Wednesday, May 14, 2008

ကိုယ်ချင်းစာတရား

မိတ်ဆွေ…
သူတို့ ရေတပေါက်ဆာလောင်နေတဲ့အခါ
ကိုယ်ရေတပေါက်ဆာလောင်နေသကဲ့သို့ 
ကိုယ်ချင်းစာကြည့်ပါ
အဲဒီကိုယ်ချင်းစာတရားက
သူတို့ အတွက်
ရေတဖလားဖြစ်တယ်…။

မိတ်ဆွေ…
သူတို့ ထမင်းတလုတ်ငတ်မွတ်နေတဲ့အခါ
ကိုယ်ထမင်းတလုတ်ငတ်မွတ်နေသကဲ့သို့ 
ကိုယ်ချင်းစာကြည့်ပါ
အဲဒီကိုယ်ချင်းစာတရားက
သူတို့ အတွက်
ဆန်တတင်း ဖြစ်တယ်…။

မိတ်ဆွေ…
သူတို့ ရောဂါဝေဒနာဆိုးခံစားနေတဲ့အခါ
ကိုယ်ရောဂါဝေဒနာဆိုးခံစားနေသကဲ့သို့ 
ကိုယ်ချင်းစာကြည့်ပါ
အဲဒီကိုယ်ချင်းစာတရားက
သူတို့ အတွက်
ဆေးတပါး ဖြစ်တယ်…။

မိတ်ဆွေ…
သူတို့ ပဋိဒေ၀မီးတောက်လောင်နေတဲ့အခါ
ကိုယ်ပဋိဒေ၀မီးတောက်လောင်နေသကဲ့သို့ 
ကိုယ်ချင်းစာကြည့်ပါ
အဲဒီကိုယ်ချင်းစာတရားက
သူတို့ အတွက်
အင်အား ဖြစ်တယ်…။


မိတ်ဆွေ…
အဲဒီကိုယ်ချင်းစာတရားက
စေတနာကိုမွေးဖွားတယ်…
အဲဒီစေတနာက
အသက်ပေါင်းများစွာကို
ကယ်တင်တယ်…
သင့်နှလုံးသားထဲ
ကိုယ်ချင်းစာတရားက
သင့်ဘ၀ရဲ့ မြင့်မြတ်မှုဖြစ်တယ်…။

တန်ခူး
10:30am 14-May-2008

12 comments:

Welcome said...

ရင်ကို မှန်တဲ့ကဗျာလေးတစ်ပုဒ်ပါ။
တတပ်တအားပါဝင်လို့ ဂုဏ်ယူမဆုံးပါ။
အားပေးနေပါတယ်။
တစ်ဖက်တစ်လမ်းက ကူညီလို့ရမယ်ဆိုရင်
အမြဲရှိနေပါတယ်။

nu-san said...

ကဗျာလေးက ရင်ကို ထိတယ်။ တတ်နိုင်သလောက်လည်း ၀ိုင်းဝန်းကူညီနေပါတယ် မတန်ခူးရေ.. နီးစပ်ရာသူငယ်ချင်းတွေက တဆင့်လည်း လှူဖြစ်အောင်လှူပါတယ်။ အမှန်ဆို ဒီထက်မက လုပ်ပေးသင့်တာ။ မတန်ခူးပြောတဲ့ “ကိုယ်ချင်းစာတရား”လေးက တကယ်မှန်တယ်။ ငါ့မိသားစု၊ ဆွေမျိုး၊ ညီအကိုမောင်နှမသာဆိုရင်... ဆိုပြီး တွေးလိုက်ရင် အိပ်မရတော့ဘူး... ကိုယ်ချင်းစာတရား လူတိုင်းလက်ကိုင်ထားနိုင်ကြပါစေ...

ကိုပေါ said...

တန်ခူးရေ…တချို့သော သူတွေမှာ အဲသည် ကိုယ်ချင်းစာတရား ခေါင်းပါးလေတယ်။ ဒုက္ခရောက်နေသူတွေအတွက် ရေတခွက်၊ ဆေးတခွက်၊ တမင်းတလုပ်ကို ပုတ်ချရက်တဲ့လူတွေလည်း ဒီလောကမှာ ရှိနေတယ်။

Anonymous said...

မွန်မြတ်တဲ့စေတနာ, ဖြူစင်တဲ့ အလှူ, ကြင်နာတဲ့နှစ်လုံးသား, တန်ဖိုးရှိတဲ့ကိုယ်ချင်းစာတရား ,,,,,တသက်လုံးပီတိဖြစ်နေမှာပါ......

Anonymous said...

တချို့ကတော့ မပြိုင်သင့်တဲ့နေရာမှာထပြိုင်နေကြလို့ တော်ဝင်မျိုးတတွေ အရုပ်ဆိုးနေပါပေါ့

စူး said...

ama,
my heart is pain.
now i've no hope for our ppl.
Did u read manawhayi post in Eng.
it's nice reading for that ppl.
i feel so sad...
i think all of our ppl heart are pain.

သက်ဝေ said...

Hello my dear...

Very nice poem..!!!
Sad...!!

ကလိုစေးထူး said...

ဒီကဗျာကိုလည်း ကိုယ်ချင်းစာတရား ရှိသူတွေကို ပိုခံစားတတ်မယ် ထင်ပါရဲ့…။ ကိုယ်ချင်းစာတရားက စေတနာတရားကို မွေးဖွားတယ် ဆိုတဲ့ အဖွဲ့လေးကို ပိုနှစ်သက်ပါတယ်။

စူး said...

အမ..နေကောင်းလား..
ရေးစရာစကားလုံး ပြောစရာစကားလုံးတွေ ရှားပါးကုန်ပိလား..ဟင်..

Anonymous said...

မတန်ခူး ပြောတဲ့ ကိုယ်ချင်းစာတရား အပြင် အမှန်ဘက်ကရပ်ရဲတဲ့သတ္တိ...ဒါတွေမရှိသမျှတော့...
ဖတ်ဖူးတဲ့ ဒီကဗျာလေး ဝေမျှလိုက်ပါတယ်



ကိုယ့်အပေါ် တုတ်ကျမှ
နာတတ်တာဆိုရင်....
ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်စမ်းစစ်ဖို့လိုပြီ။

ဒီအစိုးရလက်ထက်မှာ....
ဆန္နပြ မှ သေတာမဟုတ်
လမ်းပေါ်တက်မှ သေတာမဟုတ်
သူတို့ ....အသက် နဲ့ အာဏာမြဲနေသရွေ့
တို့....အသက်တွေ စတေးနေရအုန်းမှာဘဲ။

ကဲ...ဒီနိုင်ငံတော်မှာ ဖြစ်ပျက်နေသမျှ
လက်ပိုက်ကြည့်နေကြတော့မှာလား
တတိယအုပ်စု ဆိုတဲ့ ဥာဏ်ကြီးရှင်များ...
analysis ပေါ်မှာ အဖြေရှာမနေကြနဲ့
ဧရာဝတီတကြော ပေါလောပေါ် ဝိဥာဏ်တွေက
နင်တို့ကို ခွင့်လွှတ်မယ်ထင်သလား..။

'မြန်မာပြည်' ဆိုတာနဲ့
နိုင်ငံရေး ရယ်လို့
လုံးထွေးမစဉ်းစားပါနဲ့ဆိုတဲ့သူတွေ..
ခါးကော့အောင်ခံရမှ
ငယ်သံပါစိတ်နာပြမနေကြနဲ့
နောင်ဆိုရင် ကြပ်ကြပ်မှတ်
နင်တို့ ဖိနပ်ဖြစ်လိမ့်မယ်။


ကိုယ့်စီးပွားလေး အသက်ဆက်ဖို့
deadlock ကိုဖြိုရမယ်ရယ်လို့
စေတနာဘရဗွနဲ့
အလယ်ထိုင် အကြံပေး
ဒိုင်လူကြီး ဆိုသူတဲ့လူကလေးတွေရေ
ရွှေပြည်အေးတရား နားချဖို့မစဉ်းစားနဲ့တော့
လူမှန်လျှင် ရှက်တတ်
အမှန်ဘက်က ရပ်ဖို့တန်ပြီ။

Anonymous said...

ကိုချင်းစာတရားလေးတော့ မခေါင်းပါးကြပါစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ။ လူသားချင်း စာနာနိုင်ကြပါစေဗျာ။

တန်ခူး said...

တခုတ်တရ လာလည်ပြီးcommentပေးတာ ကျေးဇူးပါကိုဝင်းဇော်...နောက်လဲလာလည်ဖို့ဖိတ်ခေါ်ပါတယ်...

ကျေးဇူးပါနုရယ်...တကယ်လိုအပ်တဲ့သူတွေကို စေတနာထက်ထက်သန်သန်နဲ့လှူတဲ့ မြင့်မြတ်တဲ့နု့အလှူကို သာဓုခေါ်ပါတယ်...

ကိုပေါရေ...ကံကံ၏အကျိုးကြောင့် တူသောအကျိုးပေးမှာပါ...

ကျေးဇူးပါနှင်းပန်းရေ...

Anonymousရေ...ဟုတ်ပါတယ်..စေတနာပါမှ အလှူ မြောက်ပါတယ်....

မြတ်နိုးရေ...တတ်နိုင်သမျှကူညီလုပ်ဆောင်ရင်း နှလုံးသားအနာတွေကုစားကြစို့နော်...ဟုတ်ပါတယ်...တို့လဲနှလုံးသားတွေနာကျင်လို့ ရက်အတော်ကြာ ဆွံ့အသွားခဲ့တယ်...ကျေးဇူးပါနော်

ကိုစေးထူးရေ...ခုချိန်မှာတန်ခိုးရှင်ဖြစ်ရင် ကိုယ်ချင်းစာတရားမဲ့သူတွေရဲ့နှလုံးသားထဲ ကိုယ်ချင်းစာတရားတွေထည့်ပေးချင်တယ်...

ဖတ်ဖူးတဲ့ ဒီကဗျာလေး ဝေမျှပေးတာကျေးဇူးပါAnonymousရေ...ရင်ထဲအတော်ထိတယ်...

ကိုတာတူးရေ...သူဟာကိုယ်မဟုတ်တော့ ဆုတောင်းရုံကလွဲလို့...