Monday, July 18, 2011

Sunday Menu

ဘလော့မရေးတာကြာတော့ ကီသွင်းတဲ့အနေနဲ့  အပျင်းဖျောက်တဲ့အနေနဲ့  ပေါ့ပေါ့ပါးပါး ဒီပို့ စ်လေး တင်လိုက်တာပါ… ဒီအပတ် ချက်စားဖြစ်တဲ့ Sunday Menu လေးပါ…
Sunday မနက်စာ သားMenuကတော့ ham and egg sandwich ပါ… ကြက်ဥလေးတလုံး မကျက်တကျက်ပြုတ်… ချေထား…ပြီးတော့ hamလေးကို ပြုတ်… ပေါင်မုန့် လေးကို ထောပတ်သုတ်ပြီး … ကြက်ဥနဲ့ hamလေးညှပ်လိုက်တဲ့ အလွန်လွယ်တဲ့ သားအရမ်းနှစ်သက်တဲ့ မနက်စာပါ… ဓာတ်ပုံမရိုက်လိုက်မိပါ ဘူး… သားဖေဖေအတွက်တော့ နနွင်းဝါ၀ါ ပဲပြုတ်ထမင်းကျော်လေးရယ် ငါးခြောက်ဖုတ်လေးရယ် ဂေါ်ဖီလေးပါးပါးလှီး ကြက်သွန်နီလေးပါးပါးလှီး သံပုရာသီးလေး နဲ့ ဆားလေးဖြူးထားတဲ့ အချဉ်လေးနဲ့ ပါ… မြန်မာဆန်တဲ့ မနက်စာပေါ့….



နေ့ လည်စာကို ဘာချက်ရမှန်းမသိတာနဲ့  မမိုရဲ့ အိမ်ရှင်မလက်ရာထဲက ပုဇွန်ရုံးပတီသီးမလေးဒညင်းသီး ချက်ဖို့ရွေးချယ်လိုက်ပါတယ်…. ပြီးတော့ လွယ်လွယ်ကူကူ စားလို့ ကောင်းတဲ့ သားကြိုက်တဲ့ အာလူးကက်တလစ်လေးပေါ့….
တကယ်တော့ ပုဇွန်ရုံးပတီသီးချက်ကို မမိုဆီမှာ ဓာတ်ပုံလေးတွေ့ တာနဲ့  ရမ်းသမ်းမှန်းချက်ကြည့်တာ သိပ်မဆိုးလှပါဘူး… မနက်ဈေးက ၀ယ်လာတဲ့  ပုဇွန်စိတ်လေးတွေကို ဂျင်းကြက်သွန်ဖြူထောင်း အရည်ညှစ်…ငံပြာရည်…နနွင်းမှုန့် နဲ့ အရင်နယ်ထားလိုက်ပါတယ်… ပြီးမှ ရုံးပတီသီးလေးကို အနေတော်လှီး.. ခရမ်းချဉ်သီးလေး ခပ်ကြီးကြီးလှီး… မလေးဒညင်းသီးလေးရယ်… ကြက်သွန်နီခပ်ကြီးကြီးလှီးထားတာရယ် ပြင်ထားလိုက်ပါတယ်…



ဂျင်းကြက်သွန်ဖြူကို ဆီသတ်… ပုဇွန်ခြောက်မှုန့် လေးထည့်… ငါးပိလေးရယ်.. ငံပြာရည်…နနွင်းမှုန့် ..အရောင်တင်မှုန့် နဲ့  ဆီသတ်ပါတယ်… ဆိုင်မဆိုင်တော့ မသိ…အနှစ်လေးရအောင် oyster sauce လေးနဲနဲ ထည့်ပါသေးတယ်… အနှစ်လေးမွှေးလာမှ ပုဇွန်လေးတွေ ထည့်ပြီး လုံးပါတယ်…



ပုဇွန်လေး အရောင်ပြောင်းလာတော့ အသင့်ပြင်ထားတဲ့ရုံးပတီသီး..မလေးဒညင်းသီး..ခရမ်းချဉ်..ကြက်သွန်နီတို့  ရောလုံးပါတယ်… တကယ်တော့ ငရုတ်သီးစိမ်းလေးပါရင် အရသာက ပိုထိသွားမှာပါ… သားကိုကျွေးမှာမို့ ငရုတ်သီးစိမ်းမထည့်ဖြစ်တော့ပါဘူး… အမှန်က ရုံးပတီသီး အရမ်းမနူးခင် ချရမှာပါ… သားက မနူးရင် မစားတာမို့  နူးမှချဖြစ်တော့ နဲနဲတော့ချွှဲသွားပါတယ်….



အာလူးပြုတ်ထားတာကို ထောင်းပြီး ကြက်ဥအကာကို ဖယ်ထား အနှစ်လေးကို အာလူးရယ်ဆားရယ်ရောနယ်ပါတယ်… ကျော်တဲ့အခါ အခုလေးလုပ်ပြီး ကြက်ဥအကာနှစ်လေးထဲ ထည့်စိမ်ပြီး ကျော်လိုက်ရုံပါပဲ… အဆာမသွပ်တဲ့ လွယ်ကူလျင်မြန်တဲ့ အာလူးကတ်တလစ်ကျော်လေးပါ…









Sunday Menuလေးနဲ့  ကိုယ့်ကိုယ်နှိုးထလိုက်ပါတယ်… ဘလော့ကြွလာ မိတ်သဟာတို့  မြိန်လျက်စွာသုံးဆောင်ကြပါရှင်….
တန်ခူး
9:53pm 19-Jul-2011

8 comments:

  1. အင်း
    တခါပေါ်လာ

    ReplyDelete
  2. မောင်မျိုးJuly 18, 2011 at 11:45 PM

    အကြာကြီးပျောက်ပြီး ဟင်းပွဲံလေးနဲ့ဆိုတော့လည်း ကျေနပ်ရတော့မှာပေါ့လေ သတိရတယ် အစ်မကြီးရေ့ စာတွေ ရေးပါအုံး စာငတ်နေတယ် အဟုတ် ။

    ReplyDelete
  3. လာပြီလား...တို့က သွားတော့မလို့
    ဟုတ်တယ်လေ
    သူတို့ကို လွမ်းရတာနဲ့ ဒီမှာ လွမ်းဖျားလွမ်းနာကျပြီး
    ယဲ့ယဲ့ကျန်တော့တာ...

    ReplyDelete
  4. ပုဇွန်ရော..ရုံးပတီသီးပါကြိုက်တယ်...
    ဟင်းအစပ်ကတည့်ပါ့နော်..
    အာလူးကတ်သလစ်လဲကြိုက်တယ်..
    လုပ်ရတာလက်ဝင်လို့သာ.. သူများလုပ်ထားတာဘဲ ငေးသွားတယ်

    ReplyDelete
  5. ဒီလက်ရာလေးကို လွမ်းနေတာ..
    အမြဲ သတိရလျက်ပါ အမရေ..

    ReplyDelete
  6. တန်ခူးရေ...
    အာလူးကြော်စားချင်တယ်... ရုံးက ခွင့်ယူတဲ့နေ့ကျ ပြောပါ... နေ့လည်စာ လာစားမယ်...း))
    စာရေးဖို့ ကီသွင်းနေပြီဆိုတော့ ပိုစ့်အသစ်တွေ ဆက်တိုက် မျှော်နေမယ်နော်...း))

    ReplyDelete
  7. ပျောက်နေတာကြာ
    ပေါ်လာတော့ ဟင်းချက်ကျွေး
    မလေးဒညင်း ပုဇွန်ဟင်းရယ်နဲ့
    လွမ်းလောက်ကဲ့လေး။

    အမည်မသိ စာဆို ဆွိး)))

    ReplyDelete
  8. အာလူးကက်တလိတ်လေး လုပ်စားကြည့်အုံးမယ်။
    အမတန်ခူး လုပ်တော့လဲ လွယ်သားပဲ။ ဒီမှာ အာလူးပေါပေမဲ့ လုပ်ရတာ လက်ဝင်မှာစိုးလို့ မလုပ်တာ။

    ReplyDelete