Friday, February 13, 2009

အဖေ့ပန်းပု

ကျွန်မ ငယ်ငယ် မူလတန်းကျောင်းသူ အရွယ်က အဖေ ရွှံ့ နဲ့  ပန်းပုရုပ်လေး တခုလုပ်ခဲ့တယ်။ အိုးပုတ်လေးလောက်ပဲသိသေးတဲ့ ကျွန်မက အဖေလုပ်နေတာကို စိတ်ဝင်တစားကြည့်လို့ … ဘာပုံလေးများဖြစ်လာမလဲ ရင်တွေခုန်လို့ ။ နောက်ဆုံး ရုပ်လုံးပေါ်တော့မှ အဖိုးပုံဆိုတာ သိလိုက်ရတယ်။ အဖေက ဘယ်သူ့ ဆီကမှ ပန်းပုပညာမသင်ဖူးပါပဲ အဖိုးပုံလေးကို တကယ့်လက်ရာမြောက်အောင် လုပ်နိုင်ခဲ့တယ်။ အဲဒီအရုပ်လေးကို ဧည့်ခန်းမှာ တမြတ်တနိုးနဲ့  ထားခဲ့တယ်။ ခုချိန် ကျွန်မပြန်တွေးတော့ အဖေ အဲဒီလို ထုဆစ်နိုင်ခဲ့တာ သူ့ နှလုံးသားထဲမှာ အလွတ်ရစွဲထင်နေတဲ့ သူ့ သူရဲကောင်း အဖိုးပုံရိပ်ကြောင့်ပါ။ အဲဒီ အဖိုးပုံ ပန်းပုလေးကလဲ ခုချိန်ထိ အဖေ ထုဆစ်တဲ့ တခုတည်းသော ပန်းပုလေးပါပဲ။ ဒီနေ့ ဒီရက်မှာ အဲဒီပန်းပုရုပ်ထုလေးကို လွမ်းနေမိတယ်။ တကယ်လို့ များ.. ကျွန်မလဲ အဖေ့လို ပန်းပုထုဆစ်ခွင့်ရမယ်ဆိုရင် အဖေထုဆစ်သလို ထထေရာထဲ ထုဆစ်နိုင်လိမ့်မယ်လို့  ဘာကြောင့်များ ယုံကြည်နေမိပါလိမ့်။

ချစ်တဲ့အဖိုးမွေးနေ့ အမှတ်တရ

တန်ခူး
1:10pm 13-Feb-2009

11 comments:

သက်ဝေ said...
This comment has been removed by the author.
Anonymous said...

ဖေဖေ့ပုံကို မျက်စိထဲမြင်ယောင်လို့ရတယ်..။
ပန်းပုတူအောင် ထုတတ်ပါ့မလားလို့ စဉ်းစားနေမိတယ်..။

sdl

သက်ဝေ said...

နှလုံးသားထဲမှာ အလွတ်ရ စွဲထင်နေတဲ့ ပုံရိပ်တစ်ခု...
တန်ခူးက ပန်းပုထုမယ်ဆိုရင် ကိုယ်က အဲဒီပန်းပုရုပ်လေးကို အသက်သွင်းတဲ့ အတတ်ကိုတတ်တဲ့ သူတစ်ယောက် ဖြစ်ချင်မိပါတယ်...

kay said...

အား..မတန်ခူးကလဲ..ပန်းပုပုံလေး တောင် တင်မပေးပဲ.. ကပ်စီးနဲတယ်။ သူရဲကောင်းအဖိုးကို စိတ်ဝင်စားတယ်။ ပြ- ပြ

Anonymous said...

စိတ်ကူးပုံဖော်ကြည့်လိုက်တော့မယ် ပန်းပုရုပ်လေးကိုး)

ကိုပေါ said...

တန်ခူးရဲ့ အဖိုး၊ မြန်မာတနိုင်ငံလုံးရဲ့ အဖိုး။ လွတ်လပ်ရေး ဗိသုကာကြီး။ လွတ်လပ်ရေး ဖခင်ကြီး..... အဲသည်လို ခေါ်ဆိုကြရပေမယ့် ဆရာအောင်သင်းပြောသလိုပါပဲ။ “အောင်ဆန်း ဆိုတဲ့ ကောင်လေး”။ သူသေသွားတော့ သူ့အသက် ဘာရှိသေးလဲ။ ၃၂ နှစ်တဲ့။

အောင်ဆန်းသေသွားတော့ သူ့ကိုယ်ပိုင်ဆိုလို့ ဘောင်းဘီနဲ့ စစ်ဝတ်စုံ ၂ စုံပဲ ကျန်ရစ်သတဲ့။ အောင်ဆန်းတို့ မစားဘဲ စွန့်သွားခဲ့သလောက် အခု နှောင်းလူများ မစွန့်ဘဲ ထိုင်စားနေကြပုံကို မြင်မိတိုင်း ရင်နာရတယ်။

tg.nwai said...

မသင်ထားပဲနဲ့ တတ်..ပြီး တူအောင် ထုနိုင်တာ အံ့သြစရာကောင်းလောက်အောင် ကိန်းဝပ်နေတဲ့ တန်ခူးဖေဖေရဲ့ လေးစားမြတ်နိုးတဲ့စိတ်ကို အားကျလိုက်တာ...။ တန်ခူးလေလဲ အဖေ့သမီးပေမို့ ယုံကြည်ချက်အပြည့် ရှိလိုက်ပုံက..။

Anonymous said...

မတန်ခူးအဖိုးကဗိုလ်ချုပ်လား???

မီယာ said...

အမဖေဖေက တော်လိုက်တာနော်.. သူ့ရင်ထဲ အပ်ကျမတ်ကျ စွဲနေတာလည်း ပါမှာပေါ့။

တန်ခူး said...

တူအောင်ထုနိုင်မှာ သေချာပါတယ် sdlရေ…

အဲဒီလိုသာ တကယ်ဖြစ်ခဲ့ရင် ဘာလိုတော့မှာလဲ သက်ဝေရယ်…

ကေကတော့လုပ်ပြီ… သိသားနဲ့ …. တို့ နဲ့ ကေက ညီအမတွေဆိုတော့ တို့ အဖိုးက ကေ့အဖိုးပဲပေါ့…

မောင်မျိုးရေ… တကယ်တော့ အားလုံးနှလုံးသားမှာ စွဲထင်ပြီးသားပါ…

ကိုပေါရေ… ကျွန်မအမေနဲ့ အဖိုးသမီးက တနှစ်ထဲမွေးတော့ အဖိုးပေါ့နော်…

မ ရေ… ဟုတ်ပါတယ်… သိပ်အံ့သြစရာကောင်းပါတယ်…

Anonymousရေ… အပေါ်က အဖြေလေးတွေ ဖတ်ကြည့်လိုက်နော်…

အမှန်ပဲ မီယာရေ… တကယ်ကို အပ်ကျမတ်ကျပါပဲ…

Kaung Kin Ko said...

မေတ္တာနဲ့ ထုဆစ်ထားတဲ့ ပန်းပု လေးကို မြင်ယောင်ကြည့်သွားပါတယ်။