Tuesday, May 26, 2009

သဇင်နဲ့ ပြန်လည်ဆုံတွေ့ ခြင်း




မြက်ရိုင်းတွေကြား
ငါချစ်တဲ့သဇင့်အား
အရှင်လတ်လတ် မြှပ်နှံထားတယ်။

သဇင်ကတော့
ငါ့ကိုပွေ့ ဖက်
ငိုကြွေးရင်း
နှုတ်ဆက်တယ်။

သဇင့်ရင်ခွင်ကိုဖွင့်အပြ
ငါ့နှလုံးသားတွေ
တစစီကျိုးကျကုန်တယ်။

သင်းပျံ့ ထုံမွှေး
သနပ်ခါးနံ့ လေးတွေရယ်…
ဖွေးဆွတ်ဖြူစင်
ရယ်သံလွင်လွင်လေးတွေရယ်…
ရင်ခုန်လှိုက်ဖို
ဂီတာသံချိုချိုလေးတွေရယ်…
မပြတ်မသား
မှုန်ဝါးဝါးခြေရာလေးတွေရယ်…
အအေးမြဆုံး
သဇင်သူအပြုံးလေးတွေရယ်…
……..
……..တွေရယ်….
……..
……..တွေရယ်….
……..
……..တွေရယ်….
မြက်ရိုင်းတွေကြား
အရှင်လတ်လတ် မြှပ်ခံထားတဲ့
သဇင့်ရင်ထဲ
ကြေကြေကွဲကွဲ
ယနေ့ ထက်တိုင်
သိမ်းထားတယ်။

တန်ခူး
3:47pm 26-May-2009
(ဒီတခေါက်ပြန်တုန်းက မြက်ရိုင်းတွေကြားတွေ့ ခဲ့ရတဲ့ သဇင်ဆောင်လေးရဲ့ ပုံရိပ်ကို အမှတ်တရ ဓာတ်ပုံလေးရိုက်ရင်း ဖြစ်ပေါ်ခဲ့ရတဲ့ ကြေကွဲမှုကို ချရေးမိခြင်းပါ)

16 comments:

nu-san said...

ကျောင်းတက်တုန်းက တက္ကသိုလ်အဆောင်မှာ အရမ်းနေချင်တာ။ မနေခဲ့ရဘူး..အခု မတန်ခူးရိုက်ထားတဲ့ သဇင်ဆောင် ဓာတ်ပုံရယ် ကဗျာလေးရယ် ဖတ်ပြီး ရင်ထဲတမျိုးပဲ.. :(

tg.nwai said...

တန်ခူးရယ်..အဲဒီအတိုင်းပါပဲ.. တန်ခူးလို မဖွဲ့တတ်လို့။ ရောက်နေကျ.. အဲဒီဘက်ကိုရောက်တိုင်း မြက်တောထဲက သဇင်မှာ အရိပ်အယောင်လေးတွေ ဖြည့်စွက် မြင်ယောင်ရင်း။ ကျောင်းကြီးရှေ့ကဖြတ်တိုင်းလည်း အထပ်ထပ်ကာရံခံထားရတဲ့ တို့ကျောင်းတော်ကြီးကို ကြည့်ပြီး တိတ်တိတ်ကြေကွဲ...။

ခင်မင်းဇော် said...

သဇင်ဆောင်က အဲဒီလိုတောင် ဖြစ်နေသလားးးး
လွမ်းစရာကြီးနော်.. မနေဖူးပေမယ့် အဲဒီရှေ့က ခဏခဏဖြတ်နေရတာလေ..

Taungoo said...

ကြားရုံသာ ကြားဖူးခဲ့တဲ့ အတိတ်ရဲ့ အရိပ်တစ်ခုပါပဲဗျာ

သက်ဝေ said...

ဘယ်လိုမှ ပုံဖေါ်ကြည့်လို့ မမှတ်မိနိုင်တော့တဲ့ ယနေ့သဇင်ပါလား တန်ခူးရေ...
ကြေကွဲစရာ...

တနေ့လုံးပြုံးနေခဲ့သမျှ ဒီပိုစ့်ဖတ်ပြီးတော့ ကိုယ်မပြုံးနိုင်တော့ဘူး.. သိလား... :-(

Anonymous said...

သဇင်က ..မြက်တောထဲရောက်နေပါ့လားးး

သေချာ မနေခဲ့ဘူးပေမဲ့..အဆောင်မှာခိုးအိပ်ခဲ့ဘူးတဲ့ညတွေ...
အဆောင်ဒင်နာညတွေ...နဲ့အတူ သူငယ်ချင်းတွေကို လွမ်းတယ်..အမရေ..။

မြတ်နိုး

ရွာသားလေးဝိုင်တီယူ said...

သဇင် ပင်မြင့်ခွာလှမ်းတဲ့ရွှေသဇင်
ရွှေမှုန်ကိုစားမွှေးဖွားလေသလားသဇင်
မြေနှင့်ရန်ဘက် ခက်လက်စိမ်းမြ
မိုးမခဘူးသဇင်

အမရေ သြော်သဇင် သဇင်

khin oo may said...

စိတ်မကောုင်းပါ

T T Sweet said...

သဇင်တင်မဟုတ်ပါဘူး တန်ခူးရယ်။ ကျောင်းကြီးဖက်ရော ရောက်ခဲ့သေးလား။ .... .... .... .... .... .... .... ..... .....

(ပြောစရာ စကားမရှိပြီ ... ပြောရရင် ကွန့်မန့်ကနေ ပို့စ်တစ်ပုဒ် ဖြစ်သွားတော့မှာ ...)

sonata-cantata said...

အော် သဇင်ဆိုတာ မြက်ရိုင်းလိုပါလား
ကခဂဃင... စဆဇဈည...
(အရူးတယောက် သီချင်းအော်ဆိုသွားတာ မျက်စိထဲ မြင်စေ)

Moe Cho Thinn said...

လူငယ်တွေရဲ့ အနာဂတ်တွေကိုလဲ ဒီလိုပဲ ပစ်စလတ်ခတ် ထားခဲ့တာ..

မောင်မျိုး (ပြာသို) said...

ဖြစ်နိုင်ရင် ကောင်းမွန်မြင့်မြတ်တဲ့ အတိတ်တွေအားလုံးကို မြေမြှုပ်ချင်ကြတာဖြစ်မယ် ဒါပေမယ့် မပျောက်မပျက်နဲ့ တစ်ချို့သောအရာတွေကတော့ ရင်ဘတ်ထဲရှိနေကြတုန်းပဲနော့် ။ သဇင့်အတွက်စိတ်မကောင်းဖြစ်မိတယ် ။

P.Ti said...

တက်ဖူးခဲ့သူတိုင်း နေဖူးခဲ့သူတိုင်း တသက်တာ မမေ့နိုင်တဲ့ ကျောင်းတော်ကြီး နဲ့ အဆောင်နေကျောင်းသားဘ၀ပဲ နော်...

ကျွန်တော်လည်း ရန်ကုန်ရောက်တိုင်း မိန်းထဲရောက်အောင် သွားမိတာပဲ...

ကိုလူထွေး said...

"အရှင်လတ်လတ် မြှုပ်နှံခံထားရတယ်" ဆိုတဲ့ စကားလေးက တည့်တည့်ကြီးလာမှန်တယ်...

TNS said...

မတန်ခူး...
မွှေးပျံ့ ပွင့်ဖူးတတ်သော ပန်းပေါင်းများစွာ...
ဒီခေတ်မှာတော့..
မြက်ရိုင်းတောမှာ ကြေမွစွာပေါ့...။

ခွန်မြလှိုင် said...

၅နှစ်သမီးတုန်းက သဇင်ဆောင်က အန်တီညိုကို ဧည့်လာတွေ့ရင်း အိမ်နားကကျောင်းကို မတက်တော့ဘူး အန်တီညိုနဲ့ပဲ ဒီကျောင်းမှာ တက်တော့မယ်လို့ ပြောလို့ လူကြီးတွေ ၀ိုင်းရီခဲ့ကြဖူးတယ်။ အဲဒီအချိန်က တပတ်တခါ ကျောင်းကြီးထဲက နွေးအေးကို တမင်သက်သက် လာပြီး ညစာ စားဖြစ်ခဲ့တယ်။ လူတွေ စည်ကားတဲ့ မီးထိန်ထိန်ညတွေပေါ့ ကျောင်းသူဘ၀ကို ပျော်လွန်းလို့ အန်တီညို တယောက် မိန်းကလေးတန်မဲ့ တတန်းကို ၂နှစ် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး တမင်သက်သက် နေခဲ့တယ်။ ကိုယ် တကယ် တက်ရတော့ သဇင်က ပင်မြင့်မှာ မဟုတ်တော့ဘဲ ချုံကြား ရောက်နေခဲ့ပြီ။ နွေးအေးက လူကျဲကျဲ။ သြဘာလမ်းကြီးကို ကွန်ကရစ်နဲ့ မြက် ရောခင်းထားတယ်။ ဘတ်စ်ကတ်ဘောကွင်းထဲ ခြေအချ၊ ရေက ဖိနပ်ပေါ် တိုးပြီး တက်လာပေါ့....