Thursday, April 4, 2013

နုနယ်ပျိုမျစ်ကျွန်မတို့ ခေတ်



စာမရေးတာ အတော်ကြာတဲ့ ဒီဘလော့ဂါအန်တီကြီး စာပြန်ရေးတော့လဲ လူရိုက်ချင်စရာခေါင်းစဉ်နဲ့ ဆိုပြီး မဖတ်ပဲနဲ့ တော့ ထွက်မသွားပါနဲ့ နော်…။ ကိုယ့်ကိုကိုယ် သိပ်နုနယ်ပျိုမျစ်တယ်လို့  ဘ၀င်လေဟပ်ပြီးရေးထာမဟုတ်မှန်း စာဆုံးရင်သိမှာပါ...။

ဒီပို့ စ်လေးရေးဖြစ်ခြင်းအောင် အဓိကလှုံဆော်သူက ခုတလော အင်တာနက်ပေါ်… ဖေ့စ်ဘွတ်ပေါ်… ဂျာနယ်တွေပေါ်မှာ စိုင်းစိုင်းခမ်းလှိုင်ထက်တောင် ရေပန်းစားနေတဲ့ ကိုစိုးသူပဲပေါ့…။ ကျွန်မတို့ ခေတ်က သူငယ်ချင်းတွေ အမကြီးတွေ ညီမလေးတွေ သဲသဲလှုပ်ခဲ့တဲ့မင်းသား…။ ကိုယ်မပါဘူးလို့ မပြောပါဘူး…။ ရုပ်ရှင်မရိုက်ခင် ရုပ်ရှင်ရိုက်တော့မယ့် ဆေးကျောင်းသားဆို သူငယ်ချင်းက သူ့ အမဆီက တဆင့် ဓာတ်ပုံလေးယူလာကတည်းက စလို့  ရှေ့ ကိုဝဲ၀ဲလေးကျနေတဲ့ ဆံပင်လေးနဲ့ နှုတ်ခမ်းလေးစေ့ပြုံးနေပုံလေးတွေ့ ပြီး ဆယ်ကျော်သက်တို့ သဘာဝ ရင်ခုန်လှုပ်ရှားခဲ့ဖူးတယ်ဆိုတာ ၀န်ခံပါတယ်…။ ဘယ်လောက် ရူးသွပ်ခဲ့သလဲဆို အော်တိုစာအုပ်တောင် စိုးသူမျက်နှာဖုံးနဲ့ ဖုံးပြီး ကိုယ့်နာမည့်ကို ခပ်တည်တည်နဲ့  နောက်ကစိုးသူတပ်ပြီးပြောင်းပစ်လိုက်တာ… အော်တိုရေးပေးမယ့် သူငယ်ချင်းတွေတောင် တော်တော်မျက်စိလည်သွားတယ်… ဘယ်သူကြီးလဲပေါ့…။ ကျောင်းရှေ့ မှာ ပလတ်စတစ်လေးခင်း ပုံရောင်းတဲ့ ရုပ်ရှင်မင်းသားပုံတွေထဲမှာ စိုးသူပုံသိပ်မပါရင် ရောင်းတဲ့ဦးလေးကြီးကို ရန်စွာတတ်တာလဲ ကိုယ်ပါပဲ။ ပြီးရင် အဖေမသိအောင် လွယ်အိတ်အထဲက ဇစ်အိတ်လေးထဲဖွက် ခိုးခိုးကြည့်ရတာအမောပါ။

ဒါပေမယ့် အဲဒီရူးသွပ်မှုတွေက ပထမဆုံးကြည့်မိတဲ့ စိုးသူရုပ်ရှင်ကားမှာ အကုန်ရပ်တန့် ကုန်တာလဲ ကိုယ့်ကိုကိုယ် အံ့သြမိပါရဲ့။ ဆယ်ကျော်သက်အရွယ် စိတ်မတည်ငြိမ်ပုံများပြောပါတယ်…။ ပထမကြည့်ဖြစ်တဲ့ကားက ကြည်မင်းနဲ့ သုန်သုန်။ ရုပ်ရှင်မင်းသမီး မင်းသားတို့  ပထမလေးငါးကားဆို ခပ်ကြောင်ကြောင်ဖြစ်နေတဲ့ အချိန်မို့  ထင်ပါရဲ့။ အဲဒီကားလဲကြည့်ပြီးရော ဆွဲဆောင်မှုသိပ်မရှိလှဘူးဆို ရင်ခုန်သံတွေ ရပ်သွားခဲ့တာ။ ချစ်ကြိုးလေးနှစ်မျှင်က စကားမပီတပီနဲ့ ကျော်သူ့ မှကျော်သူဖြစ်သွားခဲ့တာ..။ အင်း… အပြောင်းအလဲမြန်ပုံပြောပါတယ်…။

ကိုယ်ရူးသွပ်တာကို ပြောနေတာနဲ့  ပို့ စ်လဲ အတော်ရှည်လှပြီ။ အဓိကပြောချင်တာကတော့ ကိုစိုးသူရဲ့ နုနယ်ပျိုမျစ်ခြင်းပါ။ အသက် ၄၇လို့  ဘယ်လိုမှ ပြောမရအောင် နုနယ်ပျိုမျစ်တဲ့ ကျွန်မတို့ ခေတ်ကမင်းသားက ခုခေတ်ဆယ်ကျော်သက်လေးတွေ နှလုံးသားကို ဆွဲဆောင်နိုင်ဆဲဆိုတာ အံ့သြစရာ မကောင်းဘူးလား။ ဒါက ကျွန်မက ခုလောလောဆယ် ကိုရီးယားမင်းသားတွေထက် ဟော့နေတဲ့ ကိုစိုးသူကို အကောင်းဆုံးဥပမာပေးလိုက်တာပါ။ ကျွန်မတို့ ခေတ်က ပုဇွန်စိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးခဲ့တဲ့ မေဆွိဆို အသက်ငါးဆယ်ကျော်လို့  ဘုရားစူးပြောတောင် ယုံနိုင်စရာမရှိအောင် နုပျိုလွန်းလှပါတယ်။ မျက်နှာဆံပင်ကိုယ်လုံးကိုယ်ပေါက် အကုန်ကို လှနေတုန်းပါ…။ ခုတလော အနုပညာလောကက ပျောက်နေတဲ့ တင့်တင့်ထွန်းဆိုလဲ မျက်နှာမှာတောင် ဘာအရေးအကြောင်းမှ မထင်အောင် အသားအရေကအစ စိုပြေလှပနေဆဲ။ ကိုကိုရေ သိပ်ချစ်တယ်… အစွဲကြီးစွဲမိပြီရှင်ဆိုတဲ့ ဟေမာ့ မျက်ဝန်းအကြည့်လေးတွေကလဲ ကျွန်မတို့ ခေတ်က တီဗွီဖန်သားပေါ်မှာမြင်ရတာနဲ့  ခုထိထပ်တူ ဆွဲဆောင်နိုင်တုန်း။ Good Morning မကေသီဆိုတဲ့ နှုတ်ခမ်းလေးတွန် ပြုံးတတ်တဲ့ ရဲအောင်ဆို ခုထိ မင်းသမီးငယ်လေးတွေနဲ့ တွဲလို့ ရတုန်းလေ။

ဒါက ကျွန်မတို့ ခေတ်က မြန်မာနိုင်ငံက မင်းသားမင်းသမီးတွေရဲ့ နုနယ်ပျိုမျစ်မှုပါ။ ဟောလီဝုဒ်လဲ အများသားနော်။ ခုလေးတင် လောလောလတ်လတ် သူ့ ဇာတ်ကားအသစ်လေးရုံတင်နေတဲ့ ကျွန်မတို့ ခေတ်က တော်တော်များများ ဆယ်ကျော်သက်တွေရဲ့ အခန်းထဲမှာ သူ့ wallsheetတွေနဲ့ နေရာယူတတ်တဲ့ Tom Cruise က အသက် ၅၁နှစ်ဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး။ ခုထိ ဟောလီဝုဒ်က မင်းသမီးတွေ သဲသဲလှုပ်နေကြတဲ့ ချစ်စရာအပြုံးလေးနဲ့ မင်းသားBrad Pittကလဲ အသက်၅၀ဆိုပဲ။ ဟောလီဝုဒ်မှာ နောက်ဆုံးဟော့နေတဲ့သတင်းပိုင်ရှင် ကလေးသုံးမွှာပူးကိုယ်ဝန်ဆောင်ထားတဲ့ Jennifer Lopezကလဲ အသက် ၄၄ပါ။ ကျွန်မတို့ ခေတ်က အရမ်းရေပန်းစားတဲ့ Pretty Woman မင်းသမီး Julia Roberts ဆို အသက် ၄၆လို့ မထင်ရအောင် ချစ်စရာကောင်းနေတုန်းပါ။

ဘာရယ်လို့ တော့ မဟုတ်ပါဘူး…။ ကိုယ့်ခေတ်ကနာမည်ကြီးတွေရဲ့ နုနယ်ပျိုမျစ်ခြင်းတွေကို ကြည့်ပြီး များလားတဲ့ဆံပင်ဖြူတွေကို မသိချင်ယောင်ဆောင်… ဖြူသီ့သီချင်းထဲကလို ပိုလာတဲ့အသားတွေကို ဥပေက္ခာပြုရင်း တို့ လဲလေ အဲဒီခေတ်ကလို့ ဖြေသိမ့်တွေးတွေးရင်း နောက်သုံးရက်ကြာရင် တစ်ပေါင်းရတော့မယ့် သိပ်မလှတော့တဲ့ အသက်ကို တမင်မေ့ဖို့ ကို ဒီပို့ စ်ကို ရေးရခြင်းဖြစ်ပါတယ်…။ သည်းခံဖတ်ပေးသူများအားလုံးကျေးဇူးပါ။



စာရေးပါစာရေးပါလို့ တိုက်တွန်းကြတဲ့ တို့ နဲ့ ခေတ်တူ ချစ်သူငယ်ချင်းတို့ အတွက်အမှတ်တရ။

တန်ခူး 11:45pm 3-Apr-2013 span>

18 comments:

Anonymous said...

A Ma yae,
It's really nice to see your new post again!

Anonymous said...

အမ..စာပြန်ရေးလို့ဝမ်းသာပါတယ်...


အမရေ...ကိုကိုစိုးသူဆိုပီး ငယ်ငယ်ကတည်းက အသဲစွဲ မင်းသား။ သူမှသူပဲ တမ်းတမ်းစွဲ။
ဖေဖေကအစ တအိမ်သားလုံးသိသလို..ဖေဖေဆို သူ့အခွေထွက်ရင်လဲဝယ်ပေးတယ်။ စိုးသူပုံလှလှလေးတွေ တွေ့ရင် ဝယ်ပေးတယ်။
အိမ်ကအမကလဲ စိုးသူအဖေနဲ့ရင်းနှီးတော့ စိုးသူလက်မှတ်ထိုးထားတဲ့ ပုံတွေဆိုမနည်းဘူး။ စိုးသူပါတဲ့ စတိတ်ရှိုးဆိုလဲမလွတ်တမ်းပဲ....
ဒီလိုနဲ့ စိုးသူ ရီးစားက စိုးမြတ်သူဇာလဲဆိုရော..တခါတည်း မုန်းသွားလိုက်တာ...စိုးသူနိုင်ငံခြားထွက်ပီး ပြန်လာခါနီးအထိပဲ...
ဒါပေမဲ့ သူ့သီချင်းတွေကိုတော့ ကြိုက်နေတုန်းပဲ။
မြန်မာမင်းသားဆို သူ့တယောက်ထဲကိုပဲ ကြိုက်ခဲ့ဘူးတာ...သူ့နောက် ဘယ်သူ့မှမကြိုက်တော့ဘူး။
အခုသူပြန်လာတဲ့အခါ...အရင်တုန်းကလိုပဲ ကိုင်လှုပ်နိုင်စွမ်းရှိနေဆဲပဲ။ သူ့ကို ကြိုက်နေဆဲပဲ....
သူ့ပုံတွေ တတ်နိုင်သမျှ ရှယ် လိုက် လုပ်နေတာ..သူ့နေ့ကလဲ အွန်လိုင်းကနေကြည့်ဖြစ်ပေမဲ့......

အမရေ.... ကကျနော် အရင်လို အပျိုမဟုတ်တော့တဲ့အခါ...အိမ်ကချစ်ချစ်က သိပ်မကြည့်ရဘူးဆိုလို့..... ဒီနေရာမှာ လာရင်ဖွင့်သွားတယ်...
မှတ်ချက် သူမသိအောင်တော့ ခိုးကြည့်တာပေါ့..သ
ူ့အပြုံးလေးမြင်ရင်ကို ကျေနပ်တယ်.. သူပြသွားတဲ့နေ့က တအိမ်လုံး ကျနော့်ကို သတိရနေကြတာ... ကျနော့်ရဲ့ စိုးသူ။


ဟီးဟီး... ချစ်ချစ်ကြီး ဒီဘလော့မဖတ်ပါစေနဲ့...


မျိုးနပ်

Anonymous said...

စိတ်ချင်းဆက်နေတယ်ဆိုတာ ပြောစရာမလိုဘူးလေနော့...
:P

Maung Myo said...

ကျနော်လည်း ၄၀ ကျော်လောက်ကျ ကျနော်တို့ခေတ်က မင်းသား မင်းသမီးတွေအကြောင်းရေးအုံးမှး)


အဆက်ဖြတ်တဲ့အကြောင်းတော့ မပြောချင်တော့ပါဘူး စိတ်တောင်မကောင်းဖြစ်လို့ နေနိုင်ရက်ကြလေခြင်းးး :(

ponyate said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ အစ်မရေ။ အစ်မလည်း နုမှာပါ။ ;)

သက်ဝေ said...

တန်ခူးရေ... တခေတ်ထဲ အတူတူမို့ စာဖတ်ရင်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေမိတယ်... မွေးနေ့နားနီးလို့ သတိရနေတာ...
ဘာလေးပဲ ရေးရေး... စာပြန်ရေးဖြစ်တာ အလွန်ဝမ်းသာ...း-)

သက်ဝေ said...

တန်ခူးရေ... တခေတ်ထဲ အတူတူမို့ စာဖတ်ရင်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေမိတာ...
မနက်ကပဲ သတိရနေသေးတယ် မွေးနေ့နား နီးနေပြီ လို့...း-)
ဘာလေးပဲ ရေးရေး စာပြန်ရေးဖြစ်တာ သိပ်ဝမ်းသာတယ်... နောက်ပိုစ့်တွေ မျှော်နေမယ်နော်...း-)

သက်ဝေ said...

တန်ခူးရေ... တခေတ်ထဲ အတူတူမို့ စာဖတ်ရင်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေမိတာ...
မနက်ကပဲ သတိရနေသေးတယ် မွေးနေ့နား နီးနေပြီ လို့...း-)
ဘာလေးပဲ ရေးရေး စာပြန်ရေးဖြစ်တာ သိပ်ဝမ်းသာတယ်... နောက်ပိုစ့်တွေ မျှော်နေမယ်နော်...း-)

pandora said...

မတန်ခူးပုံလေးလည်း ထည့်ပေးသင့်တာ

အိမ့်ချမ်းမြေ့ said...

စာပြန်ရေးတာ ဝမ်းသာလိုက်တာ..
ဟိုတစ်လောကပဲ အစ်မ ဟင်းစပ်တွေ လိုက်ရှာနေသေးတယ်.. ပိုစ်အဟောင်းတွေ အကုန်ဝင်မွှေတယ်...။

စိုးသူကိုမြင်တော့ တော်တော်လေး အားတက်သွားတယ်..
သူတောင် 47 မှာ ဒီလောက်နုရင်... ဆိုပြီး...
တော်တော်လေးကို အားတက်မိပါတယ် မရေ...

သတိရလျှက်..
မလေး

Anonymous said...

မတန်ခူး..။
သတိရနေတယ်နော်..။
ပေါက်

kay said...

နှစ်နဲ့ ချီပြီး ငြိမ်နေတဲ့..မတန်ခူး ရဲ့ နှလုံးသား..( အဲ ) လက်များကို...စိုးသူ က..လှုပ်နှိုး လိုက်ပါပြီကော..။း)

သူတို့လို နုအောင် ဘယ်လိုလုပ်ရမလဲ.. နည်းလည်း ရှာရေးပေးပါ။း)

tg.nwai said...

အားတက်စရာကြီးပဲ....ဟဲဟဲ....။
တန်ခူးလည်း လှတုန်း နုပျိုတုန်း ဟိုး အရင်တုန်းကလိုပဲ ချစ်စရာကောင်းနေတုန်းပဲ....:)
နောက်ပို့စ်တွေ မျှော်နေမယ်နော်....စွယ်တော်ရိပ်ထဲမှာ အာအိုင်တီသွေးလေးကို သိမ်းထားရလို့ ကျေးဇူးတင်တယ် တန်ခူးရေ...

မေဓာဝီ said...

အမတန်ခူးရေ ... ညီမကတော့ စိုးသူ ကျော်သူထက် ပြေငြိမ်းကို ပိုပြီး သဘောကျခဲ့တာ။ ပြေငြိမ်းသေသွားလို့ ငိုလိုက်ရတာ အမောပဲ :(
အမပို့စ်လေးဖတ်ပြီး အရင်ခေတ်ကို ပြန်လွမ်းသွားတယ်။
စာပြန်ရေးလို့ ၀မ်းသာပါတယ် ... ။

မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေနော် အမတန်ခူး ... ။
အမလဲ အမြဲ နုပျိုလန်းဆန်းနေပါစေ ... ။

ချစ်တဲ့
မေ

Anonymous said...

အစ်မတန်ခူးရေ..
စာပြန်ရေးတာ ဝမ်းသာလိုက်တာ....။
ကိုစိုးသူကြီးကို ကျေးဇူးတင်ရမယ်


စင်စင်

တန်ခူး said...

နာမည်မချန်ထားရစ်ပေမယ့်လဲ တကူးတကလာဖတ်တာကျေးဇူးပါ...
ညီမလေးမျိုးနပ်(အင်းပြောင်းပြန်လှန်မခေါ်တော့ပါဘူး... ချစ်ချစ်ကြီးသိသွားမှဖြင့်)... ညီမချစ်ချစ်က စိုးသူထက်သာပါတယ်...
ဟုတ်ပXXXရေ... အမဖြင့်အံ့သြရော...
အဆက်ဖြတ်တာမဟုတ်ပါဘူးမောင်မျိုးရေ...အဲဒီအကြောင်းအီးမေးလ်ပို့ ထားတယ်နော်... ဖတ်ကြည့်လိုက်...
ညီမလေးပုံရိပ်ရေ... ဆုတောင်းလေးအတွက်ကျေးဇူးပါနော်... အမက မနုလို့ နုတာတွေရှာရေးတာပေါ့ညီမရေ...
သက်ဝေရေ... အမြဲတမ်းအားပေးတာကျေးဇူးပါနော်... စာရေးတာတင်မဟုတ်ဘူး...အရာအားလုံးကိုပါ...
လူတွေထွက်ပြေးအောင်မလုပ်ပါနဲ့ ပန်ရယ်... please take care nyima...
ညီမလေးအိမ့်ရေ... စာအဟောင်းတွေလာဖတ်တာကျေးဇူးပါနော်... အမညီမလေးကဘယ်အသက်ရောက်ရောက်အမြဲနုပျိုချစ်စရာကောင်းနေမှာပါ...
ပေါက်ရေ... အမကအမြဲလွမ်းနေတာ...
ကေရေ... ရှူးတိုးတိုး... အိမ်ကချစ်ခင်ပွန်းကြားသွားမစိုးလို့ ...ဟိဟိ... အပူအပင်ကင်းရင်နုပျိုမယ်ထင်ရဲ့နော်... ဒါပေမယ့် အပူတောထဲက မထွက်နိုင်ဖြစ်နေတယ်...
မ ရေ...ကိုယ့်ညီမလေးကို အားပေးတာကျေးဇူးပါ... တို့ မမလဲ အမြဲချစ်စရာကောင်းနေတာပါ...
ညီမလေးမေရေ... အမလဲပြေငြိမ်းအရမ်းကြိုက်...အင်း...ကြိုက်တာတွေလဲအတော်များရဲ့နော်... အမဆိုတနှစ်လောက်အထိမသေပဲဘယ်ကပေါ်လာမလဲမျှော်နေမိသေးတာ..
ညီမလေးစင်စင်ရေ...စာပြန်ရေးမလို့ စဉ်းစားနေတာကြာပြီညီမရဲ့... သိပ်လေးလေးကြီးတွေနဲ့ မစချင်တာနဲ့ ပေါ့ပေါ့ပါးပါးလေးက စလိုက်တာ...

ကလိုစေးထူး said...

မတန်ခူးကို မှတ်မှတ်ရရ သတိရစွာနဲ့ကို လာဖတ်သွားပါတယ်။

အိမ့်ချမ်းမြေ့ said...

အောက်ဆုံးက ကိုစေးထူးကော့မန့်တွေ့ရတာ...
အချိန်တွေ ဟိုးနောက်ကို ပြန်သွားလိုက်သလိုပဲ...

သူက အစ်မတန်ခူးကိုပဲ နှုတ်ဆက်တယ်ရယ်..း))