
မောင်ပေးတဲ့ခွန်အားတွေ ကျွန်မသွေးကြောတွေထဲ စီးဝင်သွားတဲ့အခါ
မောင့်ကိုပေးဖို့ ခွန်အားတွေ ပိုလို့ အသစ်မွေးဖြစ်တယ်…
မောင်ပေးတဲ့သစ္စာတရားတွေ ကျွန်မနှလုံးသားထဲ ပျော်ဝင်သွားတဲ့အခါ
မောင့်အတွက်ကျွန်မသစ္စာတရားတွေ ပိုလို့ အမြစ်ခိုင်ကျန်းမာသန်စွမ်းကြတယ်…
မောင်ပေးတဲ့နားလည်မှုတွေ ကျွန်မနေ့ ရက်တွေထဲ ပေါင်းစည်းသွားတဲ့အခါ
မောင့်နေ့ ရက်တွေထဲ ကျွန်မနားလည်မှုတွေ ပိုလို့ စဉ်ဆက်မပြတ် စီးဆင်းသွားတယ်…
မောင်ပေးတဲ့အေးမြမြမေတ္တာတွေ ကျွန်မကိုယ်ထဲ စိမ့်ဝင်သွားတဲ့အခါ
မောင့်ကိုယ်ထဲ ကျွန်မမေတ္တာတွေ ပိုလို့ ပေါများဖိတ်လျံလို့ သွားတယ်…
မောင့်ဖြစ်တည်မှုအတွက် ကျွန်မပါရမီဖြည့်တဲ့အခါ
ကျွန်မဖြစ်တည်မှုအတွက် မောင်ကနဘေးမားမားရပ်လို့ နေတယ်…
တန်ခူး
3:50pm 25-Oct-2011
(ချစ်ခင်ပွန်း=ချစ်သူငယ်ချင်း=ချစ်လေးလေး=မောင့်မွေးနေ့ အမှတ်တရ နှလုံးသားနှင့် ရေးဖွဲ့ သည်)
13 comments:
ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တချို့ကို ခံစားလိုက်ရတယ်။
ခင်မင်စွာဖြင့်
ရတနာ
နှလုံးသားနဲ့ ရေးတဲ့စာ...
ချစ်တဲ့ တန်ခူးနဲ့ တန်ခူးချစ်သော မောင်နဲ့ အတူတကွ လှပတဲ့ မိသားစုဘဝလေး နှစ်ပေါင်းများစွာတိုင် ခိုင်မာပါစေ...။
မောင့်ကို ပြောလိုက်ပါ... Happy Birthday လို့...း))
စာတိုတိုလေပေမယ့် နှလုံးသားနဲ့ ရေးတာကြောင့် တကယ့်ကို သိင်္ဂါရ ရသမြောက်တယ် အမတန်ခူးရေ ...။
အမရဲ့ ချစ်ခင်ပွန်း=ချစ်သူငယ်ချင်း = ချစ်လေးလေး = ချစ်သောမောင်ရဲ့ မွေးနေ့မှသည် နေ့ရက်တိုင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ...
ကိုင်းကျွန်းမှီ..ကျွန်းကိုင်းမှီ
တစ်ဦးကမေတ္တာ.တစ်ဦးကစေတနာဆိုတဲ့
ဆိုရိုးစကားအတိုင်း..မျှတလိုက်ဖက်တဲ့
စုံတွဲလေးပါပဲလားနော်း)
မွေးနေ့နဲ့အတူ..ထာဝရ..သက်ရှည်ကျန်းမာစွာ
ချစ်ခင်သွားနိုင်ပါစေရှင် ...
နှလုံးသား နဲ့ ရေးတဲ့စာကို
နှလုံးသား နဲ့.. ကြည်ကြည်နူးနူး ဖတ်သွားပါတယ်
Happy Birthday အစ်ကိုကြီးရေ
ချစ်စရာကဗျာလေးနဲ့ သိပ်ကြည်နူးနေမယ်ထင်ပါ့း)
နှလုံးသားနဲ့ရေးဖွဲ့မှုလေးကို ဖတ်သွားပါတယ် လေနုအေးရေ..
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အဖိုးတန်တဲ့ မေတ္တာတရာတွေကိုခံစားလိုက်ရပါတယ်။
Happy Birthday to your love one :)
အမှတ်တရတွေနဲ့ ပျော်ရွှင်ဖွယ်မွေးနေ့ပါ
Happy birthdayပါ..အစ်ကိုကြီးမောင်..။
:D
မောင့်ကျွန်မ
ကျွန်မရဲ့မောင်က ဖတ်ပြီး ပြုံးပြုံးကြီး လုပ်နေမှာ မြင်ယောင်သေး။
နောက်ကျနေပေမဲ့ ဆုတောင်းပေးလိုက်တယ်။
Happy Birthday my friend, ATN. မောင့်ကျွန်မနဲ့ သားသားလေးနဲ့တူတူ ပျော်ရွှင်ပါစေ။
မလေး သတိရစွာလာလည်သွားပါတယ်ရှင်..
စာမရေးတော့ဘူးလား မရေ...
မင်္ဂလာနှစ်သစ်ပါနော်...
Post a Comment