Monday, December 24, 2007

သို့...လေနုအေး

သူက ကြင်နာစွာ လျို့ဝှက်တတ်တယ်...
သူဘယ်ဆီကလာမှာလဲ၊သူဘယ်ဆီကိုသွားမှာလဲ... သူဘယ်တော့လာမှာလဲ၊သူဘယ်တော့ပြန်မှာလဲ...ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ကိုယ့်ကိုဘယ်တော့မှ ချူပ်နှောင်မထားတတ်ဘူး....
သူလာရင်...
သစ်ရွက်ကလေးတွေက သူ့ကိုမှီတွဲလို့ ညင်သာစွာယိမ်းနွဲ့ကခုန် နေကြတယ်...
ပန်းပွင့်လေးတွေက ရက်ရက်ရောရောသင်းပျံ့ပျံ့ရနံ့လေးတွေ လက်ဆောင်ပေးကြတယ်...
ငှက်ကလေးတွေက သူ့အပေါ်မှာ အလိုက်သင့်လွင့်မျောပျံသန်းရင်း ချိုသာတဲ့တေးသီချင်းလေးတွေ ဆိုညည်းနေကြတယ်...
ကိုယ့်ဆံနွယ်ရှည်ရှည်တွေကတော့ ငှက်ကလေးတွေနဲ့အပြိုင် တောင်ပံခတ်လို့နေတယ်...လွတ်လပ်စွာလွင့်မျောနေတဲ့ ကိုယ့်ခန်းစည်းစတွေနဲ့အတူ ကိုယ်ပါလွင့်မျောနေတယ်...
အေးမြနူးညံ့တဲ့ အထိအတွေ့ကြောင့် သူဟာကိုယ့်ပါးပြင်တွေကို တိတ်တခိုးနန်းရှူိက်သွားပြီဆိုတာ သိလိုက်ရတယ်...
သူသယ်ဆောင်လာခဲ့တဲ့ ပန်းရနံ့လေးတွေ၊မြေသင်းနံ့လေးတွေ..ပြီးတော့...ကိုယ်ကိုတိုင်မခွဲခြားတတ်တဲ့ သဘာဝရဲ့ရနံ့လေးတွေကို ဟိုးနှလုံးသားထဲထိရောက်အောင် ရှူရှိုက်မိတယ်...
အဲဒီအခါ...အံ့သြဖို့ကောင်းစွာ ကိုယ့်ရင်ထဲက မွန်းကြပ်မှုတွေ၊ပူလောင်မှူတွေ၊နာကျင်မှူတွေက တဖြေးဖြေးနဲ့ ပါးလျပျောက်ဆုံးသွားကြတယ်...
ကျေးဇူးပါလေနုအေးရယ်...

တန်ခူး
05:25pm 24.12.2007 Christmas Eve


2 comments:

pandora said...

ိကိုယ်သာ ဘလော့ဂ် နာမည်အသစ်တစ်ခု ပေးဖြစ်ရင် လေနုအေး လို့ ပေးကောင်းပေးဖြစ်လိမ့်မယ်။ ပုံပြင်တစ်ပုဒ် ရေးခဲ့ဖူးတယ်။ တနွဲ့နွဲ့နော့နေတဲ့ လေနုအေး အဖြစ် ကိုယ်ကတိုက်ခတ်ချင်သူ...။

ပထမဆုံး ပို့စ်ကလေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်.. ပိတောက်ရိပ်တွေ ဝေစေတဲ့ တန်ခူးလေရယ်..

တန်ခူး said...

ပန့်ရဲ့ လေနုအေးလေးပုံပြင် ဖတ်ဘူးတယ်။ လေနုအေးလေး ဖြစ်ချင်တဲ့ ပန်ဒိုရာဘဝလေး အေးမြပါစေလို့။