Saturday, May 11, 2013

တန်ခူးရဲ့ပေါချောင်ကောင်း စိတ်ပင်ပန်းမှုလျှော့ချနည်းများ

လူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းမှုတွေ ရှိကြမြဲပါ…။ ကိုယ်ပိုင်စီးပွားရေးလုပ်သူကလဲ သူ့ စိတ်ပင်ပန်းမှုနဲ့ သူ… ၀န်ထမ်းလုပ်သူကလဲ စိတ်ပင်ပန်းမှုတမျိုး… အိမ်ထောင်ရှင်တွေလဲ စိတ်ပင်ပန်းမှုတသွယ်နဲ့ … စိတ်ပင်ပန်းမှုသာလျော့မချရင် ခုခေတ်ကြီးမှာ ရူးသွားမလား အောင့်မေ့ရပါတယ်…။ အကောင်းဆုံး စိတ်ပင်ပန်းမှုလျှော့ချနည်းကတော့ တရားထိုင်တဲ့နည်းပါပဲ…။ တချို့ ကလဲ ကိုယ့်ဝါသနာပါရာလေး လုပ်ပြီး စိတ်အပန်းဖြေကြတယ်…။ ပန်းချီဝါသနာပါသူက အရောင်လေးတွေကြားမှာ စိတ်မျောဝင်… ဂီတ၀ါသနာပါသူက သံစဉ်လေးတွေကြား စိတ်အနားယူ… စာပေ၀ါသနာပါသူကတော့ စာအုပ်ပုံတွေကြားမှာ စိတ်ကိုနစ်မြှပ်ရင်းပေါ့…။ ဒီကျွန်းပိစိကလူတွေကတော့ shoppingထွက်ရင်း စိတ်အပန်းဖြေကြတယ်…။ ဘရန်းတွေ ဈေးချလို့ များ ရှိရင်းဈေးထက် လျှော့ရလာရင် စိတ်ပင်ပန်းမှုတွေက အဝေးကို ချက်ချင်းလွင့်စင်သွားတတ်ကြတာ…။ အဲဒီထဲ ကိုယ်မပါဘူးမပြောပါဘူး… တခါတခါတော့ ပါ ပါတယ်… ခဏခဏတော့ မပါနိုင်ပါဘူး… ကိုယ့်အိမ်မှာ ပါးစပ်ပေါက်သေးသေးလေး စရိတ်ကရှိသေးတယ်မိုလား…။ ဒီတော့ ကိုယ်လဲကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ဝါသနာနဲ့  ကိုယ့်စိတ်ကို အပန်းဖြေပါတယ်…။ စိတ်ပင်ပန်းမှုလျော့ အောင်ပေါ့…။ ကိုယ့်နည်းလေးတွေက သိပ်ငွေကုန်ကြေးကျမများတဲ့အပြင် စိတ်ကြည်နူးမှုကိုလဲ ရစေတာမို့  ဝေမျှလိုက်ပါတယ်…။ ပန်းချီတွေဂီတတွေမတော်တဲ့ တန်ခူးရဲ့ ပေါချောင်ကောင်း စိတ်အပန်းဖြေနည်းလေးတွေပေါ့….။

ကပ်နားကပ်လှလှလေးလုပ်ရအောင်

အမေ့အဖေက လက်ဝတ်ရတနာဝတ်ဖို့ ကို ကိုယ့်အသားကိုဖောက်ပြီးဝတ်ရတာကို အားမပေး မလုပ်ရဘူးလို့ တားမြစ်ထားတာမို့  အမေကအဖိုးစကားနားထောင်ပြီး နားပေါက်မဖေါက်ခဲ့သလို ကျွန်မတို့ ညီမတွေလဲ အမေစကားနားထောင်ပြီး နားပေါက်မဖောက်ခဲ့ပါ…။ ဖြစ်ချင်တော့ နားကပ်လှလှလေးတွေဆို သိပ်ပန်ချင်သိပ်ချစ်တာမို့  နည်းလမ်းရှာရပါတော့တယ်…။ ကပ်နားကပ်ကလဲ နားဆွဲလေးတွေဆို ရှားမှရှားလေ…။ ဒီတော့ နားကပ်ခေါင်းလေးတွေ ၀ယ်ပြီး ကိုယ့်ဘာသာ ကပ်နားကပ်လေး ဖြစ်အောင် ပြောင်းဝတ်ပါတယ်…။ နားပေါက်မရှိပေမယ့် ကိုယ့်ဘာသာလုပ်ဝတ်တဲ့ နားဆွဲလေးတွေ ရှိပါတယ်…။ နားကပ်ခေါင်းလေးတွေကို ဒီနိုင်ငံမှာ Arab Street မှာ လက်ကားဝယ်လို့ ရသလို ‘Crystals ‘N’ Beads’ ဆိုင်လေးတွေမှာ လက်လီဝယ်လို့ ရပါတယ်…။ ကိုယ့်နှစ်သက်တဲ့ ကွင်းပါတဲ့ နားဆွဲလေးဝယ်… နားပေါက်ချိတ်ကလေးဖြုတ်… ကပ်နားကပ်ခေါင်းက ကွင်းကလေးကို ဇဂနာနဲ့ ဟ … နားဆွဲကွင်းလေးနဲ့ ချိတ်… ပြီးရင်ကွင်းလေးကို ပြန်စေ့… ဒါဆို ကပ်နားဆွဲလေးဝတ်လို့ ရပါပြီ…။ ညီမလေးအတွက် လုပ်ပေးထားတဲ့ ပုံလေးကို အောက်မှာပြထားပါတယ်…။ နားပေါက်မရှိသောနားကပ်ချစ်သူတွေ အတွက်ပါ…။



ဇာပန်းထိုးရင်း ဒီဇိုင်းထွင်

ငယ်ငယ်က ဇာထိုးပန်းထိုးကို အရမ်းဝါသနာပါပါတယ်…။ အရေးအခင်းပိတ်တော့ ဘယ်လောက်ထိုးခဲ့သလဲဆို အပ်ထည်လက်ခံတဲ့အပြင် အိမ်မှာ တချောင်းထိုးသင်တန်းဖွင့်တဲ့အထိ လုပ်ခဲ့တာပါ…။ အရမ်းထိုးလွန်းတော့ အဖေက မျက်လုံးပျက်မှာ စိုးရိမ်ပြီး မလုပ်ခိုင်းတာနဲ့ အဲဒီအလုပ်တွေကို ၀ါသနာပါပေမယ့် အတော်မလုပ်ဖြစ်တာကြပါပြီ…။ အိမ်မှာ ညီမ၀မ်းကွဲလေးလာနေတော့ သူ့ ကို ကိုယ်တတ်တာလေး သင်ပေးဖြစ်ပါတယ်…။ မြန်မာပြည်က ညီမလေးအတွက် ကလစ်လေးတွေ ဖုန်းအိတ်လေးတွေ ပိုက်ဆံအိတ်လေးတွေ ကျွန်မကိုယ်တိုင်ဒီဇိုင်းထွင်ပြီး ညီမ၀မ်းကွဲလေးကထိုးပေးပါတယ်…။ မြန်မာပြည်ကညီမက ကြိုက်တယ်.. သူ့ သူငယ်ချင်းတွေက ဘယ်က၀ယ်တာလဲမေးကြတယ်ဆို ကျွန်မတို့ မှာ ပျော်ရွှင်ကြည်နူးရတာ မပြောပါနဲ့ …။ ဒါလဲ စိတ်အပန်းဖြေနည်း တခုပဲ မဟုတ်လား…။



အကျီင်္လေးကို အလှဆင်ရအောင်

အကျီင်္ဘီရိုဖွင့်ကြည့်ရင် S$50 ထက်ကျော်တဲ့ အင်္ကျီဆိုတာ လက်ချိုးရေလို့  ရအောင်နဲပါတယ်…။ ချမ်းသာတာပြောပါတယ်…။ များသောအားဖြင့် ဈေးချရင်ဝယ်ထားတဲ့ အကျီင်္လေးတွေပါ…။ တချို့ အကီင်္ျလေးတွေဆို ဒီတိုင်းနေရိုးတယ်ထင်ရပေမယ့် အလှလေးဆင်လိုက်ရင် ဘရန်းတွေနဲ့ တောင် ယှဉ်လို့ ရပါတယ်…။ ကိုရီးယား ဖက်ရှင်တွေ ခေတ်စားနေချိန်မို့  ပုလဲလုံးလေးတွေ စိန်လေးတွေ စီလိုက်ရင် တကယ်ကို ချစ်စရာကောင်းသွားပါတယ်…။ အောက်က အကျီင်္လေးက ကိုယ့်ဘာသာပုလဲလုံးလေးတွေ စီသီထားတာပါ…။ အိမ်နားလေးဈေးက ပုစုခရုရောင်းတဲ့ဆိုင်မှာ ပုလဲတထုတ်မှ S$3 … တပ်ပါလေ့…။



စားကောင်းသောက်ဖွယ် ချက်ကြမယ်

မိသားစု အပြင်ထွက်စားတာ ပျော်စရာကောင်းတာမှန်ပေမယ့် ပိုက်ဆံကလဲ အနည်းငယ်တော့ ထိပါတယ်…။ ပြီးရင် ကိုယ်ကမြန်မာဆိုတော့ မြန်မာစာ မြိုးမြိုးမြက်မြက်လေးမှ ခံတွင်းပိုတွေ့ တာမိုလား…။ ဒီတော့ စိတ်ကူးပေါက်တာလေး မြန်မာပြည်အလွမ်းပြေလေး လုပ်စားလိုက်တော့ တခါတခါ ဒီနိုင်ငံရောက်နေတယ်ဆိုတာတောင် မေ့တေ့တေ့…။ အိမ်မှာချက်စားတာမို့  ဇယားလဲကိုက်ပါတယ်…။



ပန်းပင်လေးတွေ ပျိုးကြအောင်

အမေ့ခြံထဲက ပန်းပင်လေးတွေ လွမ်းတိုင်း ပန်းပင်လေးတွေ စိုက်ဖြစ်တယ်…။ ဒီမှာက မြေမရှိခြံမရှိတော့ ရှိတဲ့နေရာလေး ပြွတ်ပြွတ်သိပ်သိပ် စိုက်ကြရတာ…။ ကျွန်မက အနံ့ မွှေးတဲ့ပန်းလေးတွေ ချစ်တော့ များသောအားဖြင့် အဲဒီအပင်လေးတွေ စိုက်ဖြစ်တယ်…။ အရွက်လှလှလေးတွေနဲ့  အပင်ပုစိလေးတွေကိုလဲ ချစ်လို့ စိုက်ဖြစ်သလို အမြဲပန်းပွင့်နေတတ်တဲ့ အပင်လေးတွေလဲ စိုက်ဖြစ်တယ်…။ ပန်းပင်စိုက်ရတာ အလုပ်တော့ရှုပ်ပေမယ့် ပန်းပွင့်လေးတွေဝေနေတာတွေ့ ရင် အရွက်လှလှလေးတွေ လန်းဆန်းနေတာတွေ့ ရင် ဘာနဲ့ မှ မလဲနိုင်တဲ့ စိတ်ကြည်နူးမှုကို ရစေပါတယ်…။



အပေါ်က ငွေလဲသိပ်မကုန် လူလဲစိတ်အပန်းဖြေစေတဲ့ နည်းလေးတွေ အပြင် လုပ်ဖြစ်တာလေးကတော့ စာရေးစာဖတ်တဲ့အလုပ်ပါပဲ…။ ပင်ပန်းနေတဲ့စိတ်တွေကို ထွက်ပေါက်ပေးတဲ့ ကိုယ့်စိတ်ကူးလေးတွေ ဆေးစက်ကျရာ အရုပ်ထင်တဲ့ စာရေးခြင်းကတော့ အနှစ်သက်ဆုံး စိတ်ပင်ပန်းမှုဖြေလျော့နည်းပေါ့ရှင်…။

စိတ်ပင်ပန်းမှုမှ အနားရကြပါစေ…။

တန်ခူး 11-May-2013 9:20pm

9 comments:

Anonymous said...

နောက်ဆုံးတခုကို ရွေးချယ်မိသွား...
အကုန်အကျလည်းနည်းတယ်လေ :P

ponyate said...

အစ်မ တစ်ချောင်းထိုးလေးတွေက ချစ်စရာလေး။

Anonymous said...

ကောင်းလိုက်တာ အစ်မရယ်.. ဖုန်းအိတ်လေးကြိုက်တယ်..အကျီက ပုလဲလုံးလေးထိုးထားတာလဲ ကြိုက်တယ်..။ ဒါမဲ့ တစ်ခုမှ မလုပ်တတ်ဘူး..။ :D
အစားအသောက်ကတော့ ချက်ဖြစ်ပါတယ်..။


pifpif

Anonymous said...

ကျနော်လဲ ထိုးရတော့မယ်...အမရေ... အခု သူက အညောင်းမိမယ်ဆိုပီး မထိုးခိုင်းလို့ရပ်ထားတာ... မနှစ်ကဆောင်းဆို ကျနော်ထိုးပေးတဲ့ ဥိးထုပ်ရယ် လည်စီးရယ်နဲ့ တနှစ်လုံးအဆင်ကိုပြေလို့ပဲ..အမရေ။ အဲလိုအလှဆင်တာ ရုပ်နဲ့မလိုက် အရမ်းဝါသနာပါတယ်..
ပန်းပင်လဲစိုက်လိုက်တာပဲ..သူ့အကျီလေးတွေ တချို့နဲနဲပြဲတဲ့နေရာ ဒီဇိုင်းဖော်ပီးလုပ်ပေးတာတွေ (အမှန်ကဖာပေးတာ)
နားကပ်တော့ မလုပ်တတ်သေးဘူးရယ်..စမ်းကြည့်ဦးမှပဲ.. အမရေ..လက်ကောက်လေးတွေ ဆွဲကြိုးလေးတွေ လုပ်နည်းရှိလည်းပေးပါဦးနော်..
ကျနော်လဲ အချိန်အတော်များများကို အဲလိုဖြုန်းတယ်... နောက် ၂လ၃လဆို ကလေးအတွက်တွေ ရည်ရွယ်ပီးထိုးရတော့မယ်..
.

မြတ်နိုး

Lorem Ipsum said...

နားကပ်လေးတွေကြိုက်တယ်မမတန်ခူးရယ်..။ ညီမတော့ စိတ်ရှုပ်ရင်လက်သည်းအလှပြင်တယ် ဒါဆိုစိတ်အပန်းကိုပြေသွားရော ။

မောင်မျိုး said...

အပင်လေးတွေ စိုက်ဖို့တော့ အဆင်ပြေမယ် ဇာထိုးပန်းထိုး ကတော့ ကျနော်တို့နဲ့ဖြစ်မယ်မထင်း))

မေဓာဝီ said...

အမတန်ခူးက လက်မှုပညာ အတော်ရတာပဲ။
အစားအသောက်လေးတွေလဲ စားချင်စရာ ... ဖုန်းအိတ်ကလေးကလဲ ချစ်စရာ ...
ပုလဲစီ အင်္ကျီ လေးကလဲ ၀တ်ချင်စရာ ... အပင်လေးတွေကလဲ မျက်စိအေးစရာ ...
လေနုအေးရဲ့ ရေးတဲ့စာလေးတွေကလဲ ... စိတ်ချမ်းသာစရာ ...
ဘယ်အရာမဆို အနုပညာဓာတ်ခံနဲ့ ဖန်တီးရင် မြင်ရသူမှာ ကြည်နူးစရာပါပဲ အမရယ် ... ။
အမရဲ့ နည်းလေးတွေက အတုယူစရာပါပဲ ... ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မြတ်ကတော့ ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံရိုက်ထွက်တတ်တယ်။ အခုတော့ ကပ်နားလေးတွေ လုပ်ကြည့်ရမယ်။ မြတ်မှာလည်း နားပေါက်မရှိဘူး တန်ခူးရဲ့။ :)

မြတ်ဘလော့လေးကိုလည်း စာလာဖတ်ပေးပါဦ။ ပြီးတော့ ဝေဖန်အကြံပြုပေးပါဦးနော်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

တန်ခူး said...

နောက်ဆုံးတခုရွေးတယ်ဆိုတော့ကာ ကော်မန့် ပေးသူကို မှန်းလို့ ရပြီ

ကျေးဇူးပါ ညီမပုံရိပ်ရေ. စာတွေရေးပါဦး.

ညီမPifpifရေ. ဟင်းချက်တာလောက်မခက်ဘူးညီမရဲ့. သင်ရင်ခဏလေးပဲ

ညီမမြတ်နိုးရေ. အဲဒီကအေးတော့ ထိုးတာလေးတွေ ပိုအသုံးဝင်တာပေါ့နော်. Fancy လုပ်နည်းလေးတွေသင်ပေးမယ်. စိတ်ချ

ညီမဆုရေ. ခုခေတ်ကလက်သည်းအလှပြင်တာလေးတွေ အမျိုးမျိုးနော်. တချို့ များလုပ်ထားလိုက်တာ လှလွန်းလို့ အံ့ရော.

အပင်လေးတွေနဲ့ နေရတာ ငြိမ်းချမ်းတယ်မောင်မျိုးရေ

ခုလို အားပေးတာ ကျေးဇူးပါညီမမေရေ. သီချင်းဆိုတာတို့  ပန်းချီတို့ တော့ အတော်ညံ့တာညီမရေ

ဓာတ်ပုံလှလှလေးတွေ ထွက်အောင်ရိုက်တတ်တာလဲ အနုပညာပဲပေါ့မြတ်ရယ်. နားကပ်လေးတွေလုပ်ရတာပျော်ဖို့ ကောင်းတယ်. မြတ်ကစာရေးတော်လိုက်တာနော်