Friday, April 17, 2009
ဘလော့ဂ်နှစ်သစ်မင်္ဂလာပွဲ
“မမမေငြိမ်း၊ မမခင်မင်းဇော်၊ မမခင်ဦးမေ၊ မမသီတာ၊ မမသိဂီင်္၊ သူငယ်ချင်းသက်ဝေ၊ သူငယ်ချင်းဆွိတို့ ရေ… ပရိတ်အိုးလေးတွေ ပြင်ပြီးကြပြီလား။ တန်ခူးတို့  ဘလော့ဂ်ရပ်ကွက် အန္တရာယ်ကင်း ပရိတ်ပွဲအတွက်လေ”
“ဆရာကိုဧရာနဲ့  ကိုအန်ဒီတို့ ကလဲ ဆရာတော်တွေအတွက် နေရာထိုင်ခင်းပြင်ဆင်လို့ ”
“ညီမလေးမေဓာဝီ၊ညီမလေးနိနိ၊ ညီမလေးမြတ်နိုး၊ ညီမလေးပုံရိပ်၊ ညီမလေးအိမ့်ချမ်းမြေ့၊ ညီမလေးရီတာ၊ ညီမလေးနုသွယ်၊ ညီမလေးsin dan lar တို့ က ယောဂီဝတ်စုံလေးတွေနဲ့  အိုးလေးတွေ ကိုယ်စီနဲ့  ငါးလွှတ်ပွဲသွားကြမလို့ ပေါ့… ကျက်သရေရှိလိုက်တာ”
“မောင်လေးကိုဇနိ၊ မောင်လေးရွာသားလေး၊ မောင်လေးကိုပီတိ၊ မောင်လေးကိုတောင်ငူ တို့ က နှစ်ဆန်းတရက်နေ့  အတွက် ညီမလေးလုလုလက်ရာ စတုဒီသာ ရွှေရင်အေးကျွေးပွဲမှာ တတပ်တအားပါလား… တို့ မောင်လေးဦးဇင်းမျိုးကတော့ ဘုန်းဘုန်းတွေနဲ့ အတူ ပရိတ်ပွဲကို ကြွလာမယ်ထင်တယ်”
“ညီမလေးချိုသင်း၊ ညီမလေး ခွန်မြလှိုင်၊ ညီမလေးနုစံ၊ ညီမလေးကေ၊ ညီမလေးမီယာ၊ ညီမလေးသုနှင်းဆီ၊ ညီမလေးပေါက်၊ ညီမလေးသန့်  တို့ ကလဲ ဘိုးဘွားတွေကို ခေါင်းလျှော်ပေးတဲ့သူနဲ့  ခြေသည်းလက်သည်းသန့် စင်ပေးတဲ့သူနဲ့  ကိုယ်စီကိုယ်စီ ကုသိုလ်တွေ ယူလို့… မြင်ရတာ ကြည်နူးစရာ”
“ဟော… ကိုသစ်နက်ဆူးခေါင်းဆောင်တဲ့ အိုးစည်၊ ဒိုးပတ်ဝိုင်းကလဲ မြိုင်လို့  ဆိုင်လို့ ပါလား… ကိုသစ်နက်ဆူးအက ကလဲ အနုပညာမြောက်… အံမယ်… မောင်လေးကိုပေါက အိုးစည်ကို မာန်ပါပါတီးလို့ ပါလား… ကိုစေးထူးအော်ဂင်လက်ရာကလဲ အတော်ကောင်း”
“မောင်လေးကောင်းကင်ကို၊ ညီမလေးပန်ဒိုရာ၊ အကိုကြီးကိုအောင်သာငယ်၊ အကိုကြီးကိုဝေလင်း တို့ ကလဲ ကြွလာတဲ့ ပရိသတ်တွေကို ခုလောလောဆယ်ထွက်သွားတဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ကဗျာစာအုပ်တွေဝေလို့ ”
တခြားတခြား ဘလော့ဂ်ဂါညီအကို မောင်နှမတွေကလဲ ကိုယ်စီကိုယ်စီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  ဘလော့ဂ်နှစ်သစ်မင်္ဂလာပွဲမှာ တတပ်တအား ပါဝင်နေလိုက်ကြတာ။ ခုလို နှစ်ဆန်းတရက်နေ့ မှာ မြင်ရတွေ့ ရတာ ကျက်သရေရှိ စိတ်ချမ်းသာလိုက်ပါဘိ။ ကျွန်မတို့  ဘလော့ဂ်ရပ်ကွက်က ဘလော့ဂ်ဂါညီအကိုမောင်နှမတွေရော ဘလော့ကြွလာမိတ်သဟာ အပေါင်းရော နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ။
တန်ခူး
2:15pm 17-Apr-2009
(နှစ်ဆန်းတရက်နေ့ )
29 comments:
  1. Thanks for that post.
    I am smiling now.
    ReplyDelete
  2. ဟေးးးး တို့လဲ ပါတယ်ဟေ့ ။ ပျော်လိုက်တာ ။ သွား ၃၂ ချောင်းပေါ်နေပြီ ။ အဟုတ် ။ အစ်မလဲ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ ။ စာတွေလဲအများကြီးရေးနိုင်ပါစေ ။
    ReplyDelete
  3. မ-ရေ ..
    ဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ ...
    အန္တရာယ်ကင်း ပရိတ်ရွတ်ဖို့ ဘုန်းဘုန်းဘလော့ဂါတွေကို ပင့်ထားလေ။
    အားလုံးမြိုင်မြိုင်ဆိုင်ဆိုင် စည်းစည်းလုံးလုံးနဲ့ ... တကယ်သာဆို ဘလော့ရပ်ကွက်ကလေးက ပျော်ဖို့သိပ်ကောင်းမှာပဲ။
    ပရိတ်ရွတ်ပြီးရင် မကောင်းဆိုးဝါးတွေ ထွက်အောင် ဆိုလား သံပုံးတီးပြီး တောထုတ်ရသေးတယ် ကြားဖူးတာပဲ။ တီးမယ်ဆိုလဲ ပြောနော် မ ...
    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ...
    ReplyDelete
  4. ရွှင်လန်းချမ်းမြေ့ပါစေ အမတန်ခူးရေ
    ReplyDelete
  5. သမီးက ငါးသွားလွှတ်လိုက်ဦးမယ်
    :D :D :D
    ReplyDelete
  6. ၀ုန်း ၀ုန်း ဒုံး ဒုံး ဒိုင်းဒိုင်း..
    မကြောက်ပါနဲ့ သံပုံးတီးတာပါ။ ပရိတ်နာအပြီး
    တောထုတ်တာလေ ဟဟ
    အမခင်မင်းဇော်
    ReplyDelete
  7. တန်ခူးရေ….. ကျနော်က အိုးစည်မတီးတတ်ဘူး၊ တီးရင်းတီးရင် ဘီလူးဆိုင်းပဲ တီးတတ်ချင်တယ်ခင်ဗျ။ ကျနော်တီးရင် ဘီလူးတွေ သင်္ကြန်ယိမ်း ထ ကကြမယ်ထင်တယ်။း-)
    ReplyDelete
  8. မလုလုလက်ရာ စတုဒီသာ ရွှေရင်အေးကျွေးပွဲမှာ တတပ်တအား ပါဝင်ပြီး အဝစားသွားပြီ အမရေ..
    အမတန်ခူး နှစ်သစ်မှာ မိသားစုနဲ့တကွ ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွှင်ပါဟေ
    ReplyDelete
  9. အမရေ.. ဒီပို့စ်လေး ဖတ်ရတာ ကြည်နူးလိုက်တာ.. အမပြောသလိုပဲ ပရိတ်တရားနာပြီး Blogger တွေ စုပြီး နှစ်သစ်မင်္ဂလာ လုပ်ရရင် ကောင်းမယ်နော်.. ပျော်စရာကြီး.. :D
    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ အမရေ... :)
    ReplyDelete
  10. ပျော်စရာ ကြည်နူးစရာကောင်းတဲ့ ဘလော့ဂ်နှစ်သစ်မင်္ဂလာပွဲလေး ဖြစ်မြောက်အောင် စိတ်ကူးကောင်းကောင်းလေးနဲ့ တွေးရေးပေးတဲ့ အတွက် ကျေးဇူးပါ တန်ခူးရေ.. :)
    နှစ်သစ်မှာ ချစ်သောသူများနှင့်အတူ ဘ၀လမ်းမှာရော ဘလော့ဂ်ရပ်ဝန်းမှာပါ အတူတူ ပျော်ရွှင်ချမ်းမြေ့ပါစေ..
    ReplyDelete
  11. ဧည့်သည်တွေကို ဧည့်မခံခင် ရွှေရင်အေးနှစ်ပွဲလောက် တီးလိုက်ဦးမယ်။
    ရှလွတ်..
    ReplyDelete
  12. ဘလော့နှစ်သစ်ပွဲမှာ ရွှေရင်အေးအတွက် တတပ်တအား ၀င်စား အဲ... ၀င်လုပ်အားပေးသွားပါတယ်။
    အပြင်မှာ လုပ်ခွင့်ရရင် ပျော်စရာကြီးနော်...
    နှစ်သစ်မင်္ဂလာပါ အမရေ...
    ReplyDelete
  13. မတန်ခူးရေ... ကုသိုလ်ပါဝင်ခွင့်ရတာ ကျေးဇူးတင်ပါတယ်... နောင်နှစ်လည်း ခေါ်ပါ။ လက်သည်းနီဆိုးတာ အရမ်းဝါသနာပါတယ်... မမလှလှ တွေကို လက်သည်း အလှပြင်ပေးမယ် :)
    ReplyDelete
  14. ဖတ်ရင်း ကြည်နူးမိတယ် အမ တန်ခူးရေ
    နှစ်တိုင်းလဲ အဲဒီကုသိုလ်ပွဲလေးမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်ရပါစေ..ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာပါစေ။
    ReplyDelete
  15. မတန်ခူးရေ....
    ပြုံးပြုံးကြီး ဖတ်နေမိတယ်....
    တကယ်တော့ အပြင်မှာ ငါး တစ်ခ်ါမှ မလွှတ်ဖူးဘူး...
    ခု မတန်ခူးကျေးဇူးနဲ့ ငါးလွှတ်ဖူးသွားပြီ....။
    ReplyDelete
  16. အခုတလော ဘလော့ဂ်ပေါ်က သူငယ်ချင်း မိတ်ဆွေတွေဆီကို စိတ်တွေ တော်တော်ရောက်နေတာ...
    ဝါသနာတွေ တူညီကြတဲ့သူတွေ၊ ယုံကြည်ချက်ခြင်း ဦးတည်ရာခြင်း၊ လျှောက်ချင် ရောက်ချင်ကြတဲ့ ပန်းတိုင်ခြင်း ထပ်တူညီကြသူတွေမို့ သံယောဇဉ်တွေ ပိုရှိလာသလိုပဲ ခံစားရတယ်...။ (ဒီလိုတွေကြောင့် အစိမ်းရောင် အစက်ကလေး ဆိုတဲ့ ပိုစ့်လေးတခုတောင် ရေးမိသေး..)
    တန်ခူးက အခုလိုလေး ရေးလိုက်တော့ တို့တွေအားလုံး တစုတစည်းထဲသာ တွေ့ဆုံခွင့်တွေ ရနိုင်ကြမယ်ဆိုရင် သိပ်ပျော်စရာကောင်းမှာပဲနော်...။
    တနေ့နေ့ရောက်ရင်....
    တနေ့နေ့ရောက်ရင်....
    တနေ့နေ့ရောက်ရင်ပေါ့ တန်ခူးရယ်.. နော်...
    ReplyDelete
  17. တန်ခူးရေ။ ပျော်စရာကြီးနော် ... တို့လဲပါတယ်တော့ ...သံပုံးတီးတဲ့ ပရိတ်သတ်ထဲ တို့ပါချင်တယ်။ နှစ်သစ်မှာ အားလုံးပျော်ရွင်ကြပါစေ။
    ReplyDelete
  18. နှစ်သစ်မင်္ဂလာပွဲမှာ ပါဝင်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ မတန်ခူးရေ့... ရှားရှားပါးပါးမို့ပါ...း)
    နှစ်သစ်မှာ မိသားစုဝင်အားလုံး အစစ အရာအရာ အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား...
    ReplyDelete
  19. မတန်ခူးရေ ငါးလွှတ်ပြီးတော့ ရွှေရင်အေး ၀င်စားသွားတယ်။ ဥပုသ်စောင့် မနေတာ တော်သေးတာပေါ့နော်။ ရွှေရင်အေးစားရတယ် အဟီး။
    နှစ်သစ် မင်္ဂလာပါ အစ်မရေ။
    ReplyDelete
  20. မင်္ဂလာနှစ်သစ်ပါ အမရေ..
    အမရော.. မိသားစုတစ်ခုလုံး ကျမ်းမာပျော်ရွှင်ကြပါစေ..
    ReplyDelete
  21. ပျော်စရာကောင်းတဲ့ ပို့စ်လေးအတိုင်း ဖြစ်လာမယ့် နေ့ရက်တွေကို မျှော်လင့်နေပါတယ်။
    တနှစ်လုံး အေးချမ်းပါစေ။
    ReplyDelete
  22. ကျနော်လဲ ဟိုဟိုဒီဒီ ကူလုပ်ပေးရင်း အိုးစည်ဒိုးပတ်ဝိုင်းကို ဘေးကနေ လက်ခုပ်တီးအားပေးသွားတာပေါ့။ :)
    ReplyDelete
  23. နှစ်သစ်မှာ ပျော်ရွှင်ပါစေ အစ်မရေ လို့
    ဆုမ္ဂန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ
    ReplyDelete
  24. ရွှေခိုင်April 19, 2009 at 4:22 PM
    မ . . . မီးတို့ရော ဘယ်နားက ပါရမှာလဲဟင် . . .
    Happy Myanmar New Year!
    ReplyDelete
  25. အဟမ်း...ဘုန်းဘုန်းကြွလာတယ် အဲ့ ခုတော့ လူထွက်ပြီး အစ်မကြီး အနော် ဦးဇင်ဝတ်တာ ဘယ်လိုသိပါလိမ့် စကြမှာ စိုးလို့ တိတ်တိတ်လေးသွားဝတ်တား)
    ReplyDelete
  26. တန်ခူးက အမတို့ကို ပရိတ်အိုး ပြင်ဖို့ ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးထားတယ်။ SGမှာ (၇)နံ ပြည့်အောင် သစ်ခက်၊ သစ်ရွက်တွေ ရှာရတာ မလွယ်ဘူးတော့။ (ရွှေရင်အေးလေး အိမ်ကို ပါဆယ်ထုတ်သွားပါရစေနော်။)
    ReplyDelete
  27. အမတန်ခူးရဲ့ ဘလော့ဂ်နှစ်သစ်မင်္ဂလာပွဲကို လာတက်ပြီး တိတ်တိတ်လေးပြန်သွားတာ။ အခုမှ အေးအေးဆေးဆေး ပြန်ရောက်လာတယ်နော်။ နောက်ကျတာ ခွင့်လွှတ်ပါ။ ဒါပေမယ့် ပွဲနေ့က တက်ပါတယ်။ အလုပ်တွေလည်း တပျော်တပါး ကူလုပ်သွားတယ်နော် အမ။ အပြင်မှာ တကယ်ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ။ အမက အရင်တခါလည်း အလှူပွဲကြီးလုပ်သေးတယ်။ ပျော်စရာကြီးနော်။
    ဒါနဲ့ တနေ့ညက အမကို မမြင်ဖူးဘဲ အိပ်မက်မက်နေတယ်။ အိပ်မက်ထဲမှာ အမတန်ခူးက သူငယ်ချင်းတွေနဲ့အကြုံ မန္တလေးထုံးမုန့် ၂ ထုပ် ထည့်ပေးလိုက်တာတဲ့ စလုံးကနေလေ။ မုန့်ထုပ်တွေက အကြီးကြီးတွေ။ ကိုက်စားနေရင်း မကုန်နိုင်ဘူး။ ကိုဇနိရေ အမတန်ခူးက စပယ်ရှယ်မှာပေးပြီး လူကြုံနဲ့ပေးလိုက်တာနေမယ်လို့ အိပ်မက်ထဲမှာပြောနေတာ။ နိုးလာတော့ တကယ်မှတ်ပြီးမုန့်ရှာနေသေးတယ်။
    ReplyDelete
  28. ဝေးးးးးးးးးးးး
    အုပ်ထိန်းသူခွင့်ပြုချက်မရပဲ ဆိုင်မှာလာလာထိုင်နေတာ ဘယ်သူလဲဗျို့။
    အမရေ ဂစ်တာက တကယ်တီးသင်ပေးမှာလားဗျ။ အခု မွေးနေ့ကျရင် ဂစ်တာတစ်လုံးလက်ဆောင်ရမယ်တဲ့ဗျ။ ဒါပေမယ့် အကြာကြီးလိုသေးတယ် :(
    ReplyDelete
  29. အမတန်ခူးရေ
    အဲ့နေ့က ဘိုးဘြွးတော့ ခေါင်းလျှော် မပေးလိုက်ရဘူး သမီးလေးကိုပဲ လုပ်ပေး လိုက်ရတယ် ဟိဟိ... ဘလော့ လောကနဲ့ နည်းနည်း ပြန်ကင်းကွာ နေပေမယ့် မမေ့ဘဲ စာတွေထဲ အမြဲပါနေအောင် သတိရတဲ့ အမရဲ့ သံယောဇဉ်ကို လေးစားလျက်
    ReplyDelete