Wednesday, July 31, 2013

ချစ်နေဖို့ 



ရုံးနားလေးမှာ နေ့ တိုင်း ရေခဲမုန့် ရောင်းတဲ့ အန်ကယ်ကြီးနဲ့ အန်တီကြီးကို တွေ့ ရင် အမြဲကြည်နူးမိပါတယ်…။ နေ့ လည်ဆို ရေခဲမုန့် ဆိုက်ကယ်လေးကို အန်ကယ်ကြီးကမောင်း အန်တီကြီးက အန်ကယ်ကြီးခါးလေးကိုဖက်လို့  တရုတ်သီချင်း ကက်ဆက်လေးဖွင့်ပြီး ရေခဲမုန့် ရောင်းဖို့  ရောက်လာတတ်ပါတယ်…။ နေ့ လည်ဘက်ရေခဲမုန့် အ၀ယ်ကျပြီလားဆို အန်ကယ်ကြီးက ရေခဲမုန့် လှီး အန်တီကြီးက ပေါင်မုန့် ဝေဖာညှပ်နဲ့  တကယ့်မောင်ထတမ်း မယ်တရွက်ပါ…။ သူတို့ အသက်တွေမှန်းရင် ၆၀ကျော် ရ၀ဆယ်နီးပါးပါ။ လုပ်ရင်းကိုင်ရင်း ရယ်ရင်းမောရင်းနဲ့  တဦးအပေါ်တဦးမေတ္တာထား နားလည်မှုတွေအပြည့်နဲ့ ဆိုတာ သူတို့ အပြုံးလေးတွေက တဆင့်ခံစားရပါတယ်။ ညနေ ရေခဲမုန့် ကုန်ရင် ဆိုင်ကယ်လေးသိမ်းပြီး နှစ်ယောက်အတူ သီချင်းလေးနဲ့ အိမ်ပြန်ကြတာတွေ့ ရင် ကျွန်မက ဒီအရွယ်အထိ ချစ်နိုင်ကြသေးတဲ့ သူတို့ မောင်နှံကို ကြည်ကြည်နူးနူး အမြဲလက်ပြနှုတ်ဆက်တတ်ပါတယ်…။ သူတို့ အပျော်တွေ ကိုယ့်ဆီကူးလာသလို ကိုယ်လဲပဲပျော်မိပါတယ်…။



ဟိုတလောက ကျွန်မချစ်သူငယ်ချင်း စုချစ်သူရဲ့အဖွားဆုံးတော့ သူ့ အဖိုးနဲ့ အဖွားပုံလေးတွေ ဖေ့စ်ဘွတ်ပေါ်တင်ထားတွေ့ ပြီး အသက်ရာကျော်တိုင် တဦးနဲ့ တဦး အပြန်အလှန် နားလည်မှုတွေနဲ့  သစ္စာရှိရှိလက်တွဲလာတဲ့ အဖိုးနဲ့ အဖွားစုံတွဲကို စံပြစုံတွဲအဖြစ်တောင် မော်ကွန်းတင်သင့်တယ်လို့  ခံစားမိပါတယ်…။ တမိသားနဲ့ တမိသား မတူတဲ့ မိသားစု နှစ်ခုက ဆင်းသက်လာတဲ့ သူနှစ်ဦးတို့  အဲဒီလောက် အချိန်တွေကြာတဲ့အထိ အတူလက်တွဲပြီး တယောက်ကို တယောက်ဖေးမလာနိုင်ကြခြင်းရဲ့ နောက်ကွယ်က ချစ်ခြင်းမေတ္တာတရား ဘယ်လောက်များကြီးမားမလဲဆိုတာ ကျွန်မဖြင့် မမှန်းဆနိုင်လောက်အောင်ပါပဲ…။ ကာရာအိုကေ၊ စပွန်ဆာ၊ နိုက်ကလပ်၊ ဖေ့စ်ဘွတ်၊ အွန်လိုင်းနဲ့ ဘီယာဆိုင်တွေမှာ အိမ်က မိသားစုတွေကို မေ့ လျော့နေကြသူ တချို့ ကို လက်တို့ ခေါ်ပြလိုက်ချင်မိပါတဲ့အထိပါပဲ…။



ဖေ့စ်ဘွတ်ပေါ်မှာ ကျွန်မတွေ့ တွေ့ နေတဲ့ “Falling in love is easy. But staying in love is very specail” ဆိုတဲ့ စာသားလေးနဲ့  ချစ်စရာဖိုးဖိုးဖွားဖွား ကြင်နာဖေးမနေကြတဲ့ စုံတွဲပုံလေးတွေတွေ့ ရင် ကျွှန်မချစ်လို့  သိမ်းထားမြဲပါ…။ ၀ုန်းဝုန်းဒိုင်းဒိုင်း ချစ်ကြကြိုက်ကြတာက သိပ်ကို လွယ်ကူပေမယ့် ချစ်ခြင်းတွေ တည်တံ့ခိုင်မြဲဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူးမိုလား…။ တယောက်က ဖြူ တယောက်ကမဲ အကြိုက်ချင်းတွေ ဆန့် ကျင်တတ်ပေမယ့် နားလည်မှုဆိုတဲ့ တံတားသာမကျိုးခဲ့ရင် ချစ်ခြင်းတွေ သက်ဆုံးတိုင်ဖို့ ဆိုတာ အသေအချာဖြစ်မှာပါ…။ သစ္စာတရားဆိုတဲ့ တံတိုင်းကြီးသာ မြဲမြံခဲ့ရင် ကြားလေသွေးဖို့ ဆိုတာ ဝေးရော့လေ…။ ဘ၀အမောတွေအတွက် တယောက်ပုခုံးကို တယောက်အသင့်ဖြစ်နေကြရင် ပူလောင်မှုတွေက ဝေးဝေးပြေးလို့  အေးမြငြိမ်းချမ်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်ကြရမှာ အမှန်ပါပဲ…။



ဖတ်ဖူးတဲ့ ကမ္ဘာ့ မင်္ဂလာသက်တမ်းရှည်ကြာဆုံး ဇနီးမောင်နှံရဲ့ လက်ဆောင်စကားလေးကို ဝေမျှပါရစေ…။ “There’s no secret to our marriage, we just did what was needed for each other and our family. Respect, support and communicate with each other. Be faithful, honest & true. Love each other with ALL of your heart.” တဲ့။ တကယ်တော့ ဒါဟာလျို့ ဝှက်ချက်တခုမှ မဟုတ်ပဲ…လေးစားမှု… ထောက်ပံ့မှု… ဆက်သွယ်မှု… သစ္စာတရား… ရိုးသားမှန်ကန်မှု နဲ့ ချစ်ခြင်းတရား ဆိုတာတွေလေးသာ အမြဲရှင်သန်နေခဲ့ရင် သက်ထက်ဆုံးပေါင်းသင်းသွားကြမယ့် သေချာတဲ့အနာဂတ်တခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး။

(ချစ်ကြသူတိုင်း ချစ်နေနိုင်ကြဖို့ …ပို စ့်၂၀၀ပြည့် အမှတ်တရ)

တန်ခူး

31-Aug-2013 5:52pm span>

4 comments:

Lorem Ipsum said...

အားကျစရာကြီးနော် မတန်ခူးး)
ချစ်ဖို့လွယ်သလောက်တည်မြဲဖို့မလွယ်တာအမှန်ပါပဲ

ချစ်ခင်လျက်
ဆုမြတ်

Anonymous said...

ချစ်နေဖို့ အတွက် လိုအပ်တာက.. နားလည်မှု..ညှာတာမှု လေးစားမှု သံယောဇဉ်နဲ့ အချစ်တွေပေါ့...အမရေ...။

ကျနော်လည်း အဲလိုမျိုးလေး...အသက်ဆုံးတိုင်နေချင်တယ်...
မြတ်နိုး

pandora said...

ချစ်စရာကောင်းတဲ့ပို့စ်လေး.. ချစ်ဦးမှာ :)

စုချစ် said...

ဒီပိုစ့်လေး ခုမှ တွေ့တယ်...
လောဘနည်းတဲ့ မေတ္တာမျိုးနဲ့ ချစ်ရတဲ့သူ ဖြစ်ရပါလို၏ လို့ ဆုတောင်းမိအောင် ဒီအဖိုးအဖွားတွေက လမ်းပြပေးခဲ့တယ်...
ကျေးဇူး သူငယ်ချင်း...