Thursday, October 2, 2008

လာ… လွမ်းကြစို့ 


ကျွန်မက ကျောင်းနဲ့ ပတ်သက်ရင် ထိလွယ် ရှလွယ် လွမ်းလွယ်သူ…။ ခုထိလဲ တခါတခါ တွေဝေငေးပြီး အတိတ်ခြေရာတွေ လိုက်ကောက်နေတုန်း…။ တခါတခါကျတော့ ငယ်က အကြောင်းတွေ ရေပက်မ၀င်အောင် ပြောရင်း လွမ်းနေတုန်း…။ လွမ်းတိုင်းသာ စကားလုံးတွေ အန်ချရရင် ဒီဘလော့ဂ်ပေါ်မှာ ကျောင်းအကြောင်းတွေ ထပ်နေလို့  ဖတ်သူတွေတောင် ငြီးငွေ့ သွားကြမှာ…။ အလွမ်းတွေက မဆုံးတမ်း… မအိုတမ်း။ အစွဲအလန်းက ဘယ်လောက်ကြီးသလဲဆို ဒီကျောင်းထွက်ဆို ရင်ထဲက နှစ်နှစ်ကာကာ အလိုအလျောက်ခင်သွားတာ။ ဒီကျောင်းကထွက်တဲ့ အနုပညာသမားတွေဆိုလဲ သူများထက်ပိုပြီး သာသာထိုးထိုး အားပေးမိတာ သိပ်တော့ မတရားလှဘူးဆိုတာလဲ ၀န်ခံပါတယ်…။ ဒီနေ့ မနက် သူငယ်ချင်းတယောက်က အီးမေးလ်နဲ့  ပို့ လိုက်တဲ့ ဒါရိုက်တာချိုတူးဇော်ရဲ့ လွမ်းဆိပ်ဆိုတာလေး ဖတ်ပြီး မတရား လွမ်းသွားတာ… အတော်ကိုလွမ်းသွားတာ… အလွမ်းအဆိပ်သင့်လို့  မလုပ်နိုင် မကိုင်နိုင်နဲ့ …။ ကိုချိုတူးဇော်က ကျွန်မတို့ နဲ့  မတိမ်းမယိမ်းဆိုတော့ အလွမ်းတွေကလဲ မတိမ်းမယိမ်း…။ ၀တ္ထုလေးလား… ဘလော့ဂ် တခုခုပေါ်ကလား… ဒါမှမဟုတ် ဖိုရမ်ထဲကလား… ဂျာနယ်ထဲကလား… ဘယ်ကမှန်း အတိအကျ စုံစမ်းဖို့ တောင် မစောင့်ချင်လောက်အောင် အလွမ်းဆိပ်တွေတက်နေလို့  ကိုယ့်ဘလော့ဂ်လေးပေါ်မှာ လင့်ခ်ပေးလိုက်တာကို ကိုချိုတူးဇော် ခွင့်လွှတ်နိုင်ကောင်းပါရဲ့…။ အပြစ်ရှိရင် ကျောင်းကိုချစ်မိသူ အချင်းချင်းမို့  နားလည်ပေးနိုင်ကောင်းပါရဲ့…။ ကိုချိုတူးဇော်ရေ… ကျွန်မကလဲ ဖန်ဆင်းရှင်ကို လိုက်ရှာမိနေသူ…။ ကြီးတောင့်ကြီးမားနဲ့  လွမ်းစိမ့်သူပါ…။ ကျွန်မနောက်ဆုံးနှစ်က ရေးခဲ့ဘူးတဲ့ ကဗျာတပုဒ်ထဲကလို ပခုံးထက်က လွယ်အိတ်စုတ်စုတ် ဘယ်ခါမှ မပြုတ်ထွက်သွားအောင် သံမှိုနဲ့ ရိုက်ထားချင်သူ…။ ချစ်ဦးသူ ငယ်ချစ်ဟောင်း အဲဒီကျောင်းကြီးကို အားလုံးလွမ်းချင်တိုင်းလွမ်းဖို့  ဒီနေရာလေးကို ဝေမျှပေးလိုက်တယ်နော်…။ လာ...လွမ်းကြပါစို့ …။

တန်ခူး
10:15am 2-Oct-2008

33 comments:

Anonymous said...

Print ထုတ်သွားတယ် အစ်မကြီးရေ့ ကျနော်လည်းကျောင်းကို လွမ်းနေတာ ညမှ အေးအေးဆေးဆေးဖတ်တော့မယ် ကျေးဇူးပါ။

nu-san said...

မမရေ.. ပိတ်ရက်ရတော့ နားရတာ ပျော်စရာကြီး.. ဒီမှာတော့ ထမင်းမချက်နိုင် ဟင်းမချက်နိုင်နဲ့အမရေ.. အဖြစ်က ဆိုးပါတယ်.. :(

ပိတ်ရက်ပြီးရင် အသစ်တင်ထားမလားလို့ ထမင်းစားရင်း လာချောင်းတာ မှန်သွားတယ်.. ဒါပေမယ့် မဖတ်အားသေးတော့ ပိတ်ရက်မှ စုဖတ်မယ်နော်.. မတန်ခူးရေ..ရွှေ(စက်မှုတက္ကသိုလ်)ဆိုတဲ့ စာရေးဆရာမက အမတို့နဲ့အတန်းတူလားဟင်.. ကျနော်က အဲဒီဆရာမရေးတာတွေလည်း သဘောကျတယ်.. အခုတောင် ကလောင်နာမည်ပြောင်းထားသလားတောင် မသိဘူး.. ဖတ်ဖူးတာက အပျိုစင်မဂ္ဂဇင်းတွေမှာ စဖတ်ဖူးတာ.. အခုတော့ အပျိုစင်မဂ္ဂဇင်းလည်း မဖတ်ရတော့ဘူး.. ဆရာမရဲ့ စာအသစ်တွေလည်း မဖတ်ရတော့ဘူး.. အဲဒီလိုလေး အသိရှိရင် ဝေမျှပေးပါဦးလို့ ပူဆာမလို့... :)

မေသဇင် said...

ကျေးဇူးပဲ တန်ခူးရေ။ ဝေမျှတဲ့အတွက်။.. အဖော်တွေ အများကြီးရှိသေးတယ်။ ကျောင်းကိုလွမ်းလို့ ရေးတဲ.စာဆို ထိပ်ဆုံးကနေ စောင့်ဖတ်နေမယ်..။ တို.လည်းလေ..လွမ်းတတ်သူမို.။

charming said...

Thanks a lot sister. if u didn't link i cant find it ...very nice post.
thanks for ur sharing.
i always read ur writing. fantastic.I m the RIT-YTU-ECE generation.nice to meet u.

စူး said...

အမက ဦးသွားတယ်..
မြတ်နိုးကလဲ ဆားချက်ပီးတင်မလို့
ပီးတော့ အမကိုလဲ မေးလ်ပို့ပေးမလို့ ..။ဟီးးး
ဖတ်ပီးလွမ်းတယ်..။
အရမ်းဖတ်လို့ကောင်းတယ် အလွမ်းတွေ အလွမ်းတွေ..
သူရေးထားတာ အောက်ဆုံးအပိုဒ်လေးကို မြတ်နိုးလဲ အဲဒီလိုပဲ ခံယူထားတာ ကျောင်းတက်ကတည်းက
တခါမှ YIT လို့မသုံးဘူး RIT ပဲ..
ဖောင်ဖြည့်မှသာ YIT ရေးတာ..
မြတ်နိုးက ဒါတောင် RIT ခေတ်မဟုတ်ပေမဲ့ YIT လို့ မခေါ်နိုင်ခဲ့ဘူးးး။ strict ပဲ..ဟီးဟီး..
ဘာပဲဖြစ်ဖြစ် အားရင် ပြန်တင်ထားမယ်။ မပျောက်ပျက်တော့ဘူးးး

Anonymous said...

အလွမ်းတွေကလဲ မတိမ်းမယိမ်း-

သဘောကျသွားပီ။

Anonymous said...

လွမ်းနေအုံးမည် RIT . . .

ဇနိ said...

အမရေ..
စာအုပ်ကို ဒေါင်းလုပ်လုပ်ပြီး ဖတ်သွားပါပြီ...ကျေးဇူးတင်ပါတယ်..
အာရ် အိုင် တီ စပစ်ရစ်တွေ အများကြီး ရှင်သန်နိုင်ပါစေ...

Anonymous said...

ဆင်းရဲသားဂိတ်လေး ဦးလူပေါဂိတ်လေးကောဟင်

JulyDream said...

အခုလို ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလွမ်းပဲ ပြေမလား အလွမ်းပင်ဆင့်မလား ဖတ်ပြီးမှပဲ သိနိုင်မှာပါ။

မေငြိမ်း said...

တန်ခူးရေ.. ခုမှ ခရီးကနေ ခဏပြန်ရောက်။ Tag ထားတာလည်း ခုမှတွေ့။ ကြိုးစားရေးပါမည်..။
လွမ်းတာကတော့ မပြောနဲ့တော့။ တန်ခူးတို့လို ကျောင်းတက်ခဲ့ရသူတွေနဲ့ထပ်တူ ၁၉၈၇ကနေ ၂၀၀၆ခုနှစ်ထိ နေခဲ့တဲ့ အဲဒီကျောင်းဝင်းကြီးကို အမြဲလွမ်းးး
ဘာလို့မှန်းမသိ.. ဂျီဟောဆောင်ရှေ့က ဘောလုံးကွင်းကနေ ... ကြို့ကုန်းဘက်ထွက်တဲ့ သံဆုံလည်တံခါးဂိတ်ကလေးအထိ ဘာမဟုတ်တာလေးတွေကိုတောင် လွမ်းပါ့...။

Taungoo said...

အမကြီ်းတို့က ကိုယ်တိုင်တက်ခဲ့ရတော့ တမ်းတမ်းတတလွမ်း။
ကျွန်တော်တို့တွေက တက်ခွင့်ရပါလျက်နဲ့ မတက်လိုက်ရလို့လွမ်း။
ဒါပေမယ့် Once RIT, Always RIT ပါအမရယ်။

khin oo may said...

ဝင်လွမ်းလိုက်ပါတယ်လေ...

khin oo may said...

များများစားပါ။။

PAUK said...

မတန်ခူးရေ...
ဒီနေ့ ပိတ်ရက်လား..
ကောင်းလိုက်တာ..
မတန်ခူးလုပ်လို့..မောင်စိန်ဝင်း(ပုတီးကုန်း)နဲ့
နွမ်ဂျာသိုင်း ကိုသတိရသွားပြီ..
သူတို့ကြောင့် အတန်ခူးတို့ကျောင်းအကြောင်းကို
ပိုသိခွင့်ရခဲ့ရတာလေ။

Moe Cho Thinn said...

ပခုံးထက်က လွယ်အိတ်စုတ်စုတ် ဘယ်ခါမှ မပြုတ်ထွက်သွားအောင် သံမှိုနဲ့ ရိုက်ထားချင်သူ…တဲ့လား အမရယ်။
ချိုသင်းလဲ ကျောင်းသားဘ၀ကို လွမ်းသွားတယ်။
ကိုချိုတူးဇော်စာလေးတော့ အိမ်ရောက်မှ အသေအချာ ဖတ်တော့မယ်။ သူနဲ့လဲ ခင်တယ်။

Anonymous said...

Hi

If you have email address of that Ko Cho Tu Zaw, please tell him to post his movie, "The 4th year civil student" in YouTube.

Anonymous said...

original link: http://popularmyanmar.com/index.php?option=content&task=view&id=1394&catid=85&Itemid=46

သစ်နက်ဆူး said...

ကျနော်ကတော့ ဒီကျောင်းနဲ့ အဝေးကြီးပါ...
ရောက်ကို မရောက်ဘူးပေမယ့်....မတန်ခူးကို အားနာလို့  ဘေးကနေ ၀ိုင်းလွမ်းပေးတာ။။

Anonymous said...

ကျေးဇူးပဲ အမရေ.
but i'm from MIT :)
anyway thanks a lot

pandora said...

မလှမ်းမကမ်းက လွမ်းသွားပါသည်။

PAUK said...

မတန်ခူးရေ...
နေကောင်းရဲ့လား
စီပုံးမရှိလို့ဒီမှာပဲနုတ်ဆက်တယ်နော်..

Anonymous said...

အစ်မရေ
လာလွမ်းသွားပါတယ်

Anonymous said...

Keyboard driver install မလုပ်ထားလို့ မြန်မာလို ရိုက်လို့မရတာကိုး
အခုတော့ ရသွားပြီ အစ်မရေ
blog တွေကို သွားလည်ဖြစ်ပေမယ့် တစ်ခါမှ comment မရေးဘူးဘူး
အစ်မဆီမှာရေးတာ ပထမဆုံးပဲ….. :P

Anonymous said...

အမရေ

လာလွမ်းသွားပါတယ်၊ ချိုတူးဇော်ရဲ့ စာလေးကို မျှဝေပေးတာ ကျေးဇူးပါ၊ အာအိုင်တီ ဆင်း မဟုတ်ပေမယ့်၊ အာစီတူး အကြောင်းလေးလဲ ပါတော့၊ ကိုယ့်ကျောင်းလေးကို ပိုလွမ်းသွားတယ်၊ မျက်လုံး ထဲမှာလဲ မြင်ယောင် မိတယ်၊ ကျေးဇူးအထူးပါ မမ၊ အမြဲအားပေးနေပါတယ်၊ စာတွေ များများရေး နိုင်ပါစေ၊ အားရင် အလွမ်းကုန်စုံဆိုင်လေးလဲ ပို့ပေးပါအုံး

စူး said...

အမကိုလွမ်းတာ.. အမက မိတ်ဆွေကြီးနဲ့ နပန်းလုံးနေတာကိုးးးး

မြန်မြန်အဆင်ပြေပါစေ..။

nu-san said...

မတန်ခူးရေ.. နေကောင်းရဲ့လား.. အလုပ်များနေလား.. အမငြိမ်နေလို့ :(

တန်ခူး said...

မောင်မျိုးရေ… မောင်မျိုးအလွမ်းလေးကလဲ ဖတ်လို့ ကောင်းတယ်… ဖတ်ရင်းလွမ်း… လွမ်းရင်းဖတ်…

နုရေ… ရွှေ(စက်မှုတက္ကသိုလ်)ကို တို့ လဲ ကြိုက်တယ်… ဒါပေမယ့် ဘယ်နှစ်ကလဲတော့ မသိဘူး… စုံစမ်းကြည့်လိုက်ဦးမယ်နော်…

ကျေးဇူးပါမမေသဇင်… မ လို့ တပ်ပြီး ခဏခေါ်မယ်နော်… မမေသဇင်ဘလော့ဂ်သွားလည်ပြီး
အသက်မခန့် မှန်းတတ်လို့ … ကျောင်းအလွမ်းတွေ ရေးပါဦးမယ်…

Charmingရေ… ဒါဆိုအမျိုးတွေပေါ့… မေဂျာတူတွေလေ… ခုလို လာလည်တာကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

RITကျောင်းသူလေး မြတ်နိုးရေ… တို့ လဲ ဆားချက်ကြည့်တာပေါ့… တော်သေးရဲ့… ဦးသွားလို့ …

ကေလဲ အလွမ်းတွေ မတိမ်းမယိမ်းပဲလား…

ခိုင်ရေ… လွမ်းနေဦးမည်RIT… အဲဒီခေါင်းစဉ်လေးနဲ့ တပုဒ်တင်ဦးမှပဲ…လှတယ်… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

ကိုဇနိ ထင်ပါရဲ့… ကော်မန့် တွေတွေ့ ရတော့ ကျောင်းကြီးအတွက် သံယောဇဉ်တွေကို ငေးပြီးကျေနပ်မိတယ်…

ရွာသားလေးရေ… ဦးလူပေါဂိတ်ပုံက မရှိဘူး… ပြန်တော့မှ ရိုက်ခဲ့မယ်နော်…

အလွမ်းပင်ဆင့်သွားမှာ အသေအချာပါပဲ JulyDreamရေ…

မ ရေ… လွမ်းနေတာ ပြန်လာတော့ ပျော်သွားတယ်… တက်ဂ်တာလေး ရေးပေးမယ်ဆိုတော့ ပိုပျော်… မ ပြောမှ သံဆုံလည်တံခါးဂိတ်လေးကို လွမ်းသွားပြီ…

ကိုတောင်ငူရေ… ဘာပဲဖြစ်ဖြစ် ကျောင်းကို ချစ်ကြတာ တူတူပဲပေါ့… Once RIT, always RIT

မမရေ… ကူလွမ်းပေးတာ ကျေးဇူးနော်… များများစားချင်တယ်…
ဟုတ်ပါ့ပေါက်ရေ… သူတို့ က ကျောင်းရဲ့ Imageတွေပေါ့…

ချိုသင်းရေ… ချိုသင်းတို့ ကျောင်းအကြောင်းလေးလဲ ရေးဦးလေ… စိတ်ဝင်စားစရာတွေ အများကြီးနော်…

Anonymousရေ… ကျွန်မဆီမှာ ကိုချိုတူးဇော်အီးမေးလ်မရှိပါဘူး…ပေါ်ပြူလာက တဆင့်ဆက်သွယ်လို့ ရမလားတော့မသိဘူး…. စတုတ္ထနှစ်မြို့ ပြကျောင်းသူတော့ ကြည့်ဖူးတယ်… အရမ်းကောင်းပါတယ်…

Anonymousရေ… Original linkလေးအတွက် ကျေးဇူးပါ…

ကိုသစ်နက်ဆူးက… အားနာလွမ်းပေါ့…

Anonymousရေ…RIT, YIT,MIT,……….ITအားလုံးမောင်နှမတွေပဲပေါ့…

ပန်ရေ… ကူလွမ်းပေးတာ ကျေးဇူးပါ…

ပေါက်ရေ… နေကောင်းပါတယ်ညီမရေ… အလုပ်တွေ ရှုပ်နေလို့ …

မေမိုးရေ… ခုတော့ အောင်မြင်စွာ ကော်မန့် လို့ ရသွားပြီပေါ့… တို့ ဆီမှာ ပထမဆုံးကော်မန့် ပေးတာ သိရလို့  အရမ်းကျေးဇူးတင်ပါတယ်…

Anonymousရေ… RITနဲ့ RC2 တွဲနေတာမိုလား… တချို့ ကနှစ်ကျောင်းတက်ကြတာလေ… အလွမ်းကုန်စုံဆိုင်လေးကို ကော်မန့် ပြန်ထားတယ်နော်… အမြဲအားပေးနေတာ သိရလို့ ကျေးဇူးပါ…

မြတ်နိုးရေ… မိတ်ဆွေကြီးလစ်တုန်း ဒီဘက်ရောက်လာတာ… တို့ လဲ လွမ်းတယ်…

နုရေ…သတင်းလာမေးတာ ကျေးဇူးနော်… အလုပ်တွေ များနေတာပါ… ဒါပေမယ့် မနေနိုင်ဘူးလေ…

သက်ဝေ said...

တန်ခူးစကားနဲ့ ပြောရရင် တို့ လဲ မိတ်ဆွေဟောင်းနဲ့ တွေ့ နေတာ.. ဒါကြောင့်မို့  အသွားအလာကျဲ အလည်အပတ်နဲနေရတာ...။
ကျောင်းအလွမ်းတွေ ဝေငှပေးတာ ကျေးဇူး.. တန်ခူးရေ...

thonn thonn said...

ကိုယ်ကိုယ်တိုင် စာသင်နှစ်တစ်နှစ်ပဲ ဖြတ်သန်းဖူးခဲ့တဲ့ တက္ကသိုလ်အရိပ်အဝန်းလေးကို တွေးမိတိုင်း လွမ်းနေတုန်းပဲ ဆိုတော့ သုံးလေးနှစ်တက်ခဲ့သူတွေ ဘယ်လိုအလွမ်းမျိုးနဲ့ လွမ်းနေကြမလဲ ခန့်မှန်းမိပါရဲ့။ ပြောရင်းဆိုရင်း လွမ်းတယ်ရှင်။

Anonymous said...

အမရဲ့ ပို့စ်ကို ဖတ်မှ ကျောင်းတုန်း က လူရမ်းကား လျှိုမြောင်ကို လွမ်းသွားပြီ။ ညီမတို့ တတိယနှစ်မှာ စက်မှု အင်ဂျင်နီယာ ဌာနမှာ ကျောင်းသူ တစ်ယောက်မှ မရှိဘူးလေ။ ဒါကြောင့် သူတို့ စာသင်ဆောင်ကို ကျားဆောင် လို့ ခေါ် တယ်။ စတုတ္ထနှစ်ရောက်တော့ အရင်နှစ်က အမကြီး တစ်ယောက် နေမကောင်းလို့ စာမေးပွဲ ကျကျန် ခဲ့လို့ စက်မှု အင်ဂျင်နီယာ ဌာန ခမျာ ကွင်းတစ်ယောက် ပြိုင်ဘက် မရှိ ရသွားတယ်။ တိုက်တိုက် ဆိုင်ဆိုင် မြ၀တီက တရုတ်ကား ထဲက လူရမ်းကား လျှိုမြောင် ဇာတ်ကားထဲမှာလဲ အဲဒီ လျှိုမြောင်မှာ မိန်းမ သိုင်းသမား တစ်ယောက်ပဲ ရှိတာ.. ကျန်တာ ယောက်ျားချည့်.. ဒါနဲ့ စက်မှု အင်ဂျင်နီယာ ဌာနကို လူရမ်းကားလျှိုမြောင်လို့ ကင်ပွန်းတပ် လိုက်ကြတာ။ အင်း ရမ်းကားလား ဆိုတော့.. သူတို့ဆီမှာ စာသင်တဲ့ သင်္ချာဆရာက စာသင် တအားတော်တို့ သွားလက်ချာလိုက်ရင် ဆံပင်မှာ စက္ကူ လေယာဉ် အစီးတရာကျော် ဆိုက်နေလေရဲ့။ ခေါင်းကို ကျိန်းရော.. ဟွန့် (အဲဒီတုန်းက ဆံပင်က ခါးကိုကျော်အောင် ရှည်တယ်လေ)

puluque said...

ကျောင်းတော်ကြီး ကို လွမ်းလိုက်တာ တကယ်ပါ။ ပြောမကုန်အောင် လွမ်းတယ်။ မမရေ.. ဓါတ်ပုံလေးကို အရမ်းကြိုက်တယ်။ အများစုက main ၀င်ပေါက်ကို ပဲရိုက်လေ့၇ှိတယ်။ ကျတော်တို့ အမြဲဖြတ်နေကြ ၀င်ပေါက်လေးကို တော့ အမှုမဲ အမှတ်မဲ့ပဲနော်။ အခုလို စိတ်ကူးကောင်းကောင်းနဲ့ ပုံလေးကို ဖော်ပြပေးတဲ့ အတွက်ကော။ ပို့စ်လေး အတွက်ပါ ရှဲ့ရှဲ့နော်။

MANORHARY said...

ကျွန်မရဲ့  ဒုတိယကျောင်းတော်လိုဖြစ်နေတဲ့ ကျောင်းမို့ အတူဝင်လွမ်းလိုက်ပါတယ်...