ဥတုမရှိတဲ့အရပ်
နေတတ်ဖို့
အတော်လေးကြိုးစားယူရတယ်...
မိုးရွာ၊နေပူ
နေပူ၊မိုးရွာ
formula တပုဒ်လို
ကဗျာမဆန်လိုက်ပုံများ...
ရာသီမသိ
ပန်းနဲ့ညှိ
ရာသီမရှိတော့
ပန်းတွေလဲစည်းမဲ့ကမ်းမဲ့နဲ့...
ကြည့်..
တသက်လုံးသစ္စာရှိခဲ့တဲ့ ပိတောက်
ဒီအရပ်ရောက်မှ
ဖောက်ပြန်တော့တယ်...
နှင်းပျောက်တဲ့ဆောင်း
မြူကင်းတဲ့နွေတဲ့
အင်္ဂါမစုံတာကိုများ
အီကွေတာလို့ခေါ်လေသလား...
ဒီနေ့နဲ့မနက်ဖြန်
မနှစ်ကနဲ့ဒီနှစ်
နေ့တွေတာသစ်သစ်သွားတယ်
ဥတုဆိုတာ ကဗျာတွေ၊စာတွေထဲမှာဘဲ...
တန်ခူး
10:49PM 26-Dec-2007
3 comments:
ငွေမှုန်နဲ့ ရွှေမြှား
အခင်းများရပြီကွယ်…….
…………………………….
ဟို တောင်ညိုကြော့ဆီက
ပန်းဖျော့ဖျော့ ၀ါပြီကွယ်…တဲ့။
သည်လို သီချင်းမျိုးတွေ
အီကွေတာပေါ်ကလူသား
ခံစားဘို့ ခက်ခဲလှတယ်။
ဟုတ်တယ် ၊၊ မိုးရွာနေတုန်း ဥဩသံကြား ရတယ် ။
သနားစရာ
အီကွေတာလူသား
ခံစားတတ်ဖို့
နှလုံးသားမှပါရဲ့လား။
လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်...
Post a Comment