Monday, April 6, 2009

ကျွန်မရဲ့အလှူ

ဒီအချိန်ဆို ကျွန်မတို့  မြန်မာနိုင်ငံမှာ အလှူအတန်းတွေ ပေါတဲ့ အချိန်ပေါ့။ မနက်မိုးလင်းတာနဲ့  ဟိုနားက စပီကာသံကြား၊ ဒီနားက စပီကာသံကြား။ အော်ဂင်သံလေးနဲ့  သီချင်းလေးတွေဆိုကြ။ အိုးစည်၊ ဒိုးပတ်သံတွေကလဲ တညံညံ။ သင်္ကြန်ကလဲ နီးတော့ ပြင်ကြဆင်ကြ။ လူငယ်တွေက ရေပက်ကစားဖို့  ပြင်ကြဆင်ကြသလို လူကြီးတွေကလဲ လှူဖို့ တန်းဖို့  ကုသိုလ်ရေးအတွက် ပြင်ကြဆင်ကြပေါ့။ အဲဒီ Moodလေးက ကိုယ့်တိုင်းပြည်နဲ့  ဝေးနေပေမယ့် အလိုလို စိတ်ထဲရောက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး အိမ်က ပေးလိုက်တဲ့ သင်္ကြန်ခွေ အသစ်လေးတွေ ဖွင့်လိုက်၊ အရင်က သင်္ကြန်ခွေ အဟောင်းလေးတွေ ပြန်ဖွင့်လိုက်နဲ့  အလုပ်ရှုပ်နေတဲ့ ကျွန်မကို အိမ်က အမျိုးသားက ခပ်ပြုံးပြုံးနဲ့ ကြည့်လို့ ။ သူ့ မှာ အဲဒီလို Mood သိပ်မရှိဘူး ထင်ပါတယ်။ သားကတော့ ကျွန်မနဲ့ အတူ သီချင်းတွေ လိုက်ဆို… “ရေတွေကျန်သေးလားဟေ့” တဲ့။

ငယ်ကတော့ မေမေက ဒီလိုနေ့ ဆို ဆနွင်းမကင်းလေးဖုတ် ပန်းကန်လေးတွေထဲထည့်ပြီး တလမ်းလုံး လိုက်ဝေခိုင်းပါတယ်။ မေမေချုပ်ပေးတဲ့ ဂါဝန်အသစ်လေးဝတ်ပြီး အဲဒီလို လိုက်ဝေနေရတာကိုပဲ ပျော်နေခဲ့တာပါ။ အသက်နဲနဲရလာတော့ ပျော်ဖို့ ရွှင်ဖို့ ထက် လှူဖို့ ကို ပိုစိတ်အားသန်လာပါတယ်။ အလှူအတန်းရာသီမှာ မွေးတဲ့သူမို့ ထင်ပါတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား ဘလော့ဂ် ကြွလာမိတ်သဟာတွေ အတွက် အလှူကြီးပေးချင်တယ်ရှင်။ ဘယ်မြန်မာ စားသောက်ဆိုင်မှာမှ အဲဒီလောက် ရွေးချယ်စရာ များမှာ မဟုတ်တဲ့ ဟင်းစပ်မျိုးပေါင်း ၁၀၀။ ကဲ… ဘာများ အာသီသရှိပါလိမ့်။ ဟင်းမျိုးပေါင်း ၁၀၀ ထဲက ကြိုက်ရာသာပြော။ ဟိုတပါတ်ထဲက ကြိုတင်ဟင်းစပ် ပေးထားကြတဲ့ ချစ်သော ဘလော့ရောင်းရင်းတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ တွံတေးသိန်းတန်သီချင်းလေးဖွင့်… ကျွန်မပေးတဲ့ အလှူကို ကြွကြပါ။ ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှူပါရစေ။ ဒီနေ့ ဘာနေ့ လဲဟုတ်လား… ဒါတော့ စဉ်းစားကြည့်နော်။

ဟင်းစပ်(၁၀၀)
၁) အဖေတစ်လှည့် သားတစ်လှည့်ဟင်းစပ်(ရွာသားလေး)
၂) ပိန္နဲသီးအစိမ်း+၀က်သား၊ မျှစ်တာလပေါဟင်း၊ ကရင်ငါးပိထောင်း(ကိုစေးထူး)
၃) အမဲသား၊ ပဲနီလေးကြာဇံဟင်းချို၊ သရက်သီးထောင်း (Sin dan lar)
၎) မျှစ်ချဉ်နဲ့ဝက်သား၊ ငါးပိထောင်း(Sin dan lar)
၅) ကြက်ဥနဲ့ကြက်သွန်နီမွှေကြော်၊ ကန်စွန်းရွက်ကြော်၊ ငါးပိရည်(Sin dan lar)
၆) ပုဇွန်မီးဖုတ်သုတ်၊ ဗူးသီးဟင်းခါး၊ ငါးပိထောင်း(Sin dan lar)
၇) ငါးဟင်း၊ သခွားသီးသုတ်၊ ငါးပိရည် တို့စရာ(Sin dan lar)
၈) သင်္ဘောသီးသုတ်၊ အာပူလျှာပူ (Sin dan lar)
၉) ဝက်သားအာလူး၊ ချဉ်ပေါင်ဟင်း၊ ငါးပိထောင်း(Sin dan lar)
၁၀) ငါးဘတ်မုန်လာရွက်ချဉ်ရည်ဟင်း ၊ ရခိုင်ငပိထောင်း၊ ပဲထောပတ်နှပ်(သန့် )
၁၁) ပုဇွန်အစပ်ကြော်၊ ကန်ဇွန်းရွက်ချဉ်ရည်ဟင်း၊ ကြက်ဥကြော်(နံနံပင်၊ကြက်သွန်နီ၊ငရုတ်သီးစိမ်းထည့်ကြော်) (သန့် )
၁၂) ဝက်သားဗုံလုံသီးအစာသွပ်နှပ် ၊ ပဲနီပြားသုတ်၊ မြင်းခွားရွက်သုတ်၊ချဉ်စပ်ယိုးဒယားဟင်းချိုချဉ်စပ်(သန့် )၁၃) ငါးပြေမ ( ခရမ်းချဉ်သီးနဲ့) ဆီပြန်ချက်၊ ငရုတ်သီးခြောက်လေးစိပ်ခွဲထောင်းကြော်၊ ငါးပိရည်ငါးမီးဖုတ်ဖျော်၊ တမာချဉ်(သန့် )
၁၄) ဝက်သားဒညင်းသီးချက်၊ ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း၊ ငရုတ်သီးစိမ်းထောင်း(ငရုတ်သီးစိမ်းလှော် ၊နံနံပင် ၊ငါးမီးဖုတ် ၊ဆား၊ ကြက်သွန်ဖြူ ရောထောင်း) (သန့် )
၁၅) ငါးချဉ် (သို့) ပုဇွန်ချဉ်သုတ်၊ ပဲနီလေးငပိချက်၊ ဘူးသီးဟင်းခါး၊ အရွက်ကြော်(သန့် )
၁၆) ပင်စိမ်းရွက်ငါးလေးအိုးကပ်၊ ဘူးညွန့်ကြော်ချက်၊ မရမ်းသီးသုတ်၊ ငါးပိရည် တို့စရာ(သန့် )
၁၇) ငါးခူကြော်နှပ် (ဆီပြန်ချက် )၊ပဲကြီးဆူးပုတ်နှပ်၊ ငရုတ်သီးတောင့်ကြော်(သန့် )
၁၈) ၀က် (သို့) ကြက်သားချိုချဉ်၊ ကျောက်ပွင့်သုပ်၊ တုံယမ်းဟင်းချို(မေဓာဝီ)
၁၉) ငါးခြောက်ထောင်းကြော်၊ ပဲစဉ်းငုံဟင်း၊ ရုံးပတီသီးနှပ်၊ ငရုတ်သီးဆားထောင်း(မေဓာဝီ)
၂၀) ပဲထောပတ်ထမင်း (ပဲနီလေး)၊ ကြက်သား မဆလာချက်၊ ပါပလာကြော်၊သရက်သီးသနှပ်(မေဓာဝီ)
၂၁) ငါးထမင်းနယ် (ငါးမကြိုက်ရင် အာလူး)၊ စွန်တန်ဟင်းချို၊ ဂျူးမြစ်၊ ငရုတ်သီး အခြောက်တောင့်ကြော် (မေဓာဝီ)
၂၂) ပုဇွန်ဆီပြန်၊ ဒန့်သလွန်သီးမီးဖုတ်ခြစ်ချက်၊ ကြာဆံဟင်းခါး(မေဓာဝီ)
၂၃) ကြက်သားသုပ်၊ ပဲကြော် (kidney bean)၊ ဗူးသီးချဉ်ရည်(မေဓာဝီ)
၂၄) ၀က်သားချဉ်စပ်၊ ကန်စွန်းရွက်နဲ့မှို၊ ပဲစောင်းလျားသီးသုပ်(မေဓာဝီ)
၂၅) ၀က်သားနဲ့ ပုံးရည်ကြီးချက်၊ မုံလာဥ ချဉ်ရည်(နုသွယ်)
၂၆) ဘဲဥ အချဉ်ချက်၊ ပဲနီလေး ဟင်းချို၊ ငါးပိထောင်း(နုသွယ်)
၂၇) ပဲထောပတ် ဆီပြန်၊ မြေပဲ ဂျူးမြစ်ကြော်၊ ပုံးရည်ကြီးသုတ်၊ ဘူးရွက်ဟင်းချို(နုသွယ်)၂၈) ပဲခြမ်းကြော်သုတ်၊ မျှစ်ခြောက်ကြော် (အချို)၊ လက်ဖက်ရည်ကြမ်း(နုသွယ်)
၂၉) ဆိတ်သားနဲ့ ကုလားပဲ၊ ငြုတ်သီးတောင့်ကြော်(နုသွယ်)
၃၀) ၀က်နံရိုး ကြံမဆိုင်၊ ပဲပြားသုတ်(ပုဇွန်ခြောက်မှုန့် များများလေးနဲ့)၊ ခရမ်းသီးနှပ်၊ ပဲကြီး ဆူးပုပ်ဟင်းချို (နုသွယ်)
၃၁) ပဲဟင်း၊ ဟင်းနုနွယ်ရွက်ကြော်၊ မရမ်းသီးငပိထောင်း (မီယာ)
၃၂) ငါးကင်၊ မုန်ညှင်းရွက်ကြော်၊ စွန်ထန်ဟင်းချို(မီယာ)
၃၃) ကြက်သားသုပ်၊ ကန်စွန်းရွက်ကြော်၊ ဘူးသီးဟင်းခါး(မီယာ)
၃၄) ငါးကျည်းအကျွတ်ကြော်၊ ကင်ပွန်းချဉ်ရွက်ချဉ်ရည်၊ ငရုတ်သီးဆားထောင်း (အင်ကြင်း)
၃၅) ၀က်သားအချိုချက်၊ ရွှေဖရုံသီးဟင်း၊ မန်ကျည်းသီးစိမ်းငါးပိထောင်း(အင်ကြင်း)
၃၆) ခေါက်ဆွဲသုတ်၊ ဆန်ပြုတ်+၀က်ရိုး၊ ကြက်ဥကြော်၊ ငါးခြောက်းဆီဆမ်း (မောင်မျိုး)
၃၇) ထမင်းသုတ်၊ ၀က်သားသုံးထပ်သားကြွပ်ကြွပ်ကျော်၊ ငါးပိ(မောင်မျိုး)
၃၈) fried beef with chilli, onion, garlic၊ roselle soup(Wunna)
၃၉) ငါးလေးနဲ့ကင်ပွန်းရွက်အိုးကပ်ချက်၊ ပဲနီလေးဆူးပုပ်ဟင်းချို၊ မြူရွက်သုပ်(နိနိ)
၄၀) ငါးရံ့ခြောက်ကြွပ်ကြွပ်ကြော်၊ ပဲကြီးနှပ်၊ သရက်ချဉ်မာမာလေးကို ကြက်သွန်နီလေးနဲ့သုပ်၊ ငရုတ်သီးတောင့်လုံးကြော် ပုဇွန်ငါးပိလေးနဲ့(နိနိ)
၄၁) ဝက်သားခရမ်းသီးနှပ်၊ မန်ကျည်းရွက်ပါလေကာနဲ့ ဆန်ဟင်းချို၊ ပါလချောင်ကြော်(နိနိ)
၄၂) အမဲသားနှပ်၊ ဂွေးတောက်ရွက်ဟင်းချို၊ မန်ကျည်းရွက်ချဉ်မာမာဝင်းဝင်းလေးတွေကို ကြက်သွန်ဖြူလေးနဲ့သုပ် (နိနိ)
၄၃) ဝက်ကလီစာဟင်း၊ ကင်ပွန်းဖူးငါးပိချက်၊ မျှစ်စိမ်းဆန်ဟင်း(နိနိ)
၄၄) ဝက်သားမီးမြိုက်အနှပ်၊ပြည်ပန်းညိုရွက်ဟင်းချို၊ ကင်းပုံသီးနဲ့မန်ကျည်းရွက်ရောချဉ်သိပ်ထားတာကို ငါးပိနဲ့ကြော်ထားတာ (နိနိ)
၄၅) ငါးပိကောင်ချက်၊ ဒန့်သလွန်ရွက်ဟင်းချို၊ မျှစ်ပြုပ်ပြီးကြက်သွန်ဖြူလေးနဲ့ရောထောင်းထားတာ နှမ်းထောင်းလေးနဲ့သုပ်(နိနိ)
၄၆) ပဲပြုပ်ထမင်းပူလေးဆီဆမ်း၊ ငါးရံ့ခြောက်ဖုတ်၊ မန်ကျည်းချဉ်သုပ်(နိနိ)
၄၇) ငါးရံ့ခြောက်ဆီပြန်၊ကဆော့သီးလှော်ထောင်း၊ တမာရွက်တို့စရာ (နိနိ)
၄၈) ငရုတ်သီး ငါးရံ့ခြောက်အတုံးလေးတွေကို ကြက်သွန်နီနဲ့ စိုစိုလေးကြော်၊ ခရမ်းသီးမီးဖုတ်သုပ်၊ ကုလားပဲနှပ်(နိနိ)
၄၉) ငါးသလောက်နှပ်၊ သမုန်းဖူးသုပ်၊ ကင်းပုံဆူးပုပ်ရွက်ဟင်းချို(နိနိ)
၅၀) ဖားသားနဲ့ကင်ပွန်းချဉ်ချက်၊ ငါးပိကောင်ကြော်(နိနိ)
၅၁) ဆိတ်သားလုံးချက်၊ မန်ကျည်းသီးထောင်း ကြော်(သို့)မန်ကျည်းဖူးကြော်၊ ဗူးသီးဟင်းခါး(စူးနွယ်)
၅၂) ငါးခူငါးပိကောင်ငရုပ်သီးစပ်စပ်ကြော်၊ မန်ကျည်းရွက် ချဉ်ရည်( စူးနွယ်)
၅၃) မုန်ညင်းစော၊ ဆလပ်ရိုးနဲ့ ပဲကြာဇံသုပ်( စူးနွယ်)
၅၄) ကြက်ဥကိုကြက်သွန်နီနဲ့ခလောက်ကြော်၊ ပုန်းရည်ကြီးကို လက်ပံပွင့်ခြောက်နဲ့ ချဉ်ရည်ဟင်းချက် ( စူးနွယ်)
၅၅) ၀က်သားနဲ့ ကြက်ဥပေါင်း၊ကြံမဆိုင်ဟင်းချို (မခင်မင်းဇော်)
၅၆) ကြက်သားအချိုပေါင်း၊ ရှောက်သီးသုပ်၊ ဟင်းခါး (မခင်မင်းဇော်)
၅၇) ကကတစ်ငါး နဲ့ဆားငံသီးပေါင်း၊ ကြက်ရိုးနဲ့ ကြာစွယ် အရည်သောက်(မခင်မင်းဇော်)
၅၈) ကကတစ်ကြော်ပြီး ပဲငပိနဲ့အစပ်နှပ်၊ ပဲနီလေးဟင်းချို(မခင်မင်းဇော်)
၅၉) ငါးမြင်းနဲ့ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်း၊ ငါးပိ တို့စရာ(မခင်မင်းဇော်)
၆၀) ငါးကြင်းခုတ်သားနဲ့ ခရမ်းချဉ်သီး၊ ငါးပိ တို့စရာ(မခင်မင်းဇော်)
၆၁) ပုဇွန်ခြောက်နဲ့ အာလူးအ၀ိုင်းလေးးတွေလှီး အစပ်ဆီပြန်ကြော်၊ ကုလားပဲဟင်းချို ကြာဇံခတ် ၊ သရက်သီးစိမ်းဒါးနဲ့ပေါက်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီများများနဲ့ ငပိနည်းနည်းထည့် ကြော်တဲ့ သရက်သီးကြော်(မခင်မင်းဇော်)
၆၂) ခရမ်းချဉ်သီး ငါးကျည်းခြောက် ဆီပြန်၊ ပဲစောင်းခါးသီးသုပ်၊ ပဲနီလေးဟင်းရည်(kwz)
၆၃) ဝက်နံရိုး (သို့) ကြက်တောင်ပံ ကင်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ Tom-Yum ဟင်းရည်(kwz)
၆၄) ကြက်ဥမွှေကြော် (အထဲမှာ ဝက်သားတောက်တောက်စဉ်းပြုတ်ကြော်လုပ်ပြီးသားပါထည့်ပြီး ခလောက်ကျော်ရင် ပိုကောင်းပါတယ်)၊ Tom-Yum ဟင်းရည်(kwz)
၆၅) ငါးကြော် (သို့) ဝက်သနီချက် (သို့) အသားဟင်းတမျိုးမျိုး၊ ပဲပင်ပေါက်သုပ် (ပဲပင်ပေါက်ကို အနေတော်ပြုတ်ပြီး၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ နှမ်း၊ ငရုတ်သီးမှုန့်၊ သံပုရာသီး၊ ဆား၊ ငန်ပြာရည် နဲ့ သုပ်တာ)၊ ဟင်းချို(kwz)
၆၆) ၀က်သားအချိုချက်၊ ငါးခြောက်သီးစုံကုလားဟင်း(နုစံ)
၆၇) ငါးဖယ်ဆီပြန်၊ ဘူးသီးဟင်းခါး၊ ရှောက်သီးသုပ်(နုစံ)
၆၈) ငါးရံ့ နဲ့ဒန့်ဒလွန်သီး၊ မရမ်းသီးထောင်း(နုစံ)
၆၉) ကြက်သား ကညွတ်၊ ငါးပိထောင်း(သို့) မရမ်းသီးထောင်း(နုစံ)
၇၀) ငါးခူကြော်၊ အချဉ်ဟင်း (မုန်လာပင်ပေါက်၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်) (နုစံ)
၇၁) ကြက်သား အာလူး အစပ်ချက်၊ မျှစ်နဲ့ ပုဇွန်ကြော်(နုစံ)
၇၂) ၀က်သားအစပ်ချက်၊ အသုပ် (မရမ်းသီး ၊ သရက်ချဉ်) (နုစံ)
၇၃) ၀က်သားမျှစ်ချဉ်၊ ပုဇွန်ခြောက်ကြော် (နုစံ)
၇၄) ငါး (ငါးခူ၊ ငါးကြင်း၊ ငါးအိုးကပ်) ဆီပြန်၊ ပဲဟင်းချို၊ ငါးပိရည် တို့စရာ(နုစံ)
၇၅) ငါးကြော် ကို ငရုတ်သီးပြန်နပ်၊ ဟင်းချို (သို့) အချဉ်ဟင်း(နုစံ)
၇၆) ငါးခြောက်ထောင်းကြော်၊သရက်သီးငါးပိချက်၊ ကုလားပဲ အချိုချက်(မြတ်နိုး)
၇၇) ငါးပတ်မွှေ၊ ကင်မွန်းရွက်ချဉ်ရည်(ကိုသစ်နက်ဆူး)
၇၈) ပုဇွန်ကြော်၊ မုန်လာဥချဉ်ရည်(မခင်ဦးမေ)
၇၉) ဘဲဥချဉ်ရည်၊ မျှစ်နဲ့ချဉ်ပေါင်(မခင်ဦးမေ)
၈၀) ကြက်သား နဲ့  ဗူးသီး(သို့ ) ဂေါ်ရခါးသီး ကာလသားချက် (အရည်သောက်)၊ ခရမ်းချဉ်သီး ငါးပိချက်(တန်ခူး)
၈၁) ၀က်သားဆီပြန်၊ ကန်စွန်းရွက်ချဉ်ရည်(တန်ခူး)
၈၂) ကြက်ဥသီးစုံချဉ်ရည်၊ငါးပိကြော် (သို့ ) ပုဇွန်စိတ်ကြော် (တန်ခူး)၈၃) ၀က်သားဆီဗူးကြော်(၀က်သားကြိတ်သားကို တန်ပူရာ၊ ကြက်ဥနဲ့ ရောကြော်တာပါ)၊ကြာစွယ်ဟင်းခါး(တန်ခူး)၈၄) ပုဇွန်မဆလာချက်၊ခရမ်းချဉ်သီးသုတ်(သို့ ) မြင်းခွါရွက်သုတ်(တန်ခူး)၈၅) ကြက်သားကုလားပဲဆီပြန်၊ဟင်းရွက်စုံဟင်းချို (ဒန့် ဒလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဆူးပုတ်ရွက်၊ ကန်စွန်းရွက် အရွက်တွေပေါင်းပြီး ချက်တာပါ) (တန်ခူး)၈၆) ငါးရံ့ခြောက်ထောင်းကြော်၊ပဲနီလေးကြာဇံဟင်းချို(တန်ခူး)၈၇) ဘဲပေါင်း၊ကြံမဆိုင်ဟင်းချို(တန်ခူး)၈၈) ကြက် (သို့ ) ၀က် ကုန်းဘောင်ကြီးကျော်၊ကျောက်ဖရုံသီးဟင်းချို(တန်ခူး)၈၉) ငုံးဥကြော်ချက်၊အာလူးကက်တလစ်ကြော်(တန်ခူး)၉၀) ပဲကြီးနှပ်၊အာလူးကြာဇံသုတ်(သို့ ) မုန်လာဥနီသုတ်(တန်ခူး)၉၁) ပုဇွန်ငါးဆုတ်ချက်၊ဒန့် ဒလွန်သီးချဉ်ရည်(တန်ခူး)၉၂) ၀က်သား ဒညင်းသီးချက်၊မန်းကျည်းသီးစိမ်း ငါးပိချက်(တန်ခူး)၉၃) ငါးလေးအိုးကပ်၊ မရမ်းသီးထောင်း(တန်ခူး)၉၄)ဆိတ်သားဆီပြန်၊ကြက်ဟင်းခါးသီးကျော်(တန်ခူး)၉၅) ကင်းပုံသီး၊မျှစ်ကြော်၊ဇီးဖြူသီးထောင်း(တန်ခူး)၉၆) လဘက်ထမင်း၊ငပိရည်တို့ စရာအစုံ(တန်ခူး)၉၇) တို့ ဘူးသုတ်၊အာလူးဟင်းခါး(တန်ခူး)
၉၈) ငါးရံ့ခြောက်ခရမ်းချဉ်သီးချက်၊ ဟင်းနုနွယ်ရွက်သုတ်(တန်ခူး)
၉၉)ဘယာကြော်ချက်၊ ခရမ်းချဉ်သီးပန်ထွေဖျော်(တန်ခူး)
၁၀၀) ငါးရဲယိုရွက်ပေါင်း၊ ချဉ်ပေါင်မျှစ်ချဉ်ရည်(တန်ခူး)


တန်ခူး
11:14am 6-Apr-2009

33 comments:

  1. တန်ခူးရေ
    အလှူမှာ အ၀ကြိတ်သွားတယ်။ အရင်ကတည်းက၀င်ဖတ်ပါတယ်။ ခုမှ ကွန်းမန့်ဝင်ပေးဖြစ်တာ။

    ReplyDelete
  2. အဲ့ဟင်းတွေသာ နေ့တိုင်းတကယ်စားလိုက်ရရင်တော့ ကျနော့်ရဲ့ ပိန်ညှောင်ညှောင်ကိုယ်လေးလဲ ၀လာမှာ တကယ်စားချင်တယ်ဟင်းတွေက တကယ့်ရှယ်တွေကြီးပဲ ။ ဒါနဲ့ ကိုရွာသားလေးချက်တဲ့ အဖေတလှည့်သားတလှည့်ဟင်း အဲ့တာဘာကြီးလဲ ကြားလည်းမကြားဖူးဘူး ။

    ReplyDelete
  3. ဒီနေ့ ဘာနေ့ လဲဟုတ်လား… ဒါတော့ စဉ်းစားကြည့်နော်။

    အဲ့တာခုမှ သေချာတွေ့လို့ ဒီနေ့ အစ်မကြီးမွေးနေ့လား ဟုတ်၊ မဟုတ်တော့ သေချာမသိ ရမ်းတုတ်သွားအုံးမယ် Happy Birthday လိုသေးရင်လည်း ကြိုပေးသွားတယ် သဘောထားနော့် :)

    ReplyDelete
  4. လေနုအေးကို သယ်ဆောင်လာသော တန်ခူးရဲ့ ၃၉နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာပါ။
    ကြွပါရှင့် ကြွပါ။ ထိုင်ပါရှင့်။ ကြိုက်ရာ သုံးဆောင်ကြပါနော်။ ရပ်ဆွေ ရပ်မျိုးတွေချည်းမို့ ဘာမှ အားနာစရာမရှိပါဘူး။ အလှစား မရဘူးနော်။ အ၀စား အ၀စား...။
    (မသီတာက ဟင်းစပ်မရလို့ လေနဲ့ လုပ်အားလာပေးတာ)

    ReplyDelete
  5. တကယ်ကြီးမွေးနေ့လားဗျာ။ ဒါဆို တကယ်အပြင်မှာစားမယ် :P

    ReplyDelete
  6. Happy Birthday! အတာရေအေးနဲ့အတူ အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  7. Wow...

    Life's Juz Started....

    Welcome to World..?

    Nice day..!

    ReplyDelete
  8. ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ..
    အမက အိုက်ဒီယာကောင်းတယ် - ဒီလိုဟင်းစပ် ၁၀၀ ပေးနိုင်အောင် လုပ်ထားတာ။

    ReplyDelete
  9. "Very Very Happy Birthday to Many Many More to Come"....May all your wishes come true.

    ReplyDelete
  10. အမ မွေးနေ့မှာ ချစ်သောမိသားစုနဲ့ ရာသက်ပန်လုံး ပျော်ရွှင်စွာ နေနိုင်ပါစေနော်..။

    တကယ်စားချင်တာ ဟီး

    ReplyDelete
  11. မခိုင်ရေ ...
    မေလည်း သင်္ကြန်သီချင်းတွေ နားထောင်ရင်း သင်္ကြန်ကို လွမ်းနေမိတာ။
    အလှူဟင်းတွေမြင်တော့ ပိုတောင် လွမ်းသေး။
    မေက ဟင်းစပ်တွေသာ မခိုင်အတွက် ထည့်ရေးတာ .. ခု တယောက်ထဲနေတော့ ဖြစ်သလိုပဲ စားနေမိတယ်။
    အလှူဟင်းတွေ စိတ်ကူးနဲ့ စားရင်း စိတ်ကူးထဲမှာ ဗိုက်ပြည့်သွားပြီ မ-ရေ .... ကျေးဇူး ... နော် ... ။

    ချစ်တဲ့ မခိုင် ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ ဖြစ်ပါစေ ... လို့ ဆုတောင်းပေးလိုက်ပါတယ် ... နော် ... ။

    ReplyDelete
  12. မွေးနေ့လား မတန်ခူး....။
    ပျော်ရွှင်ပါစေ....။

    ReplyDelete
  13. မမရေ.. ဟင်းပွဲ ၁၀၀ ဆိုတော့ အများကြီးပဲ.. စားချင်တယ်.. အမမွေးနေ့ကို သတိရတယ် အမရေ.. အလုပ်အရမ်းများလွန်းလို့ပါ.. အမ tag ထားတာလည်း သတိရတယ်.. အားလုံးအတွက် sorry ပါ နော်..

    စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မိသားစုနဲ့အတူ ပျော်ရွှင်စရာ မွေးနေ့များစွာကို ပိုင်ဆိုင်ပါစေ မရေ.. အပြင်မှာရော အခုလို အလှူကြီးမျိုး ပေးနိုင်ပါစေ.. အဲဒီအခါကျရင် အလှူကို တကယ် လာမှာနော်.. :)

    အလှူထမင်းဟင်းလည်း တကယ်စားချင်တယ်.. :P

    ReplyDelete
  14. အစ်မအလှူပွဲက ဟင်းစပ်အမျိုးပေါင်း ၁ဝဝ ကျော်နဲ့ ခြိမ့်ခြိမ့်သဲပဲ ။ ပျော်စရာကြီး ။ Happy Birthday အစ်မ!!!

    ReplyDelete
  15. အော်.. မစားရ ၀ခမန်း ဆိုတာ ဒါမျိုးပါလား.. :D

    ရဘူး.. အိမ်ခေါ်ကျွေးတော့

    ReplyDelete
  16. အမတန်ခူးရေ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ ချစ်သောမိသားစုနှင့်အတူ နောင်မွေးနေ့များစွာလည်း ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်။
    အခုလို အပြင်မှာ အလှူပွဲကြီးလုပ်ရင် ကောင်းမယ်။ လာစားချင်လိုက်တာနော်။ ဟင်းစပ်တွေကလည်း သွားရည်ကျတယ်ဗျာ။

    ReplyDelete
  17. တန်ခူးရေ...
    ဟင်းစပ်တွေထဲ ကိုယ်တိုင်ဝင်မစပ်ပေးလိုက်ရပေမယ့် တန်ခူးရဲ့ မွေးနေ့အလှုမှာတော့ ရေစက်ချပြီး ပတ်စာခွာ ဖျာသိမ်းတဲ့အထိ လာကူညီတယ်နော်...
    ချစ်တဲ့ တန်ခူးရဲ့ စည်ကားသိုက်မြိုက်လှတဲ့ ဟင်းပွဲ တစ်ရာ မွေးနေ့အလှုမျိုး နောင်နှစ်ပေါင်းတရာကျော်တိုင် လှုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။

    ReplyDelete
  18. Happy Birthday sister.

    ReplyDelete
  19. မွေးနေ့ရှင် အမကြီး ပါဆယ်ကော သယ်လို့ ရမလားဗျ။
    “ပျော်ရွှင်ချမ်းမြေ့ပါစေ အမရေ”

    ReplyDelete
  20. သွားရည်ယိုသွားပြီ:D

    ReplyDelete
  21. အစ်မမွေးနေ့ မှာ ပျော်ရွှင်ပါစေနော်း-)

    ReplyDelete
  22. မတန်ခူးရေ..
    မွေးနေ့မှာပျော်ရွှင်ပါစေ..
    စားလို့ရတာလေးတွေပဲ ရွေးစားသွားပါတယ်နော်

    ReplyDelete
  23. Happy Birthday ပါ တန်ခူးမေရေ-း)
    ဟင်းပွဲ ၁၀၀ ပွဲတော်တည် ရမဲ့..မတန်ခူးရဲ့ အိမ်ကလူကြီး တော့.. @@

    တပွဲလောက်စားရရင်..တော်ပါပြီ။

    ReplyDelete
  24. မတန်ခူး ဒီမွေးနေ့မှစပြီး နှစ်တိုင်း အလှုအတန်းကြီး ပေးနိုင်ပါစေ... ဟင်းစပ်တွေ အားလုံး ကူးထားတယ်.. အိုင်ဒီယာရအောင်လို့

    ReplyDelete
  25. ဟာ အစ်မတန်ခူး မွေးနေ့ကိုး။ စားသွားတယ် ပြောင်နေတာပဲ။ မိသားစုနဲ့ အသက်တရာတိုင် မခွဲမခွာ ပျော်ရွှင်နိုင်ပါစေ မတန်ခူးရေ။
    ဒီဟင်းစပ်တွေတော့ ကူးပြီး သိမ်းထားဦးမှ ထင်တယ်။

    ReplyDelete
  26. စေတနာ ဗလပွနဲ့ စိတ်ကူးကောင်းတဲ့ မွေးနေ့ အလှူလေးပါလား အမရေ။
    ဒီလို စေတနာမေတ္တာအကျိုးကြောင့် ဘ၀ဆက်တိုင်းမှာ စိတ်ပျော်ရွှင် ချမ်းမြေ့စွာ ဒီမိသားစုလေး ဆုံဆည်းရပါစေ။ အကောင်းဆုံး အကောင်းဆုံးတွေသာ ဖြစ်စေ၊ ရပါစေလို့ ဘလော့ညီမလေးက ဆုတောင်းပေးလိုက်ပါတယ်နော်။
    ဟင်းစပ်တွေလဲ ပုံရိပ်လေးပြောသလို ကူးယူသွားပြီဗျို့..

    ReplyDelete
  27. လက်စသတ်တော့ မတန်ခူးက ဒီလို အလှူမျိုးပေးချင်လို့ ဟိုပို့စ်နဲ့ လူလည်ကျထားတာကိုးဗျ။ များလိုက်တဲ့ ဟင်းစပ်တွေ၊ အကုန်လုံးကိုသာ တခုနည်းနည်းစီ လိုက်စားရရင် နရသီဟပတေ့မင်းနဲ့ပါ အမျိုးနည်းနည်း တော်သွားမယ် ထင်တယ်။ :D

    ReplyDelete
  28. ဘယ်လိုများစဉ်းစားပြီး ဒီလောက်များတဲ့ ဟင်းတွေ ချရေးလိုက်သလဲဗျာ.. မတန်ခူးက ဟင်းချက် တော်တော် ၀ါသနာပါပုံပါပဲ။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ..။

    ReplyDelete
  29. Ohhhhhhhhhh Goddddddddd!
    တကယ်ပဲ 6th Apr က မွေးနေ့လားအစ်မ ???
    ကျွန်မနဲ့တူတူပဲ။
    Wonderful !

    ReplyDelete
  30. မတန်ခူးအတွက် ကဗျာလက်ဆောင်….
    Sing a song of Birthdays
    Full of fun and cheer
    And may you keep on having them
    For many a happy year. - Anonymous

    ReplyDelete
  31. တယောက်ချင်းဆီကို ကော်မန့် မပြန်ခင် အရင်ပို့ စ်က ကျွန်မကို ဟင်းစပ်ပေးကြတဲ့ ချစ်သော ဘလော့ဂ်ရောင်းရင်းတွေကို ကျေးဇူးတင်ကြောင်းအရင်ပြောပါရစေ… တကယ်ကို ဟင်းစပ်ကို ဦးနှောက်ခြောက်နေခဲ့လို ဟင်းစပ်ပို့ စ်လေးတင်လိုက်တာပါ… မွေးနေ့ ပို့ စ်ဘာရေးရမှန်း မသိလို့  ဟင်းစပ်ပို့ စ်နဲ့  ဆက်စပ်ပြီး အိုင်ဒီယာရသွားလို့  ရေးလိုက်တာပါ… ဟင်းစပ်ပို့ စ်ရေးတုန်းက တကယ် ဒီလို မရည်ရွယ်ခဲ့ပါဘူး…

    ဆွီရေ… ဆွီဘယ်သူလဲဆိုတာ သတင်းအတိအကျရထားတယ်… မနေ့ က ဆွီဆီလာလည်သေးတယ်… အေးအေးဆေးဆေး ထပ်လာခဲ့ဦးမယ်…

    မောင်မျိုးရေ… ရွာသားလေး ဟင်းစပ် အမလဲ မသိဘူး… သူ့ ကို မေးကြည့်ရဦးမယ်… မောင်မျိုးရမ်းတုတ်တာ မှန်ပါတယ်… ကျေးဇူးပါ…

    ဧည့်ခံကောင်းပြီး ကျက်သရေရှိတဲ့ အပြုံးလေးနဲ့ မ ကြောင့် ကျွန်မရဲ့ အလှူ ပိုစည်သွားတယ်… မ ကလဲလေ… ဒီအသက်ကြီးကို မေ့ထားပါတယ်ဆိုမှ… ကျေးဇူးပါ မ ရေ…

    ရွာသားလေးရေ အပြင်မှာလဲ ကျွေးချင်ပါတယ်… ဒါပေမယ့် တယောက်ထဲတော့ မကျွေးချင်ဘူး… Mrsရွာသားလေးနဲ့ မှ… ရွာသားလေးဟင်းစပ်ကို ဘာသာပြန်ဦးလေ…

    ဆုတောင်းလေးအတွက် ကျေးဇူးပါ ကိုပေါရေ…

    Anonymousရေ… ခုမှ သုံးဆယ်ကျော်ပါ… များများကျော်သွားတာပဲရှိတာ…

    ကိုဇနိရေ… အဲဒီလိုမရည်ရွယ်ပါဘူး… မွေးနေ့ အတွက် ဘာပို့ စ်ရေးရမလဲ ထိုင်စဉ်းစားရင်း အိုင်ဒီယာရသွားတာပါ…

    ဆုတောင်းလေးအတွက် ကျေးဇူးပါနှင်းပန်းရေ… မတွေ့ တာကြာပြီနော်…

    မြတ်နိုးရေ… စင်္ကာပူလာဖြစ်အောင် လာခဲ့လေညီမ… တကယ်ကျွေးမှာ…

    မေ ရေ… ဟုတ်တယ်နော်… တယောက်ထဲချက်စားရရင် အဲဒီလိုပဲ… အမတို့ ကျောင်းတက်တုန်းကဆို တခါလာလဲ ခေါက်ဆွဲပြုတ်လေ… မေ့ ဆုတောင်းလေးအတွက် ကျေးဇူးပါမေရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    ဟုတ်ပါတယ် ညီမ sin dan lar ရေ… မွေးနေ့ ပါ… ကျေးဇူးပါနော်..

    နုရေ… အချိန်ရမှ ရေးပါညီမရေ… အေးဆေးပေါ့… အပြင်မှာ တကယ်အဲဒီလို အလှူကြီးပေးချင်ပါတယ်… ထီပေါက်ပါစေလို့  ဆုတောင်းပေးနော်… အဲဒီကျရင် လေယာဉ်လက်မှတ်ပို့ လိုက်မယ်… အလှူလာဖို့ …

    သန့် ရေ… ညီမတို့ ကျေးဇူးကြောင့် ဟင်းစပ်၁၀၀ ရသွားတာပေါ့ကွယ်… ကျေးဇူးပါညီမရေ…

    ပန်ရေ… တကယ်လာခဲ့လေ… သက်ဝေနဲ့ 

    နိနိရေ… ကျေးဇူးပါညီမရယ်… နိနိတို့ ဟင်းတွေ ၀ိုင်းစပ်ပေးလို့ ပေါ့… ထီပေါက်ရင် နိနိတို့ စုံတွဲကို လေယာဉ်လက်မှတ်နဲ့ တကွ အလှူဖိတ်စာပို့ လိုက်မယ်…

    သက်ဝေရေ… ခုလို အလှူမှာ လာကူညီပေးတာ ကျေးဇူးပါ… သက်ဝေပေးတဲ့ဆုနဲ့ ပြည့်ပါစေ….

    ကျေးဇူးပါ Anonymousရေ…

    ကိုတောင်ငူကလဲ… This man This manတွေပဲ… ပါဆယ်ပါသယ်သွား… အားမနာနဲ့ …

    ကျေးဇူးပါကောင်းကင်ကိုရေ… သူများတွေလို စိတ်မှန်းနဲ့ စားကြည့်ပါလား…

    ပေါက်ရေ… စားကောင်းရဲ့လား… ကျေးဇူးပါညီမရေ…

    ကေရေ… ကျေးဇူးပါ… ဟင်းပွဲတရာက အိမ်ကလူကြီးအတွက် မဟုတ်ပါဘူး… ဘော်ဒါတွေအတွက်ပါ… တပွဲမက စားသွားပါ ကေရေ…

    ညီမမီယာရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ… အမလဲ ပရင့်ထုတ်ထားတယ်ညီမရေ…

    ဆုတောင်းလေးအတွက် ကျေးဇူးပါပုံရိပ်ရေ… ဟင်းစပ်တွေ ကူးပြီး ကိုပုံရိပ်ကို ချက်ကျွေးခိုင်း… အဲလေ.. ယောင်လို့ … ချက်ကျွေးလိုက်လို့ ပြောတာပါ…

    ချိုသင်းရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ… ဟင်းစပ်တွေနဲ့  လက်စွမ်းပြလိုက်ပါဦးညီမရေ…

    ကိုစေးထူးရေ… အဲဒီလို မဟုတ်ရပါဘူး… နောက်မှ စဉ်းစားမိသွားတာပါ… မင်းမျိုးမင်းနွယ်တွေပေါ့နော်…

    ကိုငြိမ်းချမ်းအောင်ရေ… အားလုံးက ၀ိုင်းစဉ်းစားပေးကြတာလေ… ဘယ်လောက်ချစ်စရာကောင်းတဲ့ ဘလော့ဂ်ယဉ်ကျေးမှုလဲနော်… ကျေးဇူးပါ…

    Rita ရေ… ညီမမွေးနေ့ ကလဲ 6th Aprလား… တိုက်ဆိုင်လိုက်တာနော်… ကြည်နူးစရာပါညီမရယ်…

    ကဗျာလက်ဆောင်လေးအတွက် ကျေးဇူးပါ ညီမဇီဇ၀ါရေ… နာမည်လေးကြားတာနဲ့  ရနံ့ လေးရနေသလိုပဲ… နောင်လဲ လာလည်ဦးနော်…

    ReplyDelete
  32. ဗျို. တန်ခူး... ဟင်းစပ် ၁၀၀ ကို ကြည့်ပြီးတော့ သွားရည်ကျတယ်ဗျို.။ ဒါပေမယ့် ကျွန်တော်တို့ အညာသူအညာသားတွေရဲ. အကြိုက် ခရမ်းချဉ်သီးစိမ်းစားငါးပိချက်နဲ.တို့စရာ တမာဖူးဒါမှမဟုတ် ဥသျှစ်ရွက် နဲ့ တို့လိုက်ရယင် ဘယ်လောက်မြိန်လိုက်မလဲ။ ပြီးတော့ကျွန်တော်တို့အညာက အလှူမှာ ကျွေးလေ့ရှိတဲ့ ငါးရောင်ခြောက်ထောင်းကြော်+ကုလားပဲဟင်းချိုကို အုန်းသီးခြစ်ပြီးထည့်တာနဲ့ သရက်ချဉ်သုတ်ကလေး များအခုနေ လွေးလိုက်ရရင်ဗျာ..။ ဘာပြောကောင်းမလဲ ထိုင်ရာကတောင်ထနိုင်မှာမဟုတ်ဘူး။ တွေးရင်းနဲ့သွားရည်တောင်ကျလာပြီ....။ တန်ခူးရောဗျို.၊ ဘယ်လိုလဲ၊ ကြိုက်မယ်လို့ထင်တယ်....။ ရွှေဘိုသား

    ReplyDelete
  33. စားချင်တာ ဘိုက်ကြီးကယ်သွားမှာဘဲ အားလုံးစားရလို့တော့

    happy birthday ပါတန်ခူး။

    ReplyDelete