Monday, April 26, 2010

ကျွန်မနဲ့  ရွှေအမြုတေ




မြန်မာပြည်မှာ ရှိစဉ်က လစဉ်ထုတ်မဂ္ဂဇင်း တော်တော်များများကို ပုံမှန်ဖတ်ဖြစ်ပေမယ့် ဒီရောက်လာတော့ ရွှေအမြုတေမဂ္ဂဇင်းတခုကိုပဲ ပုံမှန်ဖတ်ဖြစ်တော့တယ်။ ရွှေအမြုတေ၊ မဟေသီ၊ ကလျာ၊ လုံမလေး၊ ရင်ခုန်ပွင့်… စတဲ့ မဂ္ဂဇင်းတွေက ငယ်ဖော်တွေပေါ့။ ဒီနေ့  အိမ်ရှင်းရင်းနဲ့  ကျွန်မရဲ့ ရွှေအမြုတေစာအုပ်လေးတွေကို သေချာစီရင်း ကျွန်မချမ်းသာသမျှ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ရင်း ဝေမျှလိုက်ပါတယ်။ ဒီမှာ ကျွန်မဆီမှာ ရှိတဲ့ အဟောင်းဆုံး ရွှေက ၁၉၉၃ခုနှစ်ကပါ။ လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ်ကပေါ့။ ရန်ကုန်အိမ်မှာတော့ ဒီထက်ဟောင်းတဲ့ ရွှေတွေ ရှိပါသေးတယ်။

ကျွန်မဆီက အဟောင်းဆုံးရွှေအမြုတေနဲ့  အသစ်ဆုံးရွှေအမြုတေ




ရွှေအမြုတေကို ဘာကြောင့်ပုံမှန်ဖတ်ဖြစ်သလဲဆိုတော့ အဓိကက ကျွန်မကို ဆွဲဆောင်နိုင်တဲ့ ၀တ္ထုတိုလေးတွေကြောင့်ပါ။ ဖွဲ့ စည်းပုံ သေသပ်တဲ့အပြင် အသက်အရွယ်မရွေးဖတ်နိုင်အောင် စီစဉ်ထားပုံလေးက အတော်လှပါတယ်။ ကျွန်မအိမ်ပြန်ရောက်ရင် ကျွန်မအဖေနဲ့ ရွှေက ၀တ္ထုတချို့ ကို တခါတလေ ဆွေးနွေးကြပါတယ်။ နောက်တခုက မျိုးဆက်သစ် စာရေးဆရာတွေမွေးဖွားပေးနေတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ရှားပါးတဲ့ မဂ္ဂဇင်းတစောင်မို့ ပါ။ ရသစာပေတိုးတက်ရေးအတွက် နှစ်စဉ်စာပေဆုပေးပွဲကို ကျင်းပပေးတဲ့ ရွှေရဲ့ ကြီးမြတ်တဲ့ အစဉ်အလာတခု အမြဲကျန်းမာအသက်ဝင်နေပါစေလို့  ဆုတောင်းပေးနေမိပါတယ်။

ကျွန်မနှစ်သက်တဲ့ မျက်နှာဖုံးလေးတွေ



ဟိုးလွန်ခဲ့တဲ့ ၁ရနှစ်၊ ၁ဂနှစ်လောက်က ၀ါသနာပါလွန်းလို့ စာမူလေးတွေ ပိုက်ပြီး ဟိုမဂ္ဂဇင်းတိုက်၊ ဒီမဂ္ဂဇင်းတိုက် ခြေတိုအောင် ပို့ ခဲ့ရတဲ့ ဘ၀ကို သတိရမိပါတယ်။ တချို့ မဂ္ဂဇင်းတိုက်တွေကျတော့ ကလောင်သစ်ဆိုတာနဲ့  ဖတ်တောင်မကြည့်ပဲ တန်း ပယ်တာမျိုး လက်တွေ့ ကြုံခဲ့ရပါတယ်။ ရင်ခုန်ပွင့်၊ ရွှေအမြုတေ၊ လုံမလေး၊ ကလျာမဂ္ဂဇင်းတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ကလောင်သစ်လေးတွေကို အမြဲကြိုဆိုလမ်းဖွင့်ပေးပါတယ်။ မျှော်လင့်ချက်တွေကို ရိုက်ချိုးမဖျက်ဆီးပဲ ချီးမြှောက်အားပေးတတ်တဲ့ အဲဒီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ တွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့ရမှာ မဟုတ်ပါဘူး။ ဒီအပြင် ရွှေရဲ့ထူးခြားချက်က ရွှေမှာဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးတွေက အမှတ်တရ ၀တ္ထုတိုပေါင်းချူပ်လေးထုတ်ပေးခြင်းပါပဲ။

ကျွန်မအကြိုက်ဆုံးမျက်နှာဖုံး



ရွှေကြောင့်ပဲ တကျောင်းထဲက စီနီယာ ဆရာနေဇင်လတ်ရဲ့ လူငယ်တွေကို ပညာပေးတဲ့ ဆောင်းပါးလေးတွေ ဖတ်ခွင့်ရတယ်။ ရွှေကြောင့်ပဲ ကျွန်မချစ်တဲ့ သာဓုအုပ်စု ညီအကို စာရေးဆရာတွေရဲ့ လက်ရာနဲ့  အမြဲထိတွေ့ ခွင့်ရတယ်။ ရွှေကြောင့်ပဲ အရင်က ဖတ်ခွင့်မရခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ ရတနာလက်ရာတွေ တူးဖော်ထားတာကို ခံစားခွင့်ရတယ်။ ရွှေကြောင့်ပဲ တခါမှ မမြင်ဘူးတဲ့ ကျွန်မတို့ နယ်သူ ဆရာမခင်ခင်ထူးကို ရင်ထဲက အမကြီးတယောက်လို သူ့ အညာစာတွေက တဆင့် ရင်းနှီးခွင့်ရတယ်။ စာရေးဝါသနာကို လက်မလွှတ်နိုင်သေးတဲ့ ကျွန်မအတွက် ရွှေဖခင်ကြီး ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တကြောင်းခြစ် ဆောင်းပါးလေးတွေကတဆင့် ၀မ်းစာ စုဆောင်းခွင့်ရတယ်။ ဒါတွေကြောင့် ရွှေက ကျွန်မကို ဒီလောက်အချိန်တွေကြာအောင် ဆွဲဆောင်နိုင်တာပါပဲ။

ကျွန်မချမ်းသာသမျှရွှေအမြုတေ



ရွှေကို on line ဖတ်လို့ ရပေမယ့်လဲ လစဉ်စာအုပ်လေးပုံမှန်ဝယ်ပြီး ဖတ်ရတာ ပိုအားရပါတယ်။ စာအုပ်အဟောင်းလေးတွေ ပြန်ဖတ်ရတာလဲ ကြည်နူးမှုတမျိုးပေးစေတယ် မိုလား။ ရည်ရွယ်ချက်ကောင်းတဲ့ရွှေအမြုတေ၊ အစဉ်အလာကောင်းတဲ့ ရွှေအမြုတေ နှစ်ပေါင်းရာထောင်သောင်းတိုင် အသက်ရှည်ကျန်းမာ နုပျိုလို့  ရသအသီးအပွင့်တွေ ဝေဆာပါစေလို့ ။

တန်ခူး
8:45pm 26-Apr-2010
(PS. ပျောက်လိုက်ပေါ်လိုက်လို့  ထင်နေကြမှာပဲနော်… ပြီးခဲ့တဲ့ အပတ်က သားလေးနေမကောင်းလို့  ပျောက်နေခဲ့တာပါ… ခုသားလေးပြန်နေကောင်းသွားပါပြီ)

22 comments:

Anonymous said...

အခုရောက်နေတဲ့အိမ်ကလည်း ရွှေ ကိုအမြဲမှာဖတ်တယ်။
ကျနော်ကတော့ မဂ္ဂဇင်းတွေ မဖတ်ဖြစ်တာကြာပေါ့..။။



ပေါက်

pandora said...

အဟောင်းဆုံး ရွှေအမြုတေမှာ ဒွေးပုံလေးက ငယ်ငယ်လေးရယ်နော်။
ကိုယ်နှစ်သက်တဲ့ မဂဇင်း ကို အမြဲမပြတ် ဖတ်ဖြစ်တာ လေးစားပါတယ်။
ဒီမှာတော့ အွန်လိုင်းတောင် အပြတ်ပြတ် ဖတ်ဖြစ်တော့တယ်။

pandora said...

အဟောင်းဆုံး ရွှေအမြုတေမှာ ဒွေးပုံလေးက ငယ်ငယ်လေးရယ်နော်။
ကိုယ်နှစ်သက်တဲ့ မဂဇင်း ကို အမြဲမပြတ် ဖတ်ဖြစ်တာ လေးစားပါတယ်။
ဒီမှာတော့ အွန်လိုင်းတောင် အပြတ်ပြတ် ဖတ်ဖြစ်တော့တယ်။

Min said...

Thanks for your post.
I used to be Shwe' Fan.

မောင်မျိုး said...

အရင်တုန်းက အင်တာနက်ပေါ်မှာဖတ်လို့ ရမှန်းသိပေမယ့် သိပ်မဖတ်ဖြစ်ဘူး ခုနောက်ပိုင်းတော့ စာအုပ်ဆိုင်က သူငယ်ချင်းက ညွှန်းတာနဲ့ ဖတ်ဖြစ်သွားတယ် မဂ္ဂဇင်းတွေထဲမှာတော့ ရွှေကိုအကြိုက်ဆုံးပဲ ကြော်ငြာနည်းတယ် ကဗျာမပါဘူး ။ ၀တ္ထုတို ရွှေနှလုံးသားနဲ့ ရွှေဝထ္တုတွေက အရမ်းကိုမိုက်တယ် ဆရာကြူးနစ် အေးမိ၊ ဆရာမ ခင်ခင်ထူး ရဲ့ မအိမ်ကံ ၊ ပြီးတော့ ဦးဝင်ငြိမ်းရဲ့ နှစ်ကြောင်းရေးတစ်ကြောင်းခြစ်က စာရေးဝါသနာပါတဲ့ သူတွေအတွက်တော်တော် ကောင်းတယ် ရွှေမှာ အခန်းဆက်ဖော်ပြခဲ့တဲ့ မင်းမှုထမ်းကတော့ ကြိုက်လွန်းလို့ ဈေးကြီးပေးပြီးဝယ်သိမ်းရတော့တာပေါ့ အစ်မရေ့ ။ ရွှေက ကလောင်သစ်တွေ မွေးထုတ်ပေးတာကလည်း တကယ့်ပါရမီရှင်တွေပါပဲ မာန်( တောင်လုံးပြန်) ၊ ငွေဇင်ယော်ဦးမိုးကုတ် ၊ ဝေ ( စီးပွားရေးတက္ကသိုလ်) သူတို့ကိုကြိုက်တယ် အသစ်လို့မထင်ရလောက်အောင်ကိုတော်လွန်းလို့ ပြီးခဲ့တဲ့နှစ်က ရွှေအသစ်ကလောက်ဆုရသွားတဲ့ ဆရာမောင်ဟန်ရီရဲ့ ရွှေပိုးကတော့ မင်းလူလက်သစ်လား ထင်ရလောက်အောင် ရယ်ရတယ်ဗျို့ ။ ရွှေချစ်သူမှ ရွှေချစ်သူ မှာတော့ ဦးဝင်းငြိမ်း ပြန်စာကြီးက စိတ်မပါသလိုလို မာနာကြီးသလိုလိုနဲ့ မွတ်စလင်ကြီးမို့ဖြစ်မယ် ဟဟား ဒါမယ့် လတိုင်း ရွှေကိုမဖတ်ရရင် တစ်မျိုးတော့ လိုနေသလိုလိုပဲ ။ ဘလော့မရေးဖြစ်တဲ့ အချိန် စာတွေကြီးထိုင်ဖတ်ဖြစ်နေတာပေါ့း) ရွှေမျက်နှာဖုံးရှင်တွေ မှာ ဒွေးကို ပြန်တွေ့တော့ စိတ်ထဲ လွမ်းသလိုလိုတောင်ဖြစ်တယ် နှမြောစရာကောင်းလိုက်တာနော့် ။

ဇွန်မိုးစက် said...

ဟိုမှာတုန်းက ဇွန်အမြဲဖတ်တဲ့မဂ္ဂဇင်းနှစ်အုပ်က အပျိုစင်နဲ့ ရွှေအမြုတေပါ။ နှစ်အုပ်လုံး တစ်ပုဒ်မကျန် အကုန်ဖတ်ပါတယ်။ ခုနောက်ပိုင်း မဖတ်ဖြစ်တော့ဘူး။ ဇွန်လည်း အွန်လိုင်းက ဖတ်ရတာထက်စာရင် စာအုပ်ကိုင်ပြီး ဖတ်မှပိုအားရ ကျေနပ်တတ်တာ။

စာအုပ်နဲ့ မျက်နှာဖုံးလေးတွေ အမှတ်တရ ပြန်တင်ပေးတဲ့ အစ်မတန်ခူးကို ကျေးဇူးပါ။

မေဓာဝီ said...

ရွှေအမြုတေကို ညီမလဲ ကြိုက်တယ်။
မတန်ခူးက စည်းကမ်းရှိလိုက်တာ။
စာအုပ်တွေအကုန် ခုချိန်ထိ သိမ်းထားနိုင်တာ ချီးကျူးပါရဲ့။

သားသားနေမကောင်းဘူးလား။ သူ့ကို သတိရနေတာ။ နက်ဖန် ကဆုန်လပြည့်မှာ အဖေရေးထားတဲ့ ဂုဏ်တော် ကဗျာလေးတွေ တင်ပေးမလို့ စိတ်ကူးထားတယ်။ သားသားကို ဖတ်ပြရအောင်လို့။

Anonymous said...

အမရေ အမမှာ ရွှေအဟောင်းတွေ ရှိတယ်ဆိုလို့ အရင်တုံးက တော်တော်လေး ကြိုက်ခဲ့တဲ့ ၀တ္ထုတိုလေး ဘယ်လမှာပါလဲ မသိတော့ဘူး၊ အမမှတ်မိရင် အမ မှာ ရှိလားလို့ ကြည့်ပေးပါနော်၊

လင်မယားနှစ်ယောက် ကွဲမလို့ ရှေ့နေဆီလာပြီး ပစ္စည်းခွဲကြရင်းနဲ့ နောက်ဆုံး ပြန်ပေါင်းသွားတာလေ၊ ပစ္စည်းတွေ ခွဲတော့ မိန်းမက ထိုးပေးထားတဲ့ ဆွယ်တာ လေး ယူပါရစေတို့၊ သားလေးငယ်ငယ်တုံးက စီးတဲ့ စက်ဘီး ယူသွားမယ်တို့နဲ့ အဝေမတဲ့ကြရကာ၊ သံယောဇဉ်တွေ ပြန်ပေါ်လာပြီး နောက်ဆုံး သမီးကို ကျောင်းသွားကြိုဖို့ သူ့မိန်းမ သွေးတိုးရင် ကားမောင်းလို့ မရတာ စိတ်ပူရတာနဲ့ နောက်ဆုံး မိန်းမက ထလေ ကားသော့ယူ သမီးကို သွားကြိုကြအောင် ဆိုပြီး ရှေ့နေကိုတောင် နူတ်မဆက်ပဲ ပြန်ပေါင်းသွားကြတာလေ၊

အဟီး ရှာခိုင်းရတာ အားတော့နာတယ်၊ ၀တ္ထု နံမယ်မသိ၊ ဘယ်သူရေးတာမှန်းလဲ မသိ၊ ဘယ်လထုတ်မှာ ပါတာလဲ မသိ၊ ဇာတ်လမ်းလေးပဲ မှတ်မိတာမို့ အဲတာလေး ပြန်ရှာ ဖတ်ချင်လို့ ၊ အမ အဆင်ပြေမှပါ အမရယ်၊

အမတွေ့ရင်သာ ဒီမှာ အကြောင်းပြန်လိုက်နော်၊ မတွေ့ရင်လဲ ကိစ္စမရှိဘူး၊

သက်ဝေ said...

တန်ခူးရေ...
စာအုပ်တွေကို သဘောကျသွားတယ်...
ဒွေးကိုမြင်ရတာတော့ စိတ်မကောင်းဘူး (ဒါကြောင့် ညက အိပ်မပျော်ပဲ အခုလဲ မနက် အစောကြီး နိုးနေတာသာ ကြည့်ပါတော့... ဟီဟိ)

ပြီးတော့ ရွှေအမြုတေကို မှာလို့ရတဲ့ ဆက်သွယ်ရမယ့် နေရာလေး ပြောပြပါနော်... ကိုယ်လဲ မှာချင်လို့ပါ။ လစဉ် ပန်နီစူးလားမှာ မှန်မှန် သွားမဝယ်ဖြစ်တော့ တချို့လတွေဆို မဖတ်ရဘူး... တန်ခူးနားမှာ လာငှားဖတ်မှ ထင်တယ်...း))

Pwint Myue Zin said...

မမဆီကငှားဖတ်ချင်တယ်.. ရမလား.. :)

မေငြိမ်း said...

မတန်ခူးရေ..
အားနာလိုက်တာ..။
တကယ်တော့ ကျမလည်း ရွှေက အဓိက မွေးခဲ့တဲ့ စာရေးဆရာပါ..။ ကျမရဲ့ မုန်တိုင်းရဲ့ ကျောရိုး ၀တ္ထု မဂ္ဂဇင်းကြီးတစောင်မှာ ခေါက်နေတာ.. ကိုမ်ျိုးမြင့်ညိမ်းနဲ့ ကိုဝင်းငြိမ်းတို့ ညီအကိုက ဆွဲထုတ်ပြီး ရွှေအမှတ် တစ်မှာ သုံးခဲ့တာလေ...။ ခုတောင် လွမ်းပါတယ်..။
ဒါပေမဲ့ ကျမ ခု ရွှေကို စိတ်ကောက်နေတာ...။ မုဒိတာတရားပွားနိုင်ကြပါစေဆိုတဲ့ ဆောင်းပါးပါနေလို့လေ...။
တကယ်တော့ အဲဒီဆွမ်းဆန်ထဲ ဖျက်နေတာလေးကို ဖယ်လိုက်ရင်တော့ အကောင်းဆုံးဖြစ်မှာနော်။ ခုလောလောဆယ်တော့ ကျမရဲ့ ရသစာအုပ်စင် အစီစဉ်မှာတောင် ရွှေကို ဖယ်ထားမိတယ်..။ အဲဒီအတွက်လည်း စိတ်တကယ်မကောင်းဖြစ်မိပါတယ်..။ ခု မတန်ခူးဆီ ၀င်ဖတ်လိုက်တော့ တမျိုးကြီး ခံစားရပြန်တယ်.. ခက်ပါ့...။

T T Sweet said...

တန်ခူးရဲ့ရွှေတွေလာကြည့်သွားပါတယ်။ ဟိုးအရင်ကတည်းက ရွှေကို ကြိုက်ပါတယ်။ ဖတ်စရာအတော်ကို အစုံအလင်ပါလို့။ ခုတော့ အွန်လိုင်းကပဲ ဖတ်တော့တယ်။

steven said...

steven တို့အိမ်မှာ ငယ်ငယ်က ဆို ရွှေအမြုတေ ထွက်ပီဆို တစ်ယောက်နဲ့ တစ်ယောက်လု ဖတ်ကြတယ်ဗျ။ တစ်ယောက်က ဖတ်ပီးသွားရင် ဒီစာရေးဆရာ ရဲ့ ဝတ်ထုလေးက ဘယ်လို။ ရေးတက်လိုက်တာနော်.. ဘာညာနဲ့ ထမင်းဝိုင်းမှာပဲ ဖြစ်ဖြစ်။ ထမင်းစားပီး အသီးစားတဲ့ အချိန်မှာ ဖြစ်ဖြစ် ပြောလေ့ရှိကြတယ်။ အခုတော့ မိသားစုတွေ တစ်နေရာစီလေ။ ဒါတောင် မြန်မာကို ဖုန်းဆက်ရင် ဒီအပတ်ရွှေထဲက ဘယ်ဝတ်ထု ဘယ်ဆောင်းပါးက ဘယ်လောက်ကောင်းတာ ပြောဖြစ်သေးသဗျ။ အခုတော့ ဒီမှာ ရွှေကို လစဉ်မဝယ်ဖြစ်ပေမဲ့ အစဉ်ပြေသလို ဝယ်ဖြစ်တယ်။ ရွှေအမြုတေ ရဲ့ မွေးလဟာ ကျတော့ မွေးလနဲ့တူတော့ နှစ်စဉ် အထူးထုတ်တွေက အမှတ်တရပေါ့။ ရွှေဝတ်ထုတွေ ကို စုထုတ်တဲ့ ရွှေ ၆၀။ ၆၁။ ၆၂။ ၆၃ တိုင် ဖတ်ဖြစ်နေသဗျ။ မမနဲ့ထပ်တူ ဆုတောင်းနေမိတာက ရွှေအမြုတေ ထာဝရတည်တံပါစေလို့ အပြင် ရွှေရဲ့ ဥယျာဉ်မှုးကြီး အန်ကယ်ဦးဝင်းငြိမ်း သက်ရှည် ကျန်းမာပါစေကြောင် ဒီနေရာကနေ ဆုတောင်းနေရတယ်ဗျာ။

nu-san said...

ရွှေအမြုတေကို အရမ်းကြိုက်တယ်အမ.. အမက စည်းကမ်းရှိတယ်နော်.. စာအုပ်တွေအများကြီးကို သေချာသိမ်းထားတာပဲ.. ကျနော် အရင်တုန်းက ၀ယ်ပြီး သိမ်းထားဖြစ်တာက အပျိုစင် မဂ္ဂဇင်း.. ၁၉၉၂ ခုနှစ်လောက်ကတည်းက ၀ယ်ပြီး သိမ်းထားဖြစ်တာ.. နာဂစ်ဖြစ်တော့မှပဲ အိမ်က မဂ္ဂဇင်းတွေ အကုန်ရေစိုပြီး ပစ်လိုက်ရတာ.. အမရဲ့ စာအုပ်တွေကို အိမ်နားနီးရင် ယူဖတ်ပါတယ် အမရယ်..ဟုတ်တယ်မရေ.. စာအုပ်နဲ့ ဖတ်ရတာ ပိုအရသာရှိတယ်... ရန်ကုန်ပြန်တုန်းကတော့ ရွှေ ၆၀၊၆၁၊၆၂ ၀တ္ထု စာအုပ်တွေ ၀ယ်လာပြီး ဖတ်တယ်.. ရွှေဝတ္ထုတိုတွေက တကယ်အရည်အချင်းရှိတယ်.. ဖတ်လို့လည်း အရမ်းကောင်းတယ်.. ဈေးလည်းကောင်းတယ်.. မနှစ်က ၀ယ်တော့ ကျပ် ၄၀၀၀ ကျော် ၅၀၀၀ နီးပါးပဲ.. အခုတော့ အွန်လိုင်းမှာ ဖတ်လို့ရတာတောင် သိပ်မဖတ်ဖြစ်တော့ဘူး.. :(

Anonymous said...

Hi sis, Pls let me know the movie tile of the cover which u like most. i think that movie location is ..
MIT .

SHWE ZIN U said...

အပေါ်က ဝတ္ထု တိုရှာခိုင်းတာ ဒေါ်မြတ်နိုး ထင်တယ် အမလည်း ဖတ်ဘူးတယ်

ရွှေဟာ အားလုံးကောင်းပါတယ်.

ဖျက်နေတာက

မုဒိတာတရားပွားနိုင်ကြပါစေဆိုတဲ့ ဆောင်းပါးပါနေလို့လေ...။

ရွှေစင်

Moe Cho Thinn said...

ရသ စာပေကို တန်ဖိုးထားတဲ့ မဂ္ဂဇင်းမို့ ရွှေကို ကြိုက်တာ။ ခုထိ မပြတ် ဖတ်တုန်း မမရေ..

Moe Cho Thinn said...

ချိုသင်းလဲ တချို့စာတွေ ကျော်ဖတ်တယ်ဗျို့.. :)
(၀န်ခံချက်)

Thet Oo said...

ရွှေ ကို ရွှေ ဟု ရေးစေချင်ပါသည်။

အိမ့်ချမ်းမြေ့ said...

မ...

ခဏခဏ ပျောက်တယ်နော်..
မအားဘူးထင်တယ်..
အမြဲသတိရပါတယ်။

မလေးတော့ မဂ္ဂဇင်းတွေ နဲ့ ဝေးနေတာကြာပါပြီ။
ဟိုးလွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်တုန်းက ကြွေကျတော့မယ့် မဂ္ဂဇင်းတွေတော့ အကြီးတွေဆီကတောင်းပြီး စုထားတာတော့ရှိတယ်.. :D

Anonymous said...

i dont want to buy shwe anymore bcos of Myitar Tone..disgusting Le Le Nwe Thein...

ရေသန့်  said...

ကျနော့် ကောင်မလေးလည်း ရွှေအမြုတေ ကိုအမြဲဖတ်
တယ်...http://shweamyutay.com/ ရှိပြီးသားလား
မသိပေမယ့်  မရှိရင်အသုံးဝင်မှာပါ