ကျွန်မတို့ ရဲ့ ဘလော့ဂါမေမေအဖွဲ့ ထဲကို ညီမလေးခွန်မြလှိုင်အဖွဲ့ ဝင်ဖြစ်ပြီး နောက်မှာ ညီမလေးနုစံက ပူပူနွေးနွေး အဖွဲ့ ဝင်လေး ဖြစ်သွားကြောင်းကို နှစ်သစ်မှာ ကောင်းသတင်းလေး ဝေမျှပါစေ…။ 17-Jan-2010 တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ၄၈ မိနစ်မှာ သမီးလေးကို သဘာဝအတိုင်း အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်တဲ့။ သမီးလေးက ၃.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၀.၅ စင်တီမီတာ ရှိပါတယ်တဲ့။ မိခင်ရော သမီးလေးပါ ကျန်းမာပါကြောင်း သတင်းကောင်းပါးပါရစေ။
ဒီကရှေ့ လျှောက် သမီးလေးအကြောင်းတွေ ပို့ စ်အသစ်အဖြစ်တွေ့ ရတော့မှာပါ။
ချစ်တဲ့ညီမလေးနုနဲ့  ချစ်စရာသမီးလေးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
ချစ်စရာသမီးလေးကို သယ်ဆောင်လာတဲ့နှစ်သစ်လေးက နုအတွက် အရမ်းကို လှပပြည့်စုံသွားပြီနော်….။
ချစ်တဲ့အမ
တန်ခူး
19-Jan-2010 12:32pm
17 comments:
အော..အဲဒါကြောင့် နုစံ ငြိမ်နေတာကိုး...
နုစံရေ..ဒီကနေပဲ.. ၀မ်းသာကြောင်း..အော်ပြောလိုက်ပါရစေ..း)))
မတန်ခူး.. ဂိုဏ်းချုပ်ကြီးက..ဘယ်သူလဲ..း)
အမ တန်ခူးရေ .. ဒီအသင်းကြီးထဲဝင်ဖို့ ညီမရော အဆင်သင့်ဖြစ်ပြီလားလို့ ဘက်စုံထောင့်စုံ စဉ်းစားရင်း စိတ်ပိုင်းဆိုင်ရာ အရင်ဆုံး ပြင်ဆင်ရဦးမယ် :)
မင်္ဂလာနှစ်သစ်မှာ... မင်္ဂလာသတင်းပါ...။ ကလေးအမေသစ်လေး ပျော်ရွှင် ကျန်းမာပါစေ..။ ကြိုဆိုပါ၏... :)
ဝမ်းမြောက်ကြောင်းပါ ခင်ဗျာ။
အမနုစံအမျိုးသား တောင်ငူက အကိုကြီးတော့ ပျော်နေမှာ အသေချာပဲဗျို့။
၃.၁ကီလိုဆိုတော့..အနေတော်ပဲနော်..။။
ချန်းတုန်းက ၂.၇ လားမသိဘူး..သေးတယ်။။
၅၀.၅ ဆိုတော့ အရပ်ရှည်မယ့်ပုံပဲ။။
မနုစံရေ...၀မ်းသာပါတယ်။။
မတန်ခူးကိုလဲ ကျေးဇူးတင်ပါတယ်...။
မေမေ အသစ်လေးကို ဒီကနေပဲ ကြိုလိုက်ပါတယ် နုစံရေ။ မင်္ဂလာသတင်းလေးကို မျှဝေတဲ့ အမတန်ခူး ကိုလဲ ကျေးဇူးပါနော့။ ဟမ်မလေး ကိုယ့်သမီးကို အရပ်ရှည်လှပြီ ထင်တာ မွေးတုန်းက ၄၂.၅ စင်တီပဲ ရှိတာတောင် ခုတော့ ၈၀စင်တီ ဖြစ်နေပြီ။ အမ နုစံ သမီးတော့ ဘယ်လိုလာမယ် မသိဘူးတော့။
မေမေ အသစ်လေးကို ဒီကနေပဲ ကြိုဆို လိုက်ပါတယ်။ သမီးလေးတွေ အကြောင်း ရေးဖော် အသစ်တိုးပြီပေါ့။ တန်ခူးတို့များ သမီးလေးဆိုတာနဲ့ သားအမေက တန်းကြိုဆိုတော့တာပဲနော်း}
တန်ခူးနော်...
သမီးလေး ဆိုတာနဲ့... ဟွန်းးးးးးးးးး
(ဒါပဲ ပြောလိုက်မယ်..)
:) ၀မ်းသာပါတယ်။ သမီးလေးမို့ ပိုဝမ်းသာပါတယ်။
သားရှင်တော့ မဟုတ်ဘူး။ မိန်းကလေးချစ်လို့။
သမီးလေးအကြောင်းပို့စ်အသစ်မျှော်နေပါတယ်။ မနုစံ။
ဒေါ်တံခူး ကျန်းမာပါစ
ခင်ဗျားတို့ လိုပဲ ကျနော်ကလည်း ဘလော့ဂါသက်တော်ရှည်အသင်းထောင်ဖို့ ကြိုးစားတာ
ဘယ်သူမှ ဝင်မပါနိုင်ကြသေးဘူး။ ကျနော်က ဘလော့ဂါ
သက်ကြီးပူဇော်ပွဲလုပ်ဖို့ ဆော်သြတော့လည်း ရိပ်မိသွားကြဟန်တူတယ် ဘာသံမှမကြားခဲ့ရဘူး။
အားကျတယ်ဗျာ။ခင်ဗျားတို့ အသင်းသားတွေကိုပြောလိုက်ပါ။ ကျနော့်မှာတော့ သားလေး သုံးယောက်ရှိတယ်။ သမီးရှင်တွေ အားမငယ်ကြပါနဲ့ ပေါ့။
မေမေလေးများအသင်း သက်တော်ရာကျော်ရှည်ပါစေခင်ဗျား
တန်ခူးရေ...
တန်ခူးရဲ့ ချစ်ချစ်ကို အဲဒီသီချင်း ပေးနားထောင်လိုက်ပါ...
ကျောင်းတုန်းက သူ ဆို ဆိုနေတာ ကြားဖူးလို့..။
အဲဒီသီချင်း ဟုတ်လောက်တယ် ထင်တာပဲ... ဟီဟိ
http://aungthange.blogspot.com/2010/01/blog-post_20.html
ဝမ်းသာ ကြည်နူးစွာ ကြိုဆိုလိုက်ပါတယ် မေမေ အသစ်လေး နု ရေ.. ပျော်ရွှင်ပြည့်စုံတဲ့ မိသားစု ဘ၀လေးကို စ ပိုင်ဆိုင်ရပြီမို့ မုဒိတာ ပွားလိုက်ပါတယ် ညီမရယ်..
ကောင်းပါလေ့ကွယ်
မရေ.. အခုမှပဲ လာလည်ပြီး comment ပေးရတော့တယ်.. အခုလို ပို့စ်တင်ပြီး ကြိုဆိုပေးတဲ့ မတန်ခူးနဲ့အတူ senior မေမေများအားလုံးကို ကျေးဇူးအထူးပါနော်.. :)
သားသား အဖော်ရသွားအောင် အစ်မလည်း next one ;)
ဒေါက်..ဒေါက်..ဒေါက်..
ဒေါက်..ဒေါက်..ဒေါက်..ဒေါက်..ဒေါက်...
အမ....ရေ့.................................................................................................
မြတ်နိုး
cool!i love it!AV,無碼,a片免費看,自拍貼圖,伊莉,微風論壇,成人聊天室,成人電影,成人文學,成人貼圖區,成人網站,一葉情貼圖片區,色情漫畫,言情小說,情色論壇,臺灣情色網,色情影片,色情,成人影城,080視訊聊天室,a片,A漫,h漫,麗的色遊戲,同志色教館,AV女優,SEX,咆哮小老鼠,85cc免費影片,正妹牆,ut聊天室,豆豆聊天室,聊天室,情色小說,aio,成人,微風成人,做愛,成人貼圖,18成人,嘟嘟成人網,aio交友愛情館,情色文學,色情小說,色情網站,情色,A片下載,嘟嘟情人色網,成人影片,成人圖片,成人文章,成人小說,成人漫畫,視訊聊天室,性愛,情色,日本a片,美女,成人圖片區
Post a Comment