Monday, June 22, 2009

Brandရောဂါ

ကျွန်မတို့  မြန်မာနိုင်ငံမှာတော့ တချို့ အမျိုးသမီးတွေ အချင်းချင်းတွေ့ ရင် ရွှေဘယ်လောက် ၀တ်ထားလဲ၊ စိန်ကဘာစိန်လဲ၊ ဘယ်နှစ်ရတီလဲ… ဒါမျိုးတွေ ကြည့်ပြီး အကဲခတ်တတ်ကြတယ်။ shopping centreလိုမျိုး၊ စကော့ဈေးလိုမျိုးသွားတောင် လူကို ခြေဆုံး၊ခေါင်းဆုံးကြည့်ပြီး ရွှေတွဲလဲ၊ငွေတွဲလဲ မဟုတ်ရင် ဈေးကို စိတ်မပါ့တပါ ပြောတတ်တာ။ ဒါကြောင့်တချို့ ပြောကြတယ်။ ၀တ်ချင်လို့ ၊ ၀ါသနာပါလို့  တော့မဟုတ်ပါဘူး… လူရိုသေ၊ ရှင်ရိုသေအောင်လို့ ပါတဲ့။ နားကပ်လေးမှ မ၀တ်နိုင်ရင် ဘယ်တင့်တယ်မလဲတဲ့။ ကျောင်းတုန်းက အိမ်ထောင်ရေးကို ဈေးတွက်တွက်တဲ့ ကျောင်းသားတွေ တွေ့ ခဲ့ဖူးတယ်။ စီးတဲ့ကား၊ ၀တ်တဲ့စိန်၊ အဖေရာထူးကြည့်ပြီး ကောင်မလေးကို ချစ်ရေးဆို ချဉ်းကပ်သတဲ့။ တောက်… သူဝတ်ထားတဲ့ စိန်လက်စွပ်ကြီး ဈေးမနဲဘူးကွဆို မချင့်မရဲ ပြောတတ်သေး။ တချို့  ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပေမယ့် ရွှေမရှိ၊ငွေမရှိ ချို့ ချို့ တဲ့တဲ့မို့  နောက်ဆုတ်သွား တတ်သေးတယ်။ ပြီးတော့ စကားပြောရင် လက်ကလေးခါခါ ခါခါနဲ့ ပြောတတ်တဲ့… သူလက်ခါလိုက်ရင် မျက်စိတွေကြိမ်းသွားအောင် စိန်တွေညွှတ်နေတဲ့ တယောက်ကို ချစ်လှပါချည့်ရဲ့ဖြစ်ကော။ ပရောက်ဖစ်ဆာမကြီး တယောက်ကတော့ ပိုက်ဆံတတ်နိုင်ရင်တောင် သူ့ ထက်ကြီးတဲ့ စိန်ဝတ်ရင် မကြိုက်ဖူးဆိုပဲ။ ဒါက ကျွန်မတို့  နိုင်ငံက ရွှေတွေ၊ငွေတွေရဲ့ အရေးပါမှုပေါ့။

ဒီရောက်တော့ မလေးရှားလူမျိုးကလွဲရင် စလုံးတွေက ရွှေဆိုမျှင်မျှင်လေးပဲ ၀တ်ကြတာ။ မျှင်နိုင်သမျှမျှင် တခါတလေ မြင်တောင်မမြင်ရဘူး။ မလေးရှားလူမျိုးတွေကတော့ မြန်မာလူမျိုးတွေထက်တောင် အတုံးလိုက်အခဲလိုက် ၀တ်သေးတယ်။ လူရိုက်လို့ တောင် ရလောက်တဲ့ ထုကြီးကြီးတွေ။ စလုံးတရုတ်မတွေကျတော့ တယောက်နဲ့ တယောက်တွေ့ ရင် မသိမသာ ပိုက်ဆံအိတ်ကိုကြည့်တယ်… ပြီးတော့ဖိနပ်ကိုကြည့်တယ်… နေကာမျက်မှန်ကို ကြည့်တယ်… အကျီင်္ကိုကြည့်တယ်…။ သန့် စင်ခန်းထဲရောက်ရင် ဘာနှုတ်ခမ်းနီလေး ထုတ်ဆိုးလဲကြည့်တယ်…။ ဓာတ်လှေကားထဲရောက်ရင် ရေမွှေးကို အနံ့ ခံတယ်။ brand ရောဂါပါ။ ဟယ်… သူလွယ်ထားတဲ့ LVလေးက ဒီဇိုင်းအသစ်လေးပါလား… သူ့ မှာ့ Gucci ဘယ်နှစ်အိတ်တောင် ရှိပါလိမ့်၊ တခါလွယ်ရင် အရောင်တမျိုး… သူ့ ဖိနပ်ကလေးက အရောင်လေးစိုပြီးလှနေတယ်ထင်တာ nine west ဖြစ်နေတာကိုး…။ ဒီနိုင်ငံရဲ့ brand အရေးပါ အရာရောက်မှုပါ။ သတင်းစာထဲမှာ ဘယ်brandက Saleဆို အပြေးအလွှား သွားကြ အချင်းချင်း ဖုန်းဆက်ကြ။

တချို့ တွေ အချင်းချင်းပြောနေရင် နားကို မလည်နိုင်ပါဘူး။ ပေါများလိုက်တဲ့brandတွေ။ အဲဒီbrandတွေ နောက်သာ ကောက်ကောက်ပါအောင် လိုက်ရရင် ရတဲ့လစာရဲ့ အဆပေါင်းများစွာ ပြောင်မှာပါ။ အိတ်တအိတ်ကို ဒေါ်လာထောင်ကျော် မပြောနဲ့  ရာကျော်ပေးဖို့ တောင် အထပ်ထပ် စဉ်းစားရတာမိုလား။ ကိုယ့်ဘီရိုဖွင့်လိုက်ရင် မbrandတာတွေက များပါတယ်။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် တခါတခါ ဈေးလေးဘာလေးချတယ်ကြားရင် လွယ်ကြည့်၊ မျက်မှန်လေးတပ်ကြည့်၊ အင်္ကျီလေးကောက်ဝတ်ကြည့်တာမျိုးတော့ လုပ်မိပါတယ်။ branded saleဆို ပေါချောင်ကောင်းလေးများ တွေ့ မလားလို့  မယောင်မလည်သွားဖူးပါတယ်။ လက်ဗလာနဲ့  ပြန်လာတာများပါတယ်။

ဟိုတနေ့ က ချစ်တဲ့သူငယ်ချင်းတယောက် သွားကိုက်နာ မခံစားနိုင်လို့  ဆရာဝန် သွားပြခိုင်းတာ ကုန်ကျစရိတ်က LV တအိတ် ၀ယ်လို့ ရတယ်ဆို နှမျောနေလို့  သွားကိုက်ရောဂါထက် ပြင်းထန်တဲ့ brandရောဂါပါလားလို့  တွေးမိပါသေးတယ်။ ကိုယ်လဲ ဘာထူးလဲ။ ကျွန်မတို့ ရုံးက shopping centerတွေနဲ့  ဝေးတာမို့  ရုံးမှာ ဈေးလာလာရောင်းကြပါတယ်။ ဒီနေ့ ဘာရောင်းမယ်ဆိုတာ ကြိုကြော်ငြာ ပါတယ်။ ဟိုတနေ့ က Mango Sale လို့  ကြော်ငြာထားတော့ အရမ်းကို ၀မ်းသာသွားပါတယ်။ Mangoဆိုတဲ့ စာတန်းလေးနဲ့  တီရှပ်လေး တထည်တောင် ကိုယ့်မှာ မရှိတော့ ဈေးလေးတော်ရင် ဆွဲလိုက်ဦးမှဆို စဉ်းစားပြီး ရောင်းတဲ့နေရာ အသွားမှာ တယောက်ထဲ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတယ်။ Mango Sale ပါပဲ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ချိုမြမွှေးကြိုက်နေတဲ့ သရက်သီးဝါ၀ါလေးတွေပါ။ ကျွန်မထင်သလို တီရှပ်လှလှလေးတွေ မဟုတ်တာပါပဲ။ အတော်ကြောက်စရာကောင်းတဲ့ brand ရောဂါပါပဲ။

(စိတ်ဓါတ်ကျနေတဲ့ အမကြီးkom အတွက်အမှတ်တရ… မမရေ… အဖော်ရှိသေးတယ်… စိတ်ဓါတ်မကျနဲ့ နော်)

တန်ခူး
11:45pm 22-Jun-2009

34 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဟိုတလောက အပြင်သွားဖို့ အင်္ကျီဝတ်မယ်လုပ်တော့ မဒမ်ပေါက ဘီရိုထဲက အင်္ကျီတထည် ထုတ်လာပေးတယ်။ ပါးစပ်ကလည်း…

    “လူရိုသေရှင်ရိုသေဖြစ်အောင် ဒီအင်္ကျီ အသစ်ကို ၀တ်။ ဈေးကြီးပေး ၀ယ်ထားရတာ”…. ဆိုလို့ ဘာ တံဆိပ်များလဲ၊ ဘယ်လောက်ပေးရသလဲ အပြေးအလွှားစဉ်းစားနေတုန်း…

    “ဟိုတနေ့က Giant က ၀ယ်လာတာ” ဆိုတဲ့ နောက်ဆက်တွဲ စကားကြောင့် စိတ်ထဲမှာ တိန်ကနဲ မြည်သွားပါတယ်။

    ကျနော်လည်း Brand တွေပဲ ၀တ်ပါတယ်…. တန်ခူးရေ။ Baleno တို့၊ Bossini တို့။ ကြားဖူးတယ်မို့လား။း-)

    ReplyDelete
  3. ကျွန်တော်ကတော့ သရက်သီးပဲကြိုက်တယ် mango တံဆိပ်က ၀တ်လို့မှမရတာ... :P
    တံဆိပ်ထက် ကိုယ်နဲ့လိုက်တာ အဆင်ပြေတာပဲ ၀ယ်ဝတ်လိုက်တာပဲ။
    မိန်းကလေးတော်တော်များများကတော့ အဟောင်းထည်လိုဖြစ်နေလည်း Brand ကောင်းလို့ကတော့ ဈေးကြီးပေးဝယ်တာပဲနော်။

    ReplyDelete
  4. ဟားဟား လို့ပဲ ရီသွားပါတယ်။ သဘောကျလို့။
    ကျွန်မလည်း brand တွေပဲ ၀တ်တယ်။ ကိုပေါ ပြောတဲ့ brand !
    :)

    ReplyDelete
  5. ရီရတယ်။ ကျမမှာတော့ ဘာ Brand မှမရှိဘူး။
    အဲ့ဒီပိုးရှိတဲ့လူတွေ ကိုကြည့်ပြီး ကြိုးစားနား လည် ပေးပါတယ်။ Mango ကတော့စားလို့ ကောင်းတယ်။

    ReplyDelete
  6. mango မရှိသေးရင်နေပစေ။ victoriassecret.bra လေးတော့ရှိမှဖြစ်မယ။် အဟိ

    http://www2.victoriassecret.com/images/prodpri2/V287395.jpg

    ReplyDelete
  7. Shinlay said...

    ရီရတယ်။ ကျမမှာတော့ ဘာ Brand မှမရှိဘူး။..

    အဲ့ဒီပိုးရှိတဲ့လူတွေ ကိုကြည့်ပြီး ကြိုးစားနား လည် ပေးပါတယ်။...

    Oh...I'm very sure that U must be very very...

    Try to understand Lifestyle @ foreign country.

    because you are used to it with...3rd world life style..

    Sad to say that It's pity for you, U can't enjoy..that life.

    ReplyDelete
  8. LV...GUCCI မသုံးပါဘူး..
    PRADA ,MIUMIUလဲ မလိုချင်ပါဘူး..
    HERMES, TOD's သိပ်ရိုးလွန်းတယ်..
    BETTEGA VENETA ဖျာရက်သလိုကြီးမလိုချင်ပေါင်...
    ကျနော်ကတော့...
    land bay brandပဲသုံးတယ်..
    ဟားဟား

    ReplyDelete
  9. ကိုယ်ကြိုက်တယ် အသုံးဝင်တယ်ဆိုရင် ၀တ်လိုက်၊ ၀ယ်လိုက်တာပါပဲ။ အဓိကက ကိုယ်ကြိုက်ဖို့ပါပဲ။ brand တွေကတော့ မတတ်နိုင်လို့ မ၀ယ်ရတာပါ အမရေ။ ဈေးလျှော့ရင်တော့ ၀ယ်ချင်သား။
    မမ kom တို့ မတန်ခူးတို့နဲ့ တဖွဲ့တည်းသားပါပဲ။

    ReplyDelete
  10. အခုပဲ သူငယ်ချင်း တယောက် ဓါတ်ပုံကြည့်နေတာ။ Gucci အိတ်နဲ့။ သူ ရီနေပုံကြည့်ပြီး ကိုယ်လည်း ပျော်တယ်။ သူက စားပွဲထိုး။ Gucci အိတ်ဝယ်နိုင်လို့ တကယ်လည်း ချီးကျူးတယ်။ ကိုယ့်ပိုက်ဆံနဲ့တော့ မ၀ယ်ချင်ဘူး၊ နှမြောလို့ပါ။ ယောကျာ်းကိုလည်း မ၀ယ်ခိုင်းရက်ပါဘူး။ ပိုက်ဆံရှာရတာ ပင်ပန်းတာ ကိုယ်ချင်းစာတယ် အမရယ်။

    ReplyDelete
  11. branded saleဆို ပေါချောင်ကောင်းလေးများ တွေ့ မလားလို့  မယောင်မလည်သွားဖူးပါတယ်။ လက်ဗလာနဲ့  ပြန်လာတာများပါတယ်။
    :)

    same ama,
    i don't care brand .
    :D

    Myatnoe

    ReplyDelete
  12. ရုံးနားမှာ branded sale မကြာခဏ ရှိတတ်တယ် ။ Adidas , U2 , Giordano , Levis , Nike , Animal ကျန်တာတွေတော့မသိတော့ဘူး ။ :)
    brand တော့ brand ။ ဒါပေမယ့် made in china တဲ့ ။ ရှိရင် အစ်မကို အကြောင်းကြားပေးမယ် ။ အင်္ကျီတွေက ဘာ design တွေမှန်း ဘယ်လိုဝတ်ရမယ်မှန်းတောင် မသိလို့ သန့်လဲ လက်ဗလာနဲ့ပြန်လာတာများတယ် ။
    :(

    ReplyDelete
  13. ဟုတ်ပရှင်...
    ကျွန်မ လည်းတူတူပဲ
    Levis brand ရောဂါစွဲကပ်နေတာ.......၀ယ်လိုက်ပြီးရော
    မ၀ယ်တော့ စွဲလမ်းခြင်းဝေဒနာ ရနေတယ် ဟီး.....

    ReplyDelete
  14. စဉ်းစားရင်း အတွေးတွေ များသွားပါတယ် တန်ခူးရေ...။ အဓိက ကတော့ ကိုယ် ကိုယ်တိုင်လို့ ထင်တာပါပဲ.. နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ပေါ့လေ။ စိန်တွေရွှေတွေကိုသာ သဘောကျပြီး အပေါင်းအသင်းလုပ်တဲ့သူတွေနဲ့မှ နေရရင်တော့ ကိုယ်တိုင်လည်း အဲဒီအထဲရောက်ရင်ရောက်..မရောက်ရင်တော့ ပင်ပန်းနေရမှာပါပဲ။ သူများတွေ အမြင်ကောင်းအောင်ဆိုတဲ့ သဘောမျိုးနဲ့တော့ လိုက်လုပ်လေ့မရှိဘူး။ ကိုယ်တိုင် တကယ် သဘောကျရင်တော့ လုပ်ဖြစ်ပါတယ်..:)

    မမကွန်လို ဖိနပ်တွေ လူ့တရပ်စာ မရှိတဲ့အတွက်...
    စိတ်ဓာတ်ကျနေတယ်...ဟဲဟဲ

    ReplyDelete
  15. ရယ်သွားပါတယ်

    စင်္ကာပူမှာကြီးတော့ အမြဲစုတ်စုတ်ပြတ်ပြတ်နေတာ အကျင့်ပါနေတယ်။ :P

    အမေအဖေကတော့ တခါတလေ ကုပ်ဆွဲပြီး နတ်ပြည်တင်ဆိုသလိုမျိုး ကောင်းကောင်းကန်းကန်းတွေ ဝယ်ပေးပါတယ်၊ နားကပ်ဆိုလဲ မပန်မနေရပေါ့၊ .. လူရိုသေအောင်တဲ့

    ReplyDelete
  16. ပါဘူး
    ...ပါဘူး
    ...လွန်တယ် လွန်းတယ်
    ...ချင်ပေါင် ချင်ပေါင် (ခပ်တိုးတိုးလေး)
    အ ဟာ အာ ဟား

    (ပေါက် နောက်က လိုက်ဆိုတာလေ...
    ဟို ကပ္ပလီမ ၀ ၀ ကြီးတွေလို ကိုယ်လေးရမ်းပြီး)

    ReplyDelete
  17. When it comes to brands, it depends on affordability and taste. Almost all the expensive brands are conspicuously better in terms of cuttig , fabrics, pattern,durability etc.....than the so so brands .You know that you look much better in that branded outfit or you look prettier wearing nice cosmatics. So, generally saying, after using those brands you like to stick with them. But for some people,showing off may be their main concern.

    ReplyDelete
  18. မတန်ခူး..
    လာလည်တယ်...ဘာမှတော့ မပြောတတ်ဘူးဗျ...။

    ReplyDelete
  19. မရေ.. အတူတူပါပဲ.. ဒီမှာလည်း brand တွေဆို တခန်းတနားရောင်းတာမို့ အနားကပ်ဖို့မပြောနဲ့ ဆိုင်ထဲတောင် မ၀င်ဖြစ်ဘူး.. ၀င်လည်း မ၀ယ်နိုင်မယ့် အတူတူ တခြားဝယ်နိုင်မယ့်ဟာတွေပဲ သွားကြည့်ဖြစ်တယ်...:)

    ReplyDelete
  20. Branded things are more suitable for girls of pretty, stylish, educated, intelligent, modern attitude and nice look body ...

    Not for anyhow old ugly women.

    Do you know than shwe ' daughter ..right?

    what 's good look in there?

    Waste energy, $$ and can downgrade to branded things..

    so be careful..

    ReplyDelete
  21. ကျမအနေနဲ့တော့ဒီရောဂါအဝင်ခံလို့မဖြစ်ပါဘူး ခလေးတွေကျောင်းစရိတ်က အရမ်းဈေးကြီးလို့

    ReplyDelete
  22. အမရေ..ခုမှပဲ နက်ရလို့ ရေးရတယ်
    မြတ်နိုးကတော့ ဘရမ်းတွေ ဂရုမစိုက်ပေါင် ကိုယ်နဲ့လိုက်ဖက်ပီး လှဖို့သာ အဓိကကျတာပဲဟာနော်..

    ReplyDelete
  23. I also having this Brand Problem but
    not dressing.Car, i only want to drive Ford, BMW, GM, don't want Kia, Honda and Hundai. so i'm driving BMW now. BUS, MRT then WALK (BMW) in SG

    ReplyDelete
  24. Female bankruptcies surge due to lure of celebrity lifestyle

    A STUDY in Britain has found that young women are 'lured into bankruptcy by celebrity lifestyle'.

    Their quest to have that slinky Victoria Beckham look or a flirty Paris Hilton tog has caused a surge in female bankruptcies, said The Daily Telegraph.

    New research from accountancy firm Wilkins Kennedy reveals that 55 per cent of bankrupts under the age of 24 were women last year, reported The Independent.

    This was just 48 per cent five years ago.

    In total, 1,560 women under 24 were declared bankrupt compared to 1,250 men in the same age group.

    Many young women have become trapped in debt because they buy designer clothes and accessories to display the 'trappings of success', the study said.

    Mr Anthony Cork of Wilkins Kennedy, told the Daily Mail: 'Five years ago it tended to be young men who got out of their financial depth, but now it is far more likely to be young women who spend irresponsibly.

    'That gap between the genders seems to be growing. Over the last decade, the pressure on young women to follow the lavish lifestyle of female celebrities has grown immensely.

    'In all seriousness we are told that Paris Hilton and Victoria Beckham are role models to be followed. The growing availability of credit has meant that for the status-conscious, who want to exhibit the trappings of success, designer clothes and jewellery seem misleadingly achievable.'

    The researchers said young men did not appear to feel the social pressure to 'spend conspicuously' or set up on their own to the same extent that women do.

    Gender pay gap

    As a result, they are able to build up a bigger cushion of savings. The extra pressures on women are exacerbated by the gender pay gap, although this is relatively small among under-24s.

    Last year, around 67,500 people in all age groups went personally bankrupt in England and Wales, an increase of 89 per cent over the past five years.

    Overall, those over the age of 45 are the most likely to go bankrupt, as falling house prices and rising unemployment reduces their ability to manage debt.

    ReplyDelete
  25. Female bankruptcies surge due to lure of celebrity lifestyle

    A STUDY in Britain has found that young women are 'lured into bankruptcy by celebrity lifestyle'.

    Their quest to have that slinky Victoria Beckham look or a flirty Paris Hilton tog has caused a surge in female bankruptcies, said The Daily Telegraph.

    New research from accountancy firm Wilkins Kennedy reveals that 55 per cent of bankrupts under the age of 24 were women last year, reported The Independent.

    This was just 48 per cent five years ago.

    In total, 1,560 women under 24 were declared bankrupt compared to 1,250 men in the same age group.

    Many young women have become trapped in debt because they buy designer clothes and accessories to display the 'trappings of success', the study said.

    Mr Anthony Cork of Wilkins Kennedy, told the Daily Mail: 'Five years ago it tended to be young men who got out of their financial depth, but now it is far more likely to be young women who spend irresponsibly.

    'That gap between the genders seems to be growing. Over the last decade, the pressure on young women to follow the lavish lifestyle of female celebrities has grown immensely.

    'In all seriousness we are told that Paris Hilton and Victoria Beckham are role models to be followed. The growing availability of credit has meant that for the status-conscious, who want to exhibit the trappings of success, designer clothes and jewellery seem misleadingly achievable.'

    The researchers said young men did not appear to feel the social pressure to 'spend conspicuously' or set up on their own to the same extent that women do.

    Gender pay gap

    As a result, they are able to build up a bigger cushion of savings. The extra pressures on women are exacerbated by the gender pay gap, although this is relatively small among under-24s.

    Last year, around 67,500 people in all age groups went personally bankrupt in England and Wales, an increase of 89 per cent over the past five years.

    Overall, those over the age of 45 are the most likely to go bankrupt, as falling house prices and rising unemployment reduces their ability to manage debt.

    ReplyDelete
  26. This comment has been removed by the author.

    ReplyDelete
  27. တန်ခူးရေ...

    "Brand ရောဂါ" ဆိုလို့ ကိုယ့်အကြောင်း ကိုယ်တွေးရင်း နဲနဲတောင် ကြောက်သွားပါတယ်။ အများပြည်သူတွေရဲ့ မှတ်ချက်တွေကလဲ စိတ်ဝင်စားစရာတွေပါ။

    ကိုယ့်မှာ Brand နဲ့ပတ်သက်လို့ ရောဂါ ကြီးကြီးမားမား ရှိမနေပေမယ့် Branded တွေမှာ ဈေးကြီးတဲ့အလျောက် သူ့ နဲ့လိုက်ဖက်တဲ့ Quality တွေ ရှိတတ်တယ် ဆိုတာတော့ လက်ခံမိတယ်။ ဥပမာ သူများထက် ဈေးနဲနဲပိုကြီးတဲ့ Branded ဖိနပ်တရံမှာ သူများထက် ကောင်းတဲ့ အားသာချက်လေးတွေ ရှိနေပါတယ်။ စီးလိုက်တာနဲ့ သိသိသာသာ ပေါ့ပေါ့ပါးပါး ဖြစ်နေတာ၊ သက်တောင့် သက်သာရှိတာ၊ ဖိနပ် မပေါက်တာ၊ ဒေါက်တွေ မကွာတတ် မကျိုးတတ်တာ...အဲဒါမျိုးတွေပေါ့..။

    ဘာပဲဖြစ်ဖြစ် အလွန်အကျွံ မဖြစ်ရင်တော့ အကောင်းဆုံးပါ။ အခုလို သတိပေးထားတဲ့ တန်ခူးရဲ့ ပိုစ့်လေးအတွက်လဲ ကျေးဇူးတင်ပါတယ်။

    အဲ.. တခုတော့ရှိတယ်။
    ခါတိုင်းဆို တန်ခူးရေးထားတဲ့ ပိုစ့်လေးတွေ အကြောင်းကို ကိုကြီးကို ပြောပြနေကျ။ သို့သော် ဒီပိုစ့်အကြောင်းတော့ ပြောပြလို့ မဖြစ်ဘူးထင်တယ်...။ သူ့စိတ်တွေ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်... ဟီးဟီး...

    ReplyDelete
  28. ငယ်တုန်းကတော့ brand တွေကို ကြိုက်မိတယ်။ အဲဒီတုန်းကလဲ ပိုက်ဆံမရှာရသေးလို့ ထင်ပါတယ်။
    ကိုယ့်ဖာသာ ရှာရတဲ့ အချိန်မှာတော့ ပေါချောင်ကောင်း ဆိုတာမျိုးကို ရွေးချယ်ဝယ်ယူတတ်လာတယ်။
    အဲဒါလဲ ဘ၀ပေးအသိတခုပဲ ထင်ပါရဲ့ တန်ခုးရယ်။

    ReplyDelete
  29. တန်ခူး..
    အလုပ်တွေများနေလား..
    သားသားရော နေကောင်းရဲ့လား...
    ဘာမှ ဟုတ်ပါဘူး လွမ်းလို့ လာနှုတ်ဆက်တာပါ...

    ReplyDelete
  30. ဟုတ်တယ်နော်.. ကျွန်တော်လည်း Brand တွေကြားမှာ ခဏခဏ မျောတယ်..
    LV အိတ်လေး ၀ယ်ချင်တာနဲ့
ွGucci လေး ပြေးဆွဲချင်တာနဲ့
    Prada မျက်မှန်လေးနား ကပ်ချင်တာနဲ့..
    အခုထက်ထိတော့ ဘာမှ ၀ယ်ရသေးဘူး.. အဟီး

    ReplyDelete
  31. အစ်မရေ ကျနော်လာ နှုတ်ဆက်တာ နေကောင်းတယ်ဟုတ် စာကြွေးတွေတောင်များနေပြီး သတိရပါတယ် ။

    ReplyDelete
  32. လာလည်သွားတယ်

    ReplyDelete
  33.ှမီးချစ် မှာ နဲနဲတော့ ဘရန်းရောဂါရှိတယ်..ဟိဟိ
    ဈေးလေး တော်ရင်တော့ ဆွဲလိုက်ချင်တယ်..း))

    ReplyDelete
  34. အမရေ.................................


    နေကောင်းတယ်ဟုတ်
    အဲ့ အလုပ်ကလဲ ရှုပ် တာ ပီးတော့ဘူးးး

    ReplyDelete