Friday, December 31, 2010
နေရစ်ခဲ့တော့ နှစ်ထောင့်တဆယ်…
နေရစ်ခဲ့တော့ ၂၀၁၀..
မှတ်တမ်းတခုအနေနဲ့ 
ပြန်လွမ်းကြည့်ရင်တော့
နာမည်ကြီးလေးဂဏန်းနဲ့ 
ဘ၀ကို ခြေလှမ်းစခဲ့တာ
အဲဒီ၂၀၁၀…
မြန်မာဆန်ဆန်ပြောရရင်
ဇရာဆိုတာစမိတ်ဆက်
သိပ်တောင်တက်တက်ကြွကြွမရှိတော့သလိုမို့ …
အနောက်ဆန်ဆန်ခြေလှမ်းတွေနဲ့ 
မေ့ချင်ယောင်ဆောင်နေခဲ့တဲ့ ၂၀၁၀…
သည်းထိတ်ရင်ဖို
Project deadlineတွေကြား
Stressတွေများလို့ 
Snackတွေစားရင်း
အိပ်ချိန်တွေရှားပါးတဲ့အထဲက
ကိုယ်အလေးချိန်တွေတက်
မှန်သိပ်မကြည့်ဖြစ်ခဲ့တဲ့ ၂၀၁၀…
အတ္တမပါပဲ
တောင်းခဲ့ဖူးတဲ့ဆုတခု
မမျှော်လင့်ပဲပြည့်သွားတဲ့အခါ
ဘ၀မှာ
ဝမ်းသာလွန်းလို့ မျက်ရည်ကျဖူးတဲ့နေ့ လို့ 
မှတ်မှတ်ရရထင်ကျန်ရစ်တဲ့
အမေလွတ်မြောက်ခဲ့တဲ့ ၂၀၁၀…
ဦးနှောက်တွေဖောက်ဖောက်စားဖို့ 
ရေကြည်တွေကိုလဲနှောက်
မြက်စိမ်းစိမ်းတွေခြောက်ခြောက်လာစေတဲ့
ဒီကျွန်းနိုင်ငံမှာ
မြန်မာတွေခြေရာထပ်လာတော့
ကျောင်းဇရပ်တွေများ
သိသိသာသာ
သာသနာပိုပိုထွန်းကားလာတဲ့ ၂၀၁၀…
မျက်နှာစိမ်းတွေကြားအားတင်းထားရဆဲ၂၀၁၀
ဘယ်တော့မှနေသားမကျတဲ့မြေသားတွေပေါ်ခြေချနေရဆဲ၂၀၁၀
အိုမင်းဟောင်းနွမ်းတဲ့မျှော်လင့်ချက်တွေထမ်းပိုးထားရဆဲ၂၀၁၀
ကျောင်းဆရာဟောင်းကြီးတယောက်ဂျာနယ်ရောင်းနေရဆဲ ၂၀၁၀
ကိုယ့်ကျင့်တရားနဲ့ စပွန်ဆာကြားဗျာများနေရဆဲ ၂၀၁၀
ဟစ်ဟော့မြူးဇစ်နဲ့ ဘ၀ကိုရောင့်ရဲတတ်တဲ့လူငယ်တွေရဲ့ ၂၀၁၀
ကမ္ဘာကြီးသိသိသာသာပူနွေးလာတဲ့ ၂၀၁၀
မျက်နှာလွှဲပြီး ခဲပစ်တတ်သူတို့ များများလာတဲ့ ၂၀၁၀
.....
.....
.....
ကဲ… နေရစ်ခဲ့တော့ နှစ်ထောင့်တဆယ်။
တန်ခူး
11:57pm 31-Dec-2010
14 comments:
  1. မတန်ခူးနဲ့ မိသားစု
    နှစ်သစ်မှာပျော်ရွှင်ပါစေ..။
    ဒီက...
    မျက်နှာလွှဲခဲပစ်တတ်သူတော့ မဟုတ်ပါဘူး။
    ReplyDelete
  2. ကောင်းမွန်တဲ့ ၂၀၁၁ ဆီသို့  မျှော်လင့်ခြင်းများစွာဖြင့်..
    နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ။
    ReplyDelete
  3. ဟုတ်တယ် မ-ရေ ... အတွေးချင်းတိုက်ဆိုင်တယ်နော် ... သိပ်ချစ်ကြလို့နေမှာ ... ။
    ၂၀၁၀က နေရစ်ပြီ ဆိုတော့ ... ၂၀၁၁ မှာ အားလုံးအတွက် ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်။
    ReplyDelete
  4. နှစ်သစ် ၂၀၁၁ ကို ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ မရေ။း)
    ReplyDelete
  5. တန်ခူးနဲ့ တူတူပဲ ချန်ထားခဲ့ပြီ ဒီ၂၀၁၀...
    ချစ်ခင်စွာဖြင့် သတိရနေတဲ့
    အမခင်မင်းဇော်
    ReplyDelete
  6. တန်ခူးရေ...
    စာပြန်ရေးတာ တွေ့လို့ ပျော်တယ်...
    စာတွေ အများကြီး ရေးနိုင်ပြီး သာယာချမ်းမြေ့တဲ့ မိသားစုလေးနဲ့အတူ ကောင်းသော ၂၀၁၁ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...။
    ReplyDelete
  7. မတန်ခူးရေ..
    ပျောက်နေလိုက်တာ...
    အခုကဗျာလေးကိုဖတ်ရပါတယ်..။
    ၂၀၁၁မှာ မိသားစုအားလုံးပျော်ရွှင်နိုင်ကြပါစေ..း)
    ReplyDelete
  8. တန်ခူးရေ
    ကဗျာလေး ကြိုက်လို့
    တန်ခူး စာမရေးဖြစ်ရင် ဒီလိုမျိုးတွေ ဘယ်လိုဖတ်ရပါ့မလဲလို့ ပလေးဘက်နဲ့ လွမ်းလိုက်သေးတယ်
    ReplyDelete
  9. ၂၀၁၀ နေရစ်ရစ်၊ မရစ်ရစ် ...
    တန်ခူးလက်ရလေးတွေ ပြန်ဖတ်ရတာ ၀မ်းသာတယ်။
    ReplyDelete
  10. အလုပ်တွေ များနေလို့ ခုမှ လာနှုတ်ဆက်ရတယ်.... အစစ အဆင်ပြေ ကျန်းမာပါစေ။ ပိုစ့်များများ တင်နိုင်ပါစေ...ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ ညီမတန်ခူးရေ....:)
    ReplyDelete
  11. မြန်မာဆန်ဆန်ပြောရရင်
    ဇရာဆိုတာစမိတ်ဆက်မေ့ချင်ယောင်ဆောင်နေခဲ့တဲ့ ၂၀၁၀…
    အတ္တမပါပဲ
    တောင်းခဲ့ဖူးတဲ့ဆုတခု
    မမျှော်လင့်ပဲပြည့်သွားတဲ့အခါ
    ဘ၀မှာ
    မှတ်မှတ်ရရထင်ကျန်ရစ်တဲ့
    အမေလွတ်မြောက်ခဲ့တဲ့ ၂၀၁၀…
    မြန်မာတွေခြေရာထပ်လာတော့
    ကျောင်းဇရပ်တွေများ
    သိသိသာသာ
    သာသနာပိုပိုထွန်းကားလာတဲ့ ၂၀၁၀…
    ကြိုက်တယ်ကွာ..... heart ထိတယ်
    ReplyDelete
  12. မောင်မျိုးJanuary 3, 2011 at 9:47 PM
    ဒီကဗျာကို ဖတ်ရသလောက် ကျနော့် အစ်မကြီး ၀ လာတယ်ပေါ့ဗျး) ၀မ်းသာပါ့ ။
    ဒါနဲ့ ဟိုမွေးနေ့ရှင်ကို အစ်မသိပါတယ် ဟဲဟဲ နာမည်မဖော်ရဲတာ သူ့ကိုကြောက်လို့ဗျ ။
    ReplyDelete
  13. စာရေးကြဲခဲ့ရတဲ့ ၂၀၁၀ ကိုလည်း ထားခဲ့ပါတော့ မမရေ..
    မမ အတွေးအရေးလေးတွေကို မျှော်လင့်နေပါတယ်။ မိသားစု ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေနော်။
    ReplyDelete
  14. ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ၊ ၁၉၉၆ ခုနှစ်။ http://sawthetlin.blogspot.com/2011/01/blog-post_04.html
    ReplyDelete