ပိုများ လာပါမယ်တဲ့.. ပူလေ ပွားလေ၊ နေရာအနှံ့ ပြန့်လေပါတဲ့... အားတင်းဖို့သာ ပြင်ပေတော့ပေါ့ အမရေ.. ကလေး ပြန်အားရှိအောင် အစားအသောက် များများ စားခိုင်းပါနော့... ပြီးတော့ သားသား ဆော့ပါစေ.. ကလေးဆိုတာ ဆော့လေ သန်မာလေ တဲ့... မထိခိုက်ရင် ပြီးတာပဲနော့ (ဟိ.. တကယ်က ကိုယ်ငယ်တုန်းကလဲ တအားကို ဆော့တာ။ အကျင့်တူချင်း အားပေးတာပါ)ကလေးတွေ စိတ်ပါလို့ ဆော့တာ အားပေးပါတယ်။ ဒါပေမယ့် ရွှေတံဆိပ်ကြီါ် မက်ပြီါ် ကိုယ်ဂုဏ်ယူချင်တိုင်း ကလေးကို နှိပ်စက်သလို အားကစား လုပ်ခိုင်းတာတော့ အားမပေးဘူး အမရယ်.. အမလဲ အဲလိုပဲ ခံယူတယ်ဟုတ်...

စူး said...

အမ..ကလေးကပြန်ဖြစ်ပြန်ပီလား

မြန်မြန်နေကောင်းပါစေ

တန်ခူး said...

သတင်းမေး ဆုတောင်းပေးတာ ကျေးဇူးပါ နိနိရေ…

ကေရေ… အဲဒီမြို့ ပြရောဂါက မုန်းစရာလဲကောင်း ဈေးလဲအတော်ကြီးတယ်…ဆုတောင်းပေးတာ ကျေးဇူးပါနော်…

ဟုတ်တယ်သုရေ… ကိုယ်သာဖြစ်လိုက်ချင်တာပဲ… ကျေးဇူးပါ…

ချိုသင်းရေ… အဲဒီဆုတောင်းလေး အမြန်ပြည့်ချင်တယ်… ကျေးဇူးပါ…

ကိုပေါရေ… ဆုတောင်းပေးတာ ကျေးဇူးပါ…

ကျေးဇူးပါကိုပီတိရေ… ခုတော့ မျောက်ပြန်ဖြစ်နေပြီလေ…

ဦးဦးမျိုးရေ… ကျေးဇူးပါ…

တို့ လဲ ဒီလိုပဲ ဖြိုးဖြိုးရေ… တနေ့ တနေ့ ကျွတ်လိုက်တဲ့ ဆံပင်… တခါတခါ ခေါင်းတုံးတုံးချင်စိတ်တောင်ပေါက်တယ်… လာလည်တာ ကျေးဇူးပါနော်… နောင်လဲ လာလည်ပါဦး…

ကျေးဇူးပါ ဦးဦးကောင်း…

ဟုတ်ပါ့နုရေ… သူပြန်ဆော့မှ ကိုယ်လဲ စိတ်ချမ်းသာတယ်… ကျေးဇူးပါ…

မ ရေ…ဟုတ်တယ်နော်… ကိုယ်သာဖြစ်လိုက်ချင်တယ်… ဆုတောင်းပေးတာ ကျေးဇူးပါ မရယ်…

လင်းရေ… ဂရုစိုက်ညီမရေ… တခါတလေ မြန်မာလိုဆို သွေးမှင်လေမှင် ဖြစ်တတ်တယ်… သွေးသားနဲ့ ဆိုင်တာပေါ့… အမလဲ ဟိုတလောက ခြေထောက်ကြီး ယောင်တာ… မီဂသီနဲ့ ပျောက်သွားတယ်… ကျေးဇူးပါ…

ကျေးဇူးပါ ဦးဦးရွာသားလေးရေ…

သက်ဝေရေ… … ဆုတောင်းပေးတာ ကျေးဇူးပါ…

အမှန်ပဲ မြတ်နိုးရေ… ထမင်းတောင် မစားနိုင်ဘူး… အပူတွေလေ… သူဆော့တာမြင်မှပဲ စိတ်ချမ်းသာတော့တယ်…

ပေါက်ရေ… ဒီက ရာသီဥတုက မပြောင်းပေမယ့် အမြဲစိုစွတ်နေတာ… ဗိုင်းရပ်စ်ပျော်တာပေါ့… ကျေးဇူးပါ…

ဟုတ်ပါ့ မမရေ… တော်သေးရဲ့…

ကိုသစ်နက်ဆူးရေ… ညာဘက်ထောင့်အပေါ်လေးမှာ သတင်းစကားဆို ရေးထားတတ်ပါတယ်… ပို့ စ်အသစ်မတင်နိုင်တောင် ဘာဖြစ်နေတယ် ဆိုတာလေးပေါ့… သတင်းမေး ဆုတောင်းပေးတာ ကျေးဇူးပါနော်…

သြော်… ကိုစေးထူးပျောက်နေတာ ဒါကြောင့်ကိုး… ဟုတ်တယ်ကိုစေးထူးရေ… ယားယားနိုင်လွန်းတဲ့ ဘက်တီးရီးယား… ကျေးဇူးပါ...

ကျေးဇူးပါနှင်းပန်းရေ…

ဆုတောင်းပေးတာ ကျေးဇူးပါ တီတီပုံရိပ်…

လှိုင်ရေ… အဆ ၄၀ တဲ့လား… နဲနဲနောနော မဟုတ်ဘူးနော်… သားကိုတော့ လိုအပ်တဲ့ အားဆေးတွေ တိုက်နေတာပဲညီမရေ… ဆော့တာကို အမလဲ အားပေးတယ်… ပြည်ကြီးတွေလိုတော့ ကလေးကို ဖိအားမပေးဘူးညီမရေ… စိတ်ချ… ကျေးဇူးပါ…

မြတ်နိုးရေ… ကလေးက နေကောင်းသွားပါပြီ… ကျေးဇူးနော်….

Anonymous said...

သားသားရေ့ နေကောင်းပြီဟုတ်...ဦးဦး အာဘွားပေးရင် လာနှုတ်ဆက်တယ်ဗျး) နေကောင်းစသတည်း......... အစ်မကြီး တာ့တာ့ အိုးပုတ်ပန်းတွေနဲ့ ပဲသွားဆော့တော့မလို့  အစ်မမောင် ။

တန်ခူး said...

မောင်မျိုးရေ… သားသားလေးကလဲ သတိရနေပါတယ်… အိုးပုတ်ပန်းတွေ ကြားပျော်နေပြီလား…