Monday, November 2, 2009

Lets Make Our World The Most Beautiful Home

ချစ်သူငယ်ချင်းသက်ဝေက ကမ္ဘာပျက်ဖို့  တလအလိုတဲ့။ တက်ဂ်ထားတာကြာပေါ့။ တက်ဂ်ဂိမ်းတွေဆို ရှေ့ ဆုံးက တက်တက်ကြွကြွ ရေးတဲ့ တန်ခူး ဒီတခါတော့ ကြောက်လန့် သွေးပျက်ပြီး တံခါးကြားထဲ ပုန်းနေမိတာ။ သူများတွေ ဘာတွေရေးကြသလဲလို့  တံခါးကြားထဲက ချောင်းကြည့်နေတာ။ ပိုးဟပ်ကြောက်တဲ့ သက်ဝေက ဒီပို့ စ်ကို မတုန်မလှုပ်ရေးပြသွားလိုက်တာ… အေးလေ… ပိုးဟပ်မှ မဟုတ်တာ။ ကြောက်ပါတယ်ဆို… မမမေငြိမ်းရေးထားတာကလဲ ကြက်သီးမွေးညှင်းများတောင် ထ မိပါရဲ့။ ပန့် ပို့ စ်လေးဖတ်ရတော့ နဲနဲအသက်ရှုချောင်သွားတယ်။ ကာတွန်းလေးနဲ့ ဆိုတော့ ကြောက်အားလန့် အားနဲ့  ပြုံးမိသေးတယ်။ မမသိဂီင်္နဲ့ မမသီတာတို့ ကလဲ ရင့်ကျက်လိုက်ကြတာ။ အခုတော့ တံခါးကြားထဲက မထွက်မနေ ထွက်လာပါပြီ။ ရေးလိုက်ဦးမဟဲ့… အာဂသတ္တိ ဒေါ်တန်ခူး။

တရားမရှိဘူးပဲပြောပြော။ အဲဒါမျိုးကိစ္စဆို အတော်ကြောက်တတ်ပါတယ်။ ရုပ်ရှင်တောင် သွေးထွက်သံယိုကားတို့  နိမိတ်မကောင်းတဲ့ကားတွေဆို ဝေးဝေးရှောင်တတ်ပါတယ်။ အခွေဆိုင်မှာ အခွေငှားရင် စိတ်ညစ်စရာကောင်းတဲ့ကား မပေးနဲ့ နော်ဆို ငှားတတ်တာမျိုးကို။ အားလပ်ချိန်မှာ အနားယူပါတယ်ဆိုမှ ပျော်ပျော်ရွှင်ရွှင် စိတ်လက်ချမ်းသာလေး အနားယူချင်တာပါ။ ငယ်ငယ်တုန်းက စာမေးပွဲနားနီးလို့  ဂေါက်တောက်တောက် ဖြစ်လာရင် “အတ္တများနဲ့ အဆိပ်တက်လို့  အခန်းကျဉ်းလေးထဲမှာ ကိုယ်တယောက်ထဲရူး” လို့  မေဆွိရဲ့ အတ္တသီချင်းအော်ဆိုရင် မေမေက “ဟဲ့… နိမိတ်မကောင်း… ညည်းတကယ်ရူးသွားဦးမယ်” လို့  ဟန့် တတ်ပါတယ်…။ အဲဒီအခါ “အောင်ပါစေ…အောင်ကြပါစေ” ဆို ကမန်းကတန်းသီချင်းပြောင်းဆိုခဲ့တာ အမှတ်ရမိတယ်။ မေခလာရဲ့ “စိတ်… စိတ်နဲ့ တို့ နဲ့ ညစ်တယ်… သေရင်အေးမယ်” သီချင်းကို အပြတ်ဟစ်နေရင် အမေခေါင်းခေါက်တာ ခံခဲ့ရတာပါ။ အဖေကလဲ အိမ်မှာ သီချင်းဖွင့်ရင် “အောင်ခြင်းရှစ်ပါး”လို ဓမ္မတေးဖွင့်ရင်ဖွင့်… ဒါမှမဟုတ်.. သုမောင်ရဲ့ “သူဌေးဝါဒ” လို အတိတ်ကောင်း နိမိတ်ကောင်းသီချင်းတွေသာ ဖွင့်တတ်တယ်မိုလား။ ဒီတော့လဲ ကိုယ်က မိရိုးဖလာ အစဉ်အလာမပျက်အောင်… ပြီးတော့ ဘိုဆန်ဆန်လေးနဲ့  တက်ဂ်ဂိမ်းကို ရေးတော့မယ် ချစ်သက်ဝေရေ။ “Lets Make Our World The Most Beautiful Home” … ကဲ…လာ… တို့ ရဲ့ကမ္ဘာကြီးကိုအလှပဆုံး အိမ်ကလေး ဖြစ်အောင် ကြိုးစားကြစို့ လား။

အဲဒီသီချင်းလေးကို ခုတလော ဒီက channel 5 မှာ ညတိုင်းလို လွှင့်နေတာပါ။ သီချင်းလေးနားထောင်ရတာ ကြည်နူးမိသလို စာသားနဲ့ ရည်ရွယ်ချက်လေးကလည်း ကောင်းတာမို့  နှစ်သက်မိတာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်စပ်ဆိုထားတဲ့ သီချင်းလေးပါ။ စာသားတချို့ က…

(www.youtube.com/watch?v=QIX-jVka4PQ)

It only takes one heart, to make a start.
A dream to just go green, to keep it clean.

Side by side we’ll make it happen
So that we can live like we’re in heaven.

Let’s make our world the most beautiful home
Where everyone can live and breathe and they can easily roam.

We just have to make it ours to make it last
By giving our all & doing our best
Let’s keep our world the most beautiful home…oh yeah

ကမ္ဘာကြီးကျန်းမာရေးကောင်းဖို့ က ဒီကမ္ဘာပေါ်မှာ မှီတင်းနေထိုင်တဲ့ လူသားတွေ အားလုံးပေါ်မှာ တာဝန်ရှိတယ်မိုလား။ မလိုအပ်ရင် အိမ်က မီးခလုတ်လေးပိတ်ထားတာတို့ … အဲကွန်းမသုံးပဲနေတာတို့ … ပြီးတော့ Recycling လုပ်တာတို့ ဟာ တဦးချင်းအတွက် သိပ်မထိရောက်ဖူး ထင်ရပေမယ့် ကမ္ဘာကြီး အသက်တစက္ကန့်  ဆန့် မဆွဲနိုင်ဘူးလို့  ဘယ်သူပြောနိုင်မလဲ။ တယောက်ချင်းဆီက သစ်ပင်လေးတပင်စိုက်လိုက်ခြင်းအားဖြင့် ရာသီဥတုဆိုးဝါးပျက်ပြားလာမှု လျော့ပါးမသွားဘူးလို့  ဘယ်သူပြောနိုင်မလဲ။ ကျန်းမာရေး ချိနဲ့ လာတဲ့ ကမ္ဘာကြီးကို အားလုံးဝိုင်းဂရုစိုက်ကြရင် ကမ္ဘာကြီးအသက်ရှည် ကျန်းမာလာပြီး နေချင့်စဖွယ်… အလှပဆုံးအိမ်လေးလို ဖြစ်လာမှာအမှန်ပါပဲ။ Lets Make Our World The Most Beautiful Home.

(သက်ဝေရေ တန်ခူးဗားရှင်းနဲ့ ရေးပေးလိုက်တယ်နော်…)

တန်ခူး
9:13pm 2-Nov-2009

7 comments:

pandora said...

လူတွေရပ်တည်နေတဲ့ ကမ္ဘာကြီးဟာ လူတွေရဲ့ လောဘ ဒေါသ မာန်မာနတွေကြောင့် တငြီးငြီးတောက်လောင်နေရတယ်။ တီထွင်မှုတွေ အင်အားကြီး စွမ်းအင်တွေကို ပိုသာယာလာမယ့် အနာဂတ်နေ့ရက်တွေအတွက်ပဲ အသုံးချကြရင် ကောင်းမှာလေ။ ကမ္ဘာမြေကို အချစ်တွေနဲ့သာ စိမ်းလန်းစေမှာပါ။ လူအချင်းချင်းကြား ချစ်ခြင်းမေတ္တာနဲ့ ထုံမွှမ်းတဲ့အခါ သနားညှာတာစိတ် ကိုယ်ချင်းစာနာစိတ် တာဝန်ယူလိုစိတ် အသိတရားတွေနဲ့ နာဖျားနေတဲ့ ကမ္ဘာကို ကုစားလာနိုင်လိမ့်မယ် လို့ ထင်မိတယ်။

PAUK said...

မတန်ခူးအမြင်က တစ်မျိုးပေါ့..
ပတ်ဝန်းကျင် ထိန်းသိမ်းမှုလေးနဲ့ တင်ပြတာ..
သဘောကျတယ်..
ကမ္ဘာကြီး အသက်ရှည် ကျန်းမာပါစေ..

သက်ဝေ said...

အင်း... ဒါက တန်ခူးရဲ့ နယူး ဗားရှင်းပေါ့နော်... မိုက်တယ်...။ ကျေးဇူးပါ တန်ခူး...
ကမ္ဘာကြီး ကျန်းမာရေးကောင်းဖို့  ကိုယ်တို့အားလုံး နဲနဲချင်းစီ ကြိုးစားကြရမယ် ထင်ပါတယ်... တယောက်အားဖြင့် ယူသော် မရ...
တသောင်းအားဖြင့် ယူသော် ရ၏ ဆိုတာလိုမျိုးပေါ့နော်...။

Save the Earth...!!!

** တန်ခူးက အရေးဆို တံခါးကြားထဲဝင် ပုန်းရဲပေမယ့် ကိုယ်ကတော့ ဟိုသတ္တဝါကိုကြောက်လို့ ဝင်မပုန်းရဲဘူး.. သူတို့က အဲဒီလိုနေရာမျိုးတွေမှာ နေလေ့ရှိကြတာ မဟုတ်လား... :D

မီယာ said...

မတန်ခူးပို့စ် ဖတ်ပြီးမှ နဲနဲ အကြောက်ပြေသွားတယ်... အလုပ်ထဲက လူတွေကို ပြောပြမိသေးတယ် သူတို့ကတော့ ကြောက်တဲ့ ပုံ မပြဘူး အမရေ

rose of sharon said...

တန်ခူးအမြင်လေးကို သဘောကျတယ်

sonata-cantata said...

တန်ခူးဗားရှင်း ကို လိုက်နာသော အားဖြင့်
မီးခလုတ်လည်း မလိုတာပိတ်ထားတယ်။
အဲကွန်းလည်း မဖွင့်ပါဘူး။ တို့တွေက tropical climateနဲ့ နေသားတကျ။ Recycle လုပ်တာကတော့ အိမ်တောင် ကလန်ကူလိ အိမ်နဲ့တူနေပြီ။
စွမ်းအင် ချွေတာတဲ့အနေနဲ့ ဟင်းတောင် တခွက်ပဲချက်တယ်းD

nu-san said...

အမရေ.. “အာဂသတ္တိဒေါ်တန်ခူး” ဆိုလို့ ရီချင်တယ်.. အတူတူပဲ အမ.. ကျနော်လည်း ကြောက်တတ်တယ်.. သရဲကား သွေးပျက်ထိန့်လန့်စရာကောင်းတဲ့ကား ဘာမှ မကြည့်ဘူး.. ဟာသကားပဲကြည့်တယ်.. နဂိုကမှ မှောင်ရင် အိပ်ခန်းနဲ့ မီးဖိုခန်းတောင် မကူးရဲဘူး.. :D

အမ စိတ်ကူးကောင်းတယ်..
"Lets Make Our World The Most Beautiful Home." :)