Sunday, May 5, 2013

အာဒမ်ရယ် ဧ၀ရယ် ပြေတီဦးနဲ့  သားရယ် (သို့ ) သားနဲ့ ရုပ်ရှင်



ငယ်ငယ်က အဖေက အပြင်စာဖတ်တာနဲ့  ရုပ်ရှင်ကြည့်တာကို လုံးဝခွင့်မပြုပါဘူး…။ တခါတလေမှ မိသားစုကြည့်သင့်တဲ့ ပညာပေးကားကို အဖေကိုယ်တိုင်ရွေးပြီး လိုက်ပြတတ်ပါတယ်…။ အဲဒီတုန်းက မြန်မာရုပ်ရှင်ကားအများစုက အချစ်ကားတွေများတော့ အဖေစကာတင် ရွေးခြယ်တဲ့ကားက နဲနဲရယ်…။ ကိုယ်ကလဲ ရုပ်ရှင်က၀ါသနာပါလွန်းတော့ တက္ကသိုလ်လဲရောက်ရော အဖေမသိအောင် ခိုးကြည့်တော့တာပါပဲ…။ ကိုယ်ကိုယ်တိုင် သားတယောက်အမေဖြစ်လာတော့ အဖေဘာစိုးရိမ်လဲဆိုတာ ပိုသိလာပါတယ်…။ သားကို တီဗွီပြရင် သားနဲ့ သင့်တော်တာမျိုးပဲပြပါတယ်…။ သားငယ်ငယ်က မြန်မာအချစ်ကားတို့  ကိုရီးယားအချစ်ကားတို့ ဆို သားရှေ့ မကြည့်ပါဘူး…။ သားနဲ့ အတူကြည့်လို့ ရမယ့်ကားပဲ သားနဲ့ အတူကြည့်ပါတယ်…။

သားကို ရုပ်ရှင်စပြတဲ့ အရွယ်က သား၎နှစ်အရွယ်လို့ ထင်ပါတယ်… သားစိတ်ဝင်စားမယ့် animationကားလေးကို ရွေးရပါတယ်… အဲဒီအရွယ်တုန်းက သားက တခုခုဆို သိပ်အကြာကြီး စိတ်မ၀င်စားတတ်သေးတဲ့ အရွယ်မို့  ရုပ်ရှင်ကြည့်နေတုန်းတန်းလန်းနဲ့  သားများ ထပြန်ချင်မလားလို့  ရင်တထိတ်ထိတ်နဲ့  ကြည့်ရတဲ့ကားပါ…။ အံ့သြဖို့ ကောင်းစွာ သားက ရုပ်ရှင်ရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်သွားလို့  ဇာတ်လမ်းပြီးသွားတာတောင် မြန်သလိုပါပဲ…။ ရုပ်ရှင်ပြနေချိန်တချိန်လုံး သားဇာတ်ရည်လည်အောင် ရှင်းပြရပါသေးတယ်…။ သားတို့ ခေတ်မှာပေါ်လာတဲ့ animationကားလေးတွေက အရမ်းကောင်းပါတယ်…။ အရုပ်အသံအရည်အသွေးကောင်းရုံတင်မက ဇာတ်လမ်းတိုင်းက ပညာပေးလေး တခုမဟုတ်တခုပါပါတယ်…။ ကာတွန်းကား animation ကား မကြိုက်တဲ့ကိုယ်တောင် သားနဲ့ ရုပ်ရှင်အတူကြည့်ရတာကို အရသာတွေ့ လာပါတယ်…။ သားကို တိုက်ရိုက်ကြီး ဆုံးမတာထက် ရုပ်ရှင်ထဲက ဇာတ်ကောင်လေးတွေကို ဥပမာပြဆုံးမတာ ပိုလဲထိရောက်တာမို့ ပါ…။

သားနဲ့ အတူလိုက်ကြည့်ဖြစ်တဲ့ ဇာတ်ကားလေးတွေထဲ အကြိုက်တွေ့ မိတာလေးတွေက အများသား..။ ရည်ရွယ်ချက်လေးတွေကလဲ တခုနဲ့ တခုမတူ…။ စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်…။ “How to train your dragon” ဆိုတဲ့ကားလေးကိုပြပြီး ဘယ်လောက်ရိုင်းပါတဲ့ဆိုတဲ့ သတ္တ၀ါတွေတောင် မေတ္တာတရားနဲ့ ဆက်ဆံရင် ယဉ်ကျေးသွားတတ်တယ်ဆိုတဲ့ သင်ခန်းစာလေးကို သားကို ပေးလို့ ရပါတယ်…။ “The lorax” ဆိုတဲ့ ရုပ်ရှင်လေးကတော့ သဘာဝတရားကိုချစ်တတ်လာအောင် သစ်ပင်လေးတွေကို တန်ဖိုးထားတတ်လာအောင် ပါးပါးလေးသင်ပေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇာတ်ကားလေးမို့  သားကို သစ်ပင်လေးတွေချစ်တတ်လာအောင် သင်လို့ ပိုကောင်းသွားပါတယ်…။ ဟိုတလောက ကြည့်ဖြစ်တဲ့ “The croods” ဆိုတဲ့ ရုပ်ရှင်ကားလေးဆို ဦးနှောက်ကို အသုံးချတတ်ရင် ဘ၀မှာ ခက်ခဲနေတာတွေက အလွယ်တကူဖြစ်သွားတတ်တယ်ဆိုတဲ့ အပြင်မှာဆုံးမရင် အတော်လက်ပေါက်ကတ်တာကို ဒီရုပ်ရှင်လေးနဲ့ ဆုံးမလိုက်တော့ ခေါင်းထဲလွယ်လွယ်ကူကူကို ၀င်သွားတာ...။ ခုတလောအရွယ်လေးနဲနဲကြီးလာတာနဲ့  ပြောရဆိုရခက် ဂျစ်ကန်ကန်နိုင်လာတဲ့သားကို ပြုပြင်ပြောင်းလဲဖို့ လိုရင် ပြောင်းလဲချင်စိတ်ရှိရတယ် ပြောင်းဖို့ ဝန်မလေးရဘူးလို့  အဲဒီရုပ်ရှင်လေးပြပြီး ဆုံးမရတာပေါ့….။ အဲဒီလို အကျိုးရှိတဲ့ ရုပ်ရှင်ဖန်တီးသူတွေကို တကယ်ကျေးဇူးတင်မိပါတယ်…။ Mediaက ကလေးတွေရင်ထဲတန်းထိတာမျိုးမိုလား…။

ဒါပေမယ့်လဲ ဒီMediaကြောင့်ပဲ အတတ်ဆိုးတွေရတတ်မှာမို့  အတော်တော့သတိထားရပါတယ်…။ သားနဲနဲကြီးလာတော့ မြန်မာရုပ်ရှင်ကားလေးတွေနဲ့  ရင်းနှီးအောင် တချို့ ကားတွေကို သားနဲ့ အတူကြည့်ဖြစ်ပါတယ်…။ သားနဲ့ အတူကြည့်တော့ တအံ့တသြသိလိုက်ရတာက ရုပ်ရှင်မင်းသား မင်းသမီးတိုင်းကို သားက သိနေတော့တာကိုပါပဲ…။ ပြေတီဦးလဲသိ နေတိုးလဲသိ သက်မွန်မြင့်ကအစ မိုးဟေကိုအဆုံး အကုန်သိနေတော့ ဒီအမေလဲ မျက်လုံးပြူးရော…။ နောက်မှ ဇာတ်ရည်လည်လာတော့ သူ့ အမနဲ့ ပြောဟယ်ဆိုဟယ် မဂ္ဂဇင်းတွေက ပုံတွေကြည့်ရင်း သိလာတာပါ…။ သိရုံသိတာလောက်မဟုတ်ပဲ သူ့ ဟာသူပြေတီဦးအရမ်းကြိုက်သွားတာ အတော်ထူးဆန်းပါတယ်…။ ငယ်ငယ်က မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အရမ်းကြိုက်ရင် ဘယ်ဇာတ်ကောင်စရိုက်ကပါပါ သူ့ ပဲအနိုင်ရစေချင်တာမျိုး ဖြစ်မိကြတယ် မဟုတ်လား..။ အသက် ၉နှစ်မပြည့်သေးတဲ့သားလေးမှာ အဲဒီလို စွဲလန်းမှုမျိုးဖြစ်နေတာ ဟိုတလောကမှ သတိထားမိလိုက်ပါတယ်…။

On lineပေါ်မှာ ညီမ၀မ်းကွဲလေးက အကယ်ဒမီရသွားတဲ့ အာဒမ်ံရယ် ဧ၀ရယ် ဒဿရယ်ကြည့်တော့ သားလဲ ကြည့်ချင်ပါတယ်ဖြစ်လာရော…။ ဒီဇာတ်လေးကတော့ အချစ်ပါးပါးလေးဆိုပြီး သားကိုပြလိုက်မိတာပါ…။ ဒီဇာတ်ကားမှာ ပြေတီဦးက အတ္တကြီးတဲ့ဇာတ်ကောင်ပါ…။ သူလိုချင်တာတခုကို သူများကို ကိုယ်ချင်းမစာပဲ အတင်းရယူတတ်တဲ့ အမြဲအနိုင်လိုချင်တဲ့ ဗီလိန်ဇာတ်ကောင်စရိုက်ပေါ့…။ ကိုယ်လဲဇာတ်ထဲမျောသွားတာ သက်မွန်မြင့်က ပြေတီဦးကို မချစ်တော့ဘူးလို့ ပြောလို့ ပြေတီဦးရှုံးတဲ့အခန်းတွေရောက်တော့ သားမျက်ရည်တွေဝိုင်းပြီး စိုင်းစိုင်းနဲ့ သက်မွန်မြင့်ကို ဒေါသတွေထွက်နေတာ သတိထားမိသွားပါတယ်…။ အားလုံးက ပြေတီဦးမုန်းနေချိန်မှာ သားကပြေတီဦးအရှုံးကို သနားနေတာ…။ ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်ဆို ဇာတ်လမ်းတဲ့စိတ်ရောက်တဲ့ အမေ သားကို လေ့လာရပါတော့တယ်…။ ပြေတီဦးရဲ့ ဒီကားထဲက စရိုက်က မကောင်းဘူးလေသားရဲ့… သူ့ အတ္တကြောင့် သူပြန်ခံစားရတာလေ… စသဖြင့် သားကို ဒီကားရဲ့ပြေတီဦးစရိုက်မလွှမ်းမိုးအောင် ရှင်းပြရပါတော့တယ်…။ ပြေတီဦးကို အရမ်းကြိုက်လို့  သူ့ ကို နိုင်စေချင်တာဆိုတဲ့ သားအပြောက အရှိုက်ကို ထိသွားပါတယ်…။ သားနဲ့ ရုပ်ရှင်တူတူကြည့်တိုင်း အပွဲပွဲတိုင်း ဆုံးမလာတဲ့ကိုယ်က ပြေတီဦးနဲ့ မှ အလဲထိုးခံလိုက်ရတာပါ…။ ဘယ်ရမလဲ…။ ဒီကလဲ စာတွေရေးနေသူဆိုတော့ ဇာတ်လမ်းထဲကထက် ပိုဇာတ်နာအောင် အတ္တကြီးသူတို့ ရဲ့ ကြောက်စရာကောင်းပုံတွေကို တရစပ်ပြောပြလိုက်တော့ ပြေတီဦးမှားတယ်လို့  နောက်ဆုံးသဘောပေါက်သွားပါတယ်…။ အဲဒီနောက်ပိုင်း ကိုယ်ဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ပြေတီဦးအကြောင်း သိပ်မပြောဖြစ်အောင် သူ့ ရုပ်ရှင်တွေသိပ်မကြည့်ဖြစ်အောင် ကြည့်ဖြစ်တောင် ဇာတ်ကောင်စရိုက်ကိုကြည့်ပြီးမှ ဆက်ကြည့်ပါတော့တယ်…။ ပြေတီဦးတော့ အားနာပါရဲ့လေ…။

မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အလွန်အကျွံစွဲလန်းမိတဲ့အခါ သူတို့ သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်တွေ အထူးသဖြင့် လူငယ်တွေမှာ လွှမ်းမိုးတတ်တာ သဘာဝပါပဲ…။ အဲလောက်မလွှမ်းမိုးဘူးဆိုရင်တောင် မင်းသမီးလိုလှချင်လို့  မင်းသမီးလေးလို လိုက်ဝတ်တာလောက်တော့ အနဲဆုံးရှိမပေါ့…။ ကိုယ်တို့ ခေတ်က ထမီဝတ်တဲ့ခေတ် လုံလုံခြုံခြုံဝတ်တဲ့ခေတ်မို့  မင်းသမီးလို လိုက်ဝတ်တာ အဲလောက်ကြီး အန္တရယ်မရှိပေမယ့်… ဒီဘက်ခေတ်တော့ သမီးမိန်းခလေးမွေးတဲ့ မိဘတွေ အတော်သတိထားရမှာပါ…။ ညီမ၀မ်းကွဲလေးနဲ့  ရုပ်ရှင်အတူကြည့်တဲ့အခါ ခုခေတ်မြန်မာမင်းသမီးတွေ ပေါင်ရင်းနားရောက်နေတဲ့ ဘောင်းဘီတိုလေးတွေ ခပ်ရဲရဲဝတ်လာတာ သတိထားမိပါတယ်…။ ဒါကြောင့်ုမို့  မြန်မာပြည်မှာလဲ ဘောင်းဘီတိုခေတ်ရောက်နေသလား ထင်ရပါတယ်…။ ထမီဝတ်ရင်ပဲ တောသူလို့ အပြောခံရမလားလို့  စိုးရိမ်နေကြတဲ့ခေတ်ပါ…။ ပိုင်ရှင်ရှိတဲ့ယောင်္ကျားကို ပြစ်မှားတဲ့ ကိုရီးယားကားတွေ ၀င်လာတော့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတာဟာ ဘာသာတရားနဲ့ ဆန့် ကျင်တဲ့ နိမ့်ကျတဲ့လုပ်ရပ်လို့ ကို မစဉ်းစားနိုင်အောင် Mediaရဲ့လွှမ်းမိုးမှုကို ခံကြရတာပါ…။ အသဲကွဲရင် အရက်သောက်တတ်တယ်ဆိုတာ ဟိုးတုန်းက ယောင်္ကျားလေးတွေလုပ်ကြတဲ့အလုပ်…။ အခုတော့ အသဲမကွဲလဲ အရက်ဆိုင်ပေါ်တင်ထိုင်နေတဲ့ ခေတ်ရဲ့သမီးပျိုလေးတွေ ငါးပါးသီလဆိုတာ သတိမှရပါလေစလို့  တကယ့်ကို ရင်လေး စိုးရိမ်ပူပန်မိပါတယ်…။ တကယ်တော့ ခေတ်ရေစီးကြောင်းကြောင့် တားမရတဲ့Mediaကြောင့်လို့ ယိုးမယ်ဖွဲ့ လို့ ရပေမယ့် အုပ်ထိန်းသူမိဘတွေရဲ့ မျက်ခြေမပြတ် ပြုပြင်ဆုံးမမှုကလဲ အတော်အရေးကြီးတယ်ဆိုတာ သားနဲ့ ပြေတီဦးက သက်သေပြလိုက်သလိုပါပဲ…။ အမျိုးကောင်း သားသမီးလေးတွေ အများကြီးပေါ်ထွန်းပါစေ…။

တန်ခူး

5 May 2013 11:30pm

8 comments:

Anonymous said...

ကျနော့မှာ ကာတွန်းကားလေးတွေ ရှိပါတယ်။ အခွင့်သင့်ရင် သားသားအတွက် ပေးချင်တယ်။ ဂျပန် ကာတွန်းကားလေးတွေပါ။
တိုက်ဆိုင်တယ် တနေ့ကပဲ အဲ့ဒီကားကို ကြည့်မိတယ်။ ဇာတ်ကို ပြန်ဖြည်ထားတာမို့ ပြေတီဦးဟာ လုံးလုံးကြီး လူဆိုးဖြစ်မသွားဘူး။
PG ဆိုတဲ့ စကားလုံးက သိပ်တာသွားတယ်။ မိဘနဲ့ အတူကြည့်ရင်း မိဘက သိသင့်သိထိုက်တာတွေ ရှင်းပြပေးတာ ကောင်းတဲ့အလုပ်ပါပဲ။
မီဒီယာရဲ့ လွှမ်းမိုးမှုက ဒီခေတ်မှာ အတော်လေး ကျယ်ပြန့်တယ်။ လွှမ်းမိုးခံတဲ့သူနဲ့ လွှမ်းမိုးမခံတဲ့သူဆိုတာတော့ ရှိမယ်။ ကောင်းတာတွေ အတုယူဖို့၊ မကောင်းတာတွေ ပယ်ဖို့ဆိုတဲ့ အသိစိတ်ဓါတ်တခုကို ပြုစုပျိုးထောင်ကြရင် အဆိပ်အတောက်ဆိုတာတွေဟာ ဆေးဖက်ဝင်လာနိုင်မယ် မဟုတ်လား။

Anonymous said...

သမီးလေးမွေးထားတယ်.. အစ်မရေ ...
ခုမှ ၂ နှစ်ပဲ ရှိသေးတယ်..နောင် ၁၃ နှစ်လောက်အတွက် ကြိုပူနေရတယ်..။


PIFPIF

pandora said...

ဒီမှာ မျိုးဆက်သစ်လေးတွေရဲ့ ယဉ်ကျေးမှု အတော်ပြောင်းလဲသွားတာတော့ အမှန်ပဲ မတန်ခူးရေ..

MgMyo said...

စိုးရိမ်စရာပဲ .... သေချာ ဂရုစိုက်ရမယ့်သဘော သားနည်းနည်းကြီးလာလည်း ဖုန်းတွေ အိုင်ပတ် တွေ ပေးမသုံးတာကောင်းမယ်လို့ ကျနော်တော့ ထင်တာပဲ ။

ဒါပေမယ့် သေချာ ဂရုစိုက်တတ်တဲ့ မိဘတွေရှိနေလို့ တော်သေး ။

လိမ်မာပါစေပဲ ဆုတောင်းရမလို ။

ဒါနဲ့ အဲ့ကားလင့်လေးရှိရှယ်ပါအုံးးး :)

kay said...

ပြေတီဦးကနေ..ဆန့်ထွက်တွေး မိ...

မေဓာဝီ said...

ဟုတ်တယ် အမတန်ခူးရေ ...
မြန်မာရုပ်ရှင်လောကမှာ ကလေးတွေအတွက် ရည်ရွယ်တဲ့ ရုပ်ရှင်ကားမျိုး မရှိသလောက်ကို နည်းပါတယ်။ ဝေါ့ဒစ်စနေက ရုပ်ရှင်ဇာတ်ကားလေးတွေလို ကလေးတွေအတွက် ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေ တီဗီ ဇာတ်လမ်းတွဲလေးတွေ ဘယ်သူများ ဖန်တီးရိုက်ကူးမလဲ မျှော်လင့်မိပါရဲ့ ... ။

ဇွန်မိုးစက် said...

မရေ... စာတွေပြန်ရေးလို့ ၀မ်းသာမိတယ်။ ဇွန်လည်း အစ်မရေးသွားတဲ့အထဲမှာပါတဲ့ ကာတွန်းကားလေးတွေကို သိပ်ကြိုက်တယ်။ ခုထက်ထိ ကာတွန်းကားတွေကို စွဲစွဲမြဲမြဲ ကြည့်နေတုန်း။

အခုခေတ်မှာ ကလေးတွေကို အမြင်မှား၊ အတွေးမှား၊ အတုယူမမှားအောင် မျက်ခြေမပြတ် စောင့်ရှောက်ကြည့်ရှုဖို့ မိဘတွေရဲ့တာဝန်က ဟိုးအရင်ကထက် ပိုပြီးကြီးလေး လာသလိုပဲနော်။ :-/

တန်ခူး said...

ကာတွန်းကားလေးတွေလိုချင်ပါသည်

ညီမPifpifရေ. သိပ်စိတ်မပူပါနဲ့ညီမရယ်. ခုခေတ်ကလေးတွေက smartဖြစ်တော့ နားလည်အောင် ငယ်ကတည်းက နဲနဲချင်းပြောရမှာပေါ့

ပန်ရေ. ညီမက အဲဒီမှာရှိနေတော့ ပိုမြင်ရတွေ့ ရကြားရမှာပဲနော်

မရတော့ဘူး မောင်မျိုးရေ. အိုင်ပတ်သုံးနေပြီ. ဒါပေမယ့် မျက်ခြေမပြတ်အောင် ကိုယ့်ရှေ့ ပဲသုံးခိုင်းတယ်. အမက Burmese classic ကကြည့်တာလေ

ကေရေ. ပြေတီဦးက ဥပမာမို့  ဖြန့် တွေးစရာတွေအများသားနော်

မေရေ. အမှန်ပဲ. မြန်မာပြည်ကထုတ်လုပ်ရေးသမားတွေက ကလေးပရိသတ်ကို သိပ်စိတ်မဝင်စားကြဘူးထင်တယ်. တကယ်ကကေံးတွေက ပိုအရေးကြီးတာလေ

ညီမဇွန်ရေ. အမကလဲညီမတွေကိုအမြဲလွမ်းနေတာပါ. ဟုတ်တယ်ညီမရေ. ငယ်တုန်းကွှံတ်မထားတာကောင်းတယ်