Thursday, July 8, 2010

ကျွန်မ နဲ့  မောင်




ချစ်သောသက်ဝေ ချစ်လို့ တက်ဂ်သောပို့ စ်ကို သက်ဝေကို ချစ်လို့ ရေးပါသည်။

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားလေးကို ကိုယ်ကိုယ်တိုင် အိမ်ထောင်ကျတော့မှ ယုံရခက်ခက်ဖြစ်လောက်အောင် ကျွန်မနဲ့ မောင်ကြား အတော်များများက ကွဲပြားခြားနားလွန်းလှပါတယ်။ ဒီအကြောင်းကို အမှတ်တရ အနေနဲ့  “မောင် နဲ့  ကျွန်မ” ဆိုတဲ့ ပို့ စ်လေး တခုရေးခဲ့ဖူးပါတယ်။

သူငယ်ချင်း သက်ဝေတက်ဂ်တော့မှ ကျွန်မနဲ့ မောင် အကြား ဘာတွေများ ထပ်တူကျ၊ ကာရံညီပါသလဲ ဆိုတာ အပြေးအလွှား စဉ်းစားရတော့တယ်။ ဘဲဥအစရှာမရသလို ချက်ချင်းကြီးကို အဖြေက ထွက်မလာတော့ သက်ဝေကို အားကျပြီး မောင့်ကိုပဲ မေးမိတော့တယ်။ အကိုကြီးလိုများ လှလှပပ အဖြေလေးများ ထွက်လာမလားလို့ ပါ။ အဖြေက သိပ်ဝေေ၀ဆာဆာ မဟုတ်သလို၊ လှလှပပလဲ မဟုတ်လှပါဘူး။ ရိုးရိုးရှင်းရှင်းကြီး “သိဘူးလေကွာ” တဲ့။ စိတ်က မနေ့ ညက လွတ်သွားတဲ့ စပိန် နဲ့  ဂျာမဏီ Highlightဆီရောက်နေတော့ ရှိပါစေတော့။ ကိုယ့်အား ကိုယ်ကိုးမှဆိုပြီး ဘောလုံးပွဲကိုကြည့်ပြီး စပိန် နဲ့  ဂျာမဏီမှာ ဂျာမဏီကို နိုင်စေချင်တာလို့  ကျွန်မက အမှတ်တမဲ့ ရေရွတ်မိတော့ ခုနက mood နဲ့  ဆန့် ကျင်စွာ ပြုံုးပြုံးကြီး “မောင်လဲ တူတူပဲ” တဲ့။ ကဲ… ချစ်သက်ဝေရေ… တူတာတခုတွေ့ သွားပြီ။ ပျော်သာ။ ဘောလုံးက စစဉ်းစားမိတော့မှ။ ဟုတ်ပါရဲ့။ ဘောလုံးအသင်းတွေမှာ ကျွန်မနဲ့ မောင် အကြိုက်ချင်းက ထပ်တူကျမတတ် တူပါတယ်။ ဥပမာ… မန်ယူ မကြိုက်တာချင်း (မန်ယူသမားတွေ ခဲနဲ့ မထုကြပါနဲ့ နော်…. လူတကိုယ် အကြိုက်တမျိုး မိုလား)… ပြီးတော့ ရော်နယ်ဒို(ပေါ်တူဂီ) ကိုမကြိုက်တာချင်း။
စပိန် နဲ့  နယ်သာလန်မှာ စပိန်နိုင်စေချင်တာလဲ တူနေပြန်ရောလေ။

မောင်က တခါတလေ မြန်မာသီချင်းတွေကို ဂီတာနဲ့ တီးတတ်ပါတယ်။ အဆိုမပါ အတီးသက်သက်ပေါ့။ အဆိုတော်မာမာအေးရဲ့ နာမည်ကြီးသီချင်း ချစ်သူ့ နယ်မြေကို(ညက အိပ်ချင်မူးတူးနဲ့ ရေးလိုက်တာ အရမ်းကြိုက်တဲ့ ချစ်သူ့ နယ်မြေက ဘယ်လိုကဘယ်လို ချစ်သူ့ ရင်ခွင်ဖြစ်သွားလဲမသိလိုက်ပါဘူး… ခွင့်လွှတ်ပါ) မောင်များဂီတာလေးတီးရင် ကျွန်မလုပ်လိုက်စ အလုပ်ရပ်ပြီး ခံစားနားထောင်မိတော့တာပါပဲ။ တခါတခါ ထူးအိမ်သင်Mood နှစ်ယောက်လုံး ၀င်နေကြရင် မောင်က ဂီတာတီး၊ ကျွန်မက သီချင်းစာအုပ်ကြီးဖွင့်ဆိုနဲ့  တော်တော်ကို အတိုင်အဖောက်ညီတဲ့ အချိန်တွေပေါ့။ များသောအားဖြင့် ကီးအောက်နေတဲ့ ကျွန်မအသံကြီးကို မောင်က သည်းခံနားထောင်ရတာက လွဲလို့ ပေါ့။ ပြီးရင် ထူးအိမ်သင်လွမ်းကြောင်းတွေ အားရပါးရအတူပြောတတ်ကြတယ်။ မောင်ဂီတာတီးနေကျ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ခိုင်ထူး၊ မွန်းအောင် သီချင်းတော်တော် များများကလဲ မောင်နဲ့ ချစ်သူမဖြစ်ခင် အချိန်ကတည်းက ကျွန်မစွဲစွဲမက်မက် နားထောင်နေကျသီချင်းတွေဖြစ်နေတတ်ပါတယ်။ ခုနောက်တက်တဲ့ လူငယ်ထဲက Lလွန်းဝါကို ကြိုက်တာချင်းတူပြန်ရောနော်။

မြန်မာရုပ်ရှင်ကားတွေကို များသောအားဖြင့် မောင်နဲ့ အတူမကြည့်ဖြစ်ပဲ ကျွန်မတယောက်ထဲ ကြည့်ဖြစ်ပေမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကားတွေကိုတော့ အဖော်စပ်စရာမလို နှစ်ယောက်လုံး စိတ်ဝင်တစား ကြည့်တတ်ကြပါတယ်။ မင်းထင်ကိုကိုကြီးကားတွေကို အတော်များများက ကြောင်တယ်၊ ပျင်းစရာကောင်းတယ်လို့  ဝေဖန်ကြပေမယ့် တင်ပြပုံထူးပြီး အနုပညာမြောက်တယ်လို့  ကျွန်မနဲ့ မောင်ရဲ့ မှတ်ချက်တွေက ထပ်တူကျပါတယ်။ ကျွန်မဖတ်တဲ့ စာအုပ်တော်တော်များများကို မောင်က စိတ်မ၀င်စားပေမယ့် မင်းလူဝတ္ထုတွေဆို မောင်က လုဖတ်တတ်ပါတယ်။ ဂျူးဝတ္ထုတွေကိုတော့ ကျွန်မက ဖတ်ပြီးရင် တတွတ်တွတ်ပြောတတ်လေလို့ လားမသိ စိတ်ဝင်တစားဖတ်တတ်သေးတယ်။

ကျွန်မနဲ့ မောင် RIT သက်တမ်းတလျှောက်လုံး ပထမနှစ်နဲ့  ဒုတိယနှစ်ကလွဲရင် အတူတက်ခဲ့ရတာမို့  တချို့ ညတွေ ကျောင်းအကြောင်း စားမြုံ့ ပြန်တတ်ကြပါတယ်။ ထူးခြားတာက ဆရာတွေအကြောင်း ပြန်ပြောဖြစ်ကြတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတာပဲဖြစ်ဖြစ်… ကျွန်မနဲ့ မောင် သဘောထားနဲ့  ထင်မြင်ချက်တွေက ထပ်တူနီးပါးဖြစ်နေတတ်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ဆို တယောက်နဲ့ တယောက် ညှိနေဖို့ မလို နှစ်ယောက်လုံး ကိုယ်တတ်နိုင်သလောက် စိတ်ပါလက်ပါ လုပ်တတ်ပါတယ်။

ကျွန်မနဲ့ မောင်က မိသားစုတွေမှာ အကြီးဆုံးတွေမို့  မိဘအပေါ်ထားတဲ့ မေတ္တာ၊ စေတနာ ပမာဏကလဲ တူတူပါပဲ။ သားအပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ သဘောထားတွေမှာလဲ ကျွန်မဖွင့်ပြောလိုက်တာနဲ့  မောင်စိတ်ထဲရှိတာတူနေတတ်သလို၊ မောင်ဖွင့်ပြောလိုက်တာနဲ့  ကျွန်မစိတ်ထဲ ရှိတာ တူနေပြန်ပါတယ်။ မောင်ရော ကျွန်မပါ သားကို အရမ်းကြီး ထူးချွန်ထက်မြက်ဖို့ က သူ့ ကံပါသလောက်လို့  သဘောထားပြီး သိပ်လောဘမကြီးမိသလို သူ့ ဘ၀ရွေးချယ်မှုကိုလဲ ငြိမ်းချမ်းမှု ကို ရှေ့ တမ်းတင် ရွေးချယ်စေချင်ကြတာပါ။

ချစ်တဲ့သက်ဝေရေ… တူတဲ့အချက်တွေ ဇကာစစ်ချတော့ ဇကာထဲမှာ အတော်တင်ကျန်ရစ်တာပဲနော်။ မဆိုးပါဘူးလေ။ ဒီပို့ စ်ရေးလို့ လဲ ပြီးရော အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကား မှန်တော့မှန်သားပဲလို့  တယောက်ထဲ ကြိတ်မှတ်ချက်ချမိလေရဲ့။

တန်ခူး
10:11PM 8-Jul-2010

29 comments:

မေဓာဝီ said...

ဖတ်ရတာ ကြည်နူးစရာလေး ....
မတန်ခူးတို့ နှစ်ယောက်က ကြိုက်တာတွေ အကုန်တူနေတော့ ကောင်းလိုက်တာ။
တဘက်ကကြည့်တော့လဲ အငြင်းပွါးစရာမရှိတော့ ပျင်းစရာကြီး။ :P
မ-တို့ကြားထဲ မေလဲ အတင်း ၀င်တူလိုက်အုံးမယ်။ ဂျာမဏီကို နိုင်စေချင်တာရယ်၊ ပေါ်တူဂီက စီရော်နယ်ဒိုကို အမြင်ကပ်တာရယ် တူတူပဲ။

တန်ခူး said...

မေရေ... မတူတာက များတာလေ... မောင်နဲ့ ကျွန်မဆိုတဲ့ ပို့ စ်လေးကို မတူတာတွေ များလွန်းလို့  အမှတ်တရရေးဖြစ်ခဲ့တာ... ဒီပို့ စ်မှာတော့ တူတာတွေ ဟိုက ဆွဲထုတ် ဒီက ဆွဲထုတ်နဲ့  ပို့ စ်တခုဖြစ်အောင် အတော်စဉ်းစားရတာညီမရေ..ဟိဟိ... ရော်နယ်ဒိုက ပရိသတ်တော့ ပေါသားမေရဲ့... တို့ ညီမတွေ ဘာလို့  မကြိုက်ကြပါလိမ့်နော်... ဟိဟိ... နောက်မှ ဘာလို့ မကြိုက်လဲ အသေးစိတ် အီးမေးလ်ပို့ လိုက်မယ်

မောင်မျိုး said...

ဒီပို့စ်လေးဖတ်ပြီး ကျနော့်အစ်မကြီး ကံကောင်းလိုက်တာလို့ တွေးမိသွားတယ် ။ တကယ့်ကို ကြည်နူးစရာလေး အစ်ကိုကြီး သီချင်းဆိုတာ တခါလောက်တော့နာထောင်ချင်စမ်းပါဘိ အစ်မလိုပဲ ကျနော်လည်း ကီအောက်တဲ့ လေသံကြီးနဲ့ ဆိုဖြစ်မှာပဲး)

Soe Mya Nandar Thet Lwin (Borros Roxo) said...

မတန်ခူးဆီ နန္ဒာ စာလာဖတ်ဖြစ်ပေမယ့် ကွန်မန့် မရေးဖူးသေးဘူး။

ဒီပိုစ့် ဖတ်လိုက်ရတာ စိတ်ထဲ အကြည်ဓါတ်ကလေး ရလိုက်တယ်။

မောင်နဲ့ ကျွန်မ ပိုစ့်လဲ ဖတ်ဖြစ်လိုက်တယ်။ စိတ်ခြင်း တူတာ မတူတာတွေ အပေါ်မှာ အမြဲ အမှတ်တရ ရှိနေတတ်ကြတယ်နော်။

ပေါ်တူဂီက ရော်နယ်ဒိုကိုတော့ ဘောလုံးမှာ တော်လွန်းပေမယ့် ရှိလို့ မကြိုက်တဲ့ အထဲ နန္ဒာလဲပါတယ်။

နန္ဒာ (SMNTL)

ဇွန်မိုးစက် said...

ဇွန်လည်း ပေါ်တူဂီက ရော်နယ်လ်ဒိုကို မကြိုက်ဖူးရယ်။ ထူးအိမ်သင်ကို အရမ်းကြိုက်တာ။ သူ့အနုပညာကို အရမ်းလေးစားတယ်။
အစ်မကံကောင်းတယ်နော်၊ ထူးအိမ်သင်သီချင်းတွေကို ဂစ်တာတီးပေးမယ့်သူရှိတယ်။
အစ်မတို့မိသားစုလေးလည်း အားကျကြည်နူးဖို့ ကောင်းတယ်။း)

သက်ဝေ said...

တန်ခူးရေ...
လင့်ခ်ပြီး... ဖတ်ပြီး...
ကျေးဇူးတင် ချစ်ခင်...
မနက်မှ ကော်မန့်ရေးဖို့ တခေါက်ထပ်လာခဲ့ပါမည်...။

Anonymous said...

ဂစ်တာ တီးတယ်တဲ့

သီချင်းဆိုတယ်တဲ့

စာလေးဖတ်လို့ကောင်းတယ်

အိမ်သစ်တက်ပွဲမှာ သီချင်းဆိုပြပါဗျို့....

မောင်ငယ်

Anonymous said...

တူတာတွေကို ရှာရေးလိုက်တယ်ပေါ့လေ... ဒါပေမယ့် ပျော်စရာကြီးနော် သီချင်းဆိုရင် တန်ခူးက ကီးအောက်တယ်လားး အမက ကီးဝင်ကို မ၀င်တဲ့ ကီးကြောင်တဲ့ ဟဟ

အမ ခင်မင်းဇော်

T T Sweet said...

ကိုယ်တို့သူငယ်ချင်း စုံတွဲလေးအကြောင်း လာဖတ်သွားပါတယ်။ တန်ခူးရေးတာလေးက ကဗျာဆန်လိုက်တာ ...
အိမ်သစ်တက်ရင် ဖိတ်ဦးနော် ... အိမ်နီးနားချင်းဖြစ်ရတော့မှာဆိုတော့ ပျော်စရာကြီး။

Anonymous said...

ဟဲဟဲ..
mm

Moe Cho Thinn said...

ပျော်စရာကြီးပါလား အမရေ.. တကယ်က တမိသားတည်း မွေးတဲ့ မောင်နှမတောင် မတူကြတာ အိမ်ထောင်ဖက်တွေ မတူကွဲလွဲတာ မဆန်းပါဘူးနော်။ ဒါပေမဲ့ အခုလို ကြည်နူးစရာ အချက်တွေမှာ တူရင် စိတ်ချမ်းသာရတာပါပဲ။ သူဟာ ကိုယ့်ကိုဖြည့်တဲ့ ကွက်လပ်လေးပဲ မဟုတ်လား။

Anonymous said...

nice one,

မေငြိမ်း said...

မောင်ရော ကျွန်မပါ သားကို အရမ်းကြီး ထူးချွန်ထက်မြက်ဖို့ က သူ့ ကံပါသလောက်လို့  သဘောထားပြီး သိပ်လောဘမကြီးမိသလို သူ့ ဘ၀ရွေးချယ်မှုကိုလဲ ငြိမ်းချမ်းမှုကို ရှေ့ တမ်းတင် ရွေးချယ်စေချင်ကြတာပါ။ ..
အဲဒါ တူတယ် တန်ခူးရေ..။ ကျမတို့ နှစ်ယောက်လည်း အဲလိုပဲဗျ..။

မြတ်နိုး said...

အမ ကွန်ပျူတာလေးကောင်းလို့လာမန့်တာ..ခုမှဖတ်ရတယ်။
ကွန်ပျူတာချူချာနေလို့..

အမရေတူတူပဲ ဂျာလေးနိုင်ဖို့အရေး...အိပ်ပျက်ခံလိုက်ရတာ.
စပိန်နဲ့ နယ်သာလန်မှာလဲ စိပ်န်ပဲအမ။

တူတူပဲ ပေါ်တူဂီကို မကြိုက်ဘူး။

အမ..ရေးထားတာလေးက ..ကြည်နူးစရာ။
ဟုတ်တယ်အမ.. အသွင်မတူ အိမ်သူမဖြစ်တဲ့။အမှန်ပဲလို့ထင်တာပဲ။

မေဇင် said...

ရိုးရိုးစင်းစင်း ရေးထားတာလေး က ချစ်စရာလေး....တစ်ယောက်က ဂစ်တာ တီးပြီး တစ်ယောက်က သီချင်းဆိုတာကို အရမ်းသဘောကျတယ်...။

မိုးခါး said...

:D
အပျော်တွေ လာကူးစက်သွားပါတယ် အစ်မရေ ..း))
အမြဲ ထာဝရ သာယာပျော်ရွှင်ပါစေနော် ..း))

လုလု said...

မ ရေ့ 
ဖတ်ပြီး ကြည်နူးသွားပါတယ်။
ဂျာမဏီရှုံးသွားလို့ စိတ်မကောင်းတာချင်း တူတူပါပဲ။ အားကျသွားပါတယ် မ ရေ။

Anonymous said...

ဂျာမဏီကို နိုင်စေချင်တာရယ်..
မန်ယူ မကြိုက်တာ ရယိ အတင်းတူလိုက်ပြီ..


ပေါက်

nu-san said...

အမတို့ နှစ်ယောက် အကြောင်းဖတ်ရတာ စိတ်ချမ်းသာလိုက်တာ.. ချစ်စရာ ကောင်းတဲ့သားနဲ့ အေးချမ်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့ အမ ကံကောင်းပါတယ်.. သားလေးအပေါ်ထားတဲ့ အမတို့ရဲ့ စိတ်ကိုလည်း အတုယူ လေးစားမိတယ်... :) အမရေ.. တကယ်လို့ အကြောင်းတိုက်ဆိုင်မယ်ဆိုရင် အမတို့ သီချင်းဆိုတာ နားထောင်ချင်ပါတယ်နော်.. :))

သက်ဝေ said...

တန်ခူးရေ...
သူငယ်ချင်းတွေမို့ တန်ခူး ဘယ်လောက် သွက်လက် ချက်ချာပြီး ဘယ်လို ချစ်စရာ ကောင်းတာကို သိသလို တန်ခူးရဲ့ မောင် ဘယ်လောက် အနေအေးပြီး နှုတ်နည်းတာကိုလဲ သေသေချာချာ သိနေတယ်...။
ဒါပေမယ့် အခုလို တူတာလေးတွေ အများကြီး တွေ့ရတော့ တကယ် သဘောကျမိတယ်...။
တန်ခူးတို့ မိသားစုလေး သာယာချမ်းမြေ့တဲ့ ဘဝလေးကို သက်ထက်ဆုံး ခိုင်ခိုင်မြဲမြဲ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်...။

အလုပ်တွေများနေတဲ့ကြားက ရေးပေးတာ ကျေးဇူးပါ...ရေးကြတဲ့ အထဲမှာ ကိုယ်တို့ Generation တွေရဲ့ ပိုစ့်နဲ့ အငယ်တွေရေးတဲ့ ပိုစ့်တွေနဲ့ သိပ်မတူတော့တာ သတိထားမိပြီး ပြုံးနေမိတယ်...။

ချစ်ကြည်အေး said...

ညီမ တန်ခူးရေ...ကြည်နူးစရာစာလေးတပုဒ်ပါပဲ ၊ ကလေးအပေါ်ထားတဲ့ သဘောထားလေးကြိုက်တယ် ညီမရေ...။ မိဘတွေရဲ့ ကိုယ့်သားသမီး ထိပ်ရောက်စေချင်တဲ့ စိတ်ကြောင့် ကလေးတွေ ဖိစီးမှုများလွန်းတယ်လို့ အမလည်း မြင်မိတာ...။

Sonata Cantata said...

...ရိုးရိုးရှင်းရှင်းကြီး “သိဘူးလေကွာ” တဲ့။
မျက်စိထဲ တန်းမြင်တာပဲ မျက်မှန်ကြီးနဲ့ တန်ခူးမောင် ကို...

အပေါ်ကရေးသွားတဲ့ ဂျီးဒေါ်သက်ဝေရဲ့ ကော်မန့်
(...ရေးကြတဲ့ အထဲမှာ ကိုယ်တို့ Generation တွေရဲ့ ပိုစ့်နဲ့ အငယ်တွေရေးတဲ့ ပိုစ့်တွေနဲ့ သိပ်မတူတော့တာ ...)
ကို နားမလည်ပါ။း)

tg.nwai said...

တန်ခူးနဲ့ တန်ခူးရဲ့မောင်တို့ မိသားစုလေးကို အရင်ကတည်းက နှစ်ယောက်စလုံး သဘောထားတွေ ပြည့်ဝပြီး တယောက်နဲ့ တယောက် ချစ်ခင်ကြင်နာတာတွေ သိပြီးသားပါ။ ဒါပေမယ့် အခုလို တူတာ မတူတာတွေဖတ်ရတော့ တန်ခူးတို့တွေက အပေါ်ယံ ဘယ်လိုပဲ အသွင်မတူတာတွေ ရှိရှိ (ရှိရင်တောင်မှ) အတွင်းသဏ္ဍာန်မှာ တူညီမှုတွေ အများကြီးပဲဆိုတာ ပိုသေချာသွားတာပေါ့...။

တန်ခူးရဲ့ ထုံးစံအတိုင်းချစ်ခြင်းမေတ္တာ အပြည့်နဲ့ ကြည်နူးစရာပို့စ်လေးပါပဲ...

ဒါနဲ့ တို့လည်း စီရော်နယ်ဒိုကို သိပ်ကြည့်မရဘူး...သူ ဘယ်လောက်တော်တော် ခင်စရာ မကောင်းသလိုပဲ...ဟဲဟဲ

pandora said...

သားကို အရမ်းကြီး ထူးချွန်ထက်မြက်ဖို့ က သူ့ ကံပါသလောက်လို့  သဘောထားပြီး သိပ်လောဘမကြီးမိသလို သူ့ ဘ၀ရွေးချယ်မှုကိုလဲ ငြိမ်းချမ်းမှု ကို ရှေ့ တမ်းတင် ရွေးချယ်စေချင်ကြတာပါ။ ...

နှစ်ယောက်လုံးက အဲလိုစိတ်ထားတတ်ကြတာကို စိတ်ဝင်စား သဘောကျမိပါတယ်။

အိမ့်ချမ်းမြေ့ said...

ဂျာမနီကိုကြိုက်တာ.. ရော်နယ်ဒို(ပေါ်တူဂီ) ကိုမကြိုက်တာ... တူတယ်။

စပိန် နဲ့  နယ်သာလန်မှာ စပိန်နိုင်စေချင်တာတော့ မတူတော့ဘူး။ :(((
(နယ်သာလန်..နယ်သာလန်..)

"သိဘူးလေကွာ .." ကို သဘောကျတယ်။

မလေး ကိုလည်း အစ်မသီတာ တက်င်္ဂထားလို့ မ ဘာရေးလည်း လာလေ့လာတာလည်းပါပါတယ်..

with love...

အင်ကြင်းသန့် said...

မသက်ဝေဆီကနေ တဆင့်ရောက်လာတာပါ မတန်ခူးရေ....နှစ်ယောက်အတူတူ ဂစ်တာတီးပြီး သီချင်းတွေဆိုကြတယ်ဆိုတာလေးကို ဖတ်ပြီး ကြည်နူးသွားရတယ်....း))

kay said...

မတန်ခူး ရေ..နောက်တောင် ကျနေပြီ.. တင်ပြီးတည်းကတော့ ဖတ်ပြီးတာ.. ကွန်နက်ရှင်မကောင်းလို့ ခုမှ လာမန့် ရတယ်။
ဘောလုံး ကြိုက်တာတော့..မသက်ဝေ တို့ ပန်ဒိုရာ တို့ နဲ့ အိမ်နီးလို့ ထင်တယ်။

မ ..ကို မျက်နှာ ဘုတ်အုတ်ကြီးထဲ လို်က်ရှာသေးတယ်။ ပုန်းနေလားမသိ..မတွေ့ဘူး။

ပုံရိပ် / Pon Yate said...

အစ်မတို့ အတူတူ ဂစ်တာတီးပြီး သီချင်းဆိုတာ ပျော်စရာကြီး။

နှင်းပွင့်ဖြူ said...

အားကျဖို့ ကောင်းတဲ့ မိသားစု ဘ၀လေးပဲ...အမ..
:)