မနေ့ က ကျွန်မမောင်လေးက ဖုန်းဆက်မေးပါတယ်။ ဒေါက်တာလွဏ်းဆွေblogမှာ တင်ထားတဲ့ အရှုပ်ထုပ်(လေနုအေး)ဟာ ကျွန်မလားတဲ့။ ဒီနေ့ လဲ သူငယ်ချင်း ၃၊၄ ယောက်လောက် ကျွန်မကိုမေးလာကြလို့  ဒီpostလေးနဲ့ ရှင်းပြပါရစေ။
ကျွန်မရဲ့ blogနာမည်သာ “လေနုအေး"ဖြစ်ပြီး ကျွန်မရဲ့ ကလောင်နာမည်မှာ “တန်ခူး”ဖြစ်ပါတယ်။ ဒေါက်တာလွဏ်းဆွေblogမှာ တင်ထားတဲ့ ကဗျာရေးသူ လေနုအေးဟာ ကျွန်မ မဟုတ်ပါကြောင်း အသိပေးပါရစေ။ လာလည်ဖတ်ရှုအကြံပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
တန်ခူး
1:13pm 30-May-2008
6 comments:
လေနုအေးက နော့ဆဲကို…. (ဒဂုန်တာရာ)
တန်ခူးရေ ရှင်းတမ်းကို လာဖတ်တာ။ အဲလို ရျင်းထားမှ ။ မဟုတ်ရင် ရှုပ်ကုန်ဦးမယ် ။ အဆင်ပြေပါစေဗျာ ။
ပထမဖတ်လိုက်တော့ လေနုအေးဆိုတာတွေ့ ပေမဲ့ အမများဖြစ်နေမလား လို့ ...အတွေးနဲ့ ဆက်ဖတ် သွား
တယ် အဆုံးမှာ တန်ခူးဆိုတာ မတွေ့ လို့ အမ မဟုတ်ဘူးဆိုတာ သိတယ်..။
အမ နာမည်ကြီးတာအမရ..
အလည်ရောက်တယ်။ တော်များများ ဖတ်သွားတယ်။ လေနုအေးနောက်က “(တန်ခူး)” အဲဒီလိုထည့်ထားလိုက် ပြီးရောပေါ့။ ဟုတ်ဘူးလား။ :P
ရှင်းနေရပြီလား။ အဲဒါ နာမည်ကြီးခြင်းရဲ့ အစပဲနေမယ်။ :P
လေနုအေးမွေးဖွားရာပေါ့ ကိုပေါရေ...
ကျေးဇူးပါကိုတာတူးရေ...
ဟုတ်တယ်မြတ်နိုးရေ...သူငယ်ချင်းတယောက်ဆို မေးတောင်မမေးပဲ တို့လို့သတ်မှတ်လိုက်တာ ဒီpostဖတ်မှသိတယ်တဲ့...
ကိုစိုးထက်ရေ :)
ခုလိုအကြံပေးတာ ကျေးဇူးပါ ကိုတားမြစ်ထားသောရေ...
နာမည်မကြီးပါဘူးကိုစေးထူးရေ...တိုက်ဆိုင်မှုကြောင့်ပါ...
Post a Comment