Saturday, September 27, 2008

ပထမဆုံးများ

ဘလော့ဂ်သူငယ်ချင်းလေး သက်ဝေက အမှတ်တရ တက်ဂ်ပေးထားတယ်… ပထမဆုံးများတဲ့… သက်ဝေရေ တို့ ကို သတိရတာ ကျေးဇူးနော်… ခက်တာက ငယ်တုန်းက အဖြစ်အပျက်တွေဆို အဖြစ်အပျက်သက်သက်ပဲ သတိရပြီး အဲဒီထဲက data တွေ အကုန်မေ့… ဒါပေမယ့် သတိရတဲ့ အထဲက ပထမဆုံးလေးတွေကို ရေးပေးလိုက်တယ်နော်…

ပထမဆုံးတက်ရသည့်ကျောင်း

မိသားစုထဲကို ပထမဆုံးရင်သွေးအဖြစ် ရောက်လာလို့  နဲနဲသိတတ်တဲ့ အရွယ်ရောက်လာတော့ ကျောင်းသွားချင်တာ… အိမ်မှာပျင်းတာကို… ပထမဆုံးတက်ရတဲ့ကျောင်းလေးက ဒေါ်ယုယုမွန် မူကြို(ဟိဟိ… နာမည်မှားရင်မှားနေလိမ့်မယ်)… ခုန်ပေါက်ပြီး ပျော်ရွှင်စွာနဲ့ သွားခဲ့တာ…

ပထမဆုံးတက်ရသည့်အတန်း

သူငယ်တန်းဆိုတော့ ကျောင်းသူကြီးဖြစ်ပြီဆို ဂုဏ်ယူဝင့်ကြွားစွာနဲ့  အဖြူအစိမ်းလေး ၀တ်ပြီး ကော့ကော့ ကော့ကော့နဲ့  တက်ခဲ့ရတဲ့ကျောင်းက လသာ၂… တက်ခဲ့ရတဲ့ အတန်းက သူငယ်တန်း… တန်းခွဲက ခ လား ဂ လား… မေ့တေ့တေ့…

ပထမဆုံးအတန်းပိုင်ဆရာမ

အင်း… အထက်မှာနိဒါန်းချီခဲ့သလိုပဲ… ဆရာမနာမည်တော့ မေ့ပြီး ဆရာမ ပုံစံတော့ သတိရနေသေးတယ်… မျက်မှန်နဲ့ … ဆံပင်မှာ လှိုင်းတွန့် လေးတွေနဲ့ … နာမည်မှာ မြင့် ပါသလိုပဲ… လသာ ၂က ဘော်ဒါတို့ ရေ… ကူစဉ်းစားပေးပါဦး…

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)

သူဇာမောင်မောင်တဲ့… မျက်မှန်လေးနဲ့ ဆံပင်တွန့် တွန့် လေးနဲ့ … အမြဲပြုံးပြီး သဘောအရမ်းကောင်းတာ… သူကတော့ မှတ်မိပါဦးမလားမသိ… (ဆရာမနာမည်ကျတော့ မေ့ သူငယ်ချင်းနာမည်ကျတော့ သတိရတယ်နော်… အရမ်းဆိုးတာ… ငယ်ငယ်တုန်းကပြောပါတယ်)

ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)

ငယ်ကတည်းက ရပ်ကွက်ထဲ ရွာရိုးကိုးပေါက် ဆော့နေတဲ့သူဆိုတော့ ယောင်္ကျားလေး ကစားဖော်တော့ ရှိခဲ့တယ်… ဒါပေမယ့် သူငယ်ချင်းတော့ မဟုတ်ဘူး… အဖေက ယောင်္ကျားလေးတွေနဲ့  ဝေးအောင် မိန်းကလေးကျောင်းတွေမှာပဲ ထားခဲ့တာ… ဆယ်တန်းကျမှ ၀ိုင်းမှာ ကောင်လေးတယောက်ကို သူငယ်ချင်း စတော်ခဲ့တာ… နာမည်က အောင် တဲ့… နာမည်အစအဆုံးတော့ မဟုတ်ဘူး….

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)

အဖေက ငယ်တုန်းက ကျောင်းစာက လွဲလို့  တခြားမဖတ်ရ… အိမ်က အဒေါ်ဆီက အဖေမသိအောင် ခိုးဖတ်တဲ့ ပထမဆုံးသောစာအုပ်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်…ခိုင်

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)

ညအခါ
လသာသာ
ကစားမလား
နားမလား
(သားကလဲ အရမ်းကြိုက်… အမေနဲ့ တူတာလေ)

ပထမဆုံး ရဖူးသောဆု

ရှက်လိုက်တာ… ၅တန်းထိ စာနဲ့ ပတ်သက်လို့  ဘာဆုမှ မရဖူးဘူး… ဘယ်ရမလဲ… အဆော့မက်နေတာလေ… ၆တန်းမှ ပညာရည်ချွန်ဆု စရတာ… ပထမဆုံးရဘူးတဲ့ဆုက အိမ်ရှေ့ က ကွင်းကြီးထဲ လွတ်လပ်ရေးကစားပွဲမှာ အပြေးပြိုင်ပွဲ ပထမဆု… အိမ်ကမသိအောင် သွားပြိုင်တာ… ပျောက်လို့ လိုက်ရှာပြီး စပီကာထဲက ကိုယ့်နာမည်ကြီး ဆုရတယ်ဆို အော်မှ အဖေက ဒုတ်နဲ့ လိုက်လာတာ… ဆုလေးတောင် မှတ်မိသေး… အစိမ်းရောင်ပလပ်စတစ်ရေခွက်လေး….

ပထမဆုံး စီးရသော ဘတ်စ်ကား

သူငယ်တန်းတုန်းက ကျောင်းအသွားဆို အဖေက လိုက်ပို့ ပေးတယ်… ကျောင်းအပြန်ကျ ဦးလေးနဲ့ အတူ ဘတ်စ်ကား စီးရတာ… နံပါတ်တော့ မေ့သွားပြီ… အဲဒီ ဘတ်စ်ကားကြီးတွေ ခုထိရှိတုန်း…

ပထမဆုံး ဆိုခဲ့သော သီချင်း

သနားပါတယ်… အားနာတယ်… သက်သက်ညှာညှာ ပြောလိုက်မယ် ကျွန်မမှာချစ်သူရှိတယ်….ရှင်ငရဲကြီးလိမ့်မယ်…အယ်….အယ်…အယ်…..

အဒေါ်ချော့သိပ်နေကျသီချင်းလေ…အဆုံးသတ်နားကျ မဆွဲနိုင်လို့ အယ်လိုက်တာ… အဲဒါကို မိဘတွေ ကိုးကွယ်တဲ့ ဘုန်းဘုန်းက ချစ်စရာကောင်းလို့ ဆို အမြဲဆိုပြခိုင်းတယ်… သီချင်းတခါဆိုပြပြီးရင် ချိုချဉ်တွေ စွန့် တော့ ကိုယ်ကလဲ ဘယ်နှစ်ခါဆိုခိုင်းဆိုခိုင်း….

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)

တူးတူးရဲ့ ပထမဆုံးအခွေ… အခွေနာမည်တော့ မေ့သွားပြီ… သီချင်းတွေတော့ ခုထိ အလွတ်ရတုန်း…

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ

အမှန်အတိုင်းပြောရရင်… ခုထိ တခါမှ မ၀ယ်ဖူးဘူး… အိမ်က အမျိုးသား ၀ယ်တာတွေပဲ ကြည့်တာ….

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်

အကယ်၍သာ တဲ့… ကော်လိပ်ဂျင်နေ၀င်း၊မြတ်မွန်နှစ်ကိုယ်ခွဲ… မင်းသမီးရော မင်းသားရော ဇာတ်လမ်းပါ ကြိုက်လွန်းလို့  ခုထိမှတ်မိနေတုန်း…

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်

အီစီကလီ ဟိုမရောက်ဒီမရောက် တွေဖယ်ပြီး နှစ်နှစ်ကာကာနဲ့  ဘ၀တလျှောက်လုံးအတွက် ရည်ရွယ်ပြီး ရီးစားထားခဲ့တဲ့နှစ်က ကျောင်းပြီးမှပါ… (အဲဒီရီးစားနဲ့ ပဲ အိမ်ထောင်ကျခဲ့တာပေါ့)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ

အရှည်ကြီးပဲ… အဖြေပြန်ပေးတာက နဲနဲ… အဲဒီတုန်းက သူက အလုပ်ထဲ အဆင်မပြေလို့  စိတ်ညစ်နေချိန်ဆိုတော့ အားပေးမိတာများများ… နဂိုကလဲ စာရေးဝါသနာပါသူဆိုတော့ ပထမဆုံးရီးစားစာဆို အပြတ်ရေးတာ နှစ်မျက်နှာဖြစ်သွားတယ်…

ပထမဆုံး ကဗျာ

ကဗျာနာမည်လေးတော့ မေ့သွားပြီ… တစုံတယောက်အတွက် အမှတ်တရ သူငယ်ချင်းတွေ စုထုတ်ခဲ့တာ… တကယ့်ကို အမှတ်တရပါပဲ…


ပထမဆုံးရောက်ခဲ့သော အခြားမြို့

မြင်းခြံ… သိပ်ချစ်စရာကောင်းတဲ့ မြို့ လေးပေါ့… တမာပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ … သနပ်ခါးပါးကွက်ကြားနဲ့  ပွင့်လင်းတဲ့ အညာသူလေးတွေရှိတယ်… ပြီးတော့…စွန်းလွန်းဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဖူးမျှော်လို့ ရတယ်လေ….

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား

စင်္ကာပူ… သိပ်စိတ်ညစ်ခဲ့တာ… မိဘနဲ့ လဲဝေး ချစ်သူနဲ့ လဲဝေး… တနေ့ တနေ့ ငိုလိုက်ရတာ… အဆောင်ရှေ့ က ပိတောက်ပင်ကြီးပွင့်တော့လဲ မျက်ရည်ဝဲ… အစားအသောက်တွေ မစားနိုင်တော့လဲ မျက်ရည်ဝဲ… အင်း… ခုတော့လဲ… နေသားကျလိုက်ရတော့တာပေါ့….

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်

မသောက်ဖူးပါဘူး….

ပထမဆုံး ချက်ဖူးသော ဟင်း

သီးစုံချဉ်ရည်… အဒေါ်က အဲဒီဟင်းနဲ့  လက်တည့်စမ်းခိုင်းတာ… ကောင်းတယ်လို့ ချီးကျူးခံရတယ်…ဟဲဟဲ… ခုထိလဲ ကောင်းတုန်း…တကယ်ပြောတာ…

ပထမဆုံး ပစ်ဖူးသော သေနတ်

စစ်တိုက်တိုင်းကစားတုန်းက လက်သေနတ်နဲ့ ပစ်တာလေ…

ပထမဆုံး ဘလော့ပို့စ်

သို့ …လေနုအေး

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ

ရုပ်ရှင်ရုံ… ရုပ်ရှင်သရဲလေ… တမျိုးမထင်နဲ့ ဦး… သူငယ်ချင်းတွေနဲ့ ပါ….

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်

မေဓာဝီ… အရေးအသားလေးတွေ ညက်လွန်းလို့  မြန်မာစာတော်လွန်းလို့  စွဲသွားတာ… ရုံးရောက်တာနဲ့  ပထမဆုံးဖတ်ဖြစ်တာသူပဲ… ခုတော့ ခဏနားထားတယ်… (ပြောရင်းလွမ်းသွားပြီ မေရေ)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ

ကိုပေါ နဲ့ က အရင်က ရင်းနှီးလက်စ… ဘလော့ဂါဖြစ်မှတော့ မဟုတ်ဘူး… ဘလော့ပေါ်မှာ လူချင်းမမြင်ဘူးပဲ ပထမဆုံးရင်းနှီးရတာတော့ သက်ဝေပေါ့… စိတ်ထဲမှာ အပြင်က ကိုယ်ခင်လက်စ သူငယ်ချင်း တယောက်ယောက်လို့ ခုထိထင်တုန်း…

ဆက် တက်ဂ်ချင်သူများကတော့

၁) မမေငြိမ်း
၂) ညီမလေးခွန်မြလှိုင်
၃) ညီမလေးအိမ့်ချမ်းမြေ့

ရေးပေးကြပါနော်… အလုပ်အားရင်ပေါ့…

တန်ခူး
9:25pm 27-Sep-2008


26 comments:

  1. မတန်ခူးရေ အစ်မအပြေးပြိုင်ပွဲမှာ ဆုရပုံက ရယ်စရာလေး။
    သီးစုံချဉ်ရည်လို့ ဖတ်ရတော့ စားတောင် စားချင်လာတယ်။

    ReplyDelete
  2. သနားပါတယ်… အားနာတယ်… သက်သက်ညှာညှာ ပြောလိုက်မယ် ကျွန်မမှာချစ်သူရှိတယ်….ရှင်ငရဲကြီးလိမ့်မယ်…အယ်….အယ်…အယ်…..

    ReplyDelete
  3. ဒေါ်အေးအေးမြင်.
    ဒေါ်ခင်မြင့်
    ဒေါ်ခင်သန်းမြင့်
    ဒေါ်တင်လေးမြင့်
    ဒေါ်မြင့်မြင်.စန်း..........................

    ReplyDelete
  4. ဆုလေးတောင် မှတ်မိသေး… အစိမ်းရောင်ပလပ်စတစ်ရေခွက်လေး….

    ReplyDelete
  5. သတင်းစကား
    နေမကောင်းဖြစ်နေ ပါရွေ့ဘလော့ ရေးနေပါသည်။

    ReplyDelete
  6. အစ်မကအပြေးသန်တာပဲ ဆုရပါတယ်ဆိုမှ အဖေကရိုက်ရသေးတယ်နော်း) ခံစားချက်နှစ်မျိုးပေါ့နော့် ဆုရလို့ ပျော်တယ် အဖေရိုက်မှာကိုတော့ကြောက်တယ် အဲ့ခံစားချက်လေး မိုက်တယ်ဗျ........။

    ReplyDelete
  7. သီးစုံချဉ်ရည် ဟင်းလေး ချက်ကျွေးပါ လားဟင်

    ReplyDelete
  8. အမတန်ခူးက အပြေးလည်း သန်ပါ့။ သီချင်းကလည်းဆိုလိုက်သေးတယ်။
    ဒါတွေကို အမအမျိုးသားက ချစ်နေတာပဲနေမယ်။
    အမသားလေးပုံကိုလည်း ကြည့်ချင်လိုက်တာ။
    ဒါနဲ့ အမနေကောင်းပြီလား။

    ReplyDelete
  9. မတန်ခူးရေ...
    မှတ်မိတာတွေများသားပဲ..
    ဟီးး
    ပထမဆုံးယောင်္ကျားလေးသူငယ်ချင်းကိုလည်းမှတ်မိတာပဲနော်
    အောင်..တဲ့...ဟားဟား

    ReplyDelete
  10. အမတန်ခူးရေ.. နေကောင်းသွားပြီလား အမ။ အမက အတော်လေးမှတ်မိတာပဲ။ ကျနော်ဆို တော်တော်များများ မေ့ကုန်ပြီ။ အမ သီချင်းဆိုတဲ့ပုံကို မြင်ယောင်မိတယ်.. ချိုချဉ်တွေ အတော်မှ ရခဲ့လား အမရေ.. :)

    ReplyDelete
  11. `ပြာမှိုင်း.. တောင်တန်းတွေ နဲ့ ၀ိုင်းနေ..ကွေ့ကောက်ရစ်ပတ် တဲ့.. တောင်ပြာတန်း.. ဧရာဝတီ..ချင်းတွင်း ..သံလွင်နဲ့.. အနောက်ဖက်..တောင်ကုန်းမြင့်..အရှေ့ဖက်လွင်ပြင်..စိမ်းလန်းကျယ်ဝနးတယ်..ရေကြည်ရာသွား..မျက်နုရာဖွေတဲ့..

    အဲဒီ တူးတူး အခွေလေး လား မသိဘူး။
    အင်း..မျက်နု ရှာရင်း..မျက်တွေ ရင့်လာနေပြန်တာပဲ။

    ReplyDelete
  12. ပထမဆုံးများကို လာရောက်ဖတ်ရှုသွားပါတယ်။

    ချမ်းမြေ့ပါစေဗျာ

    ReplyDelete
  13. မတန်ခူးနဲ့ ကျနော် ပထမဆုံး ဖတ်ဖြစ်တဲ့ အပြင်စာ တူတယ်။
    အပြေးပြိုင်ပွဲ ဆုရပုံလေး ရေးထားတာ မျက်စိထဲတောင် မြင်ယောင်တယ်။ :)

    ReplyDelete
  14. ပထမဆုံးဖတ်ဖူးတဲ့စာအုပ်လေးတူနေပါတယ် အမရေ

    ReplyDelete
  15. အင်း..အသောလေးနဲ့ ရေးသွားပုံထောက်တော့ အတော် နေကောင်းလာပြီပဲ။
    စစ်တိုက်တုန်းက လက်သေနတ်နဲ့ ပစ်တာကို အမ တန်ခူး ပြောပြမှ သတိရတယ်။ ဟုတ်တယ်နော်။ လူတိုင်းမှာ ကိုယ်ပိုင်သေနတ်တွေ ရှိနေသားပဲ။ :P

    ReplyDelete
  16. မတန်ခူးက...
    မှတ်မိတာများတယ်နော်...
    ကျနော်တွေးမိတာက ....ဆရာတော်ဘုန်းဘုန်းနဲ့ ဒီသီချင်းနဲ့ ...ဟီးဟီး။
    မျက်စိထဲ မြင်ကြည့်တာ....
    မုန့် ဘိုးကလည်းရသေးတယ်ဆိုတော့....
    ဘယ်လောက်တောင်ပဲများပြီး...အသံဆွဲနေမလဲ
    မသိဘူး...
    အယ်...အယ်..အယ်တောင်ဖြစ်တာဆိုတော့..။

    ReplyDelete
  17. ama yay,..
    I cannot see all ur posts coz no Myanmar font.

    :(

    ama, r u fine now?

    ReplyDelete
  18. တန်ခူးရေ...

    နေမကောင်းလှတဲ့ကြားက ရေးပေးတာ ကျေးဇူးပါ။
    သက်ဝေ တစ်ယောက် Tag တုံးက Tag ပြီး ရေးထားတာတော့ ချက်ချင်းလာ မဖတ်ဖူးလို့  မထင်ပါနဲ့ နော်..။ မနက်မိုးလင်း အိပ်ရာနိုးနိုးချင်းထဲက ဖတ်ပြီးတာပါ။ အချိန်မရလို့  Comment မရေးခဲ့ရတာ..။ အခုကြည့်လိုက်တော့... အားပါးပါး.. Comment တွေ တော်တော်တောင်များနေပါပေါ့လား..။

    တန်ခူးရဲ့  ပထမဆုံးတွေက ပျော်စရာ.. ချစ်စရာ...။
    တန်ခူးဆိုပြရင် နားထောင်ချင်တဲ့သီချင်းက ရှင်ငရဲကြီးလိမ့်မယ်... အယ်.. အယ်.. အယ်...။
    ချက်ကျွေးရင် စားချင်တဲ့ဟင်းက သီးစုံချဉ်ရည်..။
    ဘလော့ဂ်မှာ ပိုစ့်တစ်ခုအနေနဲ့  မြင်ချင်တာက ပထမဆုံး ရီးစားစာ...။ ဟီဟိ...။

    သက်ဝေကို "စိတ်ထဲမှာ အပြင်က ကိုယ်ခင်လက်စ သူငယ်ချင်း တယောက်ယောက်လို့ ခုထိထင်တုန်း" ဆိုတဲ့ စာကြောင်းလေးဖတ်လိုက်ရတော့... တန်ခူးကို ပိုခင်သွားရင်း စိတ်ထဲကလဲ အင်း.. တစ်နေ့ နေ့ ပေါ့... တစ်နေ့ နေ့ ပေါ့... လို့ ...။

    ReplyDelete
  19. အမရေ..
    ပထမဆုံးပြောချင်တာက သီးစုံချဉ်ရေဟင်း စားချင်ပါတယ်။
    စင်္ကာပူကို လာလည်ရင် ပထမဆုံး တွေ့ချင်တာက အမတန်ခူးဆို ယုံမလားးးး

    ReplyDelete
  20. ချင်.ယုံ ။ တို.ကိုလည်.ခင်တယ်တဲ. မြတ်နိုးက။ ဒါပေမဲ. ဟုတ်မှာပါ။ တို.ကို အဲလိုတော. မပြောဘူးပါဘူး။ :P

    ReplyDelete
  21. ပထမဆုံးတွေကို လာဖတ်သွားပါတယ် အစ်မ။

    ReplyDelete
  22. အမတန်ခူးရေ .. တကယ် ရေးပြီး တင်ပြီးပြီနော် လာသတင်းပေးတာ

    ReplyDelete
  23. ပုံရိပ်ရေ… ငယ်တုန်းက အဲလောက်ဆိုးပါသည်… အိမ်လာလည်လေ… သီးစုံချဉ်ရည်ဟင်း ချက်ကျွေးမှာပေါ့…

    မမရေ… ကော်မန့် တွေ အများကြီးပေးသွားတာရယ် ဆရာမနာမည်ဝိုင်းစဉ်းစားပေးတာရယ် အတွက် ကျေးဇူးပါ… ဒေါ်မြင့်မြင့်စန်းလို့ ထင်တာပဲ…

    မောင်မျိုးရေ… အပြေးသန်ပေမယ့် အဖေရိုက်တော့ မပြေးရဲတော့ဘူးလေ….

    အိမ်လာလည်ရင် ချက်ကျွေးမယ် skyblueရေ…

    မဇနိရေ… သားလေးပုံ ဖိုးရွှေလိပ်လေးမှာ တင်ထားတယ်နော်…

    ပေါက်ကတော့ လုပ်ပြီ…

    ဘုန်းဘုန်းကို ညာစားတာနုရေ… တခါတခါ ကာတွန်းရုပ်လေးတွေနဲ့  မျက်နှာသုတ်ပုဝါ အသေးလေးတွေတောင် စွန့် ပေးသေးတယ်…

    ကေရေ… အမှန်ပဲ…အဲဒီအခွေ… မြက်တွေကတော့ ကြာလာလေ ပိုရင့်လာလေနော်…

    ခုလို လာဖတ်တာ ကျေးဇူးပါ ကိုအောင်သာငယ်… ကျွန်မက ကိုအောင်သာငယ်ရဲ့ မူရင်း ပထမဆုံးများနဲ့ နောက်ဆက်တွဲတွေ ဖတ်ပြီးမှ ရေးဖြစ်တာပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

    အဲဒီစာအုပ်လေးကို စိတ်ဝင်စားမိတဲ့ အကြောင်းက နောက်တခုရှိသေးတယ် ကိုစေးထူးရေ… ခုတော့ ပြောလို့ မဖြစ်သေး… ကျွန်မ ပြန်ဖတ်တာ ၅ ခေါက်ရှိသွားပြီ… နောက်ဆုံးအခေါက်ဖတ်ပြီးတုန်းက ခိုင့်အကြောင်းကို အတော်တွေးဖြစ်လိုက်တယ်…

    ဟုတ်ပါရဲ့ ရွာသားလေးရေ… ပထမဆုံးဖတ်မိပြီး ပထမဆုံး စွဲလန်းသွားတဲ့ ၀တ္ထုပေါ့…

    ချိုသင်းသေနတ်ကရော… လက်ဖြောင့်လား….

    ကိုသစ်နက်ဆူးရေ… တကယ်တော့ ဘုန်းဘုန်းက သီချင်းနားထောင်ချင်လို့  မဟုတ်ပါဘူး… ကလေးနဲ့ မလိုက် ပဲများတာကို ရယ်ချင်လို့ လေ… ကိုယ့်ကိုယ်ကိုတောင် ပြန်မြင်ပြီးရယ်ချင်တယ်…

    သက်ဝေရေ… ပထမဆုံးရီးစားစာတော့ မတင်ပါရစေနဲ့ ကွယ်… တော်ကြာ ဘလော့ဂ်လိုင်စင်ပြုတ်သွားလိမ့်မယ်… သက်ဝေပြောတဲ့ တနေ့ နေ့ ရောက်ရင်…ဟယ်..ထင်သားပဲ… သက်ဝေက xxxx ကိုးလို့  ဖြစ်နေမှာ မြင်ယောင်သေး…

    ညီမလေးမြတ်နိုးရေ… စင်္ကာပူကို လာရင် တို့ နဲ့ ပထမဆုံးတွေ့ ပြီး သီးစုံချဉ်ရည်ဟင်းကို ပထမဆုံးချက်ကျွေးမှာ…တကယ်… အစီအစဉ်ရှိရင် အီးမေးလ်ပို့ လိုက်နော်…

    မမရေ… မြတ်နိုးက တူတူပဲတဲ့… မြတ်နိုးရေ…ဟုတ်တယ်ဟုတ်…

    ကောင်းကင်ကိုရော… ပထမ မဆုံးဘူးလား… တက်ဂ်ထားတာတွေ့ လိုက်တယ်…

    ညီမလေးလှိုင်ရေ… ရေးပေးတာကျေးဇူးပါ… ဖတ်လို့ ကလဲ အရမ်းကောင်း…

    ReplyDelete
  24. ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)

    သူဇာမောင်မောင်တဲ့… မျက်မှန်လေးနဲ့ ဆံပင်တွန့် တွန့် လေးနဲ့ … အမြဲပြုံးပြီး သဘောအရမ်းကောင်းတာ… သူကတော့ မှတ်မိပါဦးမလားမသိ…

    sis, she also my uni friend:)

    ReplyDelete