Saturday, December 25, 2010

သုံးနှစ်သမီးလေး လေနုအေး



(ပုံကို အင်တာနက်မှ ယူပါသည်)

လေနုအေးလေး ၃နှစ်မြောက်မွေးနေ့ မှာ ပို့ စ်အမှီတင်ဖို့ ရာ ည၁၂၊၀၁မိနစ်ဆိုတော့ နဲနဲနောက်ကျသွားပါတယ်...
မွေးနေ့ လက်ဆောင် အဖြစ် စာတွေပြန်ရေးဖို့  လေနုအေးကို တိတ်တိတ်လေးကတိပေးဖြစ်တယ်...
လေနုအေးလေး စတင်မွေးဖွားရာကနေ ယနေ့ အထိ သံယောဇဉ်ကြိုးတွေ တိုးတိုးချည်နှောင်မိသော လေနုအေး စာဖတ်ပရိသတ်၊ စာရေးဖော်၊စာရေးဖက် ဘလော့ဂါများက လေနုအေး ကျန်းမာအသက်ရှင်နေအောင် ရေလောင်းပေါင်းသင်တဲ့ ကျေးဇူးရှင်တွေဖြစ်နေတာမို့  လေနုအေးကိုယ်စား ကျေးဇူးတင်မိပါကြောင်း ပြောပါရစေ... မနှစ်က ၂၀၁၀မှာ ၁၆ပုဒ်ထဲ ရေးဖြစ်ခဲ့ပေမယ့် သံယောဖဉ်တွေနဲ့  နွေးထွေးနေဆဲ ဒီသံယောဇဉ်ရပ်ဝန်းက မေတ္တာတရားတွေကို ဘယ်လို စကားလုံးနဲ့ ဖော်ပြလို့ လုံလောက်မှာ မဟုတ်ပါဘူးလို့ ... ကောင်းသောခရစ္စမတ်ပါ...

တန်ခူး
12:06pm 25-Dec-2010
(လေနုအေး ၃နှစ်မြောက် မွေးနေ့ အမှတ်တရ)

18 comments:

  1. Happy Birthday ပါ လေနုအေးရေ...
    လာမယ့် ၂၀၁၁ မှာ လေနုအေးမှာ အရောင်တွေ စုံလင်ပြီး ဆန်းသစ်လှပတဲ့ စာမျက်နှာတွေ အများကြီး တွေ့ရစေကြောင်း ဆုတောင်းပါတယ်...

    ReplyDelete
  2. လေနုအေးတောင် ၃နှစ်ရှိသွားပြီလား.။
    ကုန်လွယ်လွန်းလိုက်တာ..။(အချိန်တွေ)
    မွေးနေ့မှာပျော်ရွှင်ပါစေ။

    ReplyDelete
  3. ၃နှစ်မှသည် နောင်နှစ်ပေါင်းများစွာထိ စာတွေအများကြီး ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

    ပျော်ရွှင်သော ခရစ္စမတ်ပါ အစ်မတန်ခူး...း)

    ReplyDelete
  4. သမီးလေးနာမည်မှတ်နေတာ အစက။
    ဟိဟိ
    Merry Christmas, Happy Birthday & Happy New Year ပါဗျို့..
    >>

    Craton

    ReplyDelete
  5. Merry Christmas, Happy Birthday & Happy New Year ဟဟ အပေါ်ကနေ ကော်ပီကူးပါတယ်။

    ReplyDelete
  6. မမက ပြောတတ်လိုက်တာ.. ဘလော့လေးကိုတောင် သမီးလေးလို သံယောဇဉ်တွယ်တတ်တယ်.. :)

    လေနုအေးလေး ၃ နှစ်မှသည် နောင်နှစ်ပေါင်း များစွာတိုင်ပါစေ..

    ReplyDelete
  7. မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ... သမီးလေး လေနုအေး ...

    လေနုအေးရဲ့ မေမေလဲ နေကောင်းကျန်းမာ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့ သမီးလေးလေနုအေးကို အမြဲရှင်သန်လန်းဆန်းအောင် ကြည့်ရှု စောင့်ရှောက်နိုင်ပါစေ ...

    ReplyDelete
  8. Happy Birthday လေနုအေး


    2011 ရောက်ရင်ကော စာများများရေးမှာလား အစ်မရ ဒီတစ်ခါ လေနုအေးက အကြာကြီးပစ်ထားရင် စိတ်ဆိုးမှာတဲ့ဗျး)

    ReplyDelete
  9. Happy Birthday လေနုအေး
    နှစ်သစ်မှာ ပို့စ်သစ်တွေ မျှော်နေမယ်...

    ReplyDelete
  10. Happy birthday ....
    စာတွေအများကြီးရေးနိုင်ပါစေ...
    အားပေးလျှက်

    ReplyDelete
  11. Happy Birthday ပါ စာတွေမြန်မြန်နဲ့များများပြန်ရေးနိင်ပါစေ :)

    ReplyDelete
  12. လေနုအေး ၃နှစ်မှ နှစ်ပေါင်းများစွာ ဆက်ပြီး တည်တံ့နိုင်ပါစေ အစ်မရေ။ ခုတလော ပုံရိပ်တို့ တတွေ စာရေးကျဲနေကြတယ်နော်။

    ReplyDelete
  13. ၃နှစ်ကြီးတောင် ရှိသွားပြီ အားကျစရာ သုံးနှစ်မှ နောင်နှစ်ပေါင်းများစွာ ပရိတ်သတ်ကြီးအတွက် စာတွေများများရေးပေးနိုင်ပါစေ
    ပျော်ရွှင်သော နေ့လေးဖြစ်ပါစေ
    ခင်မင်တဲ့
    seesein

    ReplyDelete
  14. ဝေးးးးးးး
    စာတွေ ဖတ်ရတော့မယ် :D

    ReplyDelete
  15. အမရေ..စာတွေများများရေးပါ..
    အမလေနုအေးရဲ့မွေးနေ့မှသည် နောင်ထပ်နှစ်တွေအများကြီးအများကြီး စာတွေရေးနိုင်ပါစေလို့....။

    မြတ်နိုး

    ReplyDelete
  16.ံHappy Birthday ပါ အစ်မတန်ခူး ...။
    ခြေရာမချန်ထားဖြစ်ပေမယ့် အစ်မတန်ခူးရေးသားခဲ့ဘူးတဲ့ တန်ဖိုးရှိသော ကွန်မန့်လေးတွေက အစပြုပြီး ကျမ ဒီနေရာလေးကို သံယောဇဉ်ရှိစွာနဲ့ အမြဲရောက်ဖြစ်ခဲ့ပါတယ် ...။
    ( ကွန်မန့်လေးတွေကို ကျမ မဖော်ပြဖြစ်ပေမယ့် အမှတ်တရ သိမ်းထားဖြစ်ပါတယ် ကျမကို နားလည်မယ်လို့လဲ ယူဆပါတယ်)
    အစ်မရဲ့ စာအရေးသားလေးတွေကို ဖတ်ခြင်းအားဖြင့် အစ်မရဲ့ စိတ်နေစိတ်ထားနုညံ့မှု နဲ့ခံယူချင်တစ်ချို့ကို တွေ့ရတာမို့ အစ်မတန်ခူးကို လေးစားမိပါတယ် ...။
    ကျမတို့လို စာပေကို ချစ်မြတ်နိုးတတ်သူတိုင်း ဘလော့လေးတွေကို မြတ်နိုးတန်ဖိုးထားတတ်ကြတာမို့ ကျမလဲ အစ်မရဲ့ ၃နှစ်မြောက်ရှင်သန်လာတဲ့ လေနုအေးဆိုတဲ့ နေရာလေးအတွက် အမှတ်တရလးတစ်ခုခုရေးခဲ့ချင်တယ် ...။
    အစ်မ ၀ါသနာပါတဲ့ စာပေအနုပညာနဲ့ လေးနုအေးဆိုတဲ့ ငြိမ်းချမ်းတဲ့ စာမျက်နှာလေးကို ဒီထက်မက လှပအသက်ဝင်လာအောင် အမြဲတမ်းပုံဖော်အသက်သွင်းနိုင်ပါစေ အစ်မ တန်ခူးရေ ....။
    ခင်မင်လေးစားစွာဖြင့်
    ညီမလေး နှင်း ...

    ReplyDelete
  17. The Lady returns. :)
    Please keep your milestone ... 3 to more..

    ReplyDelete
  18. သုံးနှစ်သမီး လေနုအေး ... Happy birthday ပါ။
    စာရေးကောင်းတဲ့သူတွေက စာမရေးတော့ မတောက်တခေါက် ၊ ခွေးအ လှည်းနင်း တီတီဆွိလိုလူတွေက ထော့ကျိုးထော့ကျိုး ၀င်ရေးနေရတယ်။
    စာပြန်ရေးပါ အန်တီတန်ခူးရေ။

    ReplyDelete