Friday, May 9, 2008

ဝိုင်းဝန်းကူညီကြပါစို့ 

တနေ့ တခြားတိုးလာသော လူအသေအပျောက်စာရင်းကို နားထောင်ဖတ်ရှူရတိုင်း သက်ပြင်းမောတွေနဲ့  အိပ်မပျော် စားမ၀င်။ တယောက်ထဲညဘက်တွေ အိပ်မပျော်တိုင်း ဘယ်လိုများ ဒီ့ထက်ထိရောက်အောင် ကူညီနိုင်မလဲဆိုတာ brain stormingလုပ်ကြည့်မိသည်။ ဒီမှာပဲ မြန်မာပြည်မှာ ရှိစဉ်က တခြားရပ်ကွက်တခုခု မီးလောင်လျှင် ကျန်ရပ်ကွက်တွေက ထမင်းထုတ်ပို့ ရသည့် အလေ့အထလေးကို သွားသတိရမိသည်။

မြန်မာပြည်တွင် တိုင်းနယ်၊ပြည်နယ် (၁၄)ခုရှိသည်။ မုန်တိုင်းဘေးခံရသည်မှာ တိုင်းနယ်၊ပြည်နယ် (၄)ခုဖြစ်သည်။ ဒီတော့ မီးဘေးသင့်ခံရသည့်ရပ်ကွက်တခုကို တခြားရပ်ကွက်တွေမှ ထမင်းထုတ်ပို့ သလို မုန်တိုင်းဘေးခံရသည့်တိုင်းနယ်၊ပြည်နယ် (၄)ခုကို
ကျန်တိုင်းနယ်၊ပြည်နယ် (၁၀)ခုမှ တတ်အားသရွေ့ ကူညီနိုင်လျှင် အတော်ထိရောက်လိမ့်မည်။
ငွေအားတတ်နိုင်သူက ငွေအား၊ လူအားတတ်နိုင်သူက လူအား တတ်စွမ်းသမျှ အချိန်မှီ ကူညီနိုင်လျှင် မြတ်သောအလှူပင်။

ကူညီဖို့ ဆိုတာ အပြင်ကထိုင်ပြောတာလွယ်သလောက် လက်တွေ့ မှာ အခြေအနေ၊ အတိုင်းအတာ၊ အခွင့်အလမ်း…စတဲ့အခက်အခဲတွေ အမျိုးမျိုးရှိမယ်ဆိုတာ နားလည်ပါသည်။ တဦးချင်းဖြစ်စေ၊ အဖွဲ့ အစည်းဖြစ်စေ ကိုယ်တတ်နိုင်သည့် ဘောင်အတွင်းက ကူညီိနိုင်ပါက မုန်တိုင်းဘေးခံရသူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့် မည်။

အဲဒီအတွေးတွေရပြီး အိမ်ကိုဖုန်းပြောပြီး အမေ့ကို ရှင်းပြမိသည်။ ကျွန်မတို့ အိမ်သည် မုန်တိုင်းခံရသော်လည်း စားစရာဆန်ရှိသေးသည်၊ သောက်စရာရေရှိသေးသည်။ ကျွန်မတို့ ရပ်ကွက်မှာပင် တချို့ နေရာတွေရေပြတ်နေသည်။ အမေက ကျွန်မမပြောမှီတည်းက ရေကုသိုလ်လုပ်နေကြောင်း ပြောပြတော့ ကျွန်မအလွန်ဝမ်းသာမိသည်။ အဲဒီလို တဦးချင်းတနိုင်တပိုင် ကူညီသွားလျှင် အတော်ထိရောက်လိမ့်မည်။ ကျေးဇူးပြူပြီး ဒီpostလေးဖတ်ပြီးတဲ့အခါ မိမိအိမ်တွေနဲ့ များအဆက်အသွယ်ရခဲ့ ရင် မိမိအိမ်ကလည်းကူညီနိုင်ဖို့  အခြေအနေပေးခဲ့ရင် မုန်တိုင်းဘေးသင့်သူတွေကို ၀ိုင်ဝန်းကူညီကြဖို့  နှိုးဆော်ပေးဖို့ တိုက်တွန်းချင်ပါသည်။

သင့်နှလုံးသားဖြင့်အသက်ကယ်ပါpostဖတ်ပြီး ကျွန်မစာရင်းထဲမှာ မပါသည့် လှူဒါန်းနိုင်မည့်နေရာတချို့ ကို emailပို့ ပေးသော သူငယ်ချင်းများ၊ comment့ ပေးသော သူငယ်ချင်းများ၊ donation information postလေးတွေတင်ပေးသောbloggerများကို ကျေးဇူးတင်စွာနဲ့  အောက်မှာ စာရင်းအသစ်လေး ထပ်ဖော်ပြလိုက်ပါသည်။

1) http://www.cnn.com/SPECIALS/2007/impact/

2) http://www.google.com/myanmarcyclone/

3) For those in SingaporeYou can donate at

1. Lan Pya Kyal @ 5 Flr, Pennisula Plaza
2. Lin Let @ 2 Flr , pennisula plaza
3. Sin Myanmar @ 3 Flr, Pennisula Plaza
4. Daw Than Than Nu ( Tha Byae Nu ) at Pennisula Plaza
http://kopaw07.blogspot.com/2008/05/blog-post_06.html


4) For those in Singapore and Australia

(Dear all,I am collecting donation for Nagris effected victims inside Burma.I'll donate all collected money to the NGO Save the Children (www.savethechildren.org) ,http://www.savethechildren.org/newsroom/2008/cyclone-nargis-myanmar.htmlI'll transfer the money to my contact persons in Burma who are currentlyworking with this NGO.Pls transfer your money to following accounts if you wish to donate. plsalso drop me email or give me a call after your transfer so that i canconfirm and record it.Alternatively, please donate any other organizations or individuals as youwish inside Burma this time of need.My Bank account detailsIn Australia:Bank: Commonwealth BankSaving Account # : 06 2339 1036 9410In SingaporeBank: Citi BankSaving Account #: 0-471559-008Pls kindly forward this email to others who want to donate.Thank you very much for your generosity.Kindest RegardsZaw Htoo Aung (EcE, Jan-1995)Folowing is my contact detailsHome:Unit 21/ 346,Church Street, ParramattaSydneyNSW2150Mobile: (+61)0434037114email:zawhtooaung@yahoo.comzhtooaung@gmail.com)

5) For those in Canada

http://ainchannmyay.blogspot.com/2008/05/blog-post.html

6) For those in Australia

http://soehtet.blogspot.com/2008/05/please-contact.html

7) donate.ifrc.org

8) World VisionDonate by ChequeMake your cheque payable to "World Vision International" and mail to 10 Anson Road #13-08 International Plaza Singapore 079903 Donate by CashPlease visit World Vision Singapore office at 10 Anson Road #13-08 International Plaza Singapore 079903 Donate via Internet BankingDBS Internet BankingStandard Chartered Internet Banking Please select World Vision under list of payee For more information, click hereDonate by ATM Fund TransferDonate by doing a ATM fund transfer toDBS Autosave Account

9) For those in Japan

http://www.cyclonevictimrescuefund.blogspot.com/

10) http://yuyamyatnoe.blogspot.com/2008/05/donationdonation-donation.html


11) http://ainchannmyay.blogspot.com/2008/05/please-help-burma.html

12) For those in England

http://maydar-wii.blogspot.com/2008/05/burma-cyclone-emergency-appeal.html



တန်ခူး
10:50am 09-May-2008





6 comments:

ကိုပေါ said...

ဟုတ်တယ်။ အမေရိကားမှာ ကက်ထရီးနား မုန်တိုင်းဒဏ်သင့်တုန်းကလည်း တတိုင်းပြည်လုံး ကျန်တဲ့ ပြည်နယ်တွေက ရန်ပုံငွေတွေ အထောက်အကူတွေ ၀ိုင်းဝန်းပေးကြတာဘဲ။ ဒါလုပ်ကို လုပ်သင့်တဲ့၊ လုပ်ရမယ့် အလုပ်ပါဘဲ။

စူး said...

အမရယ်.. မအိပ်နိုင်မစားနိုင်ပါပဲ..။
မ၀တဲ့သူက ပိုပိန်သွားပီ..။
အစားစားတိုင်းသတိရရင် မစားချင်တော့ဘူး။ ဓာတ်ပုံတွေ မြင်တိုင်း နှလုံးသားထဲက ဆို့နင့်စွာ ငိုကြွေး မိတယ်..။
အနေမ၀ အသေမလှတဲ့ ဘ၀လေးတွေ...
လူတွေ.. လူတွေ... ရေပေါ်မှာ...
ရေးရင်းနဲ့ မျက်ရည် ၀ဲတယ်..။ အမရယ်..။ ရင်ထဲမှာ မချိတော့ဘူး

Anonymous said...

ကူညီကြပါစို့ဗျာ။

စိုးထက် - Soe Htet ! said...

ကျွန်တော်တို့လည်း သြဇီမှာ ... ကောက်ခံ နေပါတယ် :)

ကလိုစေးထူး said...

တတ်နိုင်သလောက်တော့ လုပ်နေတာပါပဲ တန်ခူးရာ…။ အလှူကို ရန်စောင်နေတာတွေ ကြားရလို့ ထပ်ဆင့် စိတ်ဆင်းရဲရပြန်တယ်လေ။

တန်ခူး said...

ကိုပေါရေ…ပြည်တွင်းကစေတနာရှင်တွေ ကူညီနေတဲ့သတင်းကြားရတော့ ၀မ်းသာမိပါတယ်…

မြတ်နိုးရေ…တို့ လဲထပ်တူကြေကွဲ…

ကိုတာတူးရေ… ပြည်တွင်းကစေတနာရှင်တွေလိုအပ်တာရှိရင် ကူညီဖို့ အသင့်ပါ…

သြဇီကလဲ ၀ိုင်းဝန်းကောက်ခံတာကျေးဇူးတင်စရာပါ….

ကိုစေးထူးရေ…စိတ်ဆင်းရဲရတာတွေက ရင်နဲ့ မဆန့် ပါ…