Monday, May 5, 2008

မုန်တိုင်းထဲကဘဝတခု

ကမ္ဘာကြီးက ရွာကြီးတရွာလို
ကျဉ်းမြောင်းသွားတယ်ဆိုတဲ့စကား
အဲဒီတဒင်္ဂမှာ
ယုံကြည်ဖို့ အတော်ခက်သွားခဲ့တယ်...။

အလွတ်ရနေတဲ့ နံပါတ်တွေပေါ်
ငါ့လက်ချောင်းတွေကို
သောကတွေမောင်းနှင်တော့
ညောင်းရကောင်းမှန်းလဲမသိ
ခေါင်းမာလွန်းတဲ့
ဆက်သွယ်ရေးကိရိယာတခုကို
ကျိန်ဆဲရင်း...။

ရိုင်းစိုင်းတဲ့ခြေလှမ်းတွေနဲ့
ဒုက္ခတွေမနိုင်မနင်းသယ်ပိုး
ဘယ်အညှိးကြောင့်များ
ဒီမြေပေါ်မှာမှ
အစွမ်းကုန်ကြမ်းပြခဲ့လဲ
ရမ်းကားလွန်းတဲ့နာဂစ်ရေ...။

သတင်းတွေ ကောက်သင်းကောာက်
ရင်ထဲရောက်သွားတဲ့
ထိရှနာကျင်မြင်းကွင်းတခု
လေကိုအန်တုလို့
မိုးကိုဂရုမပြုအား
ရင်သွေးငယ်ကိုထွေးဖက်ထားတဲ့
မိခင်တယောက်ရဲ့အင်အားက
မုန်တိုင်းနဲ့နေသားကျသလို
သန်းခေါင်ထက်ညဥ့်မနက်သလို...။

တန်ခူး
12:18AM 5 May 2008

7 comments:

nu-san said...

မတန်ခူးရေ.. ကဗျာနဲ့အတူ ရန်ကုန်ရဲ့ဖြစ်ရပ်က တကယ်ကို ရင့်နင့်စရာပါပဲနော်.. ဖတ်ရတဲ့သတင်းတွေကလည်း မသက်သာလှသလို ဖုန်းဆက်လို့မရတော့ ပိုပြီး စိတ်ပူမိတယ်.. ဒီကနေ ဘာမှ မဖြစ်ပါစေနဲ့ အပျက်အစီး အသေအပျောက်တွေ နည်းနိုင်သမျှ နည်းပါစေလို့ ဆုတောင်းနေရတယ်...

myatnoe said...

အမရေ.. ထပ်တူကျတဲ့ ခံစားချက်မို့.. ဘာပြောရမှန်းတောင်မသိတော့ဘူး..။
လက်တွေနာနေပေမဲ့ ခေါ်နေဆဲပဲ..
မျက်ရည်တွေဝဲလို့..
အပူမီးတွေနဲ့..။

စိတ်မကောင်းဘူးဆိုတာ အော်နေယုံပဲတတ်နိုင်တဲ့ဘ၀..။
မြန်မာပြည်ကပ်ဆိုက်နေပီလား။ တဖက်ကတွေးရင် ရာသီဥတုတွေ ဖောက်ပြန်တာ.. တဖက်ကတွေးရင်..
သိတော့ပါဘူး..အမရာ

Ko Paw said...

ကမ္ဘာကြီးက ကျဉ်းမြောင်းသွားတယ်ဆိုပေမယ့်
ပဒေသရာဇ်ခေတ်အခင်းအကျင်းနဲ့
လူလူချင်း နင်းပြီးအသက်ရှင်ကြလို့
တွင်းဆုံးကျနေတဲ့ ဒေသတခုကို
ခဏချင်း ဆက်သွယ်ဘို့ဆိုတာ
ငှက်ပျောသီးအခွံခွာစားရသလို လွယ်မှာမဟုတ်။

Ko Paw said...

နောက်တကြိမ် ပြန်လာပြီး ကဗျာကို ခံစားသွားပါတယ် တန်ခူးရေ…

Anonymous said...

အားလုံး ရင်ထဲထိ ရောက်အောင် ရေးပေးတဲ့ မကို ကျေးဇူးပါ

မယ်မဒီ said...

အားလုံး ရင်ထဲထိ ရောက်အောင် ရေးပေးတဲ့ မကို ကျေးဇူးပါ

တန်ခူး said...

နု..မြတ်နိုး..ကိုပေါ…မယ်မဒီ…မျှဝေခံစားပေးတာကျေးဇူးပါ…မြန်မာပြည်မှာရှိတဲ့ မိသားစုတွေ ကျန်းမာချမ်းသာကြပါစေလို့ ….