Thursday, February 14, 2008

မောင်နားဆင်ဖို့


မောင်မြတ်နိုးမယ့်လက်ဆောင်လေးတခုပေးပါရစေ...။
တဆိတ်...မျက်လုံးလေးခဏမှိတ်လိုက်ပါကွယ်။ ငြီးငွေ့စရာ အချိန်ဇယားတွေခဏလွှင့်ပစ်ခဲ့လိုက်နော်...နို့မို့ဘဝဆိုတာဘယ်နေပျော်စရာကောင်းတော့လို့လဲ။
လွတ်မြောက်ခြင်းအရသာအပြည့်အဝခံစားစို့...။ နှလုံးသားတွေမူးမိုက်ရီဝေစမ်းပါစေ..လိုက်ပါစီးမျောလိုက်ပါလေ။ နုနယ်ပျိုမျစ်ခြင်းတွေငှားရမ်းလို့ အသဲနွေးနွေးစကားတွေ တိုးတိုးညင်သာစွာ ဆိုကြည့်ရအောင်...။ ကိုယ့်ရဲ့ဖြစ်တည်ခြင်း...ကိုယ့်ရဲ့မျှော်လင့်ခြင်း...ကိုယ့်ရဲ့ရှင်သန်ခြင်း...ပြီးတော့ကိုယ့်ရဲ့ပြီးပြည့်စုံခြင်း။ ချစ်ခြင်းကလောကကြီးကိုအလှဆင်နေပြီကွယ်...။ စမ်းချောင်းလေးတွေတေးဆိုနေကြပြီ...ပန်းလေးတွေမြူးတူးကခုန်လို့...ဟိုးအဝေးကသက်တန့်လေးဆီငှက်မောင်နှံအတူပျံသန်းရင်း...။ လေညှင်းလေးကမောင့်ဆံနွယ်တွေဆော့ကစားသွားတဲ့အခါ...ဒါဟာကဗျာတပုဒ်ပေါ့။ သီချင်းလေးတွေချစ်တတ်တဲ့မောင်နားဆင်ဖို့...လက်ဆောင်လေးတပုဒ် ပါ...မဆုံးတဲ့ဒီသီချင်းလေးရဲ့သံစဉ်ချိုချိုတွေကိုထွေးပိုက်လိုက်ပါမောင်...။

*ရင်မှာ ကြင်နာမြဲကွယ် အစဉ်သာ ဆိုနေဦးမယ်
အကြင်နာ ကိုယ့်သီချင်းရယ် ရင်မှာမင်းလေးအတွက်ပါ
*တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင်
အမုန်းများဝေးသွား
ရင်ခုန်သံတွေရယ် နှလုံးသားတေးသစ်
ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား
ဆိုနေမယ်အချစ်သီချင်းလေး
*ဟိုမှာတိမ်ပြာတွေ မျောလွင့်နေတယ်
နှလုံးသားထဲမှာ သက်တန့်ကြီးလားကွယ်
လှတဲ့သီချင်းတွေလဲ လေပြေဆောင်ယူပါအချစ်ရဲ့ရင်ထဲ
နွေးထွေးသွားအောင်ကွယ် ပန်းရနံ့မွှေးမွှေးရယ် မဆုံးတဲ့သီချင်းပါပဲ
*ဟိုမှာရေပြင်ပေါ်လှိုင်းလေးတွေလဲ ပြေးဆော့လို့ရယ်
စမ်းချောင်းလေးလားကွယ် တို့နှစ်ယောက်ရဲ့ကမ္ဘာထဲ
သာယာကြည်လင်စွာ စီးဆင်းနေဆဲ ငြိမ်းချမ်းသွားတယ်
ချစ်သူ့သီချင်းများရယ် မဆုံးတမ်းဆက်ဆိုမယ်
*ပန်းပွင့်လေးနဲ့ လိပ်ပြာ မခွဲတမ်းတို့ကချစ်မှာ
သီချင်းလေးများမဆုံးတော့ပါ
မမုန်းတမ်းပေါ့ တို့နှစ်ယောက် ထာဝစဉ်အကြင်နာ
ပေးဆပ်ဖို့အသင့်ရှိနေတယ် ရင်မှာ မင်းလေးအတွက်ပါ

တန်ခူး
5:31pm 14-Feb-2008(ချစ်သူများနေ့)
(သီချင်းလေးတွေချစ်တဲ့၊ထူးအိမ်သင်အရမ်းကြိုက်တဲ့ မောင့်အတွက် ချစ်သူများနေ့အမှတ်တရ)

6 comments:

Anonymous said...

ုဒုတ်...ဒုတ်...ဒုတ်
အကိုကြီးကိုယ်စား ရင်ခုန်ပေးသွားတာပါ..တန်ခူးရေ..ခွိခွိ

pandora said...

အကိုကြီးကဘာကျန်ကျောလဲဟင်

တန်ခူး said...

ထနောင်းရေ...စာရွက်ပေါ်မှာromanticကြည့်တာပါ။ အပြင်မှာတော့ မticနိုင်ပါဘူး။

ပန်ရေ..."ရှက်စရာကြီး" လို့ပြောတယ်။

လင်းလက်ကြယ်စင် said...

မမရေ ကဗျာဆန်တယ်ဆိုတာ စိတ်ကူးကစပြီး စာရွက်ပေါ်ရောက်သွားတယ်။ စာရွက်ကနေ လက်တွေ့စီ တဖြေးဖြေးသယ်ဆောင်သွားရတာလို့ပဲ ညီမကခံယူထားတယ် .. ။ `ရှက်စရာကြီး´လို့ပြောတဲ့ အကိုကြီးကို ´ချစ်ဖို့ကောင်းတဲ့အပြုအမူလေးတွေ´လို့ ပြန်ပြင်ပြောလာအောင် ကဗျာဆန်ဆန်လှလှလေးတွေ ပြောပေးလိုက် :P ။ အမြဲလာဖတ်တယ်မမ။ စီဗုံးမတွေ့လို့မအော်သွားတာ .. ။ မမခံစားချက်ကလေးတွေ ၊ အတွေ့အကြုံတွေအားလုံးကို သဘောကျမိပါတယ် :)

တန်ခူး said...

လင်းလက်ရေ...ညီမလေးလာလည်တာသိရလို့ အရမ်းဝမ်းသာမိပါတယ်။ နောက်လဲ အမြဲလာလည်နော်။

Anonymous said...

သီချင်းနာမည် လေး သိပရ စေ