Thursday, May 13, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁)


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ် (၁) ထွက်ပါပြီ။ ဒီတပါတ် သံလွင်အိပ်မက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုးတခုဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှု… စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသားပေး ရေးသားဖေါ်ပြထားတာကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ အက်ဆေးလေး တပုဒ် ပါပါတယ်…။
အက်ဆေးလေးရဲ့ နာမည်က မင်းချစ်သူ ကိုယ့်အကြောင်း ပါ။
ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။



မင်းချစ်သူ ကိုယ့်အကြောင်း

ချစ်သူရေ...
တို့နှစ်ဦး ထူထောင်ကြတော့မယ့် ဘ၀မှာ… အတက်အကျ၊ အချိုးအကွေ့တွေ ဘယ်လိုပြောင်းပြောင်း ခုလိုပဲ သနပ်ခါးပါးကွက်လေးကို အမြဲ အမြတ်တနိုး ရှိတတ်ပါစေချစ်သူ... ပတ်ဝန်းကျင်က အရောင်တွေ ဘယ်လောက်များများ ပကတိဖြူစင်တဲ့ တို့ဘ၀လေးကို အမြဲမပွန်းပဲ့ မစွန်းထင်းအောင် ထိန်းသိမ်းတတ်ပါစေ ချစ်သူ… တို့နှစ်ယောက်ရဲ့ မျိုးဆက်သစ်လေးတွေကို တို့ရဲ့ ဘ၀တန်ဖိုးဖြတ်တတ်မှုတွေ အမွေပေးရင်း တို့နှစ်ယောက်ရဲ့ အချစ်အိမ်လေးထဲကို ငြိမ်းချမ်းမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ တစတစ တိုးအောင် အတူထူထောင်ကြစို့လားချစ်သူ… အဆင်သင့်ဖြစ်ရင် မင်းသိထားသင့်တဲ့ မင်းချစ်သူ ကိုယ့်အကြောင်း နဲနဲလောက် နားထောင်ပေးပါလား ချစ်သူ….

တကယ်တော့ မင်းသိထားတာက ကိုယ့်ဘ၀ရဲ့တခြမ်းထဲကိုပါချစ်သူ… ဘ၀တလျှောက်လုံး လက်တွဲမယ်လို့ ဆုံးဖြတ်ထားသူတယောက်အတွက် ကိုယ်ဟာ မင်းအပေါ် ဘယ်လောက်များ တရား မမျှတလိုက်သလဲကွယ်… ဒီတော့ ကိုယ့်ဘ၀ရဲ့ တခြားတခြမ်းကို မင်းသိအောင် ပြောပြပါရစေ မိန်းကလေးရေ…

----------
--------------------
------------------------------
အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။


(ကိုယ့်အက်ဆေးလေးကို တခုတ်တရ ရွေးခြယ်ပေးတဲ့ သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့ ရယ်၊ လက်ရာမြောက်တဲ့ သရုပ်ဖော်ပုံလေးကို စေတနာအပြည့်နဲ့ ရေးဆွဲပေးတဲ့ ချစ်တဲ့ညီမလေးပန်နဲ့  အရမ်းအလုပ်များနေတဲ့အတွက် ဒီပို့ စ်လေးတင်ဖြစ်အောင် ကူညီပေးတဲ့ ချစ်တဲ့သူငယ်ချင်း သက်ဝေတို့ ကို အရမ်းကို ကျေးဇူးတင်ပါတယ်)



တန်ခူး
9:56pm 13-May-2010

5 comments:

ဇွန်မိုးစက် said...

ကိုယ်ကျင့်သီလတရားချမ်းသာမှုဟာ ငွေကြေးပြည့်စုံကြွယ်ဝမှုထက် အဆပေါင်းများစွာ တန်ဖိုးရှိကြောင်း ထည့်ပေးသွားတဲ့ message လေးကို နှစ်ခြိုက်သဘောကျမိပါတယ် မရေ။

kay said...

မတန်ခူး... ရိုးရိုးလေး နဲ့ ဆန်းတယ်...း)

sonata-cantata said...

မိဘကြောင့် အရိပ်မဲ အုပ်မိုးခံနေရတဲ့ သားသမီးတွေရဲ့ ဘ၀ ခံစားချက်ကို အတွေးတွေ ဆက်သွားလို့... မှီရာအရပ်ကပဲ ရပ်တန်းက ရပ်လိုက်ပါတယ် တန်ခူးရေ...

သက်ဝေ said...

ချစ်တဲ့ တန်ခူးရေ...
အလုပ်များနေတယ် ထင်တယ်...
အားရင် အပျင်းပြေ ရေးရအောင် တက်ဂ်ထားတယ်...
က ကြီး ကနေ အ အထိ တဲ့...း))

tg.nwai said...

ဒီထဲက မိခင်ဖြစ်သူကို ချီးကျူးပါတယ်။ ဇနီးမောင်နှံဆိုပေမယ့် အတွေးအမြင်ခံယူချက်ချင်း တသားတည်းကျဖို့က မလွယ်လှဘူးနော်...အခုလို ရုပ်ဝတ္ထုတွေနဲ့ တန်ဖိုးဖြတ်နေတဲ့ခေတ်မှာ ဒီပို့စ်လေးဖတ်ရလို့ ကျေးဇူးတင်ပါတယ် တန်ခူးရေ.. :)