Saturday, January 26, 2008

ပွဲဈေးတန်း

ပွဲလန်းသဘင် ရှားပါးသော ဒီနိုင်ငံမှာ အခုလို တရုတ်နှစ်ကူးပွဲ ရောက်ခါနီးချိန် တချို့ရပ်ကွက်တွေမှာ လမ်းဘေး ပွဲဈေးတန်းလေးတွေ လုပ်လေ့ရှိပါတယ်။ shopping center တွေမှာ ဈေးဝယ်ထွက်တာနဲ့ မတူတဲ့ ပေါ့ပါးလွတ်လပ်တဲ့ အရသာကို ဒီလိုပွဲဈေးတန်းလေးမှာမှ ခံစားရပါတယ်။ ကျွန်မရောက်ခဲ့တဲ့ ပွဲဈေးတန်းလေးကို မျှဝေခံစားကြပါဦး။ ရွာက ပွဲဈေးတန်း အလွမ်းပြေပေါ့နော်။ (ဓာတ်ပုံရိုက်တာ သိပ်မကျွမ်းကျင်လို့ အရည်အသွေး သိပ်မကောင်းတဲ့ ဓာတ်ပုံလေးတွေကို သည်းခံပေးပါနော်)




နှစ်သစ်ကူးမှာ အိမ်အလှဆင်ဖို့ ပစ္စည်းလေးတွေ ရောင်းတဲ့ နီနီရဲရဲ ဆိုင်ကလေးတွေက စည်စည်ကားကား။



ဒီနှစ်က တရုတ်လို ကြွက်နှစ်မို့ ချစ်စရာ ကြွက်ရုပ်လေးတွေက နေရာတော်တော်များများမှာ။ (ကျွန်မသားကတော့ သူ့အချစ်တော် Micky Mouse နဲ့ အပေါင်းပါ လေးတွေပါတဲ့ ပုံကလေးကို အတင်းပူဆာလို့ ဝယ်ပေးလိုက်ရပါတယ်)




ဘုရားကန်တော့၊ နတ်ကန်တော့ဖို့ ကျွဲကောသီးတွေက မြိုင်မြိုင်ဆိုင်ဆိုင်။



အဖုံးနီနီနဲ့ ဗူးလေးတွေထဲမှာတော့ နှစ်ကူးမုန့်မျိုးစုံ။ ကျွန်မ နှစ်သက်ဆုံး နှစ်ကူးမုန့်ကတော့ နာနတ်ယိုအစာသွတ်မုန့်ပါ။




ဒီက ပွဲဈေးတန်းရောက်ရင် မစားရ မနေနိုင်တဲ့ မုန့်ပေါင်းပူပူ ရောင်းတဲ့ဆိုင်။ တကျပ်ဖိုး ၃ခု။ တန်မှတန်။



ဒီရာသီစာကတော့ စားလို့လဲကောင်း၊ ဈေးလဲကြီးတဲ့ ဝက်သားခြောက်ကင်၊ ဝက်ပေါင်ခြောက်ကင်။ နာမည် အရမ်းကြီးတဲ့ဆိုင်များဆို တန်းစီရတာ အရှည်ကြီး။




ပိုက်ဆံအိတ် အရောင်စုံ၊ ပုံစံစုံ။ shopping center သွားစရာမလို။ ဒီမှာ အကုန်ရ။




ဒီလို လက်တွေ့ သရုပ်ပြ ရောင်းတဲ့သူတွေလဲ ရှိတယ်။





အိမ်ရှင်မတွေအတွက် တရုတ်ကြွေပန်းကန်မျိုးစုံ။





နောက်ဆုံးဝင်ခဲ့တာတော့ ကျွန်မအကြိုက် ရောင်စုံပန်းလေးတွေ ရောင်းတဲ့ဆိုင်ပါ။ ပန်းဆီရောင် ပိတ်ပန်းလေးတပင်ရယ်၊ မြေကြီးတထုတ်ရယ် ဝယ်ပြီး ပွဲဈေးတန်းလေးထဲက ပြန်ခဲ့ပါတယ်။ ပွဲဈေးတန်းလေးကတော့ တရုတ်နှစ်ကူးသီချင်းသံတွေကြားထဲ မြူးမြူးကြွကြွ စည်စည်ကားကားနှင့် ကျန်နေရစ်တယ်။


တန်ခူး
7:20pm 26-Jan-2008

5 comments:

သက်ဝေ said...

ပျော်စရာ ပွဲဈေးတန်းလေးပါဘဲ...
အားလုံးထဲမှာ မုန့် ပေါင်းပူပူ ကို အကြိုက်ဆုံး။
အဲဒီလို ပွဲဈေးတန်းတွေရောက်တိုင်း စားနေကျ...။

Kaung Kin Ko said...

ပန်းလေးတွေ ဝယ်သွားတယပေါ့။ ပန်းလေးတွေကို ဂရုစိုက်လိုက်ဦးနော်။ :-)

တန်ခူး said...

ဒါဆို...သက်ဝေနဲ့ တို့ အကြိုက်တူနေပြီ။ လာလည်တာ ကျေးဇူးနော်။

ပန်းလေးတွေနဲ့နေရတာ စိတ်အရမ်းငြိမ်းချမ်းလို့ပါ။ လာလည်တာ ကျေးဇူးပါ ကောင်းကင်ကို။

ကလိုစေးထူး said...

ကျနော်ကတော့ ဘလော့ဂါ တယောက်ယောက်က အခုလိုပဲ ကိုယ်ရောက်တဲ့ နေရာလေးတွေကို ပုံတွေနဲ့ မှတ်တမ်းတင်လို့ ပို့စ်တင်တာ မြင်တိုင်း ကျေနပ်ရတယ်။ ဘာလို့လဲဆိုတော့ ကျနော်လဲ ဘာပဲဖြစ်ဖြစ် အဲဒီနေရာကို တခဏတော့ ရောက်သွားသလို ခံစားရလို့လေ။ အခုလဲ ပွဲဈေးတန်းကို လာငေးသွားတယ်။

တန်ခူး said...

ပေါ့ပေါ့ပါးပါး ပွဲဈေးတန်းအငွေ့အသက်လေး ခံစားသွားရတယ်ဆို ဝမ်းသာမိပါတယ် ကိုစေးထူး။