Friday, August 7, 2009

ပစ္စုပ္ပန်မှာ(အခုတလော...)…

ချစ်တဲ့ညီမလေးမေဓာဝီ နဲ့  ချစ်တဲ့ သူငယ်ချင်းသက်ဝေတို့  အတူတက်ဂ်ထားတာလေး ရေးပေးလိုက်တယ်နော်… နေမကောင်းနေလို့  နဲနဲနောက်ကျသွားတာခွင့်လွှတ်ပါ… တက်ဂ်ဖို့ သတိရတဲ့ ချစ်ညီမလေးမေနဲ့  ချစ်ဘော်ဒါသက်ဝေတို့ ကို ကျေးဇူးပါနော်…

**************
ပစ္စုပ္ပန်မှာ(အခုတလော...)…

တွေးနေမိတာက…
မြန်မြန်ပြန်နေကောင်းချင်ပြီ… သားလေးနဲ့ မြန်မြန်ပြန်ဆော့ချင်ပြီ…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
ငါဆိုတဲ့ အတ္တကြီးကို ခင်တွယ်လွန်းနေတဲ့  တရားမရှိသူ…

ကျန်းမာရေး...
နေမကောင်းဖြစ်နေလို့  ဆေးခွင့်ယူ အိမ်မှာ နားနေတာလေ… ကိုယ်လေးနဲနဲငွေ့ ငွေ့ ရှိတယ်… လည်ပင်းနာတာတော့ ပျောက်သွားပြီ… ပြီးတော့ ကိုယ်လက်နာတယ်… ဆေးတွေပိပြီး ပင်ပန်းတယ်… ဒီနေ့ တော့ တော်တော်ပေါ့လာပြီ… ဒါကြောင့်ဒီပေါ်ရောက်နေတာပေါ့…

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
တအုပ်ထဲပါ…ဦးဝင်းငြိမ်းရဲ့ ရွှေ၆၃

ရောက်ဖြစ်နေတာက…
နေမကောင်းတော့ အိမ်မှာပဲပေါ့…

ရေးဖြစ်နေတာက…
ခုတက်ဂ်ဂိမ်းလေ…

နားထောင်ဖြစ်နေတာက…
ထုံးစံအတိုင်း နေမကောင်းရင် တရားဖက်တယ်… ဟိဟိ… ဆရာတော်ဦးဇောတိက တရားတွေပါ…

ရွတ်နေမိတဲ့ ကဗျာက…
ကဗျာမရွတ်ဖြစ်ပါဘူး… ပြောပြီးပါရော… နေမကောင်းတော့ ပရိတ်ရွတ်တယ်…ပဌန်းရွတ်တယ်… အထင်သိပ်မကြီးနဲ့ နော်… နေမကောင်းတဲ့အချိန်မို့ …
နေကောင်းသွားရင်… အမှတ်မရှိတဲ့ ကိုယ်က ဒီလို ကဗျာမျိုးရွတ်ချင်ရွတ်နေမှာ…

မောင်…
နှောင်တွယ်ရစ်ငင်
သံယောဇဉ်ကို
မအိုမပြောင်း
ဘ၀ဟောင်းထိ
ငြိစွဲမြဲခိုင်
ပိုင်ချင်တယ်…။

ဖြစ်ချင်နေတာက…
အပူအပင်ကင်းကင်းနဲ့  ကိုယ့်တိုင်းကိုယ့်ပြည်မှာ volunteer အလုပ်တွေ လုပ်ချင်တယ်…

စားဖြစ်နေတတ်တာက…
ဆန်ပြုတ်…ကြက်သားစွတ်ပြုတ်…ပန်းသီး…သင်္ဘောသီး…(မစားချင်သော်လည်း…)

သနားနေမိတာက…
ကိုယ်ကမှန်နေပါလျက် မျက်စိနားအတင်းအဓမ္မ မတရားအပိတ်ခံထားရသူတွေ

လွမ်းနေမိတာက…
မြန်မာပြည်က ကိုယ့်မိသားစုလေးပေါ့… သားလေးပြောသလို ပြောရရင် အဲဒီအိမ်ကလေး ဒီရွှေ့ ထားချင်တယ်… ဒါပေမယ့်… မဖြစ်သေးပါဘူး… ကိုယ်လွမ်းတဲ့အထဲ မြန်မာပြည်ကြီးလဲ ပါသကိုး….

မေ့လျော့ပစ်နေမိတာက…
ဇရာ…ဟိဟိ… ငယ်ငယ်လေးရှိသေးတာလေ…

ခါးသက်နေမိတာက…
ကိုယ်ချင်းစာတရားကင်းသူတွေ…

တမ်းတနေမိတာက…
RITကျောင်းသူဘ၀လေးပေါ့… ပျော်စရာတွေ တပုံကြီး ရခဲ့တဲ့နေရာ…

ကြိတ်ပြီးချီးကျူးနေမိတာက…
သူများတွေလိုပါပဲ… ပေါ်တင်ပဲ ချီးကျူးမိပါတယ်… ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သူတွေ…

ကြိတ်ပြီးအထင်သေးနေမိတာက…
အပေါ်ကလိုပဲ… ပေါ်တင်ပဲ အထင်သေးမိတယ်လေ… မိမိကောင်းစားဖို့  တခြားသူတွေကို ချနင်းဖို့  ၀န်မလေးသူတွေ…

ဆန္ဒမရှိတဲ့နေရာ…
ကိုယ့်တိုင်းပြည်နဲ့ ဝေးရာ… (ကိုပေါလေသံနဲ့ ပြောရရင်…ဟဲ့တန်ခူး… ရှင့်ဘယ်သူက သွားခိုင်းသလဲ)

ဆန္ဒရှိနေတဲ့ကိစ္စ…
တရားရက်ရှည်စခန်းဝင်ချင်တယ်… ပြီးတော့ ကိုယ့်တိုင်းကိုယ့်ပြည် အပြီးပြန်နိုင်တဲ့ အခြေအနေတခုကို ရောက်ချင်တယ်…

မုန်းတီးနေမိတာက…
ကောက်ကျစ်စဉ်းလဲမှု…

ချစ်နေတာက…
သားကလေးလေ… အချစ်ဆုံးပါပဲ…

စိတ်ပျက်နေမိတာက…
တချို့ ကိစ္စတွေမှာ အဆုံးစွန်တွေး သွေးကြောင်လွန်းတဲ့ ကိုယ့်အကျင့်…

စွဲလမ်းနေမိတာက…
တိုင်လုံးကြီးတွေနဲ့  အမြဲတည်ငြိမ်ခံ့ညားနေတဲ့ စက်မှုတက္ကသိုလ်… ပြီးတော့ စွယ်တော်ပန်းတွေ…

လိုအပ်နေတာက…
ဟက်ဟက်ပက်ပက် ရယ်မောခြင်း… အဲဒီလို မရယ်ရတာကြာပေါ့…

တောင်းနေမိတဲ့ဆု…
စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ… ရောဂါဆိုး ဘေးဆိုး ကပ်ဆိုး ရန်သူမျိုးငါးပါးမှ ကင်းဝေးနိုင်ကြပါစေ…

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုယ်ချင်းစာတရားရှိကြပါ…

ဝန်ခံချင်တာက
အတ္တကြီးသူတယောက်… သတ္တိကြောင်သူတယောက်…

**************
အတော်များများလဲ ရေးပြီး တက်ဂ်ပြီး ကုန်ကြပြီဆိုတော့ ချစ်သောညီမလေး ၃ယောက်ကို တက်ဂ်လိုက်ပါတယ်… သူများတွေ တက်ဂ်ပြီးပြီလားတော့ မသိ။ ချစ်ရင် ရေးပေးနော်။
၁) ညီမလေး အိမ့်ချမ်းမြေ့
၂) ညီမလေးခွန်မြလှိုင်
၃) ညီမလေးပုံရိပ်

တန်ခူး
3:49pm 7-Aug-2009

17 comments:

pandora said...

ဟက်ဟက်ပက်ပက် ရယ်မောခြင်း… လိုအပ်နေသလား... ကူတောင်ကူညီချင်သွားတယ် :)

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ကိုယ်လဲ တူတူပါပဲ
ပန်ပန်နဲ့အတူ ကူညီချင်ပါတယ်...။
ကူညီပါရစေ.. ကူညီပါရစေရှင့်...

သိဘူးလား...
ကိုယ်တို့ နှစ်ယောက်က လူပျက်တွေလေ တန်ခူးရဲ့..
ထင်ရာမြင်ရာတွေပြောပြောပြီး အမြဲရယ်နေကြတာ...

နေမကောင်းတဲ့ကြားက ရေးပေးတာ ကျေးဇူးအထူး...
ဒီနေ့ MC မယူဖြစ်ပါဘူး...
(ရွာသားစုတ်လေးကတော့ MC တဲ့လေ... သူများ နာမလိုအောင် လာပြောနေတာ)

Anonymous said...

အလိုဗျာ ဒီအထိတောင် ကြော်ငြာထည့်သွားပါလား။ စိတ်ပုတ်တဲ့သူများအဲ့လိုဗျ။

အမတန်ခူးနေကောင်းပါစေနော့
ကျနော်တော့ နေမကောင်းဘူးခင်ဗျ

ခင်မင်းဇော် said...

တန်ခူး ခုတလောကို လာဖတ်တော့ မှ နေမကောင်းဖြစ်နေတာ သိတယ်။ ဟိုတလောကလဲ ဖျားပြီးပြီမဟုတ်လား။ စိပ်လိုက်တာ..... မြန်မြန်နေပြန်ကောင်းပါစေ။ ဟက်ဟက်ပက်ပက် ရယ်နိုင်ဖို့ ပန်ပန်နဲ့ သက်ဝေကို အမလဲ ကူချင်တယ်။

မေဓာဝီ said...

မ-ရေ ... ရေးပေးတာ ကျေးဇူးပါ။
မ-လိုပဲ မေလဲ အတ္တတော့ အကြီးသား ... ။ သတ္တိလဲ ကြောင်တယ်။ :P

မ .. ကျန်းမာရေးဂရုစိုက်ပါနော်။ နီးနီးနားနားဆို သားသားကို လာထိန်းပေးချင်လိုက်တာ။ နေကောင်းရင် ခွင့်ယူပြီး လျှောက်သွားလေ ... relex ပေါ့။

rose of sharon said...

အဲဒီကဗျာလေးကြိုက်တယ်(နှောင်တွယ်ရစ်ငင်......)

မီယာ said...

မတန်ခူးရေ နေကောင်းပြီလား

အိမ့်ချမ်းမြေ့ said...

မ...
မုဒ်သွင်းလိုက်ဦးမယ်နော် :P

ATN said...

ခုတလော ဖတ်ပြီးမှ သူငယ်ချင်းတွေ အတော်များများ ခုတလောမှာ နေမကောင်းဖြစ်နေကြမှန်း သိတော့တယ်... ခုတလောမှာ တိုက်ဆိုင်သွားတာလား မသိ...

ဘာပဲဖြစ်ဖြစ် ကျန်းမာရေး ဂရုစိုက်ပါလေ...

ပုံရိပ် / Pon Yate said...

ပုံရိပ် အကြံ့ကုန်တဲ့ အခါတွေကို မတန်ခူးက ကြိုသိနေပုံရတယ်...ဟဲ။ ရေးပေးမယ်နော်။
ကျန်းမာရေး ဂရုစိုက်ပါ အစ်မရေ။ ခဏခဏ နေမကောင်း ဖြစ်တယ်နော်။ သားနဲ့ မြန်မြန် ပြန်ဆော့နိုင်ပါစေ။

Anonymous said...

အမ...နေကောင်းပါစေ..

အမ.. ရီတာများးး လွယ်ပါတယ်။
ကျနော်နဲ့ စကားတွေလာပြောလှဲ့

ရီစေရမယ်.. ကိုယ်တိုင်ကိုက အပူရုပ်ဟန်လုပ် အမြဲ ရီမောနေတတ်လို့...။ဟဲဟဲ


မြတ်နိုး

ခွန်မြလှိုင် said...

အမ နာလံထစ ဟက်ဟက်ပက်ပက် ၇ယ်၇အောင် ငရွတ်မ ကိုရေးပေးမယ်... ပြီးတော့ တဂ်တာကိုလဲ ရေးပေးမှာပေါ့ ဘလော့ ရေးချင်နေတာ တအားပဲ ခုတော့ ဆင်ခြေ ပေးလို့ ရသွားပီ

မေငြိမ်း said...

ဖတ်ကြည့်တော့ အများစုရဲ့ လတ်တလောတွေက တူနေတာ စိတ်ချမ်းသားစရာကောင်းသားပါ.. တန်ခူးရယ်..။ အဖော်တွေပေါ့....

Yu Ya said...

မတန်ခူးရေ... လာရောက်လည်ပတ်သွားပါတယ်။ ကျေးဇူးပြုပြီး လင့်ခ် ချိတ်ခွင့်ပြုပါ။ နောင်ကို အမြဲလာရောက်လည်ပတ်လို့ ရအောင်ပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

ag said...

after reading,i greatly miss RIT student life,friends from different major and teachers.

အိမ့်ချမ်းမြေ့ said...

မ..
ဟက်ဟက်ပက်ပက် ရယ်မောခြင်းကို လိုအပ်နေရင်
သံလွင်အိပ်မက်က ဒလက်တောပုံပြင်ကို ဖတ်ကြည့်ပါလားဟင်...

မလေးတော့ ပက်ပက်စက်စက်နဲ့ ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်တယ်...