Monday, May 26, 2008

ကောက်ရိုးမီးအလှူနှင့်မလုံလောက်ပါ

တဘ၀၊ နှစ်ဘ၀ မဟုတ် … ဘ၀တရာ၊နှစ်ရာလဲမက…ဘ၀တသောင်း၊နှစ်သောင်းထက် အဆပေါင်းများစွာ ပိုတဲ့ဘ၀တွေ…အသက်ရှင်လျှက်ပျောက်သွားရပြီ… တကယ့် ဗလာသက်သက်…ဘာဆိုဘာမှ မရှိ…ပျောက်ဆုံးသွားတဲ့အိမ်၊ ပျောက်ဆုံးသွားတဲ့ယာ၊ ပျောက်ဆုံးသွားတဲ့ပိုင်ဆိုင်မှူအားလုံး…တချို့ ကအဖေလို့ ခေါ်စရာမရှိ၊ တချို့ ကအမေလို့ ခေါ်စရာမရှိ၊ တချို့ ကအဖေရောအမေရောခေါ်စရာမရှိ…ပျောက်ဆုံးသွားတဲ့မိသားစုတွေ… …ဒဏ်ရာဗလပွနဲ့ နှလုံးသားတွေ…ကုန်းကောက်စရာမရှိတဲ့ 
ချို့ တဲ့မှူတွေ…ဒီဘ၀ပေါင်းများစွာ ပြန်လည်ထူမတ်ဖို့ က အချိန်အင်အား၊ လူအင်အား၊ ငွေအင်အား တွေနဲ့ ရေရှည် ဆောင်ရွက်ရမှာမို့  ကောက်ရိုးမီး အလှူနှင့်မလုံလောက်ပါ။ တတ်နိုင်တဲ့ အတိုင်းအတာ ကနေ အချိန်၊ လူ၊ ငွေ လှူကြပါ။ လှူပြီးရင်လဲ ထပ်လှူကြပါ။ အသက်ငင်နေတဲ့ ဘ၀တွေ ကယ်တင်ရတာဟာ အလွန်မြတ်တဲ့ ဇီဝိတဒါနအလှူမို့  တခါနဲ့ ရပ်တန့် မနေပဲ အခါပေါင်းများစွာ လှူုကြူဖို့ တိုက်တွန်းချင်ပါတယ်….။

တန်ခူး
10:30am 26-May-2008

7 comments:

nu-san said...

ဟုတ်ပါတယ် တန်ခူးရေ.. တတ်နိုင်သလောက် လစဉ်လှူနိုင်အောင် ကြိုးစားတယ်။ လှူလည်း လှူတယ်။

လစဉ်အလှူရှင်တွေ များများရှိပါစေ၊ သူတပါးအလှူကိုလည်း နှောင့်ယှက်တဲ့သူများရန်မှ ကင်းပါစေလို့ ထပ်ပြီး ဆုတောင်းပါတယ်။

Anonymous said...

ဒီပို့စ်ထဲကစေတနာနဲ့ထက်သန်မှုအတွက်လေးစားပါတယ် တန်ခူးရေ။

စူး said...

that's right.
We need to provide our country more and more.
We need to do our country as we can.
Thanks for that precious news.
Every Myanmar will think how can we save our Myanmar.

ကိုပေါ said...

Yes. We do need to look for the long term.

Anonymous said...

ဟုတ်တယ်..
ကောက်ရိုးမီးမဖြစ်စေချင်ဘူး။
စေတနာနဲ့ တစ်ကယ်ကူညီချင်တဲ့သူတွေကို
ဝင်စွက်ဖက်မလို့လား ၀င်သိမ်းမလို့လားဆိုတဲ့
Paranoid ဖြစ်တဲ့ စိတ်တွေကိုလဲ ကုစားကြရမယ်ထင်တယ်နော်.. မ..
မကြာမကြာရောက်ပါတယ်..
အဆင်ပြေပါစေနော်

Anonymous said...

မတန်ခူးရေ

ကယ်ဆယ်ရေးက ရေတိုမှာ ရနိုင်လောက် ပေမယ့် လူ ၂သန်းခွဲ အတွက် ပြန်လည် ထူထောင်ရေး ဟာ တကယ် တော့ လူသန်း၅၀ ရဲ့ ထမင်း နပ်ပေါင်း များစွာ အတွက် ပြန်လည် ထူထောင်ရေးလို့လဲ ပြောလို့ ရနေပါတယ်။ မြန်မာ့ စပါးကျီ ဒေသက မျိုးဆက်သစ် ကလေးတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာနဲ့ အနာဂတ် တွေ အားလုံး အတွက် ပူပန်မှု ဆိုတဲ့ ရင်ထဲက ဒဏ်ရာ ဒဏ်ချက် တွေကို အတတ် နိုင်ဆုံး ၀ိုင်းဝန်း ကူညီ ကုသ ပေးဖို့က ညီမတို့ မြန်မာ နိုင်ငံသား အားလုံးရဲ့ အမျိုးသားရေး တာဝန် တစ်ရပ် ပါပဲနော်...

တန်ခူး said...

ကြားရတာ ဝမ်းသာပါတယ်နုရေ...ဆုတောင်းလေးလဲ ပြည့်ပါစေ...

ကိုယ်တိုင်မသွားနိုင်တော့ တတ်နိုင်သလောက်ကူညီကြည့်တာပါ ထနောင်းရေ...ကျေးဇူးပါ

တယောက်အားဖြင့်မရတော့ ဝိုင်းဝန်းကူညီကြတာပေါ့ မြတ်နိုးရေ

ဟုတ်တယ်ကိုပေါရေ...ရေရှည်က အရေးကြီးပါတယ်

ကျေးဇူးပါအိမ့်ရေ...အမှန်ပါပဲ...ကုစားရမယ့်စိတ်တွေ...မကြာမကြာရောက်တယ်ဆိုလို့ ဝမ်းသာမိပါတယ်

အမျိုးသားရေး တာဝန် တစ်ရပ်...သိပ်မှန်တာပဲလှိုင်ရေ...ပြန်လည်ထူထောင်ရေးတွေ စတင်နေပြီကြားရလို့ ဝမ်းသာပါတယ်...