Thursday, May 21, 2009

သားရှင်

သားရှင် ဆိုလို့  တမျိုးမထင်လိုက်ပါနဲ့ နော်။ ခေါင်းစဉ်မြင်လိုက်တာနဲ့  သမီးရှင်တွေက မျက်ခုံးပင့်သွားမှာမို့  ကြိုတင်ပြောထားရတာပါ။ သားတယောက်ပြပြီး သမီးရှင်တွေကို အနိုင်နဲ့ ပိုင်းမလို့  မဟုတ်ပါဘူး။ ဥသျှစ်တတင်း၊ နှမ်းတတင်းဆိုတဲ့ ဥပမာကို ကျွန်မကိုယ်တိုင် ငယ်ငယ်လေးကတည်းက သိပ်မုန်းခဲ့တာ။ ယောင်္ကျားတွေရှား မိန်းမတွေပေါလို့  သိပ်မူမနေနဲ့  ဆိုတာမျိုးတွေပေါ့။ ဒါကြောင့် ကျွန်မက သမီးရှင်တွေနဲ့ ဆို အမြဲ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောပါတယ်။

သားလေးက ပုစိလေးရှိသေး ဘာကြောင့် သားရှင်တွေ ဘာတွေ ဖြစ်လာရသလဲဆိုတဲ့ အကြောင်းရင်းက ဒီလိုပါ။ သားရဲ့ တိုးတက်မှုကို ဂရပ်ဆွဲရရင် လွန်ခဲ့တဲ့ ၃ လက စပြီး ဂရပ်က သိသိသာသာ ထောင်တက်လာတာတွေ့ ရပါတယ်။ အရင်က သူ့ ဂရပ်က ဖြေးဖြေးချင်းတက်ပြီး တဆင့်နဲ့ တဆင့် သိပ်ကို သိသာထင်ရှားပါတယ်။ နှေးလွန်းလို့ လေ။ ခုတော့ နေကုန်ကျောင်းကြောင့်လား၊ အသက်ကြောင့်လား မသိပါဘူး… လူတွေနဲ့ ဆက်ဆံရေး၊ စကားအပြောအဆို အတော်ကို တိုးတက်လာတာပါ။ တိုးတက်လာတဲ့ အထဲမှာ အတုမြင်၊အတတ်သင် ဆိုသလို ကောင်းတာတွေရော၊ မကောင်းတာတွေရော ပေါ့။ သားက ရယ်စရာတွေကို သိပ်သဘောကျတတ်သလို သူက သူများကို ရယ်စရာပြောလို့  သူများတွေ သဘောကျတာကိုလဲ သိပ်ကြိုက်ပါတယ်။ သူ့ အကြိုက်ကာတွန်း ဇာတ်ကောင်တွေက ရယ်စရာဇာတ်ကောင် (သို့ ) စွန့် စားတဲ့ဇာတ်ကောင်တွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ. Micky Mouse ထဲက Goofy ကြီးကို သူက သိပ်ကြိုက်ပါတယ်။ ဟိုတလောက Micky Mouse Show လိုက်ပြတော့ Goofy ထွက်လာရင် သူက ရင်တွေခုန်နေရော။ cartoon network က pink panther ဆိုတဲ့ အူကြောင်ကြောင် ပန်းရောင်ခြင်္သေ့ဆို သိပ်သဘောကျ။ Mr Bean ကတော့ ဘယ်တော့ ကြည့်ကြည့် အမြဲတမ်း ပါးစပ်မပိတ်ပါဘူး။

အဲဒီလို ရယ်စရာကြိုက်တာက ဇာတ်လမ်း စ တာပါ။ သူ့ ကျောင်းမှာ ဆရာမက ကျောင်းသား၊ကျောင်းသူ တယောက်ကို သူငယ်ချင်းတယောက် တွဲပေးပါတယ်။ ရည်ရွယ်ချက်က သူငယ်ချင်းနဲ့ မျှဝေခံစားတတ်အောင်ပါ။ သူငယ်ချင်းဆိုတာကို ပိုသိအောင်လို့ ပေါ့။ သားသူငယ်ချင်းက စလုံးတရုတ်မလေး Valarie တဲ့။ ဆံပင်ဂုတ်ဝဲလေးနဲ့  ချစ်စရာလေးပါ။ သားတို့ တတန်းလုံးမှာ Queen လို့ ပြောလို့  ရတဲ့ ဆံပင်ရှည်ရှည်လေးနဲ့  အရမ်းချောတဲ့ ကောင်မလေး တယောက်လဲရှိပါတယ်။ သူ့ နာမည်က angel တဲ့။ လွန်ခဲ့တဲ့ တလက သားအိမ်ပြန်ရောက်ရင် “I want to marry Valarie” လို့ ပြောလိုက် “I want to marry Angel” လို့ ပြောလိုက် ပြောင်စပ်စပ်နဲ့  ကျွန်မနဲ့ သူ့ အဖေမျက်နှာကို ကြည့်လိုက်လုပ်လာပါတယ်။ သူ့ ဆီက အဲဒီစကားလုံးထွက်လာတော့ ကျွန်မရော သူ့ အဖေပါ မျက်လုံးပြူးသွားပါတယ်။ ဘယ်ကများ သိလာပါလိမ့်ပေါ့။ အိမ်ကတော့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်။ ကျောင်းက တယောက်ယောက်ဆီက ရလာတာဖြစ်မယ်လို့  ကြိတ်ပြောမိကြပါတယ်။ ပြီးတော့ သားအဲဒီလိုပြောရင် မကြားချင်ယောင်ဆောင် နေလိုက်ပါတယ်။ သူ့ အလိုလိုများ ပျောက်သွားမလားလို့ ပါ။ မရပါဘူး။ တခါတလေ ကျွန်မမျက်နှာကို တည့်တည့်ကြည့်ပြီး အဲဒီစကားပြောလာတော့ ကျွန်မတခုခု တုန့် ပြန်မှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်မိပါတယ်။ ကျွန်မက သားကို marry ဆိုတာ ဘာလဲသားလို့  ပြန်မေးကြည့်ပါတယ်။ သူက marry ဆိုတာ love တဲ့။ အဲဒီကျမှ တော်ပါသေးရဲ့လို့  ဟင်းချ နိုင်ပါတယ်။ အနက်ကို မသိပဲ သူများပြောလို့  လိုက်ပြောတယ်ဆိုတာ သေချာသွားတာပေါ့။ အဲဒီတော့မှ ကျွန်မရှင်းပြရပါတယ်။ သားသူငယ်ချင်းအားလုံးကို ချစ်တယ်လို့ ပြောချင်ရင် Love လို့ သုံးရတယ်။ marry ဆိုတာ သားအရွယ်နဲ့  မပြောသင့်တဲ့၊ မယဉ်ကျေးတဲ့ စကားလုံးလို့ ။ ပြီးတော့ သူ့ ကို ပြောခိုင်းကြည့်ပါတယ်။ “I love Valarie” မိန်းခလေးတွေတင်မကပဲ “I love Abel” ယောင်္ကျားလေးတွေကိုပါ ပြောခိုင်းရပါတယ်။ သူက လွယ်လွယ်ကူကူ လက်ခံသွားလို့  ကျေးဇူးတင်ရပါတယ်။ နောက် သူ့ ဆရာမနဲ့  တွေ့ တော့မှ ဇာတ်လမ်းကို ရေလည်ပါတော့တယ်။ သူတို့ အတန်းထဲက ကောင်လေးတယောက်က အဲဒီစကားလုံးကို သယ်လာတာတဲ့။ အဲဒီကောင်လေးက အဲဒီလို ပြောရင် ကျန်တဲ့ကလေးတွေက ရယ်ကြရော။ အဲဒါကို သားက ရယ်စရာအနေနဲ့  သဘောကျပြီး အတုချက်ချင်းခိုးတာတဲ့။ သူပါအဲဒီလို လိုက်ပြော တခြားသူတွေ ရယ်ရင် သဘောတွေကျနေရောတော့။ သူ့ ဆရာမကလဲ အပျိုလေးဆိုတော့ ဘယ်လိုရှင်းပြရမှန်း အခက်တွေ့ နေတာဆိုပဲ။ ကျွန်မကလဲ အိမ်မှာ ကျွန်မရှင်းပြတာကို သူ့ ဆရာမကို ပြန်ပြောပြရပါတယ်။ ကျွန်မအတွေးတွေက အဲဒီကဆန့် သွားတာပါ။

ဒီနိုင်ငံမှာ တချို့ ကလေးတွေ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ဘ၀ထဲက အတွဲလေးတွေနဲ့ ။ ကျောင်းဝတ်စုံလေးနဲ့ အတွဲလေးတွေ တွေ့ ရင် ကျွန်မ ကြိတ်ကြိတ် သက်ပြင်းချမိပါတယ်။ ငါ့သားလေးများဖြစ်နေရင်ဆိုတဲ့ အတွေးနဲ့ ပါ။ သားကို အချိန်တန် ချစ်သူရှာ အချိန်တန် အိမ်ထောင်ပြုတာ နားလည်ပေးဖို့  ကြိုတင်ပြင်ဆင်ထားပေမယ့် အချိန်မတန်ပဲ စိတ်ကစားပြီး လျှောက်လုပ်မှာ အလွန်စိုးရိမ်မိပါတယ်။ ဘယ်လိုများ နားလည်အောင် ပြောပြဆုံးမရမလဲဆိုတာလဲ အမြဲစဉ်းစားမိတယ်။ နောက်ပြီး… သားရဲ့ချစ်သူ အိမ်ထောင်ဘက် မိန်းခလေးလေး ကျွန်မချွေးမလေးကို မြန်မာမိန်းခလေးတယောက်ပဲ ဖြစ်စေချင်မိတယ်။ ကျွန်မအမျိုးသားကတော့ ဖြစ်နိုင်ဖို့  အလားအလာနည်းလို့  ခုကတည်းက စိတ်လျော့ထားဖို့  သတိပေးပါတယ်။ ဘာသာတူလောက်ဆို တော်ရောပေါ့တဲ့။ ကျွန်မကတော့ (လောဘကြီးတယ်ပဲဆိုဆို) ကျွန်မပတ်ဝန်းကျင်က ကျွန်မသူငယ်ချင်းသမီး မြန်မာမလေးတွေနဲ့  ခုကတည်းက ရင်းရင်းနှီးနှီးနေစေပါတယ်။ (သမီးရှင်တွေကတော့… သြော်… တန်ခူးတယောက် ငါ့တို့ အိမ် ခဏခဏလာနေတာ ဒါကြောင့်ကိုးလို့  ခုမှ သဘောပေါက်သွားကြမယ် ထင်ပါရဲ့… အဲဒါတခုထဲတော့ မဟုတ်ပါဘူး…ညည်းတို့ ကိုလဲ ခင်လို့ ပါအေ) မြန်မာကလေး အများစုရှိမယ့်နေရာကိုလဲ မရောက်ရောက်အောင် ခေါ်သွားတတ်ပါတယ်။ အရွယ်လေးနဲနဲရလာရင် သူတို့ အချင်းချင်းတွေ ခဏခဏဆုံစေဖို့  ဘာပွဲညာပွဲလေးတွေ လုပ်ပေးမယ်လို့  စဉ်းစားထားပါတယ်။

တကယ်တော့ အချစ်ဆိုတာ အဲဒီလို ဖန်တီးယူလို့ မှ မရတာပဲနော်။ သားဖူးစာရှင်ဟာ သားကိုယ်တိုင် နှစ်သက်မြတ်နိုးတဲ့သူပဲ ဖြစ်သင့်တာပေါ့။ အဲဒါမှ သားစိတ်ချမ်းသာရမယ် မဟုတ်လား။ အိမ်ထောင်ရေးမှာ ဘာသာတူမှ၊ လူမျိုးတူမှ ဆိုတဲ့ စည်းမျဉ်းဘောင်တွေထက် အချစ်နဲ့ နားလည်မှု ပြီးတော့ သစ္စာတရားက ပိုအရေးကြီးတာ မဟုတ်လား။ ကျွန်မကိုယ်တိုင်လဲ ကျွန်မချစ်တဲ့သူကို လွတ်လွတ်လပ်လပ် ရွေးချယ်ခဲ့တာပဲ မဟုတ်လား။ သားရဲ့ နှလုံးသားကို ကျွန်မလိုသလို ပုံသွင်းမယ်လို့  မတရားသဖြင့် မစဉ်းစားပါဘူး။ တခုပါပဲလေ။ ကျွန်မရဲ့ ရှေးကျတဲ့၊ သိပ်ခေတ်မမှီတဲ့၊ အစွဲအလန်းကြီးတဲ့ လမ်းလေးတခု သားကို ညွှန်ပေးတာပါ။ သားကလဲ အဲဒီလမ်းပေါ် ကြည်ကြည်ဖြူဖြူ လျှောက်ချင်ရင် ကျွန်မ၀မ်းသာရမှာပေါ့။ သားက တခြားလမ်းကို ရွေးချယ်ခဲ့ရင်လဲ နားလည်ပေးဖို့  ခုကတည်းက အားမွေးနေမိပါတယ်။

တန်ခူး
10:00am 21-May-2009

29 comments:

  1. အဝေးကီးကို လိုက်မတွေးပါနဲ့အစ်မရယ်။ မောပါတယ်။
    တွေးနေမိတယ်.ဘာမှမမွေးတော့ဘူး။ စိတ်ပူရသက်သာမလားလို့။

    ReplyDelete
  2. စလုံးမှာ နည်းနည်းတော်သေးပါတယ် မ ရယ်.. မလေးးတို့ဆို နောက် ဂျင်နရေးရှင်း ၂ခုလောက်ဆို အမျိုးပြုတ်ပြီ.. သေချာပါတယ်.. ကိုယ်ရွေးတဲ့လမ်းပဲလေ.. မြင်ယောင်နေတယ် မလေးရဲ့ မြေးတွေမြစ်တွေတီတွေ မလေးပုံကိုကြည့်ပြီး အော်.. အိမ်ချမ်းမြေ့ဆိုတာ ဗမာမကြီးပါလား.. ဆိုပြီး

    ReplyDelete
  3. အော်.. မ၊ မလေးရဲ့ကြိုက်တဲ့ဆိုက်ဒ်ကို လင့်ခ်နိုင်ပါတယ်နော်.. ဘလောဂ်တွေဘက်သိပ်မရောက်လို့ ဟိုတခါ မ ပြောထားတာ မပြန်ရသေးလို့

    ReplyDelete
  4. my lovely daughter is so so cute nor...she will be so clever girl like me,, ha ha...if you want to...., pls Q nor..

    ReplyDelete
  5. ဘလော့ပိတ်မယ့်လူကလည်း ကော့မန့်ပေးထားပါလား။

    အမရေ မေ့ကို သတိရသွားပြီ။

    ReplyDelete
  6. ဟုတ်တယ်နော် အမတွေးပူနေတာတွေက ပူစရာတွေပဲ...
    မမသားကို မြန်မာ ဗုဒ္ဓဘာသာသင်တန်းတွေလိုမျိုး တက်ခိုင်းပါလား၊ ဘာသာရေး အသိစိတ်ဓာတ်ရှိတဲ့ ကလေးက မဟုတ်တာသိပ်မလုပ်ဖြစ်တော့ဘူး .. တိုပါးရိုးဘုန်းကြီးကျောင်းမှာတွေ့ ဖူးသလိုပဲ

    ReplyDelete
  7. မောင်မျိုးMay 21, 2009 at 3:46 PM

    အယ်..သားသားရဲ့ ဒီတစ်ခါ ဂ၇ပ်စ်က တစ်ခါတည်း ထောင်တတ်သွားပါလားကွဲ့း) သားသားရေ့ ဦးဦးတို့တောင်မျက်လုံးတွေပြူးသွားတယ် ဘာတဲ့ သားသားပြောတဲ့ marry ဆိုတာ ဦးလည်း marry ချင်တယ် ဟဟား ။

    အစ်မရဲ့ သားအပေါ်ထားတဲ့ မေတ္တာတွေကြောင့် သားကလည်း အရွယ်မရောက်ခင် အဆင်မပြေတာတွေဖြစ်သွားမှာမဟုတ်ပါဘူး ။ဒါပေမယ့် ကျနော်တို့ဘက်မှာကတော့ပြန်သွားတိုင်းတွေ့မိတာ တစ်ဝမ်းကွဲ ညီ/ညီမလေးတွေက အိမ်ထောင်တွေပြုလို့ သူတို့အသက်လေးတွေက ၁၇ ၀န်းကျင် ပြီးခဲ့တဲ့ရက်ပိုင်းလေးကတောင် ဆယ်တန်းဖြေထားတဲ့ညီမလေးတစ်ယောက် ယောက်ျားယူသွားတာ သူ့အမျိုးသားလေးက ခုမှ ၉ တန်းတဲ့ ။ စိတ်ကုန်စရာကြီး ။အဲ့အကြောင်း အမေနဲ့ဖုန်းပြောဖြစ်တုန်းက ပြောမိတော့ အမေကရယ်ပြီး `ငါ့သားကတော့ လူပျိုကြီးဖြစ်မှာပဲ´ တဲ့ အဲ့တာလည်းကောင်းပါတယ်နော့်း)

    ReplyDelete
  8. ယောကျားလေးလဲယောကျားလေးမို့ပူရတာပဲ .. မိန်းကလေးလည်းမိန်းကလေးမို့ ပူရပြန်ရော .. မိဘလုပ်ရတာ မလွယ်ဘူးနော် ..း( ကြောက်တောင်ကြောက်တယ် ..
    အမမျှော်လင့်သလို ဘာသာလူမျိုးတူတဲ့ ယဉ်ကျေးလိမ်မာတဲ့ သမီးလေးမျိုးကို ချွေးမတော်နိုင်ပါစေ ..း)

    ReplyDelete
  9. တန်ခူးရေ သိပ်အဝေးကြီး လှမ်းမပူဖို့ မွန့်လိုပဲ ကော်မန့်လိုက်ပါတယ်။
    တန်ခူးတို့ သားအမိ အိမ်လာလည်အောင် ရေချမ်း၊ ရေစင်တို့ရဲ့ ညီမထွေး ရေအိုးလေး တယောက်လောက် မွေးလိုက်ပါဦးမယ်...(ချစ်လို့ စ,တယ်မှတ်)

    ReplyDelete
  10. ဒီမှာလဲ သားရှင်ပါ။ဟိုတစ်လောက အိမ်ဘေးကပန်းခြံမှာ နေကျာင်းသားအတွဲလေးတွေ တွေ့တော့ သားအဖေက်နင့်သားကြီးလာရင်အဲလိုပဲဖြစ်မှာတဲ့။
    ကိုယ့်မှာမခံနိုင်လို့ ဒီမှာရှိတဲ့ ခလေးတိုင်းလည်းဒီလိုမဟုတ်ပါဘူးလို့။

    ReplyDelete
  11. အသိထဲမှာ သားကြီးလာရင် မေမေ့ကိုယူမယ် လို့ပြောတဲ့ ကလေးတစ်ယောက်တွေ့ဖူးတယ်...။ ယူတယ်/လက်ထပ်တယ် ဆိုတာတွေနားမလည်သေးတော့ သူချစ်တဲ့ အမေနဲ့ တူတူနေရအောင် ပြောတာလေ..။

    ReplyDelete
  12. စာများများ ဖတ်ခိုင်း။ လူများများနဲ့ ပေါင်းခိုင်းပေါ့ အစ်မရယ်။ နှလုံးသားရေးရာ ကိစ္စကတော့ ဘယ်တတ်နိုင်မလဲ။ ဖူးစာလို့ပဲ သဘောထားလိုက်ပါ။

    ReplyDelete
  13. အင်း.. မတန်ခူးပြောတာနဲ့ဆို ... သား ၃ ယောက် ဖခင် ကျနော့်ကို သမီးရှင်တွေ အပေါင်းအသင်း လုပ်ကြတော့မှာ မဟုတ်ဘူး... ဘာလို့ဆို ကျနော်ကလည်း မုန့်ဆီကျော်က ဘယ်မှာမှန်း မသိ ဆိုသလိုမျိုး အဲလိုမျိုးတွေးနေမိတာလေ... ကိုယ့်သားတွေကို ဗမာ မကလေးတွေနဲ့ပဲ အိမ်ယာ ထူထောင်စေချင်နေတာ... ကိုယ့် သူငယ်ချင်းတွေရဲ့ သမီးလေးတွေဆို ခုကတည်းက ဘယ်ကလေးက ဘယ်လိုဆိုတာ ကြည့်နေမိတာ...း) ခက်တော့ နေတာပဲ...

    ReplyDelete
  14. အမက သားသား ရှေ့ရေးအတွက် စဉ်းစားပေးတာ သူတစ်နေ့တော့ နားလည်မှာပါ အမရယ်.. အဲဒီမှာကမှ မြန်မာ အသိုင်းအ၀ိုင်းရှိလို့ မြန်မာချွေးမရဖို့ နီးစပ်နိုင်ပါသေးတယ်။ ဒီမှာတော့ မြန်မာမိသားစု ရှားတယ် အမ.. :(
    (အမတွေးသလို လိုက်တွေးပြီး ပူပင်နေတာ မုန့်ဆီကြော်ကတော့ ဘယ်မှာမှန်း မသိသေးဘူး.. ;P)

    ReplyDelete
  15. နေ့လယ်ခင်း အခြားကျောင်းသားတွေ ကျောင်းတက်နေချိန်မှာ ကျောင်းနဲ့ မလှမ်းမကမ်းက တောင်ကုန်းစိမ်းစိမ်းလေးပေါ်မှာ ကောင်လေးနဲ့ကောင်မလေးစုံတွဲ ပေါက်စလေးတွေ။ အောင်မယ် ကျောခင်းကပ်ပြီး မှီထိုင်နေကြတာ နေပူထဲမှာ လသာတယ်ထင်နေလားမသိဘူး။

    သားရှင်တို့အတွက် မဟောသဓလို မိန်းမအရှာထွက်ရင် ပိုအဆင်ပြေမယ်။ အရွယ်ရောက်လို့ ယူသင့်တဲ့အချိန် မြန်မာပြည် ပြန်လွှတ်လိုက် အိမ်ထောင်ဖက်တွေ့မှ ပြန်လာခဲ့ဆိုပြီး ပြောလိုက်...
    (ကိုယ့်နိုင်ငံမှာဆိုရင်တော့ ပိုသေချာတာပေါ့)

    ReplyDelete
  16. ဖတ်ပြီး သဘောတကျ ပြုံးမိပါတယ်။ သားသားအကြောင်းတွေ ဖတ်ရရင် ဒီလိုပဲ ပြုံးနေကျ။ မမ အတွေးလေးကိုလည်း သဘောပေါက်မိပါတယ်။

    I want to marry..... ဆိုပြီး အဖေနဲ့ အမေကို ပြုံးဖြဲဖြဲကြည့်ပြီး သွေးတိုးစမ်းစကားဆိုနေမယ့် သားသားပုံစံကိုလည်း ရီချင်မိတယ်။

    ReplyDelete
  17. သြော်..
    သားရှင်..
    သားရှင်...
    တိတ်တိတ်လေး လာဖတ်သွားပါတယ်..

    ReplyDelete
  18. Lost Myanmar- National- Identity generation..?

    Enjoy S'pore citizen Life..!!!

    Who is to Blame...initially..???

    Too Late...??

    How to Define Myanmar Educated people..???

    To love their Own-Country...??

    Sad life...??

    ReplyDelete
  19. Hi Ma Tha ku,

    Here i do not like is less understanding. they rarely think other side feeling and can say that selfish. i worry that my generation will go to that kind of way.... Most important is enviroment, here enviroment is like that.. i really worry.... :(

    ReplyDelete
  20. Hi...

    Don't say complain to Developed country of your 2nd home Singapore or etc.....

    If you can' catch the modern living life style of globalized country..

    If you can't teach your very own babies to great attitudes of your own generation good natures ..


    who is the one responsible for all these to complain...?

    ReplyDelete
  21. သမီးရှိတဲ့ အိမ်တွေချည်းပဲ မသွားပါနဲ့...
    ကိုယ့်အိမ်ကိုလဲ လာလည်ပါတန်ခူးရယ်.. နော်...
    မုန့်တွေ အများကြီး ကျွေးပါ့မယ်...
    ဂျူးရဲ့ တဦးတည်းသောသား ဝတ္ထုလဲ ပေးဖတ်ပါ့မယ်...
    ပြီးတော့ လုံလောက်တဲ့ နားလည်မှုတခုအတွက် အတူတူ အားမွေးကြည့်ကြတာပေါ့နော်...။

    ReplyDelete
  22. အပေါင်းအသင်းဆိုတာ အခုအရွယ်မှာ အရမ်းအရေးကြီးတယ်ဗျ...

    ReplyDelete
  23. အမ ..

    မြတ်နိုး သမီးလေးမွေးမယ်။ သဘောတူလားးးး
    ဟီး

    ReplyDelete
  24. ဝေးသေးသလားလို့ အဟိ။..

    အော် သားရှင်သားရှင်.. သမီးရှင်များလည်း ရင်လေးကြပါတယ်ရှင်.....

    မှတ်ချက်
    တူမရှိသည်။

    ReplyDelete
  25. တန်ခူးရေ ... လာဖတ်သွားတာကြာပြီ ... အချိန်မရလို့ မမန့်လိုက်ရဘူး။

    အတူတူပါပဲ။ သမီးကလဲ အောက်ထပ်မှာ မလေးတွေ မင်ဂလာဆောင်တာ ခဏခဏတွေ့နေရတော့ အဲဒီစကား ခဏခဏပြောတယ်။ ၂နှစ် ၃နှစ်ကတည်းက မင်ဂလာဆောင်တယ်ဆိုတာ ပြောတတ်နေပြီ။ နားမလည်သေးတော့ မေမေနဲ့ ဂျူဂျူနဲ့ မင်ဂလာဆောင်မယ်တွေဘာတွေ တောင်ပြောနေလို့ မနဲရှင်းပြထားရတယ်။

    ခုခေတ်သားရှင်ဆိုတော့ ...ညက်နှာပွင့်တာပေါ့နော် ... လို့း)))

    ReplyDelete
  26. အမရေ….အတွေးချင်းတူနေပြီ….
    အိမ်လာလည်လို့ရတယ်နော်….းးး)))

    ReplyDelete
  27. ဟုတ်တယ်မွန်ရေ… အဲဒီလိုတွေ အဝေးကြီး လိုက်လိုက်ပူတတ်လို့  လူလဲ တနေ့ တခြား အဖွားကြီးရုပ်ပေါက်ပေါက်လာတယ်… မမွေးပဲနဲ့ တော့ မနေပါနဲ့ ညီမရယ်… ကြည်နူးစရာလေးတွေလဲ ရှိပါသေးတယ်… အိမ်ဆည်းလည်းလေးတွေလေ…

    အိမ့်ရေ…. အင်းးးးး… ဟုတ်ပါရဲ့နော်… အိမ့်ကော်မန့် လေးဖတ်ပြီး ပိုငိုင်သွားမိတယ်…

    အိမ့်ချမ်းမြေ့ဒေါ့ကွန်းကို လင့်ခ်မှာအိမ့်ရေ… ဟိုတပတ်ကသားနေမကောင်းလို့  မလုပ်ဖြစ်လိုက်ဘူး… ဒီဘက်မှာ အသစ်မတွေ့ လို့ စိတ်ထဲမှာတော့ သတိတွေရနေတာ…

    နှင်းပန်းရေ…. Qလိုက်ပြီနော်… နံပါတ်ဘယ်လောက်လဲ…

    ရွာသားလေးမေမေက အမလောက်မပူရတော့ပါဘူး… ချွေးမလောင်းလေးက မြန်မာမလေးဖြစ်မှာ သေချာနေတာကို… (ဖွလိုက်တာ..ဟိ)

    ညီမနွေးရေ… သားကို တိုးပါးရိုးက Sunday School(ဗုဒ္ဓဘာသာသင်တန်း) ပို့ တယ်ညီမရဲ့… သားကို နေကုန်ကျောင်းပြောင်းလိုက်တော့ ပင်ပန်းလို့ ဆို ခဏနားထားတာ… နောက်လထဲလောက် ပြန်ပို့ ဖြစ်လိမ့်မယ်… အမရဲ့ ကကာကားဆိုတဲ့ ပို့ စ်လေးက အဲဒီအကြောင်းရေးထားတာလေ…

    မောင်မျိုးရေ… ပိုပိုသိလာလေ ပိုပိုတွေးမိလေပေါ့… ပိုပိုတွေးမိလေ အိမ်ထောင်မပြုဖြစ်လေဖြစ်မှာ… လူပျိုကြီးတော့မလုပ်ပါနဲ့ လေ... ပျင်းစရာကြီး… ဖိုးဖိုးမျိုးဖြစ်ရင် ပြုစုမယ့်သူ မရှိပဲ ဖြစ်နေဦးမယ်…

    လိုချင်တဲ့ဆုကို တောင်းပေးတာ ကျေးဇူးပါနော်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မောင်လေးမိုးခါးရေ…

    ဟိဟိ… အဲဒါကြောင့် မရောက်တာ မဟုတ်ပါဘူး မ ရေ… အိမ်ချင်းလဲ လှမ်းလို့ ပါ… ရေအိုးလေး တကယ်မွေးမယ်ဆိုရင် အိမ်နီးနီးပြောင်းလာမှထင်တယ်….

    ဟုတ်ပါတယ် ကျော့ရေ… သူများဖြစ်ပေမယ့် ကိုယ့်ကလေးက အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ… လမ်းကြောင်းတည့်ပေးရမှာပေါ့လေ…

    စင်စင်ရေ… ဒါကြောင့် အမက အိမ်မှာ အမှတ်မှားမှာစိုးလို့  အဲဒီလို စကားလုံးမျိုးတွေကို မပြောဖြစ်အောင်ရှောင်တယ်…

    ဟုတ်ပါတယ်ZTရေ… တွေးတတ်အောင် လေ့ကျင့်ပေးရမှာပေါ့… ကိုယ့်လူမျိုးယဉ်ကျေးမှုတွေနဲ့  မစိမ်းအောင် မိတ်ဆက်ပေးရမှာပေါ့... အင်းလေ… ဖူးစာဆိုတာလဲ ပြောရခက်သားလား

    ကိုအောင်သာငယ်ရေ… ဟိဟိ… မြွေမြွေချင်း ခြေမြင်တယ်နော်…

    နုရေ… ဘာမှ မပူနဲ့ ညီမ… သမီးလေးမွေးပြီး အမတို့ ဆီသာ ပြောင်းလာခဲ့…(စတာနော်)..

    ဟုတ်သား… ကိုတောင်ငူအကြံလေးမိုက်တယ်…

    သားနဲ့ က အဲဒီလိုပဲ ညီမရီတာရေ… တခါတလေ ငိုအားထက် ရယ်အားသန်… မပျင်းရဘူးလေ…

    သြော်… သမီးရှင်…သမီးရှင်… တိတ်တိတ်လေး လာဖတ်လဲ ဒီကသားရှင်က မျက်စိရှင်တယ်ဆရာ…

    ReplyDelete
  28. Anonymousရေ… Anonymousရဲ့ကော်မန့် လေးဖတ်ပြီး ဟိုတနေ့ က သူငယ်ချင်းတယောက် အီးမေးလ်ပို့ လိုက်တဲ့ Power point ထဲက စာသားလေးတချို့ ကို သွားသတိရမိတယ်… ဖတ်ကြည့်ပါဦးနော်
    “What we see when watching others, depends on the purity of the window through which we look.
    Before we give any criticism, it might be a good idea to check our state of mind and ask ourselves if we are ready to see the good rather than to be looking for something in the person we are about to judge” တဲ့။ လူတိုင်းလူတိုင်းဟာ အကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်နဲ့  ခွဲနေကြရပေမယ့် ကိုယ့်တိုင်းပြည်ကို ရင်ထဲအသဲထဲက လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးနေကြမှာ ကျွန်မကျိန်ဆိုရဲပါတယ်။ ဒါနဲ့  Anonymousသိအောင်ပြောပြရရင် ကျွန်မတို့  တမိသားစုလုံးဟာ မြန်မာပတ်စ်ပို့ ကို ကိုင်တွယ်ထားတဲ့ မြန်မာနိုင်ငံသားတွေပါ… Singapore citizen မဟုတ်ပါဘူး… တကယ်လို့  မြန်မာSingapore citizen တယောက်က ဒီလိုပို့ စ်မျိုးလေး ရေးခဲ့ရင်လဲ ကျွန်မက သူတို့ ရဲ့ မြန်မာနိုင်ငံပေါ်ချစ်တဲ့ သံယောဇဉ်ကို ကိုယ်ချင်းစာလို့  နားလည်ပေးမိမှာပါ… ပြီးတော့ အဝေးရောက်မြန်မာတွေအားလုံး ကိုယ့်နိုင်ငံကို တတ်နိုင်တဲ့နည်းက ကူညီစောင့်ရှောက်နေကြတယ်ဆိုတာ မနှစ်က နာဂစ်တုန်းက ကူုညီခဲ့တဲ့ ဥပမာက အတော်သိသာထင်ရှားတဲ့ ဥပမာပါ… ခုလို ကျွန်မပို့ စ်ကို တခုတ်တရဖတ်ပြီး ကော်မန့် ပေးတာ ကျေးဇူးပါရှင်…

    Life is for success ရေ… ကျွန်မလဲ အဲဒီလို မြင်မိတယ်… အဲဒီလို ပူမိတယ်… အားလုံးမဟုတ်ပေမယ့် အများစုက အဲဒီလို ဖြစ်နေကြတာမိုလား… အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပေါ့လေ…ကိုယ့်သားသမီးကို မြန်မာပတ်ဝန်းကျင်မှာ များများကျင်လည်အောင် ကြိုးစားရမှာပေါ့… ကျွန်မသားဆို ပက်နင်ဆိုးလားရောက်ရင် သိပ်ပျော်တာ… ဦးဦးတွေ ဒေါ်ဒေါ်တွေက မြန်မာတွေချည်းဆိုတော့ သိသိမသိသိ သူစကားပြောချင်တဲ့သူ သွားပြော၊ သူရယ်ပြချင်တဲ့သူရယ်ပြနဲ့  ဟုတ်နေတာပဲ….

    Anonymousရေ… မိဘဆိုတာ သားသမီးရဲ့ လက်ဦးဆရာမို့  သားသမီးကို နည်းလမ်းမှန်ကန်အောင် ဆုံးမဖို့  တာဝန်အရှိဆုံးဆိုတာ မှန်ပေမယ့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုလဲ သတိတော့ ထားရပါမယ်… ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံတွေနဲ့ ပတ်ဝန်းကျင်နဲ့  ကွဲလွဲနေတဲ့ အခါ နားလည်အောင် စိတ်ရှည်ရှည်ထားပြီး ဆုံးမသွန်သွင်ရမှာပါ…

    သက်ဝေရေ… လာလည်မယ်လေ… အိမ်အသစ်ကိုနော်… သားက ကိုကိုကြီးကြီးတွေဆီ သွားရတာ သိပ်ပျော်တာ… ဟုတ်တယ်… လုံလောက်တဲ့နားလည်မှုအတွက် အတူအားမွေးဖို့  သက်ဝေဆီ လာခဲ့မယ်နော်…

    ဟုတ်ပါတယ်… ကိုလူထွေးရေ… အပေါင်းအသင်းက သိပ်ကို အရေးကြီးပါတယ်… ခုလို လာလည်တာကျေးဇူးပါ… နောက်လဲလာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

    မြတ်နိုးရေ… မေးနေစရာတောင် မလိုဘူး… သဘောတူပြီးသား… မြန်မြန်သာ အကောင်အထည်ဖော်ပေတော့…

    မမရေ… တူမလေးက ဘယ်အရွယ်ရောက်ပြီလဲ… ဒီကိုရော အလည်လာသေးလား… ရန်ကုန်ဘယ်နားလေးနေတာလဲ… ဒီတခါပြန်ရင် သားကိုအလည်ပို့ … ဟုတ်ပါဘူး… တန်ခူးသွားလည်ချင်လို့ ပါ…

    ဆွိရေ… ဟုတ်တယ်နော်… အဲဒီလိုတွေက ရှင်းပြရတာ သိပ်လက်ပေါက်ကပ်တာ… အဲလိုကြီးလဲ မျက်နှာမပွင့်လှပါဘူး သယ်ရင်းရယ်… တကယ်ဆို သယ်ရင်းတို့ အိမ်လဲ လာလည်ချင်တဲ့အထဲပါတယ်… ဟိဟိ….

    စိတ်ချ… လာလည်မှာHtayရေ… အတွေးချင်းတူနေလား… ဒါဆို Okပြီ… ဟိဟိ… ရှုးးးးးးးးးးးးးးးးးး…. ရှင်းဖေဖေသိစေနဲ့ … ကြောက်လို့ ….

    ReplyDelete
  29. ခရီးက ခုမှ ပြန်လာလို့ ဒီပို့စ်လေး လာဖတ်တာ နောက်ကျသွားတယ် အမရေ။
    အမ သားလေးအကြောင်းရေးတိုင်း မိဘမေတ္တာနဲ့ ထုံသင်းနေတာမို့ ဖတ်တိုင်း ကြည်နူးရတယ်။
    အမ ရှင်းမပြလဲ အမရင်ထဲက တိုင်းပြည်အပေါ်၊ သားအပေါ်ထားတဲ့ မေတ္တာတွေ နားလည်ပြီးသား။ ခံစားလို့ ရပြီးသား။ ဖြစ်လာတဲ့အခြေအနေပေါ်မှာ သားသမီးကို ကိုယ့်ဖြစ်စေချင်တာလေး လိမ်လိမ်မာမာနဲ့ တည့်မတ်ပေးချင်တဲ့ စိတ်ကလေးကို လှစ်ကနဲ မြင်လိုက်ရတယ်။
    ချိုသင်းမှာ သမီးတော့ မရှိ၊ တူမတွေတော့ ရှိတယ်။ တူမတွေကလဲ အဒေါ်လို ချစ်စရာ ကောင်းကြပါတယ်။ (ကြော်ငြာ ၀င်လိုက်ပါတယ်)

    ReplyDelete