သားရေ...
သူစိမ်းတွေအလယ်
ချက်ကြွေခဲ့ပေမယ့်
မင်းဇာတိအမှန်
ဒီနိုင်ငံမဟုတ်
မင်းသွေးအစစ်
ဒီတိုင်းဖြစ်မဟုတ်
မိဘဘိုးဘွား
မြန်ပြည်သားတွေမို့
အခြေအနေမပေး
ခဏလေးဝေးနေရလဲ
မင်းဟာဗမာ
ဗမာဆိုတာမင်းပဲ
တို့စကား၊တို့စာ
တို့လူမျိုး၊တို့ဘာသာ
ထိန်းသိမ်းဖို့မှာ
မွေးရာပါဝန်တာလို့
ဘယ်နေရာ၊ဘယ်ဘဝရောက်ရောက်
မမေ့ရအောင်
အမေ ထပ်ထပ်ပြောပြမယ်
ဒါအိပ်ရာဝင်ပုံပြင်မဟုတ်ဘူး...။
တန်ခူး
10:32PM 12-Feb-2008 (ပြည်ထောင်စုနေ့)
10 comments:
မြန်မာပြည်ကို ချစ်မြတ်နိုးသော တန်ခူး ရဲ့ ပြည်ထောင်စုနေ့အမှတ်တရ ကဗျာလေးနဲ့စိတ်ထားလေးကိုလေးစားပါတယ်....
ခံစားချက်တွေလျှံကြလာတဲ့ကဗျာတပုဒ်လို့မြင်မိပါတယ်..တန်ခူးရေ။
ထပ်တူခံစားရင်း..တွေးရင်း....
ရှိသင့်တဲ့ မြတ်တဲ့ စိတ်ဓါတ်ကောင်း လေးပါ ခင်ဗျာ ... :)
သေချာတယ်...
ထပ်ပြောမယ်နော်...
ဒါအိပ်ရာဝင်ပုံပြင်မဟုတ်ဘူး...။
တန်ခူး ကို သက်ဝေရဲ့  Blog မှာ Link ထားလိုက်မယ်နော်...
ဗမာမှာ ကောင်းတာတွေ ရှိသလို ညံ့တာတွေလဲရှိမှာဘဲ။ ဒါကတော့ ဗမာရယ်မှမဟုတ်၊ ဘယ်လူမျိုးမှာမဆို ဒီလိုချည်းဘဲ။ ကိုယ်က ဗမာက ဆင်းသက်တော့ ဗမာဘဲပေါ့။ ကောင်းကောင်းညံ့ညံ့ အရှိတရားကို လက်ခံနိုင်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ အဲသည်လို လက်ခံနိုင်မှ တဆင့်တက်ပြီး ညံ့တာတွေကို ပြင်ဘို့ ကြိုးစားနိုင်မယ် မဟုတ်လား။ အမှန်တရားကို ရဲရဲရင့်ရင့် လက်ခံနိုင်ခြင်းပင်လျှင် သတ္တိ လို့ ဆိုချင်ပါတယ်။ တခါတလေ အမှန်တရားဟာ ကိုယ့်အတွက် ခါးသည်းနေရင် လူတွေဟာ အမှန်တရားကနေ ရှောင်ကွင်းပြေးတတ်ကြပါတယ်။
ဒီကဗျာလေးက ပြည်ပရောက် မြန်မာတွေအတွက် စံနမူနာပြ ကဗျာလေးပါဘဲ။
်အားပေးတာကျေးဇူးပါနှင်းပန်းရယ်။
ထပ်တူခံစားပေးတဲ့အတွက်ကျေးဇူးပါထနောင်းရယ်။
ကျေးဇူးပါကိုစိုးထက်ရေ။ မရေးတော့ဘူးသိရလို့ ဝမ်းနည်းမိပါတယ်။
သက်ဝေရဲ့သူငယ်ချင်းလေးဖြစ်ခွင့်ပေးတာကျေးဇူးပါ။
ကိုပေါရဲ့commentလေးကပေးတဲ့messageအတွက်ကျေးဇူးပါ။
ဒီကဗျာဖတ်ပြီးတော့ တော်တော့်ကို ကြက်သီးထသွားတယ်.. ကဗျာလေးပြောတာ အရမ်းမှန်တာပဲ.. :)
ကောင်မလေးငယ်ငယ်ရေ...လာလည်တာကျေးဇူးပါနော်။ ငယ်ငယ်လေးနဲ့bloggerဖြစ်နေတဲ့ ညီမလေးကို ဂုဏ်ယူမိပါတယ်။
Post a Comment