Thursday, June 18, 2009

နေသားကျ

နေသားကျ(၁)

Before

“ဟဲ့… သက်သက်… ဘယ်လိုဖြစ်တာတုန်း… အထုတ်တွေနဲ့  ငိုထားတဲ့ မျက်နှာနဲ့ … ငါဖြင့်စိတ်ပူလိုက်တာဟယ်”

“ငါ ငဦးနဲ့ ကွဲလာခဲ့ပြီ… ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး… အိမ်ပေါ်က ဆင်းလာတာ… နင့်အိမ်မှာ ခဏနေလို့  ရမလား”

“မေးနေစရာလိုသလား သက်သက်ရယ်… ခဏပဲနေနေ အကြာကြီးနေနေ… ဒါပေမယ့် ယူတာမှ မကြာသေး လင်မယားကွဲကြတယ်ဆိုတာ သိပ်ကြားလို့  မကောင်းပါဘူးဟာ… ဖြစ်ပုံလဲပြောပါဦး”

“ဘာဖြစ်ရမလဲ အလောင်းအစားပေါ့… ညက ဘောလုံးလောင်းလိုက်တာ ငါစုထားတဲ့ ပိုက်ဆံလေးပြောင်ရောဟယ်… အဲဒီလောက် အတိုင်းအဆမဲ့လာရင် ကြာရင် ငါတို့  နေစရာအိမ်တောင် ရှိမှာ မဟုတ်တော့ဘူး… တော်ပြီ… ဒီလောက်နဲ့  ဇာတ်လမ်းရပ်တာကောင်းတယ်”

“မဟုတ်သေးပါဘူး သက်သက်ရယ်… ဒီလောက်က အချင်းချင်းညှိနှိုင်းကြည့်ပါဦး… ကွဲလောက်တဲ့အဆင့် မဟုတ်သေးပါဘူး”

“တော်ပြီ… ဘာမှမပြောနဲ့ တော့ဟာ… သက်သက်တို့ က ဗူးဆိုဖရုံမသီးဘူး”

************************
နေသားကျ(၁)

After

“ကိုဦး…သက်သက်… အမလေး အော်မကြားခေါ်မကြားနဲ့  သိပ်ပျော်နေကြတယ်ပေါ့… shopping လာတာလား”

“ဟယ်… သူငယ်ချင်းရယ်… နင့်ကိုတကယ်မမြင်တာပါ… ဟုတ်တယ်… ဒီနေ့ ကိုဦးမွေးနေ့ မို့  လက်ဆောင်လာဝယ်ပေးတာ”

“ကောင်းပါတယ်… ကောင်းပါတယ်… ဒီလိုပဲမြင်ချင်ပါတယ်… ခုတော့ ကိုဦးက လိမ္မာသွားပြီပေါ့…”

“ကိုဦးလား ဘောလုံးပွဲ လောင်းမြဲလောင်းဆဲပါ… တခါတလေ စီးနေတဲ့ကားလေးပြုတ်လိုက်… တခါတလေ အိမ်လေးပေါင်လိုက် တခါတလေ ငါ့လက်ဝတ်လက်စားတွေ ပျောက်လိုက်…ပေါ်လိုက်ပေါ့”

“သက်သက်ရယ်… ခုတော့ ဒါတွေကို ရယ်လို့ မောလို့  ပြောနိုင်နေပြီနော်.. ဘာပဲဖြစ်ဖြစ် နင်တို့ အဆင်ပြေနေတာတွေ့ တာပဲ ငါဝမ်းသာလှပါပြီ”

“ဘာလို့ လဲ သိလား… လောင်းကစားဝါသနာပါတဲ့ ယောင်္ကျားတယောက်ရဲ့ ဇနီးမယားတယောက်ဘ၀မှာ နေသားကျသွားလို့ ပေါ့ဟယ်… ကြာလာတော့လဲ နေသားကျသွားတာပါပဲ”

“ဘာရယ်သက်သက်… နေသားကျသွားတယ်ဟုတ်လား”

************************
နေသားကျ(၂)

Before

“ဗျို့ … ကိုချစ်ပို”

“ဟာ… ကိုစိုးကြီးတို့ ပါလား… လာကြပါဗျာ… ထိုင်ကြဗျာ… ကျူပ်မိန်းမရှိတုန်းကလိုတော့ ရေနွေးလေး လဘက်ညွှန့် လေးနဲ့  ပြည့်ပြည့်စုံစုံ ဧည့်မခံနိုင်တော့ဘူးပေါ့ဗျာ…”

“မထိုင်တော့ပါဘူး ကိုချစ်ပိုရာ… ခင်များမလဲ ဇနီးဆုံးပြီးကတည်းက ဘယ်မှလဲမထွက် အိမ်ထဲမှာပဲ တငိုငိုတရီရီမို့  စိတ်ပြေလက်ပျောက် ကျူပ်တို့ နဲ့  လမ်းလျှောက်ထွက်ရအောင် လာခေါ်တာပါ”

“ခင်ဗျားတို့ ပဲ သွားပါတော့ဗျာ… ဒီလမ်းတွေက မူမူနဲ့လျှောက်နေကျဆိုတော့ ကျူပ်တယောက်ထဲ ဘယ်လိုမှ…”

“ကဲ… မငိုပါနဲ့ တော့ဗျာ… ကျူပ်တို့ အရွယ်တွေလဲ ၆၀ကျော်လာပြီဆိုတော့ တရားနဲ့  ဖြေကိုဖြေရတော့မယ့် အရွယ်တွေပါဗျာ… ခင်များ လမ်းမလျှောက်ချင်လဲ စကားပဲ ထိုင်ပြောကြတာပေါ့ဗျာ”

“ရပါတယ်ဗျာ”

“စကားမစပ်… မမူမူဆုံးကတည်းက ခင်ဗျားကို ဒီအကျီင်္နဲ့ ပဲတွေ့ နေရတာ… အရင်ကလို နေပါဦီးလားဗျာ”

“မူမူမီးပူတိုက်ပေးတဲ့ အ၀တ်လေးတွေ ဒီတိုင်းလေး ခေါက်ရိုးမပျက် ရှိစေချင်လို့ ပါ… ကျူပ်မိန်းမလက်ရာလေးတွေ ပျောက်သွားမှာ စိုးလို့ ပါဗျာ”

************************
နေသားကျ(၂)

After

“ဗျို့ … ကိုချစ်ပိုကြီး… ခင်များမလဲ ဖမ်းရခက်လှချည့်လားဗျာ… အိမ်မှာကို မကပ်ဘူး”

“ဟားဟား… လာဗျာကိုစိုးကြီး… ခင်က ခုမှ ရန်ကုန်နဲ့ ရင်းနှီးတာဆိုတော့ သူ့ ကို လိုက်ပို့ နေရလို့ ပါဗျာ”

“ထင်ပါ့…ထင်ပါ့… ခင်တဲ့လား… ဒီလိုကြီးတော့ မလုပ်နဲ့ လေဗျာ… လူသိရှင်ကြား မိတ်ဆက်တဲ့ပွဲလေးဘာလေး လုပ်မှပေါ့”

“ဟဲဟဲ… ကျူပ်လဲ လုပ်ချင်ပါတယ်ဗျာ… စကားစရခက်နေလို့ … ခင်ရေ… ရေနွေးကြမ်းလေး လဘက်သုတ်လေး လုပ်ပါဦး”

“ခုတော့လဲ ကျုပ်တို့ လူကြီးက ဟာဝေယံရှပ်တွေနဲ့  တယ်နုနေပါ့လားဗျ… ခပ်တိုးတိုးလေး မေးစမ်းပါဦးမယ်.. ခင် မကြားအောင်… အကျီင်္အသစ်တွေ ၀ယ်တာ မူမူတိုက်ပေးတဲ့ အကျီင်္လေးတွေ ခေါက်ရိုးမပျက်မှာ ကြောက်လို့ လားဗျ”

“ခင်ဗျားကတော့ လုပ်ပြီဗျာ… ဟဲဟဲ… မူမူမရှိတဲ့ဘ၀မှာ နေသားကျသွားတာပါဗျာ..”

“ဘာတဲ့… နေသားကျကျချည်သေးတော့ဗျာ… ဟားဟား”

************************
နေသားကျ(၃)

Before

“အမေ့…အမေ့… အမေ့ကို ကျွန်တော်လွမ်းတယ်ဗျာ… ခုပြန်လာချင်ပြီ… အီးအီး”

“သားလေး… သွားတာမှ တလပဲရှိသေးတယ်သားရယ်… ဘာများအဆင်မပြေလို့ လဲသား… မငိုပါနဲ့ ကွယ်… မင်းငိုရင် အမေငိုမိလိမ့်မယ်”

“အမေ့သားပညာတတ်ကြီးလေ… ခုကူလီထမ်းတဲ့ အလုပ်မျိုးလုပ်နေရတယ် အမေရဲ့… ဟိုပွဲစားကောင်လိမ်တာ… ကွန်ပြူတာကိုင်ရမယ်ဆိုတာ အလကားအမေရဲ့… တနေ့ တနေ့  သယ်လိုက်ရတဲ့ ပိုက်လုံးကြီးတွေ… ညကျ တကိုယ်လုံးကိုင်ရိုက်ထားသလိုပါပဲဗျာ”

“ငါ့သားဘွဲ့ ရ ပညာတတ်… အိမ်မှာ ဖူးဖူးမှုတ်ထားတာကို သူတို့ က ခိုင်းရက်လိုက်ကြတာ… ဘာမှ မပူနဲ့ သား… အမေဈေးရောင်းကျွေးနိုင်တယ်… ပြန်သာလာခဲ့”

“အမေ.. ကျွန်တော်စဉ်းစားဦးမယ်.. ဖုန်းကဒ်က ကျခါနီးပြီ… အမေနေကောင်း….”

“ဟယ်လို…ဟယ်လို… သား… ကြားရလား… ကြားရလား”

************************
နေသားကျ(၃)

After

“သားလေးရယ်… မင်းပင်ပန်းတယ်သာဆိုတယ် ဖြူလို့ ဝလို့ ပါ”

“၂နှစ်လောက် လုပ်လိုက်ရတော့ ပင်ပန်းတာနဲ့ နေသားကျသွားတာအမေ… အရာရှိက ကျွန်တော့်ကို ဖိုမင်ရာထူးတိုးပေးတော့ အရင်ကလောက် မပင်ပန်းတော့ပါဘူး”

“အေးလေ.. သားပြန်ထွက်ချင်တယ်ဆိုလဲ အမေမတားပါဘူး… သားသဘောပါပဲ”

“ဟာဗျာ… မီးကပျက်သွားပြီ… ဒီနေ့ ညဘောလုံးပွဲရှိပါတယ်ဆိုမှ… ဟိုမှာ ကျွန်တော်ရောက်တဲ့ ၂နှစ်အတွင်း မီးတခါမှ ပျက်တာ မတွေ့ ခဲ့ရဘူး ”

“ဒီလိုပါပဲသားရယ်… အမေတို့ ကတော့ ပျက်လိုက်၊လာလိုက် လင်းလိုက်၊မှောင်လိုက်နဲ့  နေသားကျနေပါပြီ… ကဲ..စားလိုက်ဦး… မင်းကြိုက်တဲ့ လမ်းထိပ်က မနုလက်ရာ မိုးကျလဘက်သုတ်ကလေး”

“အမေ ကျွန်တော် မစားချင်ဘူး… မိုးကျလဘက်တွေက ကွင်းထဲမှာ လူတွေခြေနင်းဖတ်ထဲ ဒီတိုင်း… ကျွန်တော်စားရတာစိတ်ထဲ တမျိုးပဲအမေရာ… ”

“ဟဲ့… အဲဒါမင်းတောက်လျှောက်ကြိုက်လာခဲ့တာလေ… အရင်ကမရွံပဲ ခုမှ ဘယ်လိုဖြစ်တာလဲ”

“ဟိုမှာက အတော်သန့် ပြန့် တာဆိုတော့ သန့် ရှင်းတာနဲ့  နေသားကျသွားလို့ ပါအမေ”

“ဟုတ်မှာပေါ့သားရယ်… ဒါဆိုလဲ အမေကိုယ်တိုင်ကျော်ထားတဲ့ အကြော်စုံလေးကို ရေနွေးကြမ်းနဲ့ မြည်း”

“အမေ စားအုန်းဆီတွေနဲ့  ကြော်တာလား… အမေအသက်ကြီးလာပြီ… ကျန်းမာရေးထိခိုက်လိမ့်မယ်… ပဲဆီလေးနဲ့ စားပါဗျာ”

“ပဲဆီလဲမထူးပါဘူးသားရယ်… ရောတာပါပဲ… ဈေးကျတော့ ခေါင်ခိုက်နေတာ… အမေတို့ က စားအုန်းဆီနဲ့ နေသားကျသွားတော့ ဘာမှမဖြစ်ပါဘူး… သားလာရင် အိပ်ဖို့ ဆို အမေက အိမ်ရှေ့ ခန်းမှာ ကုတင်ခင်းထားတာ… ဟိုအရင်ကလို မင်းညီတွေနဲ့ အိပ်တတ်တော့ပါမလားလို့ ”

“ဟားဟား… အမေက ကျွန်တော့်ကို နိုင်ငံခြားမှာ နေရတယ်ဆို အထင်ကြီးနေတာကို… အခန်းကျဉ်းကျဉ်းလေးထဲမှာ လူတွေအများကြီး စုပြုံနေရတာ အမေရဲ့… ကျွန်တော်က အဲဒီဘ၀နဲ့  နေသားကျသွားတော့ ခုလို ခြံလေးနဲ့ လေလေးတဖြူးဖြုးက ကျွန်တော့်အတွက် ဟိုတယ်ပါပဲ”

“ငါ့သားလေး ရုန်းကန်ရတာ အမေဖြင့် သနားလိုက်တာ… xxxxxxx”

“xxxxxxxxနေသားကျxxxxxxx”

“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxနေသားကျxxxxxxx”
“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxနေသားကျxxxxxxx”

************************
တန်ခူး
5:40pm 18-Jun-2009

14 comments:

မီယာ said...

ရန်ကုန်မှာ တအိမ်လုံးကြားအောင် စကားကို အော်ပြောခဲ့သလောက် အခုတော့ အိမ်ရှင်တွေနဲ့မို့ တိုးတိုးလေး ပြောရတာ နေသားကျနေပါပြီ

အိမ်ထောင်မကျခင်က စကော့ဈေး ရေထွက်အောင် ပတ်ခဲ့သလောက် အခုတော့ ဈေးဘိုးနဲ့ တခြားကုန်စရာတွေကြားမှာ နေသားကျနေပါပြီ

မတန်ခူးရေ ဆက်ရေးရရင် အများကြီးပါပဲ

:P said...

မြန်မာပြည်တုံးက နယ်မှာနေတော့ ခြံကျယ်ကြီးနဲ့နေရတယ်..
ခု အံဆွဲထဲမှာ နေသားကျ....။ :((

Anonymous said...

ဒီပို့စ်လေးကြိုက်တယ် ( တကယ်ဖြစ်နေတာတွေတွေ့နေရလို့ )......
ဒီရောက်ပြီးမှ ဘာပဲလုပ်လုပ် အနောက်ကကျားလိုက် သလိုလုပ်တတ်နေတတ်တာနဲ့ နေသားကျနေပါပြီ...

Rita said...

တသက်လုံး လုပ်ချင်တာတွေ အစီအစဉ်မရှိဘဲ စိတ်သွားတိုင်း ကိုယ်ပါ လုပ်လာတာ။ ခုတော့လည်း ဘ၀ပေး အချိန်ဇယားထဲမှာ စက်ရုပ်တစ်ရုပ်လို နေသားကျနေပါပြီ။

JuneOne said...

မကြိုက်တာတွေစား။ကြိုက်တာတွေလွမ်းပြီးနေသားကျနေပါပြီ။

Moe Cho Thinn said...

ရောက်တဲ့အရပ်မှာ နေသားကျအောင်တော့ ကြိုးစားရတာပဲပေါ့ အမရယ်။ ခရီးဆက်ရမှာတွေ ရှိသေးတယ် မဟုတ်လား။
တခါတလေကျတော့လဲ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးလိုက်ရတာတွေအတွက် ၀မ်းမနည်းဖို့ ကြိုးစားမိဖူးတယ်။

P.Ti said...

အမတန်ခူးက စိတ်ကူးလည်းကောင်း စာရေးလည်းကောင်း။

ကျွန်တော်ကတော့ နေသားကျတာတွေများနေပြီ။
စင်ဒန်လား ပြောသလို နေမှာနေတော့ ခြံကျယ်နဲ့နေလာရာက ရန်ကုန်ရောက်တော့ တိုက်ခန်းကျဉ်းမှာ။
မြန်မာပြည်မှာတုန်းက အမေချက်တာစားလာတာ ဒီရောက်တော့ ဟော်ကာစင်ကာတွေက ထူးမခြားနားဟင်းတွေနဲ့။
မြန်မာပြည်မှာတုန်းက မီးပူတိုက်ပြီးသား အဆင်သင့်ဝတ်လာတာ ဒီရောက်တော့ တပတ်တခါ ကိုယ်တိုင် လျှော်ဖွတ် မီးပူတိုက်ရတာတွေ
မြန်မာပြည်မှာတုန်းက မိသားစုနဲ့ ဒီရောက်တော့ သူငယ်ချင်းတွေနဲ့....

နေသားကျလာတာ ကြာပြီအမ...

tg.nwai said...

တန်ခူးရေ..နေသားကျနေတာတွေကို ရေးထားတာက စိတ်ဝင်စားစရာ..။

ဟုတ်တယ်...လောကကြီးနဲ့ အဆင်ပြေဖို့ ကိုယ့်ဘ၀လေးမှာ နေပျော်ဖို့ နေသားကျအောင် နေနေကြရတယ် ထင်တာပဲ။ ရုတ်တရက်အပြောင်းအလဲမှာ နေမထိထိုင်မသာဖြစ်ကြရရင်တောင် ကြိုးစားပြီး လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြရင်း နေသားကျသွားကြရတာကိုး။

ThuHninSee said...

း) အတူတူပါပဲ။
နေသားကျနေသူတစ်ဦး

khin oo may said...

လာဖတ်သည်။

သက်ဝေ said...

ရောက်နေတဲ့နေရာလေးမှာ တော်တော်တော့ နေသားကျနေပါပြီ တန်ခူးရေ...
ပျော်ရာမှာမနေရ တော်ရာမှာနေရ တဲ့...
တော်ရာမှာ ပျော်ပြီး နေသားကျမှပဲ ဖြစ်မယ်လေ...
ဘဝဆိုတာ တိုတိုလေး မဟုတ်လား...

T T Sweet said...

တန်ခူးရေ ... တို့လဲသူများ တက်ခ်ထားတာတွေ မရေးတာ နေသားကျနေပြီတော့ ... ဟီးဟီး (မျက်နှာချိုသွေးခြင်း)...သယ်ရင်း ... ငါ့ကိုခွင့်မလွှတ်ပါနဲ့း) ...

နောက်တာနော်။ တန်ခူးရေးတာဖတ်လို့ကောင်းတယ်။ ကိုယ့်သူငယ်ချင်းရေးတာ ကျောင်းကထဲက အားပေးလာတာနော်။

သစ်နက်ဆူး said...

မတန်ခူးရေ...
အလုပ်လေးပါးလို့ အခုမှ သက်ပြင်းချနိုင်ပြီး
စာတွေလိုက်ဖတ်ရတာ...
မတန်ခူးစာလေးတွေ ဖတ်လိုက်ရမှ...
နေသားကျသွားတာ...း)

စူး said...

အင်းးး ဒီလိုနဲ့ပဲ.. နေသားကျသွားတာ ကြာခဲ့ပီပေါ့.. အမရာ