Monday, February 15, 2010

ကိုယ့်အကြိုက်

ချစ်တဲ့မမသီတာ တက်ဂ်ထားတဲ့ တက်ဂ်ဂိမ်းလေးနဲ့  ချစ်သောသူတွေဆီ ပြန်လာပါပြီ။ ပထမဆုံး မပြောမဆိုပဲ ပျောက်နေမိတာကို တောင်းပန်ပါရစေ…။ အကြောင်းရင်းကတော့ ထုံးစံအတိုင်း အလုပ်ကြောင့်ပါ။ ခုတော့ နဲနဲအသက်ရှုချောင်သွားပြီမို့  အရမ်းကို လွမ်းနေမိတဲ့ ချစ်သောသူတွေဆီ ပြန်လာပါပြီ။ ဘာပို့ စ်အသစ်မှ မရှိပဲ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ လေနုအေးဆီ လာလည်ပြီး ပို့ စ်အဟောင်းလေးတွေ ဖတ်သွားတဲ့ စာဖတ်သူတွေကို ကျေးဇူးအရမ်းတင်မိပါတယ်။ အကြွေးဆပ်တဲ့အနေနဲ့  ဒီကရှေ့ အဲဒီလိုကြီး ခြောက်ကပ်ကပ် မဖြစ်အောင်ကြိုးစားပါမယ်လို့ …။ မမသီတာရေ… အတော်လေးကို နောက်ကျမှ ရေးရတာကို ခွင့်လွတ်ပါနော်…။ ခုလို ပျောက်နေတဲ့ ညီမလေးကို မေ့မထားပဲ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ မ ရေ။

*****************

ငယ်တုန်းက အငြိမ့်မင်းသမီးလေးတွေ ထမီနားခပ်တာ သိပ်သဘောကျမိတာ။ ဒီတော့ ထမီ တထည်မှ မရှိတဲ့ ကိုယ်က ကတမ်းခုန်တမ်း ကစားရင် အမေ့ထမီခိုးဝတ်ပြီး ရှည်နေတဲ့အပိုင်းကို ထမီနားခပ်ရတာ အမော။ ခေါင်းပေါ်မှာလဲ အိမ်ကတဘက် အရှည်ကြီးကို ပတ်ပြီး ဆံပင်လို လုပ်ထားရသေးတာလေ။ ဘာပဲဖြစ်ဖြစ် အဲဒီမင်းသမီးကို ကစားဖော်တွေကတော့ အားပေးသား။ ထမီတွေ ခဏခဏခိုးဝတ်တာ မခံနိုင်တော့ အမေက နားအေးအောင် စပ်ထမီလေး တထည်ချုပ်ပေးတယ်။ ပထမဆုံးရတဲ့ ထမီလေးမို့  မြတ်နိုးမိတာ မပြောပါနဲ့ ။ ရ တန်းလောက်ထိ အရောင်အသွေးစုံ၊ အဆင်စုံတဲ့ အဲဒီစပ်ထမီလေးကို ချစ်လွန်းလို့  သိမ်းထားသေးတာ။

အဖေက အပျိုစိတ်ဝင်မှာ စိုးလို့  ထမီဝတ်တာမကြိုက်။ ထမီလေးတွေ ချစ်တဲ့ကိုယ်က ၆တန်းကစ ၀တ်ရတဲ့ ကျောင်းဝတ်စုံ ထမီအစိမ်းလေးတွေကိုပဲ တမြတ်တနိုးဝတ်ရတာ။ မှတ်မှတ်ရရ ကျောက်စိမ်းရောင် ထမီတွေထက် အစိမ်းပုပ်ရောင် ထမီလေးတွေကို ကိုယ်က ပိုနှစ်သက်မိတယ်။ အဖြူရောင် လက်စက အကျီင်္လေးတွေထက် အဖြူရောင်လက်ရှည် တက္ကသိုလ်ရင်ဖုန်းအကျီင်္လေးတွေကို ပိုမြတ်နိုးမိတယ်။ အဲဒီအချိန်ထိ စပ်ထမီလေးပြီးရင် အစိမ်းရောင် ကျောင်းထမီလေးတွေသာ ကိုယ်က ချမ်းသာခဲ့တာလေ။

RIT ရောက်တော့ အဖေက ထမီဝတ်ခွင့်ပြုပြီ။ အဒေါ်ဝယ်ပေးတဲ့ ကြောင်ခြစ်ပြောင် လုံချည်လေးတွေရယ်… အဲဒီခေတ်က ခေတ်စားတဲ့ တရုတ်ပိတ် အဆင်နုတ်နုတ်လေးတွေရယ်တွေထဲမှာ ရှားရှားပါးပါး အဖွားဆီက အမွေရထားတဲ့ ရှာလုံချည် အနက်ခံပေါ် အပြာနုရင့်အဆင်လေးနဲ့  ထမီလေးကို အမြတ်နိုးဆုံး။ တရုတ်ပိတ် ထမီလေးတွေထဲမှာတော့ အဖြူခံပေါ် အနက်လုံးလေးတွေနဲ့  ထမီလေးက ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး။ ဓာတ်ပုံအဟောင်းလေးတွေ ပြန်ကြည့်တော့ တော်တော်များများက အဲဒီ ထမီလေးနဲ့ မို့  ကိုယ့်ကိုယ်ကို တောင် ပြုံးမိတယ်။ အဖြူရောင်က ကိုယ်က ရူးသွပ်သူမို လား။

ကျောင်းတွေပိတ်တော့ ကိုယ်သိပ်လိုချင်တဲ့ မြန်မာချည်ထမီလေးကို အမေက လက်ဆောင်ရခဲ့တယ်။ အမေ့ဆီက အဲဒီထမီလေးကို တောင်းတော့ အမေက ပေးခဲ့တယ်။ ဘယ်တော့မှ မေ့လို့ မရနိုင်မယ့် သမိုင်းရှိတဲ့ ထမီလေးတထည်ပါ။ ပခုက္ကူက အဒေါ်လက်ဆောင်ပေးထားတဲ့ ပင်နီအကျီင်္လေးနဲ့  အလွန်လိုက်ဖက်တဲ့ ထမီလေးပေါ့။ ခုထက်ထိ အိမ်က ဘီရိုလေးထဲမှာ အမှတ်တရသိမ်းထားဆဲပါ။ (ခုချိန်ထိ ၀တ်ချင်ဆဲပေမယ့် ၀ လာလို့  ၀တ်မရတော့ ပါဘူး)




စတုတ္ထနှစ်လောက်က အရိုင်းစံပယ်ထဲက မို့ မို့ မြင့်အောင် ၀တ်တဲ့ ဒူးနားချိတ်လေတွေကို သိပ်သဘောကျခဲ့တာ။ အမေ့ကို ပူဆာတော့ မီးခိုးရောင်အောက်ခံပေါ် အ၀ါရောင်ချိတ်လေးတွေပါတဲ့ ထမီလေးရယ်… အ၀ါရောင် မြန်မာအကျီင်္လက်ရှည်လေးရယ် ချူပ်ပေးခဲ့တယ်။ ချစ်လွန်းလို့  ကျောင်းတုန်းက ခဏခဏ ၀တ်ခဲ့တဲ့ ၀တ်စုံလေးပါ။




ခုတော့ မြန်မာချည်ထမီလေးတွေ ချစ်ပေမယ့် ၀ လာတာမို့  ဘယ်လိုမှ ကြည့်မကောင်းလို့  လက်လျော့လိုက်ရပါတယ်။ မြန်မာဝတ်စုံလေးတွေမ၀တ်ရ မနေနိုင်တာမို့  သိပ်ကြီးမထူတဲ့ အသားလေးတွေကို ပန်းလေးထိုးရင်ထိုး.. ဒါမှ ရင်ဖုန်းပုံဆန်းလေးတွေ ထွင်ပြီး ၀တ်ပါတယ်။ ရန်ကုန်အိမ်နားက ပန်းထိုးတော်တဲ့ ချစ်တဲ့ညီမလေးကလဲ လိုချင်တဲ့ပုံရအောင် စိတ်ရှည်ရှည် ပန်းထိုးပေးပါတယ်။ ခရမ်းရောင်ပြောင်ထမီလေးပေါ် ပန်းရောင်အပွင့်လေးတွေ စီတန်းထိုးထားတဲ့ ထမီလေးက ခုလောလောဆယ် အကြိုက်ဆုံး ထမီလေးပါပဲ။

(ပို့ စ်အသစ်တင်ချင်လွန်းလို့  ဓာတ်ပုံလေးတွေ အသဲအသန်ရိုက်လိုက်ရတာပါ… အရည်အသွေးအတော်ညံ့တဲ့ ဓာတ်ပုံလေးတွေ အတွက် တောင်းပန်ပါတယ်)

တန်ခူး
10:55pm 15-Feb-2010

16 comments:

လေပြေသွေး said...

နွေးထွေးသော ခင်မင်မှုများဖြင့် အလည်ရောက်လာပါတယ်။

သက်ဝေ said...

မျှော်လိုက်ရတာ မင်းသမီးရယ်...
ခုမှပဲ ပေါ်လာတော့တယ်...

ခရမ်းရောင်လေးထက် အဖြူပေါ်မှာ အစက်လေးတွေပါတဲ့ အပေါ်နဲ့အောက် ပြောင်းပြန် ဝတ်စုံက တန်ခူးနဲ့ ပိုလှတယ်လို့ ထင်တယ်...။

လုလု said...

ကျောင်းစိမ်းလုံချည် အစိမ်းပုပ်ရောင် ကြိုက်တာချင်းလည်း တူတယ်။
ဒူးနားချိတ်လေးတွေ ကြိုက်တာချင်းလည်း တူတယ်။

T T Sweet said...

တန်ခူးရေ ... သူငယ်ချင်းပျောက်နေလို့ စိတ်တောင်ပူနေသေးတယ် ... လှပြီးသားဆိုတော့ ဘာဝတ်ဝတ် တို့ကတော့ငန်းတာပဲ ကျောင်းတုံးက ... ထမီတိုတို ပုံလေးတွေ တွေ့တော့ ကျောင်းတက်ခဲ့ရတာတွေ သတိရမိသား ...

PAUK said...

r
မတန်ခူးရေ..
အခုမှပေါ်လာတော့တယ်..
ထမီတိုတိုနဲ့မတန်ခူးကိုမြင်ဖူးချင်သား

khin oo may said...

ဟုတ်တယ် တို့က တော့ နက်ပြာ ခံပေါ်အဖြူလုံးကလေးတွေကြိုက်တယ်။ အမဲလဲကြိုက်တယ်။
ပုံကလေးတွေကိုရအောင်ချောင်းကြည့်သွားတယ်
လှတယ်နော်။

Anonymous said...

ama...........yay...............

I like နက်ပြာ ခံပေါ်အဖြူလုံးကလေး.


Myatnoe

kay said...

ပင်နီ အကျီ င်္ နဲ့ ခမောက်ကြီး ဆောင်းထားတယ်..
တွေ့တယ်နော်..မပြေးနဲ့..း)

sonata-cantata said...

တန်ခူးရေ
တို့များမှာ ပန်းထိုးထည်လေးတွေ မရှိသေးဘူး
သူတို့ပဲ လှနေကြ သူများမှာ လှရသေးဘူး ဟွန့်

ဒါက ပထမတခေါက် လာဖတ်တုန်းက
မနာလို တိုရှည်စားပြီး မန့်တာ
ပေါက်ကရမို့ publish မလုပ်သွားဘူး

ခုမှအတည်...

အလုပ်တွေပြီးလို့ ပြန်လာတာရယ်
တဂ်ပို့စ်လှလှလေး ရေးပေးလို့ရယ်
ဝမ်းလည်းသာတယ် ခင်လည်းခင်တယ်

မောင်မျိုး said...

အစ်မရဲ့ ၀ိုးတ၀ါး ပုံရိပ်လေးတွေ လာချောင်းသွားတယ်း)
အဖြူရောင်ဝမ်းဆက်လေးနဲ့ ဒါကြောင့် အစ်ကိုကြီးကြွေတာ ။

Thant said...

ပုံတွေ အကုန်ချောင်းကြည့်သွားတယ်...ခမောက်ဆောင်းပြီး ပင်နီ အကျီ င်္ဝတ်ထားတဲ့ပုံလေးကလဲ ဝင့်ကြွားနေတာပဲ..။ သဘောကျလိုက်တာ..။

ပုံရိပ် said...

အစ်မက ဆံပင်အရှည်ကြီးနဲ့ ချစ်စရာကောင်းမှာပါ။

Moe Cho Thinn said...

တို့အမက ချောလိုက်တာ။ ဆံပင်အရှည်ကြီးနဲ့ ရိုးရိုးယဉ်ယဉ်လေးကိုး။ အခု အမ ပြတဲ့ လုံချည် အကျီ င်္ အကုန် ကြိုက်တယ်။
ရင်ဘတ်မှာ ဖဲပြားလေးတွေလိုမျိုး၊ အတွန့်သေးသေးလေးတွေလိုမျိုး၊ ကြယ်သီးကြီးကြီးတွေလိုမျိုး ချိုသင်းလဲ သိပ်ကြိုက်တယ်။ တီတီတာတာလေးတွေကို သဘောကျတယ်။
ခမောက်လေးနဲ့ဆိုတော့ ပိုလှပြီပေါ့..

အိမ့်ချမ်းမြေ့ said...

ဆံပင်ရှည်ရှည်လေးကို အတင်းချောင်းကြည့်သွားတယ်း)

ချစ်ကြည်အေး said...

လာငမ်းသွားတယ် တန်ခူးရေ...မျက်နှာလေးကို ဖြည့်ကြည့်လိုက်တယ်နော်....:)

ဇွန်မိုးစက် said...

ပြထားတဲ့ အဆင်လေးတွေ အကုန်ကြိုက်တယ်။ အစ်မက ဆံပင်ရှည်ရှည်နဲ့ ချစ်စရာလေး။း)