Tuesday, April 21, 2009

ညီမလေး

ညီမလေးရေ... မေမေက ကျုပ်ဘ၀ထဲကို ကျုပ် အသက် ၁၀ နှစ်မှာ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကလေး တခုယူလာခဲ့တယ်… အဲဒါဟာ ညည်းပဲပေါ့…။ ညည်းနဲ့ ကျုပ်ကြား ထူးခြားတဲ့ တိုက်ဆိုင်မှုတွေကို ၁၀နှစ်သမီးအရွယ် ကျုပ်တောင် အံ့သြနေခဲ့တာ … ကျုပ်မွေးတဲ့လ ကျုပ်မွေးတဲ့ တင်္နလာနေ့ မှာပဲ ညည်းကလေးက လောကထဲကို ရောက်လာခဲ့တယ်မိုလား…။ ညည်းကို ကျုပ်ပထမဆုံးမြင်ဖူးတဲ့နေ့ က အကျီင်္အစိမ်းရောင် ရှန်သားလေးနဲ့ ညည်းက မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့  ကျုပ်ကို အတော်ကို စိုက်ကြည့်နေခဲ့တာ။ ညည်းကို မကျွမ်းမကျင်ချီထားတဲ့ ကြောင်ဂျီးရုပ်နဲ့ ကျုပ်ကို ညည်းအမလို့  မသိသေးတဲ့ ရက်သားအရွယ်ပေါ့။

ညီမငတ်တဲ့ ကျုပ်အဖို့ တော့ ညည်းက ကစားစရာလူရုပ်လေးပါပဲ။ ညည်းမွေးပြီးနောက်ပိုင်း ရွာရိုးကိုးပေါက် ကစားထွက်နေတဲ့ ကျုပ်အိမ်မှာနဲနဲမြဲလာတယ်လေ။ ညည်းကလေးကလဲ ၁၀နှစ်ကြီးတဲ့ အမကို အဖော်လုပ်ရလို့ ထင်တယ် လူဖြစ်မြန်ပါ့။ ကလေးဖြစ်ချိန် သိပ်မရှိလိုက်သလိုပဲ။ ညည်းက အငယ်ဆုံးဆိုတော့ တအိမ်လုံး ၀ိုင်းချစ်တာ ခံရပေမယ့် အကျီင်္အသစ်၊ ကစားစရာအသစ်တွေတော့ သိပ်မရတော့ဘူးလေ။ ညည်းပြီးရင် အမွေဆက်ခံမယ့်သူမရှိလို့ တဲ့။ ကျုပ်ကတော့ ညည်းကို သနားပြီး ညည်းကစားတတ်တဲ့ အရွယ်ရောက်တော့ ကတ်ထူဖြုဖြုလေးတွေနဲ့  အကျီင်္လဲပေးလို့ ရတဲ့ အရုပ်မလှလှလေးတွေ လုပ်ပေးတာ။ ကျုပ်ဆွဲပေးတဲ့ အင်္ကျီလေးတွေဆို ညည်းက အမြဲကြိုက်နေတတ်တာ။ ပြီးရင် အရုပ်လေးတွေကို ကတ်ထူဗူးလေးတွေထဲထည့် စည်းကမ်းရှိရှိ သိမ်းထားတတ်တယ်။ အဲဒီအကျင့်က ခုထိပါသွားတယ် ထင်တယ်… ညည်းဝတ်ဖို့  အကျီင်္လေးတွေ ခုထိ ဒီဇိုင်းထွင်ပေးရတုန်းလေ။

ညည်းနဲ့ ကျုပ် တူတဲ့ အချက်တွေ ရှိသလို မတူတဲ့ အချက်တွေကလဲ အများသား။ ကျုပ်က အပေါင်းအသင်း ခုံမင်တယ်။ ညည်းက အိမ်ကလူတွေနဲ့ ပဲ နေချင်တယ်။ ငယ်ငယ်က လမ်းထဲက လူတွေနဲ့  ထုတ်ဆီးတိုးရင်တောင် အမပါ ပါမှ။ ညည်းထုတ်ဆီး ကောင်းကောင်းတိုးတတ်တဲ့ အရွယ်မှာ ကျုပ်က RIT ရောက်နေပြီ။ မကြီးမငယ်နဲ့  ကလေးတွေနဲ့  အိုးပုတ်တမ်း ဆော့တာကို အဖေက မသိချင်ယောင် ဆောင်နေပေမယ့် ထုတ်ဆီးတိုးတာကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ပါလေရော။ ကျုပ်မှာ ညည်းကို သနားလို့  ခြံထဲမှာ တိုးမယ်လို့  ဈေးဆစ်ရတယ်။ တော်သေးတယ်။ အဖေက ခွင့်ပြုလို့ ။

ညည်းက အိမ်ကို ဘယ်လောက် ခင်တွယ်သလဲဆို မူကြိုလုံးဝ ထားလို့ မရဘူး။ တနေ့ လုံး ငိုကြောရှည်နေတော့ ဆရာမတွေတောင် စိတ်ညစ်သွားတယ်။ ဒီလောက် ကျောင်းပျင်းတဲ့ ကောင်မလေး စာမှတော်ပါ့မလားလို့  စိတ်ပူလိုက်ရတာ။ သူငယ်တန်းအထိ ငိုယိုပြီး အမေ့ဆီသွားလိုက် ကျုပ်ရဲ့ ၁၀တန်းအခန်းထဲလာလိုက်နဲ့  အမေရော ကျုပ်ပါ အတော် ဒုက္ခရောက်ခဲ့တာ။ အံ့သြစရာကောင်းတာက ၁ တန်းကနေစပြီး ကျောင်းပျော်သွားပြီး ငယ်ငယ်လေးနဲ့  စာတွေ ကြိုးစားလို့  နှစ်တိုင်းဆုရခဲ့တာလေ။

ကျုပ်က ခေါင်းမာတယ်။ သိပ်ကြီး လိမ်လိမ်မာမာ ထဲက မဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့်လဲ မသိဘူး။ အဖေက ကျုပ်ကို မျှော်လင့်ဆုံး။ ညည်းက လိမ္မာတယ်။ လူကြီးစကား နားထောင်တတ်တယ်။ ဒါပေမယ့် ကျုပ်တို့  မောင်နှမ ၃ ယောက်တဲမှာ ဥာဏ်မကောင်းဆုံး။ ကျုပ်တုန်းက အဖေ့သဘောကျ မဖြစ်ခဲ့တာကို အကြွေးဆပ်တဲ့ သဘောနဲ့  ညည်းကို ကျုပ်က ဟိုးငယ်ငယ် ကတည်းက ပုံသွင်းခဲ့တာ။ ညည်းကို ဂ တန်းအထိ ဘယ်ကျုရှင်မှ မထားပဲ ကျုပ်ကိုယ်တိုင် စာပြခဲ့တာ။ ဆံပင်က အစ ကျုပ်ကိုယ်တိုင်ပဲ ညှပ်ပေးခဲ့တာ။ ၁၀ တန်းရောက်တော့ ကျုပ်က ညည်းရဲ့ ဂိုက်ပေါ့။ ဥာဏ်မကောင်းပေမယ့် ၀ိရီယရှိတဲ့ ညည်းကို ကျုပ်တို့  စိုးရိမ်ခဲ့ရသေးတယ်။ ကျုပ်မအားလို့  စာမစစ်နိုင်ရင် ညည်းက ကိုယ့်ဘာသာပြန်ဆို မှားရင် ကိုယ့်ကိုယ်ကို တဖြန်းဖြန်းရိုက်တတ်လို့  ဂေါက်သွားမလား စိုးရိမ်ခဲ့ရတာလေ။ ကျုပ်ဘ၀မှာ ၀မ်းသာလွန်းလို့  တခါမှ မျက်ရည်မကျဘူးခဲ့ပေမယ့် ညည်း ၀မ်းသာလွန်းလို့  ကျတဲ့ မျက်ရည်ကို တွေ့ ပြီး ကျုပ်ပါ အပြိုင်ကျခဲ့တယ်။ ညည်း ၁၀ တန်း အောင်စာရင်း ထွက်တဲ့ နေ့ ကပေါ့။ ဘာသာစုံဂုဏ်ထူးရတဲ့ ညည်းက ကျုပ်ကို ကန်တော့ပြီး “မမကျေးဇူးတွေပါဗျာ” လို့ ငိုသံပါကြီးနဲ့  ပြောပြီး တရှုံ့ ရှုံ့ ငိုတော့ ကျုပ်လဲ ဘယ်မျက်ရည်ခိုင်တော့ မလဲလေ။

ကျုပ်တုန်းက အဖေ အရမ်းဖြစ်စေချင်တဲ့ ဆရာဝန် မဖြစ်ခဲ့ပေမယ့် ညည်းက အဖေဆန္ဒကို ဖြည့်နိုင်ခဲ့တယ်။ အဲဒီအတွက် ညည်းကို အမြဲကျေးဇူးတင်မိပါတယ်။ ညည်းက လူနာတွေကြားတဲ့မှာ ပျော်တဲ့သူ။ ခွဲခန်းထဲမှာ ပျော်တဲ့သူ။ မြန်မာပြည် ပြန်တိုင်း ညည်းအတွေ့ အကြုံသစ်တွေကို မမောနိုင် မပန်းနိုင်ပြောပြရတာ။ ညည်းရသမျှ ပိုက်ဆံကို လူဆင်းရဲဆေးရုံက လူနာတွေ အတွက် ဆေးဝယ်တာ၊ မခွဲစိတ်နိုင်တဲ့ လူနာတွေ အတွက် ခွဲစိတ်ခ လှူ တန်းတာနဲ့  ညည်းကကျေနပ်နေတာ။ အဖေကတော့ သမီးညီမက နေ့ တိုင်း ကုသိုလ်တွေရနေတာလို့  ခပ်ပြုံးပြုံးပြောပြီး ကျေနပ်နေတတ်တာ။ မနှစ်က နာဂစ်ဒုက္ခသည် စခန်းကို သွားဖို့  မဲပေါက်တော့ ညည်းက ပျော်နေလိုက်တာ။ ဆေးကုပေးတဲ့အပြင် ပါသွားတဲ့ ပိုက်ဆံ အကုန်ပြောင်တဲ့ အထိ လှူခဲ့တာ။ ဆွေမျိုးထဲက မနာမကျန်း ဖြစ်တဲ့သူတွေဆိုလဲ ညည်းဆီပဲ အားကိုးတကြီး ပြေးလာကြတာ။ အညာပြန်ရင်တောင် ညနေဘက်ဆို ကျုပ်တို့  ဦးလေးအိမ်က ဆေးခန်းဖြစ်သွားရော။ ဆွေမျိုးတွေအပြင် ရပ်ကွက်ထဲက သူတွေပါ လာကုကြတာ။ ဒါလဲ ညည်းရဲ့ မွန်မြတ်တဲ့ အလှူတွေပဲမိုလား။ ညည်းက ဆရာဝန်ဖြစ်ဖို့  မွေးလာသလား ထင်ရအောင် ဆရာဝန်စိတ် အပြည့်ရှိသူမို့  ကျုပ်အရမ်းဝမ်းသာမိတယ်။

ညီမလေးရေ။ ခုလဲ အဖေ၊အမေ၊ တိုင်းပြည် သံယောဇဉ်တွေနဲ့  ညည်းက ကျုပ်တို့ လို ကိုယ်လွတ်မရုန်းဘူးနော်။ ညည်းက အသက်ငယ်သလောက် ရင့်ကျက်လွန်းလို့  ကျေနပ်ရပေမယ့် တခါတခါ ကျုပ်စိတ်မကောင်းဘူး။ ဘ၀မှာ ကိုယ့်ကိုယ်ကို နောက်ဆုံးဦးစားပေးအဆင့်မှာ ထားပြီး ဆုံးဖြတ်ချက်ချတတ်တာကို အားမလို အားမရဖြစ်မိတယ်။ မိသားစုအတွက်ရော လူနာတွေအတွက်ပါ စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ ညီမလေးရဲ့ စေတနာတွေက ညီမလေးကို အမြဲအကျိုးပြန်ပေးမှာလို့  ကျုပ်ကတော့ ယုံကြည်နေတယ်။ ငယ်ငယ်က အမေက ညည်းကို ပေးတဲ့ အိမ်နာမည်လေးတခု ရှိတယ်။ မနောဖြူဝင်းတဲ့။ အဲဒီနာမည်လေးနဲ့ ညည်းက တကယ်ကို လိုက်ဖက်လှပါတယ်အေ။

(ချစ်တဲ့ညီမလေးရဲ့ မွေးနေ့ အမှတ်တရ။ ညီမလေးကို စကားပြောရင် သုံးတဲ့နာမ်စားအတိုင်း သုံးထားတာမို့  ဖတ်ရတာ တမျိုးဖြစ်ရင် ခွင့်လွှတ်ပါ။)

တန်ခူး
1:00pm 21-Apr-2009

24 comments:

Unknown said...

I can feel your warm sisterhood. You are so lucky becoz you have such talented and generous younger sister.
Is she still single? :)

Anonymous said...

အမ ညီမလေးက တကယ်တော်တာပဲ...
သာဓုခေါ်သွားပါတယ်ရှင်

အားပေးလျှက်
နွေးနေခြည်

Anonymous said...

အမတန်ခူးရေ အမကြီးရဲ့မေတ္တာတွေခြုံလို့ လုံနေတဲ့ ညီမငယ်တစ်ယောက် မောင်ငယ်တစ်ယောက်ဘ၀ကို အားကျမက်မောစွာ ဖတ်သွားမိပါတယ်...
စိတ်ထားကောင်းပြီး လူတန်းစားမရွေး ကူညီကုသပေးတတ်တဲ့ ဆရာဝန်မလေးရဲ့ မွေးနေ့ကိုလည်း ဒီထက်အောင်မြင်ပြီး အများအကျိုးကိုသယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ

Sonata Cantata said...

တန်ခူးညီမလေးရေ
ကျေးဇူးတရား ချစ်ခြင်းတရားတွေ
ထုံလွှမ်းနေတဲ့ မွေးနေ့ မှာ
ကောင်းခြင်း အဖုံဖုံ ပြည့်စုံပါစေလို့
ထပ်လောင်း ဆုတောင်းသွားပါတယ်နော်

Anonymous said...

ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ စိတ်ကောင်းတဲ့ အစ်မတန်ခူး ညီမလေးး)

သက်ဝေ said...

ကိုယ့်မှာက ညီအမ မရှိတော့ ညီမလေးတွေ အမတွေ ရှိတဲ့သူတွေကို အဖေါ်ရတယ် ဆိုပြီး သဘောကျတယ်...

တန်ခူး ညီမလေးရဲ့ ချစ်စရာ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်း များစွာတိုင် ကိုယ့်မိဘနှစ်ပါးနဲ့ မိသားစုအကျိုး၊ တိုင်းပြည် အကျိုး အများအကျိုးကို သယ်ပိုးနိုင်သူတယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

T T Sweet said...

တန်ခူးညီမလေးဆိုတော့ ကိုယ်တို့သူငယ်ချင်း တန်ခူးလိုပဲ ချစ်စရာလေးနေမှာ ... မျက်စိထဲမှာ .မြင်ယောင်မိပါတယ် ...

စေတနာကောင်းတဲ့ ညီမလေးတစ်ယောက်ရှိတဲ့ တန်ခူးအတွက်ရော၊ ညီမလေးအတွက်ပါ ဂုဏ်ယူပါတယ်။ အားလဲကျမိပါတယ်။

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ...

Rita said...

သိပ်ကောင်းတာပဲ အစ်မရယ်။
သိပ်လဲ ဂုဏ်ယူစရာကောင်းတာပဲ။

မွေးနေ့မှသည် ကောင်းရာကောင်းကျိုးတွေ ဆထက်ထမ်းပိုး တိုးလို့ ဆောင်ရွက်နိုင်ပါစေ။
စိတ်အေးချမ်းသာရှိပါစေ။

Nyein Chan Aung said...

စာဖတ်နေရင်းနဲ့ မတန်ခူးတို့ မိသားစုရဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အေးချမ်း သာယာမူက ဖတ်နေသူကိုပါ လာရောက် ကူးစက်သွားပါတယ်။ ဒေါက်တာမနောဖြူဝင်းရဲ့ စေတနာမေတ္တာကိုလည်း ချီးကျူးမိပါတယ်။ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ဒေါက်တာရေ..။ လိုအပ်နေတဲ့ လူနာတွေကိုလည်း ဒီထက်ပိုပြီး ဆေးကုပေးနိုင်ပါစေ။

P.Ti said...

ဂုဏ်ယူစရာကောင်းတဲ့ မတန်ခူးညီမလေးအတွက် ပျော်ရွှင်သောမွေးနေ့ပါ။
အကြီးတွေရဲ့ စေတနာ မေတ္တာကတော့ ကြီးမားလှပါတယ်။

ပထမဆုံးကွန်မန့်က မေးခွန်းကို စိတ်ဝင်စားတယ်... အဟဲ.... စတာနော်.. :P

Moe Cho Thinn said...

အမတန်ခူး အမေ ပျိုးခဲ့တဲ့ ပန်းလေး ထင်တယ်။ ရေခံ မြေခံကောင်းလို့ ပန်းကလေးက တင့်တယ်လှပတယ်။ ရေလောင်းတဲ့ ဥယျာဉ်မှူးနဲ့ ပေါင်းသင်တဲ့ မမ နဲ့။
ပန်းကလေး မနောဖြူဝင်း တယောက် ဘ၀မှာ အောင်မြင်ပျော်ရွှင်မှုတွေ ဒိထက်မက ပိုင်ဆိုင် ကျေနပ်ရအုံးမှာပါလေ။

မီယာ said...

အင်္ကျီ ဒီဇိုင်းတွေ ဆွဲတတ်တဲ့ အမမျိုး လိုချင်လိုက်တာ... ဒေါက်တာ မနောဖြူဝင်းကို Happy Birthday ပါလို့။

ခင်မင်းဇော် said...

တန်ခူးညီမလေး စေတနာ ဆရာဝန်မလေးးးး
စိတ်ထားသဘောကောင်း ကြင်ယာတော်နဲ့ အမြန်ဆုံပါစေ..ဟိဟိ
(နောက်တာနော် အတည်)

ဇနိ said...

သိပ်တော်တဲ့ ညီမနဲ့ အရမ်းချစ်တဲ့ အမ..
ဖတ်ရတာ ဝမ်းသာစရာကောင်းလိုက်တာ အမရေ..
မွေးနေ့မှသည် နောင်နှစ်များစွာထိ.. ပျော်ရွှင်အောင်မြင်ပါစေ...

မဇနိ said...

အမတန်ခူးညီမလေးမွေးနေ့အတွက် နောက်ကျတဲ့ဆုတောင်းလေးပါ။
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ နောင်နှစ်ပေါင်းများစွာတိုင် အများအကျိုးသယ်ပိုးနိုင်ပါစေနော်။
အမတန်ခူးရေ အမစာထဲမှာ ညီမလေးကို ချစ်တဲ့အချစ်တွေ မြင်နေရတယ်။ အားကျမိပါတယ်။

စူး said...

မနောဖြူဝင်းတဲ့ ...လှလိုက်တဲ့နာမည်
နာမည်လေးနဲ့ လူနဲ့လိုက်တဲ့ ဆရာဝန်မ လှလှလေး မွေးနေ့မှာပျော်ရွှင်ပါစေလို့

အမတန်ခူးနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်နော်..

PAUK said...

ညီမလေး မနောဖြူဝင်း
မွေးနေ့မှာပျော်ရွှင်ပါစေ...

ရွှေခိုင် said...

မတန်ခူး ညီမလေး ဘဝတလျှောက်လုံး ပျော်ရွှင် ချမ်းမြေ့ ပြီး မိမိအကျိုး အများအကျိုး ဆထက်တပိုး ရွက်ဆောင်နိုင်ပါစေလို့ . . .
ဧပြီလက အမ အတွက် ရင်ခုန်ရဆုံးလ လားဟင် ??

pandora said...

ညီမလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို နားလည်ခံစားသွားပါတယ်

tg.nwai said...

တန်ခူးရဲ့ အကြီးဆန်တဲ့ စိတ်လေးရယ်.. ဆယ်နှစ်တောင်ခြားတဲ့ ညီအမနှစ်ယောက်ကြားက ချစ်ခြင်းသံယောဇဉ်ရယ်..ပန်းပျိုးတဲ့ မေမေလက်ထွက် လှပမွှေးကြိုင်တဲ့ ပန်းကလေးနှစ်ပွင့်အကြောင်းဖတ်ရတာ ကြည်နူးစရာကောင်းလိုက်ပါဘိ တန်ခူးရယ်..။

တန်ခူးရဲ့ ညီမလေး မနောဖြူဝင်းရဲ့ မွေးနေ့မှသည် ဘ၀တစ်သက်တာလုံး မေတ္တာလွှမ်းတဲ့ ပန်းများကြားမှာ ပျော်မွေ့ချမ်းမြေ့နေနိုင်ပါစေနော်..။

Anonymous said...

Tag ထားတယ် အစ်မရေ ။

သစ်နက်ဆူး said...

မတန်ခူးရေ...
ကြည်ကြည်နူးနူးနဲ့ ဖတ်သွားပါတယ်..
ချစ်ခြင်းတရားက အင်မတန်သိမ်မွေ့ သလို လေးနက်လွန်းပါတယ်...
မောင်နှမတွေကြားက ချစ်ခြင်းကလဲ လှပလွန်းပါတယ်။
ဖတ်ရင်းနဲ့ ပီတိဖြစ်မိပါတယ်..။
မျှဝေသူနဲ့ လက်ခံသူ ထပ်တူကျနေပါတယ်..။
ညီမလေးရဲ့ မွေးနေ့  ပျော်စရာလေးဖြစ်ပါစေ။

တန်ခူး said...

ဟုတ်ပါတယ် Waiရေ… သူ့ အတွက် သိပ်မပူပင်ရတာမို့  ဒီလို ညီမလေးရတာ ကံကောင်းပါတယ်… ကျွန်မတို့  မောင်နှမ ၃ ယောက်မှာ ကျွန်မတယောက်ထဲ အိမ်ထောင်ကျသေးပါတယ်… ကြော်ငြာတာ မဟုတ်ဘူးနော်… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

ကျေးဇူးပါ ညီမလေးနွေးနေခြည်ရေ… သူ့ ကို ပြောပြလိုက်မယ်နော်… နောင်လဲ လာခဲ့ပါဦးညီမရေ….

ရွာသားလေးရေ… ဆုတောင်းပေးတာ ကျေးဇူးပါနော်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

ကျေးဇူးပါ မမသီတာရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

ဆုတောင်းလေးအတွက် ကျေးဇူးပါ မောင်မျိုးရေ…

သက်ဝေရေ… တို့ တွေညီမက သက်ဝေညီမပဲပေါ့နော်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

ဆွိရေ… တို့ ကပိုချောတယ်တဲ့… လူတွေက ပြောကြတယ်… သူကြားရင် နှုတ်ခမ်းစူနေဦးမှာ…

ဆုတောင်းလေးအတွက် ကျေးဇူးပါညီမရီတာရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

ကျေးဇူးပါ ကိုငြိမ်းချမ်းအောင်ရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

ကိုပီတိကတော့ လုပ်ပြီ… ထီလဲထိုးထားတယ်လဲ ပြောသေး… ပထမဆုံးကော်မန့် ကို ဖြေပြီးပြီလေ…

ဟုတ်ပါတယ်ချိုသင်းရေ… မေမေ့ပန်းကလေးတပွင့်ပေါ့… မေမေပင်ပန်းမှာ စိုးလို့  တို့ လဲကူညီ ရေလောင်းပေါင်းသင်ခဲ့တာပါ… ကျေးဇူးပါညီမရေ…

ညီမမီယာရေ… ခုရပြီလေ… ဘလော့ဂ်ပေါ်က အမပေါ့…ကဲ… ဘာပုံလေးချူပ်ချင်တာလဲပြော…တို့ ဒီဇိုင်းတွေ ကြိုက်ပါ့မလားတော့မသိ…

မမရေ… ကျွန်မအဖေသာ မမရဲ့ ဆုတောင်းကိုတွေ့ ရင် ပေးတဲ့ဆုနဲ့ မပြည့်ပါစေနဲ့ လို့  ပြောမှာသိလား… ဖေဖေက ကျွန်မတို့  မောင်နှမတွေကို အိမ်ထောင်မပြုစေချင်ဘူးလေ…

ကျေးဇူးပါ ကိုဇနိရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

နိနိရေ… ကျေးဇူးပါညီမရေ… ညီမလေးတယောက်ထဲလဲဖြစ် အထွေးဆုံးဆိုတော့ အတော်ချစ်တယ် နိနိရေ… ဆုတောင်းလေးအတွက် ကျေးဇူးပါ…

မြတ်နိုးရေ… မနောဖြူဝင်းက မေမေပေးတဲ့ အိမ်နာမည်လေးပါ… သူ့ နာမည်အရင်း မဟုတ်ပါဘူး… အမရော သူပါ အဲဒီနာမည်လေးကို သိပ်ချစ်တာ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေညီမရေ…

ကျေးဇူးပါ မမကြီးပေါက်ပေါက် (သူ့ အစားပြောလိုက်တာ ပေါက်ရေ)…

ဆုတောင်းလေးအတွက် ကျေးဇူးပါ ညီမရွှေခိုင်ရေ… သိပ်မှန်တာပဲညီမရယ်… ဧပရယ်က အမအတွက် ရင်ခုန်ရဆုံး… အမှတ်တရတွေ အများဆုံးလပါ…

ကျေးဇူးပါပန်ရေ… အကြီးတွေတိုင်းမှာ ဒီလို ခံစားမှုလေးတွေ ရှိမယ်ထင်ပါတယ်…

မ ရေ… အပြင်မှာ သူတို့ ကို သူငယ်ချင်းလို ပေါင်းလို့  သိပ်တော့ မလေးဘူး မ ရေ… သူတို့ ရှိန်နေမှာ စိုးလို့  ကျွန်မက သူငယ်ချင်းလိုပဲ ပေါင်းပါတယ်… ညီမလေးက အားကိုးဖော် တိုင်ပင်ဖော်ပါ မ ရယ်… ဆုတောင်းလေးအတွက် ကျေးဇူးပါနော်…

မောင်မျိုးရေ… ရေးပြီးပြီနော်… ကျေးဇူးပါ…

ကိုသစ်နက်ဆူးရေ… ဖတ်သူကို ကြည်နူးစေတယ်ဆိုလို့  ၀မ်းသာရပါတယ်… ဆုတောင်းလေးအတွက် ကျေးဇူးပါ…

AKyinNar said...

Your story is so touching.