Thursday, August 29, 2013

အိတ်သွန်ဖာမှောက်



(ချစ်တဲ့သက်ဝေရေ… သွန်ပြီနော်… သက်ဝေကို ချစ်လို့ ရေးတဲ့ပို့ စ်)

အဲဒီအိတ်ထဲမှာ ကိုယ်တိုင်သေသေချာချာ မှတ်မှတ်ရရ ထည့်ထားတဲ့ နေ့ စဉ်သုံး ပစ္စည်းတွေ ရှိသလို ကိုယ်မေ့လျော့စွာ ပြန်သိမ်းဖို့ မေ့နေတဲ့ ပစ္စည်းတွေလဲ ရှိနေမှာမို့  သိချင်စိတ်တွေ အရမ်း ပြင်းပြသွားမိတယ်…။ ကိုယ်နေ့ တဓူဝ သုံးနေတဲ့ ကိုယ်နဲ့ အတူ ကပ်ပါလာတဲ့ ဒီအိတ်လေးထဲ ဘာတွေများ ရှိနေမလဲဆို စိတ်လှုပ်ရှားစွာနဲ့  သွန်ချမိလိုက်တယ်…။

၁) သုံးပင်လိမ်နေတဲ့ ကြိုးသုံးကြိုး ( ဖုန်းအားသွင်းတဲ့ကြိုးနှစ်ချောင်းနဲ့ နားကြပ်ကြိုးတချောင်း)…

၂) Nokiaဖုန်းတလုံး… ကိုယ်မနှစ်သက်ပဲ ကိုယ့်ဆီရောက်နေတဲ့အရာ… ကိုယ့်ကို ၂၄နာရီ ထိန်းချူပ်ထားတဲ့ မုန်းစရာကောင်းတဲ့အရာ… အတိုချူပ်ပြောရရင် ရုံးက hot line ဖုန်းပါ

၃) မရှိမဖြစ်ခရမ်းရောင်ဘီးကလေး…. ဆံပင်ရှည်သူမို့ ပါ

၎) အသားရောင်ဖုန်းအိတ်ကလေးနဲ့ ဖုန်းကလေး... နေရာအနှံ့ အပြားမှာ ရှိတဲ့ ချစ်တဲ့မိသားစု… ဆွေမျိုး… သူငယ်ချင်းတွေကို ကိုယ်နဲ့ နီးနီးလေးဖြစ်အောင် ဖန်တီးပေးတဲ့ ကိုယ့်အတွက် အရေးကြီးဆုံးအရာ

၅) နက်ပြာအပြောက်ထီးကလေး… သူမပါရင် အစိုးမရတဲ့ စင်္ကာပူမိုးက ကိုယ့်ကို အငြှိးကြီးမပေါ့…

၆) စုံစီနဖာ အိတ်ကလေး… နှစ်ကန့် ပါတဲ့ အိတ်ကလေးမှာ တကန့် က သော့… bank တိုကင်… thumb driveနဲ့ တခြားစုံစီနဖာ … နောက်တကန့် က နှုတ်ခမ်းနီ Mascara နဲ့  မှန်နဲ့ ဘီးတွဲထားတဲ့ဗူးကလေး…. အမြဲကားပေါ်ရောက်မှ အဲဒီပစ္စည်းတွေ သုံးရတာပါ… အိမ်ကထွက်ရင် အချိန်မရတော့ အမြဲသနပ်ခါးဘဲကြားနဲ့ 

၇) အဘထ နဲ့  ပုဆိန် ရှူဆေးဗူး… ခေါင်းမူးတတ်တဲ့ကိုယ့်အတွက် မေ့ထားလို့ မရတဲ့ အရာလေးတွေ

၈) ဆေးဗူး ( အစာအိမ်ဆေး… ပိုးသတ်ဆေး… ခေါင်းမူးပြေဆေး… အကုန်တလုံးစီ ဆောင်ထားတဲ့ ဗူးလေးပါ)

၉) Werther’s Original Cream Candies ဗူးလေးက သကြားဓာတ်နဲ တတ်လို့ ဆောင်ထားတာ… strepsils.. လည်ပင်းရုတ်တရက်နာလာရင် သောက်ဖို့ 

၁၀) နီညိုရောင် wallet… IC , Bank Card, Credit Card, Member Card, …… ပိုက်ဆံနဲနဲ နဲ့ အကြွေတွေ… သားအတွက် မသုံးပဲသိမ်းထားပေးတဲ့ 2013 အကြွေစေ့ တွေ….

၁၁) ကားမောင်းသင်မယ်လို့  စဉ်းစားပြီး လမ်းမှာ ဖတ်မယ်လို့ ထည့်ထားတဲ့ နှစ်မျက်နာက မတက်တဲ့ Basic Theory of Driving စာအုပ်

အပေါ်က ပစ္စည်းတွေအားလုံးက ကိုယ့်အိတ်ထဲမှာ ထည့်ထားတာ သိထားတဲ့ ပစ္စည်းတွေပါ… ဘေးဇစ်ကို ဆွဲကြည့်လိုက်တော့ မမျှော်လင့်ပဲ ထွက်လာတာကတော့

၁၂) ပုလဲပုတီးတကုံးနဲ့ ပုလဲနားကပ်လေးပါ… ပြန်စဉ်းစားကြည့်မှ ဟိုတနေ့ ကရုံးက conference မှာ ကြည့်ကောင်းရှူကောင်းဖြစ်အောင် ၀တ်သွားပြီး conferenceပြီးတော့ ရှုပ်လို့ ဆို အိတ်ထဲကောက်ထည့်ထားပြီး ပြန်သိမ်းဖို့ မေ့ နေခဲ့တာ…

ကိုယ်ထင်သလားသလောက် ရင်ခုန်စရာမကောင်းလို့  သိပ်စိတ်မကျေနပ်သေးပဲ နီညိုရောင် wallet ဟိုမွှေဒီမွှေလုပ်ကြည့်တော့မှ ကိုယ်မေ့ထားခဲ့တဲ့ Toto လက်မှတ်လေးက ကိုယ့်ကို လှမ်းပြုံးပြနေတယ်…။ တင်္နလာနေ့ တုန်းက ထွက်သွားတာမို့  ဒီပို့ စ်လေးကို ဒီတင်ရပ်လို့  Toto result လေးကြည့်ပါရစေနော်…။ ထီပေါက်ရင် ကိုယ့်ကို အိတ်သွန်ဖို့  သတိပေးတဲ့ ချစ်သူငယ်ချင်းသက်ဝေနဲ့  ဘလော့ရောင်းရင်းတွေကို ကောင်းကောင်းပြုစုပါမယ်… ။

တန်ခူး

10:21pm 29-Aug-2013

12 comments:

kay said...

တိုတိုပေါက်ပြီ

သက်ဝေ said...

ပျော်စရာ အိတ်ကလေးပဲ... နက်ပြာရောင် ဘောလုံးပျောက် ထီးလေးကို ကြိုက်တယ် ကိုယ့်မှာ အဲဒီအဆင်မျိုး အင်္ကျီလေး ရှိတယ် အဲဒါလေးဝတ်ပြီး အဲဒီထီးလေးဆောင်းရရင် သိပ်မိုက်သွားမယ်... ခစ်ခစ်...

P.S. ToTo တိုက်ပြိးပြီလား...

စုချစ် said...

ပေါက်တယ်နဲ့ တူတယ်...မုန့်ကျွေးရမှာ စိုးလို့... ငြိမ်နေပါတယ် ဗျို့... :P

ဟန်ကြည် said...

ဒီတစ်ပတ်ကတော့ ပျော်စရာ သီတင်းပတ်ပဲ...တကယ့်ကို အိတ်သွန်ဖာမှောက်း)

Lorem Ipsum said...

အိတ်ကလေးကိုလည်းကြိုက်း) ခရမ်းရောင်ဘီးလေးကိုလည်းကြိုက်ပါတယ် မတန်ခူးရယ်...း) ရှုဆေးဆောင်တာလည်းတူသေးတယ်နော်အမ ။ အကုန်လုံးအိတ်သွန်ကြတာပျော်စရာကြီး

ချစ်ခင်လျက်
ဆုမြတ်

ရွှေအိမ်စည်မေ said...

ထီးကလေးကို တော်တော် သဘောကျမိတယ်..
နောက် ပုလဲပုတီးလေး ကြိုက်တယ်
ဒါနဲ့..ပေါက် လား ဟင် ? :D

:P said...

တိုတို တကယ်ပေါက်ပြီလားဟင်..

စံပယ်ချို said...

ဆံပင်ရှည်တယ်ဆိုလို့သဘောကျနေမိတယ် (မမြင်ဖူးပဲနဲ့လေ) ဂျက်ကဆံပင်ရှည်ကိုကြိုက်တယ်လေ
အိတ်သွန်ဖာမှောက် အစုံအလင်ကိုကြည့်နေခဲ့သူ...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

နက်ပြာရောင်ထီးကလေးက Esprit က ထီးလေးလား မသိဘူး။ မြတ်မှာလည်း ဆင်တူလေး ရှိတယ်။ :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စာအသစ်လေးတွေ ရေးပါဦး တန်ခူးရေ..

တန်ခူး said...

ဒီတခါလဲပျောက်ပြန်တဲ့ ကျွန်မကို စိတ်ရှည်နားလည်ပေးတဲ့ ဘလော့ရောင်းရင်းများကို ကျေးဇူးပါ... ကော်မန့် လေးတွေ တကူးတက ချန်ထားခဲ့တာလဲ ကျေးဇူးပါနော်... တိုတိုပေါက်လို့  ပျောက်နေတာမဟုတ်ပါဘူး... တိုတိုက နံပါတ်လေးတလုံးပဲလွဲသွားပါတယ်...

Myat Myat Moe said...

အိတ်သွန်ဖာမှောက်ရဲ့..အခင်းအကျင်းအားလုံးကတော့...တကယ်ကောင်းပါတယ်။...ကိုယ်မဆောင်သေးတဲ့..ပစ္စည်းလေးတွေပါ..တွေ့၇တော..ဆောင်ဘို့အိုင်ဒီယာရလာပြီ...အဘထ လိုဆေးဘူးလေးမျိုး :) တိုတိုပေါက်ရင်...ဘလော့ပရိတ်သတ်အသစ်ကြီးကိုမေ့မထားနဲ့နော် ;)