Thursday, October 15, 2009
တ for တန်ခူး
ချစ်မမကြီး မခင်မင်းဇော်က တက်ဂ်ထားတာလေးပါ။ အမှတ်တမဲ့ကြည့်ရင် လွယ်တယ်ထင်ရပေမယ့် တကယ်ရေးကြည့်မှ အတော် ဦးနှောက်စားရပါတယ်။ အမှတ်တရတက်ဂ်ပေးတာ ကျေးဇူးပါ ချစ်မမရေ။
T for Takhu…
1. What is your name : Takhu (တန်ခူးလမှာ မွေးသူမို့ လေ…)
2. A four Letter Word : Time (အချိန်နဲ့ ဒီရေသည် လူကို မစောင့်တဲ့…)
3. A boy's Name : Twitpi (ဟော်လီဝုဒ်မင်းသား မဟုတ်ပါဘူး… မြန်မာပြည်က နာမည်ကျော် တွတ်ပီ)
4. A girl's Name : Tabitha Nauser (Singapore Idol 2009 contestant ပါ… အသက် ၁၇နှစ်ထဲ ရှိသေးတဲ့ လှလဲလှ ချစ်စရာလဲကောင်းတဲ့ ကောင်မလေး… ဒါပေမယ့် လူကြိုက်နဲတာ အံ့သြစရာ… ကိုယ်ကတော့ ကြိုက်တယ်လေ…)
5. An occupation : Teacher (လုပ်ချင်ပြီး မလုပ်ဖြစ်ခဲ့တဲ့ အလုပ်…)
6. A color : Tomato (သားရဲ့ အကြိုက်ဆုံးအရောင်လေ…)
7. Something you'll wear : Tree Bulk (နေ့ တိုင်း သနပ်ခါးမလိမ်းရရင် မနေနိုင်ပါဘူး…)
8. A food : Tea leaf salad (အကြိုက်ဆုံး… ဘယ်အချိန်ထမေးမေး စားချင်တယ်… ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် ဝေးခဲ့ရတာကြာပေါ့လေ…)
9. Something found in the bathroom : Towel ( တဘက်က ရေချိုးရင် မရှိမဖြစ်လေ…)
10. A place : Toa Payoh Buddhist temple ( ဘုရားတရားမမေ့တတ်သူပါ…)
11. A reason for being late : Traffic jam (ဖြစ်နေကျ… မိုးရွာတဲ့နေ့ ဆို ပိုဆိုးသေး…)
12. Something you'd shout : Tell me the truth (လိမ်လွန်းလို့ … သည်းမခံနိုင်ဘူး…ဘယ်သူ့ ပြောလဲ သဘောပေါက်တယ်မိုလား…)
13. A movie title : The Princess Diaries (မင်းသမီးလေးကလဲလှ ဇာတ်ကားလေးကလဲ မြူးမြူးလေးမို့  တီဗွီမှာ လာတိုင်းကြည့်ဖြစ်တယ်… ဘုရင်မကြီးကိုလဲကြိုက်တယ်…)
14. Something you drink : tea (Myanmar) (ရေနွေးကြမ်းကို ဆိုလိုတာပါ…)
15. A musical group : The eagles (မြန်မာသီချင်းတွေအများကြီး ကော်ပီလုပ်ထားလို့ လား မသိဘူး… ကြိုက်တယ်… ရင်းနှီးတယ်…)
16. An animal : Tiger (တင်္နလာကျားလေ… ကိုယ့်နေ့ နံပေါ့…)
17. A street name : TPE (ဘာလို့ လဲ မသိဘူး… အရောက်အပေါက်နဲ လို့ ထင်တယ်… အဲဒီ express way ကသွားရတာပျော်တယ်…)
18. A type of car : Trolly (အမြင့်ကြီးမမှန်းရဲပါဘူး… ကိုယ်ဟာ ဘ၀သမားပါ…)
19. The title of a song : Take me home ( ကာရာအိုကေမှာ အင်္ဂလိပ်သီချင်းဆိုခိုင်းရင် ဒါပဲရလို့  ဆိုရတာလဲ လွယ်လို့  ဆိုနေကျ…)
20. A verb : Try (တနေ့ တလံ ပုဂံဘယ်ရွေ့ မလဲတဲ့… အားမလျော့နဲ့ … ကြိုးစားကြပါစို့ နော်…)
**************
တ for တန်ခူး
1. What is your name : တန်ခူး (တ တမာပင် ရွာအ၀င်…ဟုတ်ပါဘူး…တ တန်ခူး ဘလော့ရူး… ဟိဟိ…)
2. A four Letter Word : တောက်တီးတောက်တဲ့ (ကောင်းကောင်းပြောပါ…အဲလိုတွေ လျှောက်မပြောနဲ့ … မကြိုက်ဘူး…)
3. A boy's Name : တွတ်ပီ (သိပ်ပေါ်ပြူလာဖြစ်တဲ့ကောင်ကလေး…)
4. A girl's Name : တင်ဇာမော် (girl တော့ မဟုတ်တော့ပါဘူး… အကြိုက်ဆုံးအဆိုတော်ထဲက တယောက်…)
5. An occupation : တူရိယာပညာရှင်( တကယ်တော့ ၀ါးလက်ခုပ်တောင် ဖြစ်မြောက်အောင် မတီးတတ်ပါဘူး… စန္ဒယားလေးတီးပြီး မာမာအေး သီချင်းလေးတွေ ညည်းချင်ရုံသက်သက်ပါ…)
6. A color : တောက်တောက်ခါးခါး ( ထင်ပေါ်အောင်လို့ လေ… မယုံပါနဲ့ … တထည်မှ မရှိပါဘူး…)
7. Something you'll wear : တရုတ်ပိတ် (RIT ပထမနှစ်၊ ဒုတိယနှစ်တုန်းက သိပ်ပေါ်ပြူလာဖြစ်ခဲ့တာပေါ့… အဆင်နုတ်နုတ်လေးတွေဆို ခုထိချစ်တုန်း…)
8. A food : တို့ ဘူးသုတ် (အထမ်းသည်တို့  မှောင်မှောင်သည်တို့ ရောင်းတာဆို ပိုကြိုက်တယ်…)
9. Something found in the bathroom : တစ်ရှုးပေပါ (အိမ်သာနဲ့ ရေချိုးခန်းတွဲလျက်မို့ ပါ…)
10. A place : တောင်ကြီး (ဒီတခေါက်ပြန်ရင်သွားချင်တာ… မရောက်တာကြာပြီလေ…)
11. A reason for being late : တိုးရကြိတ်ရ(saleဆိုသွားလိုက်တာ တိုးနေကြိတ်နေတာနဲ့  အိမ်ပြန်နောက်ကျသွားတယ်… မဆူနဲ့ နော်…)
12. Something you'd shout : တော်တန်တိတ် (ဆက်မပြောပါနဲ့ တော့… နားထောင်ဖို့  စွမ်းအားကို မရှိလို့ ပါ… ဘယ်သူ့ ကို ပြောတာလဲ…သဘောပေါက်)
13. A movie title : တခါကတဘ၀(ခင်သီတာထွန်း ဆံပင်စင်းစင်းလေးနဲ့ သိပ်လှတဲ့ကား… ကြည့်ဖူးလား…)
14. Something you drink : တွင်းရေ (အိမ်ပြန်ရောက်ရင် တွင်းရေလေးသောက်လိုက်ရတာကိုက အရသာတမျိုး… ရေကို အနံ့ အရသာမရှိဘူးလို့ ဘယ်သူပြောလဲ… တွင်းရေလေးက အေးပြီးချိုမြနေတာ…)
15. A musical group : တယောကိုတင်ရီ (ဟိဟိ… တ၀မ်းပူနဲ့  စတာ ဒါပဲ စဉ်းစားလို့ ရတယ်… အမှန်ပြောရရင် တယောကို သိပ်မခံစားတတ်ဘူး)
16. An animal : တောက်တဲ့…ဟုတ်ပါဘူး… တစ်တီတူး…ဒါလဲမကောင်းဖူး… တီကောင်… ဟင်း…ပိုတောင်ဆိုးသေး (ဘယ်လိုလုပ်ရပါ့…)
17. A street name : တက္ကသိုလ်ရိပ်သာလမ်း (ရင်ထဲ အမြဲရှိတဲ့ လမ်းကလေးပါ…)
18. A type of car : တက်စီ (အချိန်လုရတဲ့အခါ နှမျောမျောနဲ့ စီးရတဲ့ ကားပေါ့…)
19. The title of a song : တက္ကသိုလ်ကျောင်းက ငွေလမင်း (ချိုပြုံးဆိုတာ အကြိုက်ဆုံး… ဘာလို့ လဲ မသိဘူး နားထောင်မိတိုင်း ငိုချင်တယ်…)
20. A verb : တိုးတက်အောင်ကြံဆောင် (အဟဲ…အဆုံးပိတ်လေးကို တည်တည်တံ့တံ့နဲ့  ပိတ်လိုက်တာ…)
ဆက်တက်ဂ်ချင်သူများကတော့
၁) ညီမလေး ကေ ( ကကြီးက ရေးလို့ ကောင်းမယ် ထင်လို့ ပါ… တက်ဂ်တာ တက်ဂ်ရတာ စိန်ပန်းနဲ့ ကံ့ကော် အဆက်ပြတ်သွားရင် ဒုက္ခ… နှစ်မျိုးလုံးပြိုင်တူရေးနော်… နှိပ်စက်တာ ဟုတ်ဘူးနော်)
၂) ညီမလေး မိုမိချီ ( ဒီနာမည်အသစ်လေးနဲ့  တခါမှ မတက်ဂ်ဖူးလို့ )
၃) ညီမလေး ခွန်မြလှိုင် ( ပိုကြူးလေးအတွက် ဖတ်စာလေးကို ကြိုက်သွားလို့ လှိုင်ရေ)
၎) မောင်လေး ရွာသားလေး (Y က ခက်မယ်ဆိုတာတော့ သိပါတယ်… နှိပ်စက်တယ်လို့  မထင်ပါနဲ့ နော်)
၅) မောင်လေးပုလုကွေး ( Pကလဲ လွယ်မယ်… ပ ကလဲ လွယ်မယ်… တခါမှ မတက်ဂ်ဘူးလို့  လွယ်လွယ်လေးနဲ့  စတက်ဂ်လိုက်တယ် ပုလုရေ)
ပျော်စရာလေးမို့  ရေးပေးကြပါနော်… ကျေးဇူးတင်ပါတယ်။
တန်ခူး
9:50am 15-Oct-2009
17 comments:
Rita said...
တ = တကယ်ကောင်း
T = Truly, madly, deeply good
ဘေးမှာ မှတ်ချက်လေးတွေပါထည့်ရေးထားတော့ ပိုကောင်းသွားတယ်။ ကျွန်မ ရေးတုန်းက မစဉ်းစားမိလိုက်ဘူး။
:)
sonata-cantata said...
တန်ခူး မတဂ်လို့ တော်သေး
တဂ်များ တဂ်ရင်
What is your name : တီသာ ဆိုပြီး
တ၀မ်းပူတွေ ကူးချလိုက်မှာ ...
(ဟဲ့! တောက်တီးတောက်တဲ့)
ခင်မင်းဇော် said...
ဟေးး လာဖတ်သွားပြီ
ပျော်စရာလေး ဖြစ်အောင် ရေးသွားတာ ကောင်းမှကောင်းးးး
ဆက်တက်ဂ်တဲ့လူတွေလဲ ကြိုက်တယ်.. တချို့ အမ အားနာလို့ မတက်ဂ်တဲ့လူတွေ ပါသွားပြီ ၀မ်းသာထှာ..
မသီတာလဲ ရေးခိုင်းလေ ဟုတ်ပ တက်ဂ် ပေးဦး...
Anonymous said...
တ ..တကယ်ပြောတာပါ အမရေ
တသက်လုံး ကျေးဇူးတင်ပါတယ်
တမ်းတမိတဲ့ သရက်သီးစိမ်းလေး စားလိုက်ရလို့ပါ။
တိုးတိုးလေးပြောမယ် နော်..အမ .....လို့..ဟီး
တိတ်တိတ်လေး ပြန်ပီနော်..
တာတာ့
မိုမိဂျိ ..အမ မိုမိချီ ဟုတ်ပါဘူး..ဟီးး
kay said...
အိ..အိ.. ..
မျက်နှာစာအုပ်မှာ တောင်..မသိချင်ယောင် ဆောင်ထားတာကို..
မတန်ခူး ရေးခိုင်းတော့..ရေးပေးပါ့မယ်
ဘိုလို စီကြည့်သေးတယ်..ခေါင်းစားလို့.. ထားပြစ်လိုက်တာ..တကယ်တော့.. ဗမာလိုပဲ ရေးကြည့်မယ်..နော်
Moe Cho Thinn said...
တော်တန်တိတ်..ဆိုလို့ လန့်ပြီး ပြန်သွားပါပြီ မမ။
ပုံ/
တထောင့်တနေရာက မမကို ငေးနေတဲ့ ညီမ
nu-san said...
အမရေးထားတာဖတ်ပြီး ရီနေရတယ်.. ဘေးကနေ ကွင်းစ ကွင်းပိတ်နဲ့ဖြေရှင်းထားတာက ပိုပြီး ရီစရာကောင်းတယ်...:D
သက်ဝေ said...
တန်ခူးရေ...
တခါက တဘဝ ဆိုတော့ ကျော်ဟိန်းနဲ့ ခင်သီတာထွန်းတို့ “ဟေးးးးးးးး စက္က...
ဟေးးးးးးးးးး လုလု...” ဆိုပြီး ပြေးလာတဲ့ အခန်းမှာ Slowmotion နဲ့ ပြတာကို ပြန်သတိရသွားတယ်...
အဲဒါ ရုပ်ရှင်တွေထဲမှာ ပထမဆုံးကြည့်ဖူးတဲ့ Slowmotion ပဲ...
တန်ခူး Tag ထားတဲ့သူတွေဆီက ပိုစ့်တွေကိုလဲ တန်ခူးနဲ့ အတူ မျှော်နေမိတယ်... (ကိုယ်က ခေါင်းတွေစားပြီး အလောတကြီးနဲ့ ရေးလိုက်တာ သူငယ်ချင်းတွေကို Tag ဖို့ မေ့သွားကြောင်း ဝန်ခံသွားပါတယ်...)
နှင်းနဲ့မာယာ said...
မတန်ခူးရေ
တ တန်ခူးကို ဖတ်ပြီး သဘောကျသွားပါတယ်..
တီတီတာတာ တောက်တီးတောက်တဲ့ရေးတဲ့ တန်ခူးတစ်ယောက်
တောင်ကြီး မြန်မြန်ရောက်ပါစေ...
တာ့တာနော်..
တောက်တဲ့ကို ညစာကျွေးဖို့ ပြန်တော့မယ်...
နှင်း
ခွန်မြလှိုင် said...
ရေးပြီးပါကြောင်း အကြောင်းကြားအပ်ပါတယ် ချစ်မ ရေ... သားသားအတွက် ဖတ်စာ ရေးပြီးရင် လက်တို့နော် ...
Anonymous said...
တ တန်ခူး အမ
တစ်တီတူးစီးပီး လာပြောတယ်
တဂ်စာတွေ ရေးပီးပီ
တာတာ့
တွားသွားပီး ပြန်ပီ..
Anonymous said...
ရေးပေးမယ်နော် အမ
တဂ်ထားတာ သုံးယောက်
ဒီပို့စ်ကို ရေးဖို့ လောလောဆယ် အာရုံစုစည်းလို့ မရဘူးဖြစ်နေလို့ပါခင်ဗျာ
ရာကွတ်
ပုလုကွေး said...
မမရေ ရေးပါမယ်ဗျာ.. တစ်ဝက်တော့ ရေးပီးပီ။ ကျန်တာရေးဖို့ ဦးနှောက်က heat တက်လာလို့ ခန နားလိုက်ဦးမယ်ဗျာ
အိမ့်ချမ်းမြေ့ said...
မ ရေ...
တင်တင်တို့တစ်တွေ တောင်တက်တယ်တဲ့တော်...
တောက်တဲ့တွေ၊ တံတားတွေ၊ တစ်တီတူးတွေ.. တွေ့တယ်တဲ့တော်...
အဲဒါလာပြောတာ..
တာ့တာ..
Moe Cho Thinn said...
မမ
အကို့ကို ပြောပြပါ။
Happy Birthday လို့..(ဒီနေ့ မမတို့ဆီမှာ ၂၅ ရက်ပေါ့)
ပြီးပြည့်စုံတဲ့ မိသားစုလေးနဲ့အတူ ချမ်းမြေ့ ပျော်ရွှင်စွာ အသက်ထက်ဆုံး အတူတကွ ငြိမ်းချမ်းပါစေ လို့ အဝေးက ညီမတယောက် ဆုတောင်းမေတ္တာပို့ပါတယ်။
ချစ်သော
ချိုသင်း
သက်ဝေ said...
ကဲ.. ကဲ...
ကမ္ဘာပျက်ခါနီး တလလောက်အလိုမှာရော... ရှမ်းခေါက်ဆွဲ စားရအုံးမှာလား... ဘယာကြော်ရော ပါမှာလား... ဘာတွေလုပ်ကြရင်ကောင်းမလဲ... ရေးပေးပါအုံး... Tag ထားကြောင်းပါ...
Anonymous said...
ရေးပြီးပါကြောင်းခင်ဗျာ