အားလုံးသိကြတဲ့အတိုင်း ကျွန်မစာမရေးဖြစ်တာ အတော်ကို ကြာသွားခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်တော့ မအားလို့ မရေးဖြစ်ရာကနေ… မရေးတာကြာလို့  မရေးဖြစ်တာလဲ ပါတယ်ဆိုတာ ၀န်ခံမိပါတယ်။ စိတ်ထဲမှာ ချချရေးတာတွေ များလာတော့ ခုဆို ကျွန်မစိတ်ကြီးက အတော်ကို လေးလံနေသလိုကြီးလဲ ခံစားလာရပါတယ်။ အီးမေးလ်ပို့ ကြ၊ ကော်မန့် ထဲမှာမေးကြ၊ ပြီးတော့ ကျွန်မနဲ့ ခင်တဲ့ ဘလော့ဂါတွေက တဆင့် မေးကြ… လူချင်းတွေ့ ရင်မေးကြတာ များလာတော့…ငါ့မယ် ဘလော့တခုကြီးရှိပြီး အတော်တာဝန်မကျေပါလားလို့  အားနာဝမ်းနည်းကြီး ခံစားရပါတယ်။ ပထမတော့ ဘလော့လေးရဲ့ မွေးနေ့ မှာ ပြန်ရေးမယ်လို့  အားခဲထားတာပါ။ ခုတော့ ကြားဖြတ်အစီအစဉ်နဲ့  ပို့ စ်တခု ကောက်တင်လိုက်ရပါတယ်။
ကိုယ်ပြောချင်တာလေးကို ဘယ်လို တစုတစည်းထဲသိအောင် ပြောခွင့်ရမလဲဆို စဉ်းစားနေတာ ၂ရက်လောက် ကြာသွားပါတယ်။ နောက်မှ… မေ့နေလိုက်တာ… လေနုအေး ရှိတယ်လေ… ဆိုတာ သွားသတိရတယ်။ လေနုအေးလေးသာ အသက်ရှိရင်တော့ နှုတ်ခမ်းလေးစူပြီး သူလိုမှ သတိရတယ်ဆို ပြောနေမလား မသိပါဘူး။
တကယ်တော့ ဒီအကြောင်း ရေးချင်နေတာ ကြာလှပါပြီ။ ရေးချင်လာအောင် စိတ်ကို တိုက်တွန်းနှိုးဆော်လာတာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ မြန်မာတွေကို အလှူအတန်းဖြစ်မြောက်အောင် သူ့ အချိန်တွေကို ရက်ရက်ရောရော လှူနေတဲ့ အမကြီး တယောက်ပါ။ မြန်မာပြည်တွင်းက ချို့ တဲ့သူတွေဆီ သူကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ဘယ်နေရာ၊ဘာလိုအပ်တယ်၊ ဘယ်လိုလုပ်ပေးရင် ကောင်းမယ်ဆိုတာ အရင်စဉ်းစားပြီး အလှူရှင်တွေကို ဖိတ်ခေါ်… ပြီးတော့ ကျွန်မတို့ ရဲ့အလှူငွေတွေကို သူကိုယ်တိုင် ချို့ တဲ့သူတွေဆီ လက်ဝယ်ရောက်အောင် ပို့ ဆောင်ပေးတတ်တဲ့ သူ့ ကို ကျွန်မကျေးဇူးတင် အားကျမိပါတယ်။ သူ့ မှာလဲ သူ့ မိသားစုနဲ့  အလုပ်နဲ့ …. နေ့ တဓူဝ အလုပ်တွေထဲမှာမှ အများအကျိုးဆောင်တဲ့ အလုပ်ကို ဖြစ်မြောက်အောင် လုပ်တတ်လွန်းတဲ့ သူ့ ကို ကျွန်မလေးစားကြည်ညိုမိပါတယ်။ သတင်းစာထဲမှာလဲ စာလုံးကြီးကြီးနဲ့ မပါဘူး… အိုးစည်ဗုံဗောင်းတီးလို့ လဲ မကြေငြာဘူး… သူ နိုင်သလောက်လေးနဲ့  သူကယ်သွားတဲ့ အသက်တွေ မနည်းပါဘူး။ သူနိုင်သလောက်လေးနဲ့  ချို့ တဲ့တဲ့ ပညာဆက်မသင်နိုင်တဲ့ ကလေးတွေ ဘွဲ့ ရပညာတတ် ဖြစ်သွားတာလဲ မနည်းပါဘူး။ သူနိုင်သလောက်လေးနဲ့  ရေနောက်တွေသောက် ဒုက္ခရောက်နေသူတွေ ရေကြည်သောက်ခွင့် ရတာလဲ မနည်းပါဘူး။ ပကာသနမဖက်တဲ့ တကယ့်စေတနာအလှူသက်သက်ပါ။ ကျွန်မတို့ လို နိုင်ငံရပ်ခြားရောက်နေသူတွေကို ကိုယ့်တိုင်းပြည်က ချို့ တဲ့သူတွေနဲ့  တံတားခင်း လှူခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ သူ့ အတွက် ဂုဏ်ပြူတဲ့ ပို့ စ်တခုလောက် ရေးမယ်လို့  အားခဲနေတာ ခုတော့ ရေးဖြစ်သွားပါပြီ။
ဒီတခေါက် မြန်မာပြည်ပြန်တော့ အဲဒီအမကြီးကို အားကျလို့  အလုပ်တခု ယူဆောင် သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဘ၀ကို မြှပ်နှံပြီး တဘ၀လုံးရဲ့ အချိန်တွေကို အလှူပေးနေသူတွေ ထပ်တွေ့ ခွင့်ရခဲ့ပါတယ်။ ကျွန်မ ဒီနိုင်ငံမှာ အိမ်ရောင်းအိမ်ဝယ်လုပ်ရင် အမြဲလုပ်ပေးနေကျ ဒီနိုင်ငံသားဇနီးမောင်နှံဆီက မမျှော်လင့်တဲ့ သတင်းကောင်း တခုကြားခဲ့ရတာ စတာပါ။ သူတို့ မယ် မြန်မာပြည်သား မွေးစားသားလေး တယောက်ရှိတယ်ဆိုတော့ ကျွန်မနားမရှင်းပါဘူး။ နောက်မှ ဒီနိုင်ငံက ကယ်ဆယ်ရေးတပ်ကနေ ချိုတဲ့တဲ့ ကလေးတယောက်ကို ရွေးချယ်ပညာစရိတ် ထောက်ပံ့ရင်း သံယောဇဉ်ဖြစ်သွားတဲ့ အကြောင်းကို သိခွင့်ရခဲ့ပါတယ်။ ကယ်ဆယ်ရေးတပ်ကို သွားတော့ မြန်မာနိုင်ငံသားကလေးလေးကို လိုချင်ပါတယ်လို့  သူတို့ တောင်းဆိုခဲ့တာဆိုတာ ကြားရတော့ မြန်မာတွေကို သံယောဇဉ်ကြီးလွန်းတဲ့ သူတို့ ကို ကျေးဇူးတင်မိပါတယ်။ သူတို့ သံယောဇဉ်က ထောက်ပံ့ကြေးပေးရုံတင်မကပါဘူး။ မွေးစားသား တယောက်လို နွေးထွေးလွန်းပါတယ်။ ကလေးကျောင်းဖွင့်မယ် အချိန်ဆို လိုအပ်တဲ့ စာရေးကိရိယာတွေ ပို့ ပေး… ကလေးမွေးနေ့ ဆို မွေးနေ့ လက်ဆောင်လေးတွေ ပို့ ပေးနဲ့  ကြည်နူးနေကြတာပါ။ ကလေးဓာတ်ပုံလေးနဲ့ ကလေးရေးတဲ့စာလေးတွေ သေသေချာချာ သိမ်းထားတာတွေ့ တော့ ကျွန်မအတော်ကို အံ့သြ၀မ်းသာဖြစ်မိပါတယ်။ ကလေးကို ကြီးလာရင် ဒီနိုင်ငံအထိခေါ်ပြီး ပညာသင်ပေးချင်တဲ့ဆိုတဲ့ သူတို့ ဆန္ဒကို ပြောပြတော့ ကျွန်မအတော်ကို ကျေးဇူးတင်မိတယ်။
ကျွန်မမြန်မာပြည်ပြန်မယ်ဆိုတော့ ကလေးအတွက် လက်ဆောင်လေးတွေ ပေးလိုက်ချင်လို့ ပါ.. . ပြီးတော့ ကလေးဆီသွားတွေ့ ပြီး သူတို့ ဆန္ဒလေးတွေ ပြောပြပေးပါ… ကလေးရဲ့မိခင်ကိုလဲ ထောက်ပံ့ငွေလေး ပေးပေးပါဆို ကျွန်မကို အကူအညီတောင်းပါတယ်။ ကျွန်မလဲ ၀မ်းသာအားရနဲ့  အထုတ်တွေယူသွားခဲ့ပါတယ်။ ဒီနှစ်မြန်မာပြည်ပြန်တာ ကျွန်မရော ကျွန်မသားပါ နေမကောင်းဖြစ်နေတာနဲ့  ဘယ်မှမရောက်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကလေးဆီတော့ သွားဖြစ်အောင်သွားမယ်ဆို သွားခဲ့ပါတယ်။ ကျွန်မအဖေကိုယ်တိုင် ပဲခူးမြို့ စွန်ရပ်ကွက်လေးကို ကားမောင်းပို့ ပေးခဲ့တာပါ။ အိမ်သေးသေးလေးတွေ ပြွတ်သိပ်ညပ်နေတဲ့ အဲဒီရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးတပ်လေးတခု အိမ်လေးတွေကြား တွေ့ လိုက်ရတော့ အတော်အံ့သြမိပါတယ်။ အကျိုးအကြောင်းပြောပြတော့ တာဝန်ရှိဆရာမတွေက မျက်ရည်တွေဝဲအောင် ကြည်နူးကြပြီး ကလေးကို အပြေးအလွှား သွားခေါ်ခိုင်းကြပါတယ်။ ကယ်ဆယ်ရေးတပ်လေးက အုတ်ခံနှစ်ထပ် ကျဉ်းမြောင်းမြောင်း ရှည်ရှည်လေးပါ။ အချိန်ပြည့်လုပ်နေသူ ဆရာမ ၃ယောက်ရှိပါတယ်။ တမင်ကို ဒီလို ချို့ တဲ့တဲ့ ရပ်ကွက်လေးထဲ ကလေးတွေရဲ့ ဘ၀အမှန်ကို သိခွင့်ရ ကူညီခွင့်ရအောင် လာဖွင့်ထားတာပါတဲ့။ သူတို့ ပါ အဲဒီကယ်ဆယ်ရေးတပ်လေးမှာ နေပြီး အများအကျိုးဆောင်နေကြတာပါ။ သူတို့ ဘ၀တခုလုံးကို အများအတွက် မြှပ်နှံထားတဲ့ ဆရာမတွေပါ။ ရေတက်ချိန်ဆို အောက်ထပ်တထပ်လုံး ရေမြုပ်တတ်တယ်လို့  ဆိုပါတယ်။ အဲဒီအချိန်ဆို ရပ်ကွက်ထဲက လိုအပ်တဲ့သူတွေကို သူတို့ က ကူညီစောင့်ရှောက်ကြပါတယ်တဲ့။
ခဏကြာတော့ ကလေးက သူ့ အမေနဲ့ အတူ ရောက်လာပါတယ်။ ပေးလိုက်တဲ့ လက်ဆောင်တွေ ပြတော့ လောဘကင်းတဲ့ ၀မ်းသာတဲ့ မျက်လုံးလေးတွေကို ကျွန်မဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ကလေးအမေက ကျွန်မတို့ ထက်တောင် ငယ်သေးပါတယ်။ လောကဒဏ် အထုအထောင်းနဲ့  အဖေမရှိတဲ့ ကလေးတွေအတွက် ဘ၀ကို ရုန်းကန်နေရသူပါ။ ထောက်ပံ့ငွေကို ပေးတော့ ဘေးလူတွေက ၀ိုင်းပြောကြပါတယ်… နင်တို့ အိမ်မိုးဖို့  ငွေလိုနေတာနဲ့ အတော်ပဲပေါ့…တဲ့။ ကျွန်မရင်ထဲ ၀မ်းနည်းဝမ်းသာနဲ့  မျက်ရည်တောင် လည်မိပါတယ်။ ကလေးလေးကို စာကြိုးစားရင် ကြီးရင်နိုင်ငံခြားမှာ ကျောင်းတက်ရမယ်… နိုင်ငံခြားမှာ ကျောင်းတက်လို့  ပညာတတ်ကြီးဖြစ်ရင် ဘာလုပ်မှာလဲမေးတော့… အမေကို့ လုပ်ကျွေးမယ်လို့ … ရိုးရိုးသားသားလေး ဖြေပါတယ်။ အဲဒီစေတနာလေးကြောင့်ပဲ စိတ်ကောင်းရှိတဲ့အလှူရှင်တွေ့ ခွင့်ရတာ ထင်ပါတယ်။ အားလုံး ၀မ်းသာ ကြည်နူးနေတာ တွေ့ ရတော့ သူတို့ အပျော်တွေပါ ကိုယ့်ဆီကူးပြီး တခါမှ မခံစားဘူးတဲ့ ပီတိမျိုးခံစားခဲ့ရပါတယ်။ ကျွန်မအထက်ကပြောခဲ့တဲ့ အမကြီးဆို အဲဒီပီတိတွေနဲ့ ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲဆို သူ့ ဘ၀ကို အားကျမိပါတယ်။
ကိုယ့်ဘ၀၊ ကိုယ့်အချိန်ထက် ငွေအားနဲ့ လှူဒါန်းတဲ့ အလှူရှင်တွေက ပိုများမယ်ထင်ပါတယ်။ အထူးသဖြင့် ဒီနိုင်ငံလို အလုပ်ချိန်များတဲ့ နိုင်ငံအဖို့  အချိန်က ငွေထက်တန်ဖိုးရှိနေတာမို့  အချိန်လှူဖို့ ဆိုတာ အတော်ကို ခက်ခဲတဲ့ အလုပ်ပါ။ အဲဒီလို အကျပ်အတည်းတွေ ကြားထဲက အချိန်ကို ရက်ရက်ရောရော စေတနာအပြည့်နဲ့  လှူဒါန်းသူတွေကို ကျွန်မ ခုလောလောဆယ်ကို တွေ့ ခွင့်ရလိုက်ပါတယ်။ ကျွန်မတို့  စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများရဲ့ ဆရာကန်တော့ပွဲကို ရန်ကုန်တလှည့်၊ ဒီနိုင်ငံမှာ တလှည့် အခွင့်ရရင် ရသလို လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ ဒီနိုင်ငံမှာ လုပ်ဖြစ်ပါတယ်။ ဆရာတွေ တကယ်လိုအပ်ချိန်မှာ တတ်အားသလောက် ပြန်ကျေးဇူးဆပ်ခွင့်ရတဲ့ အချိန်အခါပါ။ ပွဲကြီးဖြစ်မြောက်အောင်မြင်သွားအောင် နောက်ကွယ်ကနေ ဆရာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့ အချိန်အလှူရှင်များအားလုံးကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင်ပါရစေ။ အဖြစ်မဟုတ်ပဲ ရင်ထဲကလာတဲ့စေတနာနဲ့  ကျောင်းစိတ်၊ ကျောင်းသွေးအပြည့်နဲ့  လုပ်ဆောင်ပေးသွားသူများကို တဦးချင်း ကျေးဇူးတင်စကားပြောချင်ပေမယ့် တဦးတလေ ကျန်သွားမှာကို စိုးရိမ်လို့  ဒီပို့ စ်လေးနဲ့  ကျေးဇူးတင်စကား ဆိုမိခြင်းပါ။ ဟိုးမျိုးဆက်ဟောင်းတွေကနေ့  ဖျတ်လတ်တက်ကြွတဲ့ မျိုးဆက်သစ်လေးတွေထိ… ခြေလှမ်းတွေနှေးကုန်တဲ့ ကျေးဇူးရှင်ဆရာတွေကို နွေးထွေးတဲ့ လက်အစုံနဲ့ ဖေးမပေးတဲ့… မျက်လုံးတွေမှုန်ဝါးကုန်တဲ့ ကျေးဇူးရှင်ဆရာတွေကို တွဲခေါ်လမ်းပြပေးတဲ့… ကျောင်းသားတွေနဲ့ စိုပြေခဲ့ဘူးတဲ့ဘ၀တွေ တခဏလေးဖြစ်ဖြစ်ပြန်ရအောင် အသက်သွင်းပေးခဲ့တဲ့… ဆရာတွေရဲ့မျက်နှာတွေပေါ် ကြည်နူးတဲ့အပြုံးတွေပွင့်အောင် လုပ်ဆောင်ပေးခဲ့တဲ့… တန်ဖိုးရှိလှတဲ့ အချိန်တွေကို အလှူပေးခဲ့ကြတဲ့ လုပ်အားပေးကျောင်းသား ကျောင်းသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီပို့ စ်လေးကတဆင့် ပြောပါရစေ။
(စာကြွင်း…အချိန်အလှူပေးကြသူတွေထဲမှာ ကျွန်မချစ်တဲ့ ဘလော့ဂါစုံတွဲ ကိုဧရာနဲ့ မသီတာနဲ့  ဘလော့ပေါ်က စရင်းနှီးခဲ့ရတဲ့ ဘလော့ဂါမောင်လေး တောင်ငူသားတို့ လဲ ပါဝင်ကြကြောင်း ဘလော့ချစ်သူများကို အသိပေးအပ်ပါတယ်… ကိုဧရာ၊ မမသီတာနဲ့  ကိုတောင်ငူတို့ ရေ… အချိန်အတူအလှူပေးကြတဲ့ သူငယ်ချင်းတွေကို ဒီပို့ စ်လေး လက်တို့ ပြီးပြလိုက်ပါနော်… ဒါပေမယ့် မတန်ခူးဘယ်သူလဲဆိုတာတော့ မပါကြေး)
တန်ခူး
12:27pm 22-Dec-2010
14 comments:
blog rollမှာ မတန်ခူးပို့စ်အသစ်တွေ့တော့
မယုံနိုင်အောင်ပဲ..။
များများလှူနိုင်ကြပါစေ..။
ဖတ်ရတာ ကြည်နူးပီတိဖြစ်စရာပါ အစ်မတန်ခူး။
ညီမသိတဲ့ အစ်မကြီးတစ်ယောက်လည်းရှိတယ်။ အစ်မတန်ခူးသိတဲ့ အစ်မကြီးနဲ့ တစ်ယောက်တည်း ဟုတ်မဟုတ်တော့ မသိဘူး။ သူ့နာမည်က အင်္ဂလိပ်အက္ခရာနဲ့ဆို Ma M.. A...O ပါ။ သူ့မိသားစုနဲ့ အလုပ်နဲ့တစ်ဖက်ကို ပရဟိတအတွက် အချိန်ပေးပြီး မြန်မာတစ်နိုင်ငံတစ်ဝှမ်း လှည့်လည်သွားလာပြီး အများအကျိုးဆောင်ရွက်နေတာ သိပ်ကိုအားကျစရာကောင်းပါတယ်။
အချိန်ပေးလှူကြသူများအားလုံးအတွက် ဇွန်က သာဓုခေါ်သွားပါတယ်ရှင်။
ဘလော့ရေးတဲ့ ကျောင်းတော်ကြီးက စီနီယာ အမကြီးများကို မြင်တွေ့နှုတ်ဆက်ခွင့်ရတာ ဝမ်းသာတယ်ဗျာ။ ကျွန်တော်လည်း အတွေ့အကြုံလေးတွေ မကြာခင် ရေးပါဦးမယ်
ပေါက်ပြောသလိုပဲ... လေနုအေး ဆိုပြီး ပို့စ်အသစ် တွေ့လိုက်ရလို့ အံ့သြ၀မ်းသာသွားတယ်။ မတွေ့တာကြာလို့ သတိရနေတာ မ-ရေ .. ။
အချိန်အလှူပေးကြသူတွေကို လေးစားစွာ သာဓုခေါ်ပါတယ်။ သိပ်မွန်မြတ်တဲ့ လုပ်ရပ်တွေပဲ ... ချီးကျူးပါတယ်။
မရေ.. ပို့စ်အသစ်ရေးတော့ ၀မ်းသာအားရ ကလေးအိပ်တုန်းလေး ပြေးလာတယ်နော်.. ဘုန်း (ပြေးလာလို့ ချော်လဲသွားတာပါ.. :D)
ကျနော်တို့လည်း လှူမယ်ဆို ငွေအားလောက်ပဲ ကူညီနိုင်တာ..ဒါတောင်လေ အကြောင်းတိုက်ဆိုင်ဦးမှ... ကိုယ်က လှူချင်တာတောင် တစ်ခါတလေဆို လှူခွင့်မရတာမျိုးလည်းရှိတယ် မရယ်.. အမပို့စ်ထဲကလိုမျိုး ပရဟိတ လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေကို လေးစားအားကျမိတယ်.. မရေ.. အချိန်ရရင် လေနုအေးကိုလည်း ပစ်မထားပါနဲ့နော်..
ဖတ်ရင်းကြည်နူးမိပါတယ်။
လုပ်ဆောင်မှုများအတွက် သာဓုခေါ်ပါတယ်။
စာဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
မတန်ခူး ပျောက်နေတာ..အချိန် အလှူ ပေး နေ တာပဲကိုး။
ဝမ်းသာကြည်နူး စရာ..
တကယ်ပဲ..အများအတွက် လိုအပ်သူတွေ အတွက်.. အကျိုးပြုရတဲ့..ခံစားချက်က.. စိတ်ချမ်းသာဖို့ အကောင်းဆုံး နေမှာ..သေချာပါတယ်..
( ကြားထဲမှာ..မတန်ခူး ဆီတောင်..မေးလ် ပို့ ပြီး နှုတ်ဆက်ထားသေးတယ်..ကြာလှပီကော..း))
သတင်းစာထဲမှာလဲ စာလုံးကြီးကြီးနဲ့ မပါဘူး… အိုးစည်ဗုံဗောင်းတီးလို့ လဲ မကြေငြာဘူး… ဆိုတာမြင်တော့...
ဘယ်လက်ကလှူတာ ညာလက်တောင် သိစရာမလိုဘူးဆိုတဲ့ သမ္မာကျမ်းတစ်ပိုဒ်ကို သတိရသွားမိတယ်...
ပေးလှူခြင်းမှာ (ဤကဲ့သို့ လှူရသောအကျိုးကြောင့်.. ) ဆိုတာဟာ မလေးတွက် စနိုးစနောင့်ဖြစ်စရာ ဖြစ်မိပါတယ်..
လှူတယ်ဆိုမှ.. ဘာမှကို ပြန်မလိုချင်ဘူး.. ရတဲ့သူရဖို့ အဓိက မဟုတ်လားနော်..
မည်သို့ပင်ဖြစ်စေ..မရယ်..
မတွေ့တာ အရမ်းကြာပြီနော်..
သတိရတယ်..မ
အစ်မကို သတိရနေတာ ပို့စ်လေးတက်လာတာတွေ့တော့ အပြေးလာဖတ်တာဗျ နေကောင်းကြတယ်မဟုတ်လား အချိန်ပေးလှူကြတဲ့ အစ်မတို့မိသားစုလည်း အမြဲကျန်းမာပျော်ရွှင်ပါလို့ ။
တန်ခူး စာမရေးတာ ကြာတော့
ဘာကြောင့်လဲ ဘာအတွက်လဲ လို့
မေးချင်လိုက်တာ
မေးလည်း မမေးရက်
သိနေတယ်လေ...
တန်ခူးရင်ထဲမှာ လေနုအေးကို
လွမ်းတော်မူလို့ ဘယ်လောက်တောင် စာတွေ စီနေမလဲ ဆိုတာ...။
နှစ်သစ်အကူးမှာ ဒီပို့စ်လေး ဖတ်ရတာ ကြည်နူးလိုက်တာ အမရေ..
တန်ဖိုးရှိတဲ့ အချိန်တွေကို ဖဲ့ပြီး တနိုင်တပိုင်အချိန်ပေး လုပ်ကြတာ ချီးကျူးစရာပါပဲနော်။
တချို့တွေလဲ ကိုယ့်ဘ၀နဲ့ရင်းပြီး ကိုယ့်ရဲ့ လူငယ်ဘ၀တခုလုံး စွန့်ပြီး စိတ်အားထက်သန် အများအကျိုးဆောင်ရွက်ကြတာတွေ ဖတ်ရ ကြားရတာ လူဖြစ်ကျိုးနပ်တဲ့ လူ တွေပဲလို့ စိတ်ချမ်းသာမိပါတယ်။
အမလဲ ဒီစာလေးနဲ့ မျှဝေတာ ကျေးဇူးအထူးပါပဲနော်။ မမြင်ရ မတွေ့ရလဲ ဘယ်တော့မှ မမေ့ပါဘူး အမရယ်..
တန်ခူးပြောတဲ့ တယောက်ကို တို့လဲ သိမယ် ထင်တာပဲ။ တန်ခူးရဲ့ ဒီပို့စ်ဖတ်ပြီး မျက်ရည်တောင်ဝဲတယ်။ ၀မ်းသာကြည်နူးရသလို ၀မ်းနည်းစိတ်လဲ ဖြစ်မိတယ်။ သတိရနေတယ်တန်ခူးရေ..
အမခင်မင်းဇော်
တန်ခူး နဲ့ ထပ်တူ ကြည်နူး ပီတိ ခံစား ရပါတယ်။
ဒီ post လေးကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
နေ့ တဓူဝ မဟုတ်ဘဲ နိစ္စဓူဝ ဖြစ်မယ်ထင်ပါတယ် အမ။
ဆရာဝင်လုပ်တာ.. :D
Post a Comment