ကျွန်မဘလော့ဂ် လေနုအေးလေးကို တွေ့ တိုင်း ဆရာနန်းတော်ရှေ့ ရဲ့ ကျွဲမ သီချင်းလေးကို သွားသွား သတိရမိတယ်။ သူ့ ခမျာ ဘာအဆင်တန်ဆာမှ မရှိတဲ့ ရုပ်ဆိုးမလေး။ လူမသိ၊ သူမသိ တနှစ်သာကျော်လာတယ် ဒီအကျီင်္အဟောင်းလေးနဲ့ ။ သူသာ အသက်ရှိရင် ခြေလေးဆောင့်ပြီး ကျွန်မကို စိတ်ကောက်မလား… ဒါမှမဟုတ် အခုအတိုင်းလေးပဲ ထားရာနေ စေရာသွားမလား စိတ်ထဲမှန်းကြည့်နေမိတယ်။ သူများဘလော့ဂ်လေးတွေများ အကျီင်္အသစ်လေးတွေ ခဏခဏလဲ၊ အရောင်အသွေးလေးတွေ စုံစုံလင်လင်၊ တချို့ များဆို သာယာနာပျော်ဘွယ် သီချင်းသံလေးတွေနဲ့ ။ လာသမျှ ဧည့်သည်ကို ဧည့်ဝတ်ကျေကျေ ဧည့်ခံတတ်တဲ့ အိမ်ရှေ့ ကွတ်ပျစ်ပေါ်က ရေနွေးကြမ်းဝိုင်းလေးနဲ့  တူတဲ့ ဆီဗုံးလေးတွေကိုယ်စီနဲ့ ။ လေနုအေးခမျာတော့ တခါတလေ ပို့ စ်အသစ်တောင် မတင်နိုင်တဲ့ ကျွန်မကြောင့် လာသမျှ ဧည့်သည်ကို မချိသွားဖြဲလေး လုပ်နေရရှာမှာ။ တခါတလေ ကော်မန့် တွေ ပြန်တာ နောက်ကျတော့လဲ သူပဲ မျက်နှာပူရမှာ။
တကယ်တော့ ကျွန်မက စာရေးဝါသနာကြောင့်သာ ဘလော့ဂ်လေး တခုလုပ်ရတာ တခြားပိုင်းမှာ ဘာမှ မကျွမ်းကျင်ပါဘူး။ ကိုယ်တိုင်က ကွန်ပြူတာသမားပေမယ့် ကိုယ့်အလုပ်နဲ့ ဆိုင်တာလေးသာ ကွက်ကွက်လေးလေ့လာတတ်တဲ့ ကျွန်မကို အမျိုးသားဆူတာ ခဏခဏခံရပါတယ်။ ဒီဘလော့ဂ်လေးတောင် ကိုပေါကျေးဇူးကြောင့် ဘလော့ဂ်လားမြောက်လာရတာပါ။ ဟိုတနေ့ က ကိုပေါက eotမရှိသေးတဲ့ ကျွန်မဘလော့ဂ်ကို eotလုပ်ပေးတာကြောင့် eotလေးရသွားပါတယ်။ သူများဘလော့ဂ်က ဘန်နာလှလှလေးတွေ၊ ဘက်ဂရောင်းလှလှလေးတွေဆို သိပ်အားကျမိပါတယ်။ လတ်တလော ကော်မန့် တို့ … လက်ရှိအသစ်ပို့ စ်လေးတွေတို့ ဆို သိပ်အဆင်ပြေတဲ့ အရာလေးတွေပါ။ ကိုယ့်ဘလော့ဂ်သွားလိုက်တာနဲ့  ဘယ်သူအသစ်လေးတွေ တင်ထားတယ်ဆိုတာ တန်းသိတာလေ။ ပြီးတော့ blog follower… တကယ်ကိုယ်follow လုပ်တဲ့ ဘလော့ဂ်တွေက အများသား။ ဒါပေမယ့် အဲဒီlistထဲ မထည့်ဖြစ်။ ကိုယ့်ကိုfollowလုပ်တဲ့ ဘလော့ဂ်လေးတွေလဲ စိတ်ထဲက ကြိတ်ပြီး ကျေးဇူးတင်နေမိပေမယ့် သူများတွေလို လက်တွေ့ ဘလော့ဂ်ပေါ်တင်ပြီး အသိအမှတ်မပြုဖြစ်။ ခုနောက်ပိုင်း link post ဆိုလား… သတိတော့ထားမိတယ်… တခုဖတ်ရင်းနဲ့  စိတ်ကူးတည့်တာလေး ဆက်ဖတ်သွားလို့ ရတာမျိုး။ ရေကန်အသင့်၊ ကြာအသင့်ရှိပေမယ့် ရေမခပ်အား ကြာမချိုးအားတဲ့ ကိုယ့်ဘ၀ကိုယ်ပဲ အပြစ်တင်မိပါတော့တယ်။
တချို့ ဆို ကိုယ့်ပို့ စ်အတွက် သရုပ်ဖော်ပန်းချီလေးတွေကအစ ဖန်တီးတတ်လိုက်ကြတာ။ သွားရည်တွေကျပြီး ပြန်ပြန်လာ။ ကိုယ့်ပို့ စ်ကျတော့ အင်တာနက်က ပုံလေးတောင် မနည်းရှာယူရတယ်။ ဓာတ်ပုံရိုက်ကလဲ မကျွမ်းကျင်။ အလင်း၊ အမှောင်တွေ သိပ်မစဉ်းစားပဲ ရိုက်ရိုက်ပစ်လိုက်တာ။ အလှဆင်ဖို့  အသာထား ပို့ စ်လေဘယ်တောင် တတ်ဖို့ မေ့ နေတာ အတော်ကြာပေါ့။ ကြာလာတော့ ကိုယ့်ဘလော့ဂ်ဆီ လာလည်တဲ့သူတွေ အားနာလာတယ်။ ဒီမပြည့်မစုံ ချို့ ချို့ တဲ့တဲ့ (အင်း… ပြောရင်း ငိုတောင်ငိုချင်လာပြီ) ဘလော့ဂ်လေးကို ၀ိုင်းဝန်းအားပေးကြတဲ့ စာဖတ်သူ ဘလော့ဂ် ပရိသတ်အားလုံးကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ ခုတော့ လေနုအေးလေးလဲ သနားလို့  ဘလော့ဂ်ကြွလာ မိတ်သဟာလဲ အားနာလို့  ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ အကျီင်္အသစ် (ဘန်နာအသစ်လေး) ကို တင်လိုက်ပါတယ်။ မလှလဲ လှတယ်လို့ အားပေးနော်။ အဲဒီပုံလွယ်လွယ်လေးကို နေ့ ဝက်လောက် အချိန်ကုန်သွားတယ်ဆိုရင် ကျွန်မရဲ့ အနုပညာကို ခန့် မှန်းလို့ ရမှာပါ။ မနှစ်က ခရစ်စမတ်အကြိုနေ့ က မွေးဖွားခဲ့တဲ့ လေနုအေးကို အသက်တနှစ်ကျော်တဲ့အထိ အားပေးလာကြတဲ့ ဘလော့ဂ်ရောင်းရင်းတွေရဲ့ မေတ္တာကို အလေးအနက် ကျေးဇူးတင်လေးစားမိပါတယ်။ လေနုအေးကြောင့် ပူပင်မှုသောကတွေ ခဏအနားရသွားတယ်ဆိုရင်ပဲ ဖန်တီးရကျိုးနပ်လှပါပြီ။ လေနုအေးက ဆောင်ယူပေးသော မေတ္တာကြောင့် တကမ္ဘာလုံးငြိမ်းချမ်းကြပါစေ။
တန်ခူး
4:21pm 04-Feb-2009
24 comments:
ကျနော်က ရီဒါထဲကနေဖတ်နေတာ အမရေ.. ဘန်နာလေးက ဘယ်လိုလဲ ဆိုပြီး ထွက်လာကြည့်တော့ အတော်လှတာပါ..တကယ်ပါ.. ကျနော်က အမြဲတမ်း ပရိတ်သတ်ပါ..
အစဉ်အမြဲအားပေးလျှက်ပါ။ဘလော့ရှင်သည် အဓိက၊ဘလော့ဒီဇိုင်း
သည်သာမည။ဘလော့ ရေးတာထက် ဘလော့ပြင်တာ အချိန်ပိုကုန်သလိုပဲ မတန်ခူး။
လှတယ်
ဖေဖေစွန် မေမေစွန်နဲ့ သားသားစွန်လေး.. ဟိုးအဝေးကြီးကို အတူတူ ပျော်ပျော်ရွှင်ရွှင် ပျံဝဲကြ
အမတန်ခူးရေ လေနုအေးလေး လှသွားပြီ အကျီင်္အသစ်လေးနဲ့။ ရေးတတ်လိုက်တာအမရယ်။ သူ့ဘလော့ဂ်လေးကို ချစ်တာ ပေါ်လွင်ပါတယ်။ ဒါနဲ့ စွန်လေးတွေကို လေနုအေးက သယ်လာတာလား။ ဒါမှမဟုတ် လေနုအေးဆီ စွန်လေးတွေ ဝဲကျလာတာလား။
မတန်ခူးရေ....
ကျွဲမလေးကိုပဲ ချစ်နေတာပါ...။
စီပုံးလေးရှိရင်တော့ ပိုကောင်းတာပေါ့နော်....။
အိမ်ရှင်မအားလည်း ဧည့်သည်အချင်းချင်း လေပန်းလို့ရတာပေါ့..။
မမကေအိုအမ်တို့၊ တီဇက်အေတို့လိုလေ...။
မဇနိက စွန်ကြိုးက မြှားခေါင်းလေးတွေကို ကြည့်ပြောတာလား မသိဘူး၊
ညီမလည်း အဲလိုတွေးလိုက်မိလို့..၊
လှပါတယ်.. လွယ်လွယ်လေးသာပြောတယ် သားတောင်အဲ့လိုမလုပ်တတ်..း)
ချစ်စရာလေးပါ ဘန်နာလေးက
အစ်မကြီးရေ့ မွေးနေ့မှာ အသိတစ်ယောက် လာပြောသွားသလိုပဲ အိမ်အပြင်ဆင်ထက် အိမ်ထဲကအရောင်က အဖြူရောင်လေးမို့ ပျော်တယ်း) ဒီနေရာ လေနုအေးလေးမှာ သဘောကောင်းတဲ့ အစ်ကိုကြီးတစ်ယောက် ၊ စိတ်ထားနုညံ့ပြီး စာရေးကောင်းတဲ့ အစ်မကြီးရယ် ချစ်စရာ သားသား ရယ် ရှိနေတာကိုပဲ ကျေနပ်ပြီး အရင်တိုင်းလည်းလာမယ် အခုတိုင်းလည်းလာမယ် နည်းသွားတဲ့ ဧည့်သည်တွေထဲ ကျနော်မပါဘူးနော် ဒါနဲ့ စွန်လေးက အရောင်လေး ကဗျာဆန်တယ် ဘယ်သူလုပ်ပေးတာတုန်းဗျ ။
တန်ခူးရေ..ဘယ်နှယ် ဘယ်နှယ်.. လေနုအေးကို လေနုအေးမို့လို့ကို ခင်တွယ်နေရတာလေ..။ အတွေးကောင်းသော အရေးကောင်းသော..ပြောရရင် အစွဲလေးလည်း ပါသေးသပေါ့လေ..။
စွန်လေးတွေ လွင့်တက်နေတာ ချစ်စရာလေး..။ မိသားစုလေးကို ကိုယ်စားပြုလိုက်တာပေါ့။ ကိုယ်ပိုင် အိုင်ဒီယာလေးနဲ့ ကိုယ်ပိုင်အင်္ကျီလေးနဲ့ပေါ့... လှတယ်.. တို့လည်း သိပ်မပြောင်းရဲဘူး..
ပျောက်သွားရင် ကိုယ်ကလည်းမကျွမ်းကျင်၊ ကွန်နက်ရှင်ကလည်း ကောင်းပါဦးမှ..။
ကြိုးမဲ့စွန် ကလေးကို အားကျသွားတယ်။ လုပ်ချင်ပေမဲ့မတတ်သေးဘူး. သင်ဘို့လည်းစိတ်ကူးမရှိပါဘူး.ပန်ပန်ကပြောတယ်. လိုချင်ရင် လုပ်ပေးမယ်တဲူ့ကိုယ့်ဘာသာ ကိုယ်လုပ်တတ်ဘို့ဆိုတာတော့အလျမ်းဝေးမယ်တဲ့။။ ဒါပေမဲ တို့က အေးအေးဆေးဆေးပါ။ ရိုးရိုးလေးဘဲ။။ အသက်လဲကြီးပြီလေ.။
လေနုအေးက တိုးတိုးလေးပြောနေတယ်...
ကျေးဇူးပဲ အချစ်ရယ်တဲ့ ...
အဟိ
ဘန်နာလေးက သိပ်လှပါတယ်။ စာလေးက ပိုတောင် လှသေးတယ်။ အားမငယ်ပါနဲ့ မတန်ခူးရယ်၊ ကျွဲမ အဖော်လေး အနားမှာ ရှိပါတယ်။ ချိုသင်းကတော့ ကျွဲထဲတောင် တော်တော် အရုပ်ဆိုးတဲ့ ကျွဲမလေးပါလေ။
ချိုသင်းလဲ သနပ်ခါးလိမ်းဖို့ စဉ်းစားဖူးပါတယ်။ လုံးဝကို မလုပ်ရဲ၊ မလုပ်တတ်လို့ပါ။ သင်ပေးရင်တော့ တတ်မှာပါ။ အလွန်ဆုံးမှား ၅ ခါပေါ့။ မှတ်မိသွားရင်တော့ အသည်းထဲစွဲနေအောင် မှတ်သွားပြီ။ ဒါပေမဲ့ ခက်တာက ကလိကြည့်ဖို့တောင် New Post ကနေ ဟိုဖက် ကော်လံတွေ မသွားရဲတာပဲ။ တနေ့တော့ ကြိုးစားကြည့်ပါအုံးမယ်။ လောကဓာတ် ပညာတွေကလဲ တယ်ဆန်းသကိုး။
မတန်ခူးရေ ပုံရိပ်ဘလောက်လည်း ကျွဲမ စာရင်းထဲ ပါမယ် ထင်တယ်။ အားမငယ် ပါနဲ့။ အစ်မစာတွေ ကောင်းတော့ အမြဲ လာဖတ်မှာပါ။ ဆက်ရေးနော်။
မြန်မာပြည်သူတွေရဲ့ အပူတွေကို လေနုအေးက တတတ်တအား ဖယ်ရှားပေးနိုင်ပါစေ။
အင်္ကျီအသစ်လေးဝတ်ပြီးလှနေတဲ့ လေနုအေးလေးဆီကို လာလည်သွားပါတယ် ။ အရောင်စပ်ထားတာလေးကို အရမ်းသဘောကျတယ်အစ်မ ။
အမှန်အတိုင်းပြောရရင် ကိုယ်လဲ ခုထိ EOT ဆိုတာ ဘာမှန်းကို မသိသေးတဲ့သူပါ...
ကိုမောင်လှတို့၊ ညီလင်းဆက်တို့ ပြောဆို သင်ကြားထားတာတွေကို ဖတ်ပြီး စမ်းသပ်ရင်းနဲ့ ဘလော့ဂ်လေး ဖြစ်လာခဲ့ရတာ...
ပြီးတော့လဲ ဘလော့ဂ်မှာ မြန်မာစာလုံးတွေ မြင်ရအောင် ရက်ပေါင်းများစွာ ကြိုးစားခဲ့ရတာပါ...
ဘန်နာဆိုတာလဲ... တစ်ခုထည့်ထားပြီးရင် နောက်ထပ် ထိကိုမထိရဲတော့တာပါ...
စာတွေကိုလဲ မခေါက်တတ်လို့ အပြန့်လိုက်ကြီး တရှည်တလျား တင်ထားတာလဲ တွေ့မှာပါ...
(အင်း… ပြောရင်း ငိုတောင်ငိုချင်လာပြီ)
ဘာမှ အားမငယ်ပါနဲ့တန်ခူးရေ...
အခု တန်ခူးရဲ့ ဘန်နာအသစ်ကလေးကတော့
အဓိပ္ပါယ် ပြည့်ဝပြီး လန်းဆန်းလှပနေတာမို့ လေနုအေးက ကျေးဇူးတင်နေမှာ သေချာပါတယ်လေ...
မတန်ခူးရေ.. ကျနော်လည်း အဲဒီလိုပါပဲ အမရယ်.. တကယ်တော့ ပြင်ချင်ပေမယ့်လည်း ပြင်လိုက်ရင် ပိုဆိုးသွားမလားဆိုပြီး ဘယ်မှ မထိမတို့ရက်ပဲ ဒီအတိုင်းပဲ ထားဖြစ်တာ။ သူများ blog တွေ template အသစ် banner အသစ်ဆို အားကျတယ်.. ကျနော်ကတော့ ရုံးက သူငယ်ချင်းတွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ်ပြီး တင်တယ်.. ကိုယ်တိုင်ရိုက်တာ တစ်ခုမှ မပါသေးဘူး.. သူတို့ကင်မရာအကောင်းအစားကြီးတွေနဲ့ ရိုက်ပြီးသားကို ကျနော်က blog မှာတင်မယ်ဆိုပြီး ပြောပြီး ယူပစ်လိုက်တာပဲ.. :)
Banner ပန်းချီက အမလက်ရာလေးပဲကိုး.. အဲဒီလို ဆွဲတတ်ချင်တယ်.. ပန်းချီနဲ့ပတ်သက်ရင် သားသားလောက်တောင် အဖြစ်မရှိပါ.. :P
မတန်ခူးရေ.. အပို ဆာဒါးတွေ မရှိလို့ ၀မ်းမနဲပါနဲ့လေ။Content is the king တဲ့။
ဘာပဲပြောပြော စွန်လေးတွေနဲ့ လေနုအေး နဲ့တော့ လိုက်ဖက်နေတာပဲ။
ပန်းရောင်ကြိုက်တယ်ထင်တယ်။ ဘာဘီ ဂဲလ် ( ဟုတ်ပါဘူး) ဘာဘီ လေဒီ ထင်တယ်..း)
ဘန်နာအသစ်ကလှတယ်အစ်မရ။ လေနုအေး ဆိုတဲ့ နာမည်နဲ့ လည်း လိုက်တယ်။
အမရေ ဘ၀တူတွေ အများကြီး။ စာတွေ ဖတ်ကောင်းလို့ လာဖတ်တာပါ။ စွန် ၃ ခု လေမှာ ပျံနေတဲ့ ပုံလေးကို သဘောကျတယ်။ အဓိပ္ပါယ် ရှိလိုက်တာနော်။
စာကောင်းကောင်းရေးဖို့က အဓိက...
စာရေးကောင်းတဲ့ အမဘလော့ကို အပြင်အဆင်မရှိလည်း လာဖတ်နေကြတာပဲလေ...
ပြောသလောက်လည်း မဆိုးပါဘူး.. :)
ကိုဇနိရေ… ခုလိုအားပေးတာကျေးဇူးပါ… ဘန်နာလေးလှတယ်ဆိုတာရယ် အမြဲတမ်းပရိသတ်ဆိုတာရယ်အတွက် မုန့် ကျွေးမယ်နော်…
ကျေးဇူးပါကျော့ရေ… ညီမဘလော့ဂ်လေးကတော့ သားလေးပုံလေးတွေနဲ့ ကို အတော်ချစ်စရာကောင်းနေပြီ…
ပန်ရေ… စွန်မိသားစုလေးကို လှတယ်ပြောလို့ ကျေးဇူးပါ… ပန်တို့ ကို အားကျလို့  စမ်းကြည့်တာ…
လေနုအေးလေးကို ချစ်တော့ချစ်တယ်… တခါတခါလဲ ပစ်ထားမိတယ် နိနိရေ… စွန်အမြီးလေးတွေကို မနဲလုပ်ထားရတော့ လေနုအေးတိုက်တဲ့ directionက တမျိုးဖြစ်သွားတယ်…ဟိဟိ…
ညီမsin dan larရေ… ကျွဲမလေးကလဲ အချစ်တွေပိုပါတယ်… အခြေအနေပေးခဲ့ရင်တော့ လဘက်လေး ရေနွေးလေးနဲ့ ဧည့်ခံပါ့မယ်နော်… မြှားခေါင်းလေးတွေ ဇောက်ထိုးဖြစ်နေတာ တည့်လိုက်ရင် ကြိုးနဲ့ မတည့်လို့ … အဲဒါအခက်ဆုံးအပိုင်း… ရှူးးးးးးးးး
သားဘလော့ဂ်လေးက ဒီလောက်ခေတ်မှီမြူးကြွနေတာများ သားရယ်…
မောင်မျိုးရေ… ဘလော့ဂ်ပေါ်မှာ ကောက်ရလိုက်တဲ့ မောင်လေးမို့  မောင်လေးအရင်းလေးနဲ့ မခြားခင်မိပါတယ်… အမြဲလာလည်တဲ့အတွက်လဲ အတိုင်းမသိဝမ်းသာမိပါတယ်… စွန်လေးက ကိုယ့်ဘာသာလုပ်တာပါမောင်မျိုးရေ…
မ ရေ… ခုလို အားပေးတဲ့ ကိုယ့်အမကြီးတွေရှိလို့ လဲ အင်အားတွေ ပြည့်နေရတာပါ… အစွဲလေးတွေနဲ့ ဆိုတော့ ပိုခိုင်မြဲတာပေါ့နော်…
မမရေ… ရိုးရိုးအေးအေးကြီးကိုပဲ ချစ်နေမိတာပါ… စွန်လေးက ကြိုးမဲ့ဟုတ်ဘူးလေ…ကြိုးလေးက အဖြူလေး…
မ ပါကြားလိုက်လား… ခိုးနားထောင်တယ်ပေါ့…
ချိုသင်းရေ… အပြင်အဆင်မှာတော့ တို့ ညီမတွေတူပေမယ့် ဒီလောက်အရေးကောင်း အတွေးကောင်း အဆီအနှစ်ပါတဲ့ ချိုသင်းဘလော့ဂ်လေးက အပုံသာပါတယ်ညီမရယ်… ဟုတ်တယ်… ၅ခါလောက်ဆို အတော်ဟုတ်လောက်ပြီနော်…
ပုံရိပ်က Artဒီလောက်ကောင်းတာ… စာအရေးကောင်းသလို သရုပ်ဖော်ပန်းချီလေးတွေလဲ ဖန်တီးတတ်သေးတယ်…
ကိုပေါ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…
ကျေးဇူးပါသန့် ရေ… အရောင်က တန်းပလိပ်အလိုကျ စပ်လိုက်ရတာပါ… တန်းပလိပ်ကို မပြင်တတ်လို့ ..ဟိ… ခုလိုလာလည်တာကျေးဇူးနော်… နောင်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…
သက်ဝေရေ… တို့ လဲ စာအပြန့် လိုက်ကြီးပဲ… ရှိတာလေးပျက်သွားမှာ သိပ်ကြောက်တာ… ဘန်နာလေးလဲတာ သိပ်မခက်ဘူး… တွေ့ ရင်ပြောပြမယ်နော်… အချင်းချင်းဆရာကပ်လုပ်တာ… အနားမှာ ပန်တယောက်လုံးရှိနေတာများ…
နုရေ… နုဘန်နာလေးတွေကို တို့ ကသိပ်ချစ်တာ… စိတ်ကြည်နူးမှုပေးနိုင်လို့ … အဲဒါ ပန်းချီအစစ်ဟုတ်ပါဘူး… wordထဲက autoshapes လေးတွေနဲ့ လုပ်လိုက်တာပါညီမရေ… တို့ လဲ ပန်းချီညံ့မှညံ့…
ကေရေ… ပန်းရောင်ကြိုက်လို့ မဟုတ်ပါဘူး… တန်းပလိတ်နဲ့ လိုက်ဖက်မယ့် အရောင်ရွေးရတာလေ…. တန်းပလိတ်ကို မထိရဲလို့ … ဘာဘီအရောင်ကို ညီမလေးတယောက်က တောက်လွန်းတယ်လို့  အကြံပေးလို့  ပြောင်းမလို့ … အဲဒါဆို ကေပြောသလို ဘာဘီလေဒီ ဟုတ်တော့ဘူးနော်… တို့ က ကေ့လက်မှတ်ကို သိပ်သဘောကျတာ…
ခုလို အားပေးတာ ကျေးဇူးပါကောင်းကင်ကိုရေ… လေနုအေးနဲ့ လိုက်ဖက်မယ့် အဆင်လေးရွေးရတာ တော်တော်ဦးနှောက်ခြောက်သွားတယ်…
အားပေးစကားကြောင့် အားတွေတက်သွားပြီး မီယာရေ… ကျေးဇူးပါညီမရေ…
ကိုပီတိရေ… မတွေ့ တာကြာပြီနော်… ကျေးဇုးပါ... ပြောသလောက်မဆိုးဘူးဆိုလို့  ၀မ်းသာရပါတယ်…
အစ်မကြီး..ကျနော် မေလ်းပို့ထားတယ်လေ ရဘူးလားဗျ။
ရိုးသားချင်းဟာအသစ်လွင်ဆုံးအလှပါ.....
အမဘန်နာလေးက မမိုးချိုသင်းဘန်နာလေးလိုဘဲအမြဲလှ
နေတာဘဲ..တကယ်ပါဗျာ..
Post a Comment