Monday, June 14, 2010

ဘလော့ပေါ်က မောင်နှမများ (က မှ အ)

ဘလော့နဲ့ ဝေးနေလိုက်တာ အတော်ကြာနေပါပြီ။ ဘာကြောင့်အဲဒီလောက် အကြာကြီးဝေးနေရခဲ့သလဲဆိုတာ နောက်တော့ ရှင်းပြပါ့မယ်။ တာဝန်မကျေဆုံး ဘလော့ဂါတယောက်ကို အမှတ်တရ ဘလော့သူငယ်ချင်းတွေထဲ ထည့်ပြီး တက်ဂ်ပေးတဲ့ သံယောဇဉ်ကြီးလွန်းတဲ့ ချစ်သူငယ်ချင်းသက်ဝေကို ကျေးဇူးပါ။ အတော်နောက်ကျမှ ရေးဖြစ်တာကို သက်ဝေနားလည်ကောင်းပါရဲ့နော်။ ခုလို စိတ်ရှည်ရှည်နဲ့ စောင့်ပေးတာ ကျေးဇူးပါ။ ဘလော့နဲ့ အနေဝေးလို့ များ မေ့သွားမယ်လို့ ထင်သလား ရောင်းရင်းတို့ ရေ။ အားလုံးကို ရင်ထဲအမြဲလွမ်းနေတယ်ဆိုတာ မယုံရင် သက်သေပြမယ်နော်။

က - ခံစားချက်တွေကို ထိထိမိမိစကားလုံးတွေနဲ့ ပုံဖော်တတ်တဲ့၊ ဝေါဟာရတွေကြွယ်ဝလွန်းတဲ၊ ကဗျာရေးကောင်းတဲ့ ကောင်းကင်ကို ကဗျာတွေကို လွမ်းသလို၊ အရေးအသားသွက်တဲ့ ကိုကလိုစေးထူးရဲ့ နဂျယ်ကောင်လေးကိုလဲ သတိရတယ်။ အရေးခက်တဲ့ သရော်စာတွေ ထိထိမိမိရေးတတ်တဲ့ ကိုပေါရဲ့ ပိတောက်ရိပ်အောက် တခေါက်လောက်တော့ အလည်ရောက်ချင်သေးရဲ့။ ထူးခြားထက်မြက်တဲ့၊ ဗဟုသုတစုံလင်တဲ့၊ စာပေးဝမ်းစာပြည့်ဝတဲ့… ပြီးတော့ ယုံကြည်ချက်တွေပြင်းထန်စူးရှတဲ့ ညီမလေးကေရဲ့ ရည်ရွယ်ချက်ကောင်းတဲ့ တွေးစရာပို့ စ်လေးတွေကို တသသလွမ်းတယ်။

ခ - ရင်ဘတ်ချင်းတူတဲ့ အမကြီးခင်မင်းဇော်ကို ရင်ဘတ်ထဲက နင့်နင့်သီးသီးလွမ်းတယ်။ စတိုင်ထူးတဲ့ မခင်ဦးမေ စာတွေဖတ်ပြီး ပြုံးပျော်ကြည်နူးချင်တယ်။ ရင်ဘတ်ထဲရှိတဲ့အတိုင်း ချပြတတ်တဲ့ ပွင့်လင်းတဲ့ ညီမလေးခွန်မြလှိုင်တင်မက… သူ့ သမီးလေးလဲလွမ်းတယ်။ မကြာသေးခင်ကမှ ကောက်ရလိုက်ပေမယ့် ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလို ရင်းရင်းနှီးနှီးရှိလွန်းတဲ့ အမချစ်ကြည်အေးရေ… လွမ်းတယ်။

ဂ - ဘလော့ပေါ်က ပျောက်သွားလိုက်တာ အတော်ကြာနေပေမယ့် ပြန်ရောက်လာဦးမလားလို့ မျှော်နေမိသေးတယ် ညီမလေးဂျစ်တူးရေ။

င - ထူးခြားတဲ့ ကဗျာတွေ၊ ထူးခြားတဲ့ အတွေ့ အကြုံတွေကို ရေးတတ်တဲ့ ကိုငြိမ်းဝေဘလော့လေးလဲ လွမ်းတဲ့အထဲပါတယ်။

စ - အပြင်မှာ သံယောဇဉ်ကြီးသလိုပဲ ဘလော့ပေါ်မှာလဲ သံယောဇဉ်ကြီးတဲ့ လေးစားချစ်ခင်ရတဲ့ မောင်နှံ ဆရာကိုဧရာနဲ့  ချစ်တဲ့မမသီတာတို့  စိုနားတားလေးကိုလဲ အတော်ကြီးကိုလွမ်းမိတယ်။

ဆ - အပြင်မှာ စိတ်ထားလေးချို၊မျက်နှာလေးချိုသလို စာချိုချိုလေးတွေရေးတတ်တဲ့ စာလေးတွေဖတ်ရင်း သူငယ်ချင်းမျက်နှာလေး မြင်ယောင်လာတတ်တဲ့ ဆွိရေ… လွမ်းတယ်ဆွိရယ်။

ဇ - မမြင်မတွေ့ ဖူးပေမယ့် မောင်လေးနဲ့ ညီမလေးလို စိတ်ထဲက ချစ်ရတဲ့ ကိုဇနိနဲ့ မဇနိ။ တခါတခါအရမ်းလွမ်းမိတယ်။ တခြားနာမည်လေးနဲ့ များရေးနေမလား၊ ကိုယ်ပဲမသိတာများလားလို့  မကြာမကြာစဉ်းစားမိသေးတယ်။ ပင်လယ်ခြားနေတဲ့ နှလုံးသားလေးတွေပေါင်းဆုံသွားကြပြီဆို ၀မ်းသာရအောင် အီးမေးလ်ပို့ ဦးနော်။

ည - နာမည်လေးစကြားကာစကတည်းက ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ လမင်းမိုမို ဇာတ်ကောင် ညလေးလို ချစ်စရာလေးနေမှာလို့  ပုံဖော်ကြည့်နေမိတာ။

တ- တကျောင်းထဲထွက်တဲ့ မောင်နှမ… ခရီးသွားဆောင်းပါးလေးတွေ အရေးကောင်းတဲ့ ကိုတောင်ငူတယောက် ဘာဆောင်းပါးလေးတွေများရေးနေမလဲလို့  သတိရမိသား။

န - ချစ်သမီးလေးတဖြေးဖြေး ပိုပိုချစ်ဖို့ ကောင်းလာတာကို နုကိုလွမ်းတိုင် အလွမ်းပြေဓာတ်ပုံလေးတွေ သွားသွားငေးရတယ် နုရေ။ စာတပုဒ်ဖတ်မိတာနဲ့  နောက်ပို့ စ်တွေ မရပ်တမ်းဖတ်ချင်လောက်အောင် စာအရေးကောင်းတဲ့ မေဂျာတူ၊အတန်းငယ်၊တကျောင်းထဲထွက်တဲ့ ကိုနဗနရဲ့ ပို့ စ်တပုဒ်လောက်ဖတ်လိုက်ရရင် စိတ်ဖိအားတွေအတော်လျော့သွားတတ်မို့ … ဖတ်ချင်မိတယ်။

ပ - လက်ဖျားခါလောက်အောင် ကလောင်သွားထက်လွန်းတဲ့ ညီမလေးပန်ဒိုရာရဲ့လက်ရာ ကဗျာတပုဒ်ကို တခါတခါအာသီသဖြစ်တတ်တာ မဆန်းပါဘူးနော်။ အရေးကျဲပေမယ့် ရေးသလောက် ရင်ထဲစွဲတဲ့ ပို့ စ်တိုင်းမှာ messageလေးတခုမဟုတ်တခုပေးတတ်တဲ့ ညီမလေးပုံရိပ်ရဲ့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ စာလေးတွေလဲ လွမ်းတယ်။ သူ့ ပို့ စ်လေးတွေ ဖတ်ရတိုင်း ကော်မန့် အပြန်အလှန်ပေးတိုင်း ညီမလေးတယောက်လို ရင်းရင်းနှီးနှီးကြီးကို ခံစားရလွန်းတဲ့ ပေါက်… ချန်ချန်လေးနေကောင်းလားညီမရေ။ ဓာတ်ပုံအရိုက်တော်သလို၊ စာလဲအရေးကောင်းတဲ့ ကိုပီတိကိုတော့ (သက်ဝေစကားနဲ့ ပြောရရင်) နှစ်ကျပ်ခွဲတွေတွေ့ တိုင်း သတိရမိပါရဲ့။

မ - နေ့ တနေ့  ရဲ့ အစကို မေ့စာလေးတွေနဲ့ စတတ်တာမို့  ဘလော့နဲ့ ဝေးနေတဲ့ အချိန် မေ့စာတွေနဲ့ ဝေးနေတဲ့အချိန် ရင်ထဲမှာ ဟာတာတာကြီး ညီမလေးမေဓာဝီရေ။ ဘယ်လောက်ပဲ စိတ်တွေနောက်ကျိရှုပ်ထွေးနေပစေ ဖြူစင်လွန်းတဲ့ ပို့ စ်လေးတွေ ရေးတတ်တဲ့ ညီမလေးချိုသင်းရဲ့ ပို့ စ်လေးတွေကြောင့် စိတ်တွေကြည်လင်သွားတတ်တာမို့  ခုလို စိတ်တွေ ရှုပ်ထွေးနေချိန်မှာ ချိုသင်းပို့ စ်လေးတပုဒ်ကို စိတ်ခွန်အားရအောင် ဖတ်ချင်မိတယ်။ စာတွေကတဆင့် ရင်ထဲကို ထိုးဖောက်မြင်ရလောက်အောင် ပွင့်လင်းလွန်းတဲ့ ဟိုးအရင်ကတည်းက စွဲလန်းခဲ့ရတဲ့ မမမေငြိမ်းရဲ့ စာတွေကို စိတ်အေးလက်အေးလေး ဖတ်ခွင့်ရချင်လိုက်တာ။ စာအေးအေးလေးတွေကို အတွေးအခေါ်ကောင်းလေးတွေနဲ့  တည်တည်ငြိမ်ငြိမ်လေးရေးတတ်တဲ့ ညီမလေးမီယာကိုလဲ လွမ်းတယ်။ ပြီးတော့… မောင်လေးအရင်းတယောက်လို ခင်မင်ရတဲ့ မောင်လေးမောင်မျိုးရဲ့ အဖြူထည်စာလေးတွေလဲ ဖတ်ချင်သေးတယ်။

ယ - နာမည်လေးတွေ ဘယ်လောက်ပြောင်းပြောင်း မြတ်နိုးဆိုတဲ့ နာမည်လေးကို ရင်ထဲစွဲပြီး ရင်းနှီးနေမိတာ အထူးဆန်းသားလားယုယမြတ်နိုးရေ။ မြတ်နိုးဆိုတဲ့ နာမည်လေးပြန်သုံးတော့ ရင်ထဲပျော်မိသွားတာအမှန်ပဲ။ ရိုးသားဖြူစင်လွန်းတဲ့ ညီမရဲ့ စာလေးတွေရော ညီမကိုပါလွမ်းမိတာ ယုံတယ်ဟုတ်။

ရ - အသက်ငယ်သလောက် စာအရေးကောင်းတဲ့ ဘလော့ဂါတွေထဲမှာ တယောက်အပါအ၀င်မို့  ဘလော့မရေးတော့တာကို နှမျောမိပါရဲ့ရွာသားရေ။ လေးနက်တည်ငြိမ်တဲ့ စာငြိမ်ငြိမ်လေးတွေ ရေးတတ်တဲ့ ညီမလေးရွှေပြည်သူရဲ့ အပြုံးချိုချိုလေးကိုလဲ သတိရတယ်။ ထူးထူးခြားခြား မွေးနေ့ တူတဲ့ ညီမလေးရီတာဆီလဲ အလည်ရောက်ချင်သေးတယ်။

လ - ဘလော့ဂါတွေထဲမှာ အိမ်နီးချင်းအဖြစ်ချင်ဆုံးကတော့ ညီမလေးလုလု။ အဲဒါမှ အိမ်ရှင်မပီသလွန်းတဲ့ သူ့ လက်ရာတွေ သင်ယူလို့ ရမှာလေ။ ညီမရေ… အရင်ကဆို ဘာချက်စားရင်ကောင်းမလဲလို့  ဦးနှောက်စားနေရင် ထွက်ပေါက်ပေးတတ်တဲ့ ညီမလေးဆီ (အပြင်အစားအစာတွေကို မချစ်သော်လဲ အောင့်ကာနမ်းနေရတဲ့ဘ၀မို )့ မရောက်တာတောင် အတော်ကြာပြီကော။လွမ်းတယ်။

ဝ - ကဗျာထဲက ပန်းလေးတပွင့်ရနံ့ ကို ရလိုက်သလို ကဗျာထဲက လိပ်ပြာလေးတကောင် တောင်ပံခတ်သံကြားလိုက်သလို… ခေတ်စကားနဲ့ ပြောရရင် 3Dရုပ်ရှင်တကားကြည့်ရသလို အသက်ဝင်လွန်းတဲ့ ကဗျာလေးတွေရဲ့ ဖန်တီးရှင် ကိုဝေလင်းလေ… ကဗျာတပုဒ်လောက်။

သ - သံယောဇဉ်သီချင်းကို ချစ်တဲ့ သူငယ်ချင်းတွေအပေါ်သံယောဇဉ်ကြီးတတ်တဲ့ ချစ်သူငယ်ချင်းသက်ဝေရေ… ဒီတက်ဂ်ပို့ စ်လေးကို ရေးရတာ ဟိုတနေ့ က သက်ဝေထည့်ပေးလိုက်တဲ့ ဖာလူဒါလေးသောက်လိုက်ရသလို သက်ဝေသံယောဇဉ်တွေကို ခံစားနားလည်ရလို့  ပိုလို့ ချစ်မိတယ် သက်ဝေရေ။ အလုပ်တဘက်နဲ့  အိမ်ရှင်မတာဝန်ကျေသလို၊ ဘလော့ဂါတာဝန်လဲကျေတဲ့ သက်ဝေကို အားကျမိတယ်… တကယ်။ အမအရင်းတယောက်လို ချစ်ရတဲ့ မမသီင်္ဂီရဲ့ နွေးထွေးတဲ့အိမ်လေးကို အပြေးလေးသွားချင်မိတယ်။ လွမ်းလို့ ပါ။ ချစ်စရာအပြင်အဆင်လေးတွေနဲ့  ထူးခြားတဲ့ အတွေးအခေါ်လေးတွေပါတဲ့ ပို့ စ်လေးတွေရေးတတ်တဲ့ သီချင်းအေးအေးလေးတွေနဲ့ ကြိုဆိုတတ်တဲ့ ညီမလေးသုနှင်းဆီ(မွန်)ကိုလဲ လွမ်းတယ်။ ပြီးတော့.. ပန်းချီတော်၊အကတော်၊စာရေးတော်၊ ကဗျာစပ်တော်… အနုပညာမှာ ဘက်စုံတော်လွန်းတဲ့ ကိုသစ်နက်ဆူးရဲ့ အနုပညာလက်ရာလေးတွေ ခံစားချင်မိရဲ့။

အ - သူ့ စာတပုဒ်ဖတ်လိုက်ရရင် စာထဲမှာ ကိုယ်ပါနစ်မျော စီးဝင်ဆွတ်ပျံ့ သွားတတ်အောင် ငြို့ ယူနိုင်လွန်းတဲ့ ချစ်တဲ့စာရေးဆရာမလေး အိမ့်ကိုတော့ အိပ်မက်ထဲက မင်းသမီးလေးလို တဖွဖွသတိရမိတာလဲ အဆန်းလား။ သူ့ မိသားစု၊ ကိုယ့်မိသားစု ဘလော့ပေါ်မှာ အတွေ့ အကြုံတွေဖလှယ် ရင်သွေးတွေအပေါ်ရင်ခုန်သံတွေ ကာရံညီကြတဲ့ ကိုအန်ဒီရဲ့ မိသားစုဘလော့လေးဆီလဲ အလည်ရောက်ချင်တယ်။ ခံစားမှုတွေလွှမ်းထုံနေတဲ့ ကိုအောင်သာငယ်ရဲ့ အက်ကွဲကွဲကဗျာတွေလေးတွေလဲ ဖတ်ချင်မိတယ်။

အ - အရေးကြီးဆုံးဖြစ်တဲ့ လေနုအေးကို သံယောဇဉ်ကြီးစွာ လာအားပေးကြတဲ့ ချစ်တဲ့စာဖတ်ပရိသတ်ကြီးအားလုံးကို တန်ခူးက အလေးအနက်အလွမ်းဆုံးပါပဲ။

*************************

သံယောဇဉ်ရပ်ဝန်းပေါ်က ဘလော့ရောင်းရင်းတွေကို လွမ်းတဲ့အလွမ်း၊ စာဖတ်သူတွေကို လွမ်းတဲ့အလွမ်းတွေကို ခုလိုရေးခွင့်ရတဲ့အတွက် ချစ်တဲ့သက်ဝေရေ ကျေးဇူးတွေ တပုံကြီးထပ်တင်လိုက်ပါတယ်။ မကြာခင် ပြန်လာဖြစ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။ လာလည်သူများအားလုံးကျေးဇူးပါ။

အရမ်းလွမ်းနေတဲ့
တန်ခူး
11:22am 14-Jun-2010

22 comments:

Ko Paw said...

တ…တန်ခူး၊ လေမှာမြူး။
ပ… ပိတောက်ရိပ်မှာ နားခိုပါ။

တန်ခူးလမှ ပိတောက်တွေ ပွင့်တာဆိုတော့ ကျနော်တို့နှစ်ယောက်ရဲ့ ဘလော့နှစ်ခုက အမည်အားဖြင့် အပြန်အလှန် အထောက်အပံ့ဖြစ်တယ်။ အညမည ပစ္စယော ဟောတု ပေါ့ဗျာ။ လူအမြင်ကတ်အောင် ပါဠိပါဌ်သားလေးတွေ ထည့်ရွတ်ကြည့်တာပါ ဟဲဟဲ။

ဒါထက်…. Praising all alike is praising none…. တဲ့ဗျ။ အားလုံးကို ချီးမွမ်းထားတာ မကောင်းဘူး။ အဲဂလို မဖြစ်လေအောင် ကျနော့်ကို အားလုံးထက် ပိုပိုသာသာလေး ချီးကျူးပေးလိုက်ရောပေါ့ဗျာ….အဟိ။ မိတ်ဆွေအရင်းကြီးပဲဟာကို။

ပို့စ်မဖတ်ခင် ပိတောက်ရိပ်ဆိုတော့ “ပ” မှာ အရင်ပြေးရှာကြည့်လိုက်သေးတယ်။ (အတ္တ…အတ္တ)။အဲသည်မှာ ပန်ဒိုရာကို တွေ့တော့မှ လန့်ပြီး ပို့စ်အစကို အပြေးပြန်လာရတယ်ဗျ။ “ပ” မူပိုင်ခွင့်နဲ့ တရားစွဲနေမစိုးလို့။း-)

Moe Cho Thinn said...

သတိတရ ထည့်ရေးလို့ ကျေးဇူးတင်ပါတယ် မမရေ..
ချိုသင်းကလဲ အမြဲ သတိရနေတာပါ။ ဘလော့ စရေးချိန်တုန်းက အားပေးဖော် စာရေးဖက်မို့ မမစာတွေ အမြဲ မျှော်မိပါတယ်။

သက်ဝေ said...

မိုက်တယ် တန်ခူးရေ...
Good Idea... :))

ခဏ အနေဝေးနေပေမယ့်လဲ ဘလော့ဂ်လေးနဲ့ ဘလော့ဂ့်သူငယ်ချင်းတွေ အပေါ်ရှိနေတဲ့ တန်ခူးရဲ့ သံယောဇဉ်တွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့ ပိုစ့်လေးပါပဲ...

ကိုယ့်ကိုလဲ ချီးကျူးမစောပါနဲ့ တန်ခူးရယ်...
ဘယ်နေ့မှာ အဆူခံရပြီး ဘလော့ဂ်တာ ရပ်သွားမယ် မသိနိုင်ပါဘူး... ကိုယ်လုပ်ချင်တာတွေ သိပ်များနေလို့ နဲနဲတော့ လွန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သိနေပါတယ်... လျှော့မယ်လို့ တွေးနေတာလဲ ခဏ ခဏ...း))

Anonymous said...

ama, good idea.. great post.


thanks for remembering me.:)



Myatnoe

Andy Myint said...

ကျွန်တော့်လို လူမှုရေး မကောင်းတဲ့သူ တစ်ယောက်ကို မှတ်မှတ်ရရထည့်ရေးလိုက်တာ အားတောင် နာသွားတယ်။ ကလေးတွေအတွက်ကတော့ မတန်ခူးကိုပဲ မေးရမှာ။ အထူးသဖြင့် ဘာသာရေးအကြောင်း။ ကလေးတွေက သင်လို့တော့ ရတယ်။ ဦးချတာမျိုး။ (ရုပ်ထုမြင်ရင် ဦးတော်လို့တောင် ထင်နေလို့ ခက်နေတယ်။) ဒါပေမယ့် ပါရမီအခံနည်းသလိုမျိုးများ ဖြစ်နေသလားလို့ တကယ်နားလည်အောင် ဘယ်လိုများ ပြုစုပျိုးထောင်ပေးရမလဲဆိုတာမျိုးလေး ရှိရင် မျှပါဦးဗျာ။

Anonymous said...

အ-ထဲမှာ ကိုယ့် နံမည်ပါသွားလို့ ဆွံ့အသွားမိတယ်... ကျနော့်ကဗျာတွေ က အက်ကွဲကွဲတဲ့လား...း)

လေနုအေး... ကား... နော့ဆဲကိုး...

ကျေးဇူးပါ မတန်ခူး...း)

Kay said...

တ- တန်ခူး မတန်ခူး ရေ..
အဲဒီ အိုင်ဒီယာလေး တော့ သဘောကျသွားပြီ။
အခု လို ၀ိသေသ ပြု ပေးတာကိုလည်း.. ကိုယ့်ဖာကိုယ် အသိဆုံး မို့... မျက်နှာပူပူ ထူထူ ပြုံးပြုံးကြီး နဲ့ ကျေးဇူးတင် ရပါတယ် ( ရှူး..ကိုပေါ မကြားစေနဲ့ နော်...း)

စကားမစပ်.. မတန်ခူး ရေးခိုင်းဖူးတဲ့.. K for Kay ဆိုတဲ့ တဂ် ကို မရေးဖြစ်ပဲ.. ခုတော့..နာမည်ကို..အဲအတိုင်း ပြောင်းပြစ်လိုက်ပြီ။ မတန်ခူး ကျေးဇူး...

( အဲ..ကျေးဇူးက..ပါလာပြန်ပြီ.. ရှူးးးးး) :P

မှတ်ချက်.. ကိုပေါကို ခင်မင်စွာ နဲ့ နောက်တာပါ။

Anonymous said...

မကေ...

အမကသေနတ်မိုးပေါ်ထောင်ပစ်ပီးမှ ပစ်ပါဘူးဆိုပီ..ညာတာတော့ ကောင်းပါဘူး။..ဟီးဟီးး

ရန်တိုက်ပေးသွား၏

ချစ်ကြည်အေး said...

အမကို မှတ်မှတ်ရရ မမေ့မလျော့ ထည့်ထားပေးတာ ဝမ်းသာတယ် ညီမတန်ခူးရေ...ဟို ဍဋ္ဌဋဎဠ တို့နဲ့ စတဲ့ ဘလော်ဂါများတွေ့မလားလို့ ဟိဟိ ...:)

သံယောဇဉ်တွေအတွက်....ကျေးဇူးပါ :D

sonata-cantata said...

တန်ခူးရေ အမလည်း ဘလော့ဂ်ပေါ်ကနေပဲ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံနေရသူပါ...
ပျောက်နေ ပျောက်သွားကြရင် လွမ်းပြီး စာမျက်နှာလေးတွေ ဖွင့် ဖွင့် ကြည့်ရင် အလွမ်းဖြေရပါတယ်။

pandora said...

အမှတ်တရ မောင်နှမတွေထဲမှာ စာရင်းတို့ထားလို့ ကျေးဇူးပါပဲ။ ကိုပေါနဲ့ တစ်ဂိုဏ်းတည်း အဲလေ.. တစ်ဖွဲ့တည်း မဖြစ်လိုက်ရတာကိုတော့ စိတ်မကောင်းပါဘူးလေ။ မတန်ခူးက ဘလော့ဂ်ရေးသူရဲ့ နာမည်ကို ယူလိုက်တာကိုး။ :)
ဖြည်းဖြည်းကျဲကျဲ ရေးနိုင်သလောက် ရေးပါလေ။ စောင့်ဖတ်နေဆဲ။

အိမ့်ချမ်းမြေ့ said...

မ...

ဘလောဂါတွေ..စာရေးသူတွေ.. ဖတ်သူတွေနဲ့က လူချင်းသာ မသိကြသော်လည်း အခုလိုမျိုးလေလှိုင်းတွေပေါ်မှာ သံယောဇဉ်တွေဖြစ်နေကြ.. ခင်မင်နေကြ.. (ငြင်းခုံရန်ဖြစ်ကြ..အဲ.. :P) မျိုးက ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်သုံးဆယ်ကဆို အိပ်မက်တောင်မက်ဖြစ်ခဲ့ကြမှာ မဟုတ်ဖူးနော်..

တစ်ကယ့်ကို ဟိုးတုန်းက ရေစက်တွေပဲဖြစ်မယ်။

အဆင်ပြေမှရေးပါ.. တစ်လမှ ၂ပုဒ်ရေးရေး လာဖတ်နေမှာပါ။

PAUK said...

မတန်ခူးကို
မနေ့က ဘလော့ပေါ်က အစ်မတစ်ယောက်ဆီ
စာရေးရင်း သတိရနေတယ်..
(တကယ်ပြောတာပါ..
တကယ်ပြောတာပါ..)

T T Sweet said...

တန်ခူးရဲ့ တက်ဂ်ပို့စ်လေးက ချစ်စရာကောင်းလိုက်တာ ... ကိုယ့်နာမည်လေး မထင်မှတ်ပဲ တွေ့လိုက်ရတော့ အရမ်းပျော်သွားတယ် ... သတိတရရှိတဲ့ တန်ခူးကိုလဲ ပိုခင်သွားတယ် ...
တန်ခူးစာလေးတွေ မဖတ်ရတာကြာတော့ လွမ်းမိသား။

ခွန်မြလှိုင် said...

အမတန်ခူးရေ...

ဘလော့ပေါ်မှာ အရေးကျဲရာက လချီပြီး ပျောက်နေတဲ့ ညီမတယောက်ကို မှတ်မှတ်ရရ ထည့်ရေးထားတာ တွေ့ရတော့ ပျော်လိုက်တာ.. ဘယ်လောက် အလုပ် များများ ခုလို မောင်နှမတွေ ဆုံတွေ့ခွင့် ရနေတဲ့ ဘလော့ရပ်ဝန်းကို ဘယ်မှာ စွန့်ခွာ နိုင်ပါ့မလဲနော်.. နှလုံးသားတွေ နွေးထွေးရင် ဒါဟာလဲ အိမ် မို့လား :)

မေဓာဝီ said...

မရေ ..
နောက်ကျသွားတယ်။
ဒီနေ့မှ စာမေးပွဲပြီးလို့ အပြေးလေး လာခဲ့တာ။
မေ့ နာမည်ကို အမှတ်တရ ထည့်ထားလို့ ၀မ်းသာသွားတာပဲ။
ဟိုးအရင်ကတည်းကစပြီး မေ့ကို အမြဲအားပေးနေတဲ့ မ-ကိုလည်း လွမ်းနေပါတယ်။

မောင်မျိုး said...

လောဘကြီးတာ လောဘကြီးတာ ဒီပို့စ်ကို စဖွင့်လိုက်ထဲက “က” ကိုကြည့်လိုက်တယ် ဘလော့ဂါနာမည်တွေနဲ့ဆိုတော့ ကျော်ပြီး “မ” ကိုကြည့်လိုက်တာ ကျနော့်နာမည်မပါရင်တော့ အစ်မကြီးကို မေးလ်ပို့ပြီး ဂျစ်တိုက်အုံးမလို့ တွေ့သွားတော့ ပျော်သွားတယ်း) ကျေးဇူးပါ ဘယ်လိုပဲ ကျောခိုင်းခဲ့ ခိုင်းခဲ့ ဘလော့ပေါ်က ခင်ရတဲ့ ညီအစ်ကိုမောင်နှမတွေကို မမေ့နိုင်ပဲ ပြန်ပြန်ရောက်လာခဲ့တယ် အဲ့အတွက်လည်း ကျေနပ်တယ် နောင်လည်း ခင်မင်စရာအမှတ်တရတွေရှိနေအုံးမှာပါ ။

rose of sharon said...

အိုင်ဒီယာလေးဆန်းတယ်... ဖတ်လို့ကောင်းတယ်

P.Ti said...

သားကတင်မဟုတ်ဘူး အမေကလည်း အတွေးကောင်းကောင်းနဲ့ရေးထားတာ...

ကျွန်တော်လည်း ဘလော့က မောင်နှမတွေကို သတိရပါရဲ့ ဒါပေမယ့် မအားသေးဘူးဖြစ်နေတယ်... :(

အမ သတိတရရှိလို့လည်း ကျေးဇူးပါ :)

ဇွန်မိုးစက် said...

အစ်မတန်ခူးရဲ့ က မှ အ ရေးသွားတဲ့ စိတ်ကူးလေးကို သဘောကျမိတယ်။

စာတွေ ဆက်ရေးပါနော်။ :)

ကောင်းကင်ကို said...

မတန်ခူးရေ။ ဘလော့လောကထဲ ပြန်အလာကို မျှော်နေမယ်နော်။

ပုံရိပ် said...

စာလည်း ကောင်းကောင်းမဖတ် ဖြစ်တာ ကြာပြီ အစ်မရေ။ ပုံရိပ်ကို သတိတရ ထည့်ရေးထားတာ ကြည်နူးမိပါတယ်။ ရေးဖော်ရေးဖက် သူငယ်ချင်းတွေကို ပုံရိပ်လည်း အမြဲ သတိရပါတယ်။