Tuesday, April 14, 2009

ကိုပေါနဲ့ အမေးအဖြေ

ခုတလော ဘလော့ဂ်တွေပေါ်မှာ မြို့ မေတ္တာခံယူနေတဲ့ ကျွန်မမောင်လေးအရင်းလို ရင်းနှီးတဲ့
ကိုပေါကို မေးချင်တာလေးတွေ မေးထားတာပါ။ ကျွန်မအာဘော်မပါ သူ အဖြေလေးတွေကို
ဖတ်ကြည့်ပါဦး။ ဘာကြောင့်ဒီပို့ စ်ရေးဖြစ်လဲဆိုတာတော့ ရည်ရွယ်ချက်တူ လားရာတူတဲ့
ဘလော့ဂ်ဂါတွေ အချင်းချင်း နားလည်မှုမလွဲစေချင်လို့  ရေးဖြစ်ခြင်းဖြစ်ပါတယ်။

တန်ခူး >> ကိုပေါရေ… ပထမဆုံး မေးချင်တာက မဲပြာပုဆိုးမေးခွန်းလေးပါ။ ဘာကြောင့်
ဘလော့ဂ်တာလဲ။

ကိုပေါ>> တန်ခူးရေ….. ပွဲဆူအောင် လုပ်ပြန်တာလား။ တန်ခူးမေးခွန်းကို ဖြေရရင်တော့
ကိုယ့်အမြင်လေးတွေ၊ ကိုယ့်အတွေးလေးကို လွတ်လွတ်လပ်လပ် ရေးပြချင်တာက အဓိက။


တန်ခူး >> ကိုပေါ အကြိုက်ဆုံးဘလော့ဂ်ဂါ နဲ့  ဘာကြောင့်ကြိုက်တာလ။ဲ

ကိုပေါ>> ကြိုက်တဲ့ဘလော့ဂါတွေက များတယ်။ တယောက်နဲ့တယောက် ရေးကြတဲ့
နယ်ပယ်ချင်းမတူတော့ အကြိုက်ဆုံးကို ရွေးရခက်တယ်။ ဒါပေမယ့် အခုလောလောဆယ်
အကြိုက်ဆုံးသုံးယောက်လောက် ပြောရရင် ပန်ဒိုရာ၊ မေဓာဝီ နဲ့ စိတ်ကူးတေးသီပါ။
ဘာကြောင့်ကြိုက်သလဲဆိုတော့… အနုပညာနဲ့ အရေးအသားကို နှစ်ခြိုက်တာပါ။ ပန်ဒိုရာမှာ ဟာသ ကလည်း ရွှင်သေးတယ်လေ။


တန်ခူး >> ကိုပေါမုန်းတဲ့ ဘလော့ဂါများ နဲ့  ဘာကြောင့်မုန်းတာလဲ။

ကိုပေါ>> အဲ့…..ပလုပ်တုတ်။ သင်္ကြန်တွင်းကြီးမှာ ရာဇ၀တ်အိုးတော့ တုတ်နဲ့ ထိုးခိုင်းပြန်ပါပြီ။ ဥပုသ်ကြီးနဲ့လို့ ညာပြောလိုက်မှ ထင်တယ်…ဟီးဟီး။

တစိမ့်စိမ့်တွေးပြီး မုန်းရတဲ့အထိ မဟုတ်ပေမယ့် အမြင်ကတ်တဲ့
ဘလော့ဂါတွေတော့ရှိတယ်ခင်ဗျ။ တဦးမေတ္တာတဦးမှာဆိုသလို သူတို့ကလည်း
ကျနော့်ဘလော့ဂ်တော့ မလာသလောက်ပါဘဲ။ နာမည်တွေတော့ ထည့်မပြောတော့ဘူး။
စာမျက်နှာမဆံ့မှာစိုးလို့….။ ဘာကြောင့် အမြင်ကတ်လဲဆိုတော့ ပြောရရင်
အရှည်ကြီးပဲ။ ဒီတော့ ဓါတ်ကို မတည့်လို့ လို့သာ အလွယ်မှတ်လိုက်ပါ။

သူတို့ဘလော့ဂ်တွေဆိုရင် အစောကြီးကတည်းက ကျနော်သွားမလည်သလောက်ပဲ။
ကော်မန့်တွေ မြင်ရုံနဲ့ အမြင်ကတ်နေတာ။ နအဖဘက်တော်သား ဘလော့ဂါတွေဆိုလည်း
ထို့အတူပဲ။ တချို့ဘလော့ဂ်ကတော့ ရှိမှန်းမသိလို့ သွားမဖတ်ဖြစ်တာပါ။
ရွှေမန်းတင်မောင်သီချင်းထဲကလို ပြောရရင် ….မုန်းလို့ဟုတ်ဘူး….မုန်းလို့ဟုတ်ဘူး….
မုန်းလို့ဟုတ်ဘူး။

တန္ခူး >> ဘေလာ့ဂ္ဂါ တေယာက္ရဲ့ ပို ့စ္ထဲမွာ ပါတဲ့ အေတြးအေခၚက
ကိုယ့်အတွေးအခေါ်နဲ့  ဆန့် ကျင်ဘက်ဖြစ်နေခဲ့ရင် ဘယ်လို ကော်မန့် ပေးသင့်တယ်လို့ 
ထင်ပါသလဲ။

ကိုပေါ >> ကျနော့်အလိုအရကတော့ ပေးချင်သလိုသာပေး ကိစ္စမရှိဘူး။ အကျိုးအကြောင်းနဲ့
ကိုယ့်အယူအဆကို ခိုင်ခိုင်မာမာ တင်ပြရင်တော့လည်း ဖတ်ရသူအဖို့ အကျိုးရှိတာပေါ့။ ဒါပေမယ့် လူတိုင်းက အကျိုးအကြောင်းနဲ့ ပြောနိုင်ချင်မှ ပြောနိုင်ဦးမှာကိုး။ တခါ ဒီလောက်အထိ စိတ်မရှည်လို့၊ အချိန်မပေးနိုင်လို့ ခပ်ထေ့ထေ့ကလေးသော်လည်းကောင်း၊
အရွှန်းဖောက်ပြီးသော်လည်းကောင်း၊ နောက်ပြောင်ပြီးသော်လည်းကောင်း ရေးချင်လည်း
ရေးကြပါစေပေါ့။

တန်ခူး >> ကိုယ့်ဆီမှာလာပေးသွားတဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်တဲ့ ကော်မန့် တွေကို ဘယ်လို
တုန့် ပြန်သင့်တယ်ထင်ပါသလဲ။


ကိုပေါ>> ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတော့… ဒါက တဦးနဲ့ တဦး သဘောကွဲလွဲနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုတာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို
ဖွင့်ချပြီး ထိခိုက်တာဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ပုဂ္ဂိုလ်ရဲ့ တွေးပုံ၊ ခေါ်ပုံ၊
ပြုမူပုံတွေကိုတော့ အပြန်အလှန်ဝေဖန်ကြရင်လည်း ဝေဖန်သင့်တယ်လို့ ကျနော်
ယူဆပါတယ်။ ကျနော်ထင်တာပြောတာပါ။ လက်ခံချင်မှ လက်ခံပါ။


တန်ခူး >> တချို့ ကပြောကြတယ် ဘလော့ဂ်လောကက ကျီးကိုဘုတ်မြှောက်၊
ဘုတ်ကိုကျီးမြှောက်တဲ့။ ကိုပေါကရော ဘယ်လိုထင်သလဲ။


ကိုပေါ>> ကျနော်လည်း အဲသလိုပဲ သဘောရပါတယ်။ ဒါပေမယ့် ကျီးနဲ့ဘုတ် သူဟာသူ
ကျေနပ်နေရင်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် မြှောက်နေကြပါစေသား။ သူတို့
လွတ်လပ်ခွင့်ပဲလေ။ မြှောက်ရတာ ကြာရင် မောသွားလိမ့်မယ်။ ဒါပေမယ့်
သတိပြုသင့်တာတခုကတော့ အင်္ဂလိပ်စကားပုံမှာ လူတိုင်းကို အတူတူလိုက်ပြီး ချီးမွမ်းခြင်းဟာ ဘယ်သူ့ကိုမှ မချီးမွမ်းတာနဲ့ အတူတူပဲတဲ့။ (Praising all alike is praising none.)

တန်ခူး >> တချို့ ကတော့ မြန်မာများ မကောင်းချက်တော့ ဘလော့ဂ်ပေါ်တောင် အချင်းချင်း
fight နေကြတယ်တဲ့။ မြန်မာလူမျိုးတွေကို အဲဒီလိုပြောရင် ကိုပေါဘာပြန်ပြောမလဲ။


ကိုပေါ>> သြော်…. လူဆိုတာ တယောက်တည်းတောင် စိတ်ထဲမှာ ချီတုံချတုံဖြစ်တာတို့၊ ပဋိပက္ခဖြစ်တာတို့ ရှိပါတယ်။ သူများနဲ့ဆို အယူအဆမတူလို့ ဖိုက်တာ ဘာဆန်းလဲ။ ၀ါးရင်းတုတ်ကိုင်ပြီး အပြင်မှာ လိုက်မရိုက်သရွေ့ အယူအဆတွေအကြား၊ အသင်းအဖွဲ့တွေအကြား၊ ဘလော့ဂါအချင်းချင်းအကြား ဘလော့ဂ်ပေါ်မှာ fight တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အယူအဆတွေအကြား၊ လုပ်နည်းလုပ်ဟန်တွေအကြား၊ နည်းဗျူဟာတွေအကြား၊ သီဝရီတွေအကြား အချင်းချင်း ဖိုက်နေ၊ စစ်ကြောဝေဖန်နေမှ လူအဖွဲ့အစည်းဟာ တိုးတက်မှုရှိမှာပေါ့။

တန်ခူး >> ကိုပေါက fighterလား။ ဘာအတွက် fight တာလဲ။

ကိုပေါ>> ကျနော် Fighter လို့ ကိုယ့်ကိုယ်ကို ယူဆထားပါတယ်။ ဒါပေမယ့် သေနတ်ကိုင်၊
ဝါးရင်းတုတ်ကိုင်ပြီး ဖိုက်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက
ခေါက်ရိုးကျိုးလာတဲ့ ကျနော့်အတွေးအခေါ်အယူအဆ၊ အကျင့်စရိုက် တချို့ကို ကိုယ့်ဖာသာ
တော်လှန်ဖို့ကြိုးစားတယ်။ နောက်ပြီး ကိုယ့်အခွင့်အရေးနဲ့ ကိုယ့်လွတ်လပ်မှုအတွက် အဓိက
ဖိုက်တယ်။ ကိုယ့်အခွင့်အရေး၊ ကိုယ့်လွတ်လပ်မှုက အခုတော့ အများအခွင့်အရေး၊
အများလွတ်လပ်မှုနဲ့ပါ ဆက်စပ်နေတော့တာပေါ့။


တန်ခူး >> ကိုယ်နဲ့ ဆန့် ကျင်ဖက် အငြင်းအခုန် ပြဿနာတက်ဖူးတဲ့ ဘလော့ဂ်ဂါဆီ
ပြဿနာဖြစ်ပြီးနောက်ပိုင်း သွားဖတ်သေးလား။


ကိုပေါ>> ဟာ….ဘယ်နေမလဲ။ ကျနော်အငြင်းအခုန်လုပ်ဖူးတဲ့ ဘလော့ဂ်တွေကလည်း
အများသားကလား။ အားလုံးကို အခုအထိ ဖတ်လည်းဖတ်တယ်။ မှတ်ချက်လည်းပေးတယ်။
ကွန်မင့်လုပ်စရာ အထွေအထူးမရှိရင် မလုပ်ပါဘူး။ ပို့စ်တိုင်းမှာ အမြင်မတူတာမဟုတ်ပါဘူး။
အမြင်တူပြီး နှစ်သက်တဲ့ ပို့စ်တွေလည်း ရှိနေပါတယ်။ တော်ရုံပို့စ်ကိုလည်း စိတ်မပါရင်
မှတ်ချက်မပေးပါဘူး။ တခါတလေတော့လည်း အပျင်းပြေ အပျော်သဘော
ပေါက်ကရမှတ်ချက်မျိုးပေးတာရှိပါတယ်။


တန်ခူး >> ကိုယ့်အမြင်က အမြဲမှန်တယ်လို့  ထင်သလား။

ကိုပေါ >> ကိုယ့်အမြင်က အမြဲမှန်တယ်ထင်ရင် ဗေဒင်ဟောစားတော့မှာပေါ့ဗျာ… ဟဲဟဲ။ နောက်တာပါ။ ကျနော်လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် မှားမှန်းမသိခင်အထိတော့ ဘယ်သူမဆို
ကိုယ့်အယူအဆကိုယ် မှန်တယ်ထင်ကြတာဟာ ဓမ္မတာပဲလေ။

တန်ခူး >> ကိုယ်နဲ့ မတူ ကိုယ့်ရန်သူလို သတ်မှတ်သလား။


ကိုပေါ>> ကိုယ်နဲ့တကွသော အခြားသူများရဲ့ ပြောဆိုပိုင်ခွင့်ကို မပိတ်ပင်ဘဲ တန်းတူရည်တူ
အခွင့်အရေးပေးသရွေ့၊ လွတ်လပ်ပိုင်ခွင့်ကို မချုပ်ခြယ်သရွေ့၊ မဖိနှိပ်သရွေ့ ရန်သူလို
သဘောမထားပါဘူး။ အမြင်မတူသူလို့ပဲ သဘောထားပါတယ်။


တန်ခူး >> ပို့ စ်ထဲမှာ ကိုယ်ပေးချင်တဲ့ message ကို စာဖတ်သူဆီရောက်သွားအောင်
ဘယ်လို ဆွဲဆောင်သင့်လဲ။


ကိုပေါ>> သန်ရာသန်ရာပေါ့ဗျာ။ ဟာသ သန်တဲ့လူက ဟာသ၊ အတည်ပေါက်သမားက
အတည်ပေါက်၊ သရော်တဲ့လူက သရော်မယ်။ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု၊ ကာတွန်း၊ သီချင်း၊
ပုံသဏ္ဍာန်မျိုးစုံနဲ့ ပေးလို့ရတာ တန်ခူးသိသားနဲ့။


တန်ခူး >> အပြုသဘောကော်မန့် နဲ့ အပျက်သဘောကော်မန့် ဘယ်လို ခြွဲခားသလဲ။

ကိုပေါ>> ကော်မန့်ဟာ ကော်မန့်ပဲပေါ့။ အပြုသဘော၊ အပျက်သဘောဆိုတာ
ပေးတဲ့လူအပေါ်မှာထက် ယူတဲ့လူအပေါ်မှာ မူတည်ပါတယ်။ အပျက်သဘောလို့ ထင်စရာရှိတဲ့
ကော်မန့်ကို ယူတတ်ရင် အပြုသဘောဆောင်ပါတယ်။


တန်ခူး >> ကိုပေါက မိုးခါးရေကြိုက်သလား။ ဒါမှမဟုတ် လူ့ ဂွစာလား။

ကိုပေါ>> ကျနော်က “သစ္စာသည်သာ အလှတရား” ဆိုတဲ့ ဆောင်ပုဒ်ကို နှစ်သက်တယ်။
မိုးခါးရေမှန်းသိသိကြီးနဲ့ သောက်ရတာဆိုရင် ကျနော့်အနေနဲ့ အဲဒီ မိုးခါးရေကို
ကြိုက်နှစ်သက်လို့ သောက်တာမျိုးမဟုတ်ဘူး။ မတတ်သာလို့ သောက်ရတာ။ ကျနော့်မှာ
မသောက်ဘဲ နေရဲတဲ့အထိ သတ္တိမရှိသေးလို့၊ အရည်အချင်းမရှိသေးလို့၊ မပြည့်ဝသေးလို့
သောက်ရတာ။ ဒါပေမယ့် အဲဒီလုပ်ရပ်ဟာ မှန်ကန်တယ်လို့ ဘယ်လို့မှ မကြွေးကြော်ဘူး။
အဲဒီလုပ်ရပ်ကို ဖာထေးပြီးပြောနေမှာမဟုတ်ဘူး။


သောက်နေစဉ်မှာလည်း ဒါဟာ မကောင်းဘူးလို့ ပြောမယ်။ ကျနော်တတ်နိုင်တဲ့တနေ့မှာ
မိုးခါးရေမသောက်ဘဲ နေမယ်ဆိုတဲ့ စိတ်ထားမျိုးရှိပါတယ်။ အဲသည်လို မိုးခါးရေမသောက်ဘဲ
နေသွားနိုင်တဲ့ တချို့ကိစ္စတွေမှာ အများက သောက်နေကြဆဲဆိုရင်တော့ လူ့ဂွစာလို့
အထင်ခံရမှာပေါ့ဗျာ။

တန်ခူး >>နောက်ဆုံးမေးခွန်းကတော့ ကျွန်မကတော့ လားရာတူသူတွေ အချင်းချင်း
နားလည်မှုမလွဲပဲ ချစ်ခင်စည်းလုံးစေချင်တယ်။ ကိုပေါသဘောကရော။

ကိုပေါ>> ဘလော့ဂ်ရေးတာချင်းတူရုံနဲ့၊ တိုင်းပြည်လွတ်လပ်စေချင်တာချင်း တူရုံနဲ့
လူတိုင်းဟာ အတွေးအခေါ်မတူနိုင်ဘူးဆိုတာကို အခြေခံနားလည်သဘောပေါက်ရင်၊
အတွေးအခေါ်မတူတိုင်း ရန်သူမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ရင်၊ နောက်ပြီး
မတူညီတဲ့အတွေးအခေါ်တွေ၊ နည်းလမ်းတွေကြားမှာ အစဉ်အမြဲဆိုသလို
ဆွေးနွေးငြင်းခုန်မှုတွေ၊ ယှဉ်ပြိုင်မှုတွေရှိတယ်ဆိုတာကို နားလည်သဘောပေါက်ရင် အလိုလို
ချစ်ခင်စည်းလုံးပြီးသား ဖြစ်ပါလိမ့်မယ်။

*******************************
ကိုပေါပြောသလို ပွဲဆူအောင် လုပ်တာ မဟုတ်ပါဘူး။ ရှေးကထက်ပိုချစ်ကြစေချင်တဲ့ စေတနာနဲ့ ပါ။ နှစ်သစ်မှာ အားလုံးငြိမ်းချမ်းချစ်ခင်ကြပါစေ။

တန်ခူး
9:31pm 14-Apr-2009

17 comments:

  1. ကြည့်စမ်း... အင်တာဗျုးတွေ ခေတ်စားနေလိုက်တာ..

    မြို့မေတ္တာခံယူတဲ့ ကိုပေါရဲ့ မေတ္တာကို ခံယူသွားပါတယ်....။

    (ပြီးတော့မှ မိတ်ဆွေကောင်းပီပီ တဖက်လှည့် ပြန်လာပြီး ရေဘောလုံးနဲ့ ပေါက်သွားတယ် ဗြန်းးးးးး ကျောစုတ်လေရော့..:p)



    (မတန်ခူးအတွက်တော့ ပိတောက်ပန်းနဲ့ မုန့်လုံးရေပေါ်ပေးသွားတယ်နော်...၀၀၀၀၀ ၀၀၀၀ ၀၀၀၀၀၀)

    ReplyDelete
  2. idea အသစ်ပါလား မမ။
    good တယ်ဗျ။
    ကိုပေါ fighter မှန်း စောကြီးထဲက သိပ။

    ReplyDelete
  3. တန်ခူးအမေး ... ကိုပေါအဖြေပေါ့။ ကိုယ့်သူငယ်ချင်းက ဒီတစ်ခါတော့ အင်တာဗျူးဆရာမပေါ့။ မိုက်ကလေး ကိုင်ပြီး ဗျုးနေတာတောင်မြင်မိသေး။ မှတ်သားစရာ သိစရာအချို့ မှတ်သားသွားပါသည်။ ပွင့်ပွင့်လင်းလင်းဖြေသွားတဲ့ ကိုပေါကိုရော ဗျူးဆရာမတန်ခူးကိုပါ ကျေးဇူး။ တန်ခူးမေးခွန်းတွေ အရမ်းမိုက်တယ်။ ငယ်ငယ်က ပေဖူးလွှာတို့ မဟေသီတို့တွေထဲက စာပေအင်တာဗျူးတွေတောင် သတိရမိသေး၊။မောင်သာနိုးတို့၊ အောင်သင်းတို့ ... ဘလာ... ဘလာ ...

    ReplyDelete
  4. အမတန်ခူးနဲ့ ကိုပေါရေ ကျနော်တော့ သီချင်းတစ်ပုဒ်ကိုသတိရမိတယ်
    ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်....

    ReplyDelete
  5. Hi...

    It's All about Attitude...

    Some R Juz Black..

    and...

    Some are White...

    U Know What...

    U r white, +ive & Productive...

    But..

    Some are Simply NOT...

    U can't Simply Can't CHANGE..!

    Happy Thingyan...!!

    ReplyDelete
  6. The above comment makes me remember Michael Jackson's song..

    "....
    ....
    It dont matter if youre
    Black or white

    Ooh, ooh
    Yea, yea, yea now
    Ooh, ooh
    Yea, yea, yea now

    Its black, its white
    Its tough for you
    To get by
    Its black , its white, whoo..."

    ReplyDelete
  7. ဖတ်ကောင်းပါ့။

    ReplyDelete
  8. မမရေ.. ပို့စ်နဲ့တော့ မဆိုင်ပါဘူး အဟီး.. :D

    သင်္ကြန်ဆိုတော့ ရေလာလောင်းတာ.. သားသားရော အမကိုရော ရေလောင်းသွားတယ်နော်.. :D ဒီနေ့ နောက်ဆုံးနေ့မို့ အလုပ်ပါးတုန်းလေး ရေလိုက်လောင်းနေတာ..:P

    ဆက်လည်လိုက်ဦးမယ် မရေ.... blog လည်ပြီး ရေလိုက်လောင်းလို့ မပြီးသေးဘူး..:D

    ReplyDelete
  9. စာအုပ်တအုပ်နဲ့ အလုပ်ရှုပ်နေလို့ ဘယ်မှ မရောက်ဖြစ်တာပါ...

    အင်တာဗျူးတွေကလည်း တယ်များသကိုး...
    ပန်ဒိုရာကလည်း ဗျူး...
    ကျနော်တောင် ဗျူးလိုက်သေး...း)
    သည်လို အင်တာဗျူးကို ဘလော်ဂါတွေအားလုံးကို လိုက်ဗျူးလိုက်ရင် ပို့စ်တွေ မနည်းဘူး ရမယ်ဗျို့...
    Trend လေးတခုလည်း ရနိုင်မယ် ထင်ရဲ့...

    BTW နှစ်သစ်မှာ မတန်ခူးတို့ မိသားစုဝင်အားလုံး အစစ အရာရာ အဆင်ပြေ ရွှင်လန်းချမ်းမြေ့ကြပါစေဗျား...

    ReplyDelete
  10. ရှေးကထက် ပိုချစ်ကြစေချင်တဲ့ စိတ်ရင်းခံရှိတဲ့ မတန်ခူးကို လေးစားပါတယ်ဗျာ။ :)

    ReplyDelete
  11. မင်္ဂလာနှစ်သစ်ပါ မတန်ခူးရေ။

    ReplyDelete
  12. ကျနော်တော့ကြောက်တယ်း) အဟိ နာမည်ကြားတာနဲ့ အဖျားတက်ချင်လို့ ။

    အစ်မကြီး နေကောင်းတယ်ဟုတ် ကျနော့်ကိုလည်း ဗျူးပါလား ???

    :P

    ReplyDelete
  13. ဒီပို့ စ်မှာ ကျွန်မရဲ့ တင်ပြပုံညံ့ဖျင်းမှုကြောင့် ကျွန်မရည်ရွယ်ချက်တွေ
    မှုန်ဝါးသွားရတယ်ဆိုတာ သိလိုက်ရတော့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မ ဒီပို့ စ်မှာ ပြောခဲ့သလိုပဲ အဓိက ရည်ရွယ်ချက်က လားရာတူသူတွေကြား နားလည်မှုတွေ မလွဲစေချင်လို့ ပါ။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်နစ်နာလိုစိတ် မရှိဘူးဆိုတာ ကျွန်မကျိန်ဆိုပြောရဲပါတယ်။ ဒီပို့ စ်အတွက် ကျွန်မကို ၀ိုင်းဝန်းစိုးရိမ်ပူပန်ပေးကြတဲ့ ဘလော့ဂ်ရောင်းရင်းများကို ကျေးဇူးအရမ်းတင်ပါတယ်။ ကြိုတင်အသိမပေးပဲ “ငါ့ကို ဒီမေးခွန်းတွေ ဖြေပေးတော့ ကိုပေါရေ”လို့  ရက်ရက်စက်စက်၊ မညှာမတာ မေးခွန်းတွေ ပေးလိုက်တာကို အသေအချာဖြေပေးတဲ့ ကိုပေါကို ကျေးဇူးပါ။ လေနုအေးကို လာလည်တဲ့သူတွေ အမြဲအေးမြချမ်းမြေ့ပြီးမှ ပြန်သွားစေချင်တဲ့ ဆန္ဒကြောင့် ကျွန်မ ဘလော့ဂ်နာမည်လေးကို လေနုအေးလို့ ပေးခဲ့တာပါ။ လေနုအေးဆီက လေပူနွေးလေးများ ရခဲ့တယ်လို့ ထင်ရင် ကျွန်မရဲ့ ပေါ့ဆမှုကြောင့်သာဖြစ်ကြောင်း တောင်းပန်ပါရစေ။

    ပန်ရေ… ပိတောက်ပန်းလေးကလဲ မွှေး၊ မုန့် လုံးရေပေါ်လေးက ချိုမြနေတာပဲ… ကျေးဇူးပါ…

    ညီမရီတာရေ… တကယ်တော့ အမ အတော်ညံ့တာပါညီမရယ်…

    ဆွိရေ… အင်တာဗျူးဆရာမတော့ မလုပ်ပါရစေနဲ့  သူငယ်ချင်းရယ်…

    ရှေးကထက် ပိုချစ်ကြဖို့  ပိုလိုလာတယ်လို့  ထင်လို့  ဒီပို့ စ်ကို ရေးဖြစ်တာပါ မောင်လေးရွာသားလေးရေ…

    Anonymousရေ… လာဖတ်တာ ကျေးဇူးပါ…

    JDရေ… လာဖတ်တာ ကျေးဇူးပါ…

    ကိုဖြိုးမော်ရေ… ကျေးဇူးပါ…နောင်လဲလာလည်ပါဦးနော်…

    နုရေ…အေးလိုက်တာ…ရေခဲရေတွေမိုလား… တို့ လဲပြန်လောင်းလိုက်မယ်…ဗွမ်း….

    ကိုအောင်သာငယ်ရေ… ဆုတောင်းပေးတာ ကျေးဇူးပါ…

    ကိုစေးထူးရေ… ကျွန်မရဲ့စိတ်ရင်းခံကို မြင်သွားတယ်ဆိုရင်ပဲ ဒီပို့ စ်ဖန်တီးရကျိုးနပ်ပါပြီ….

    ညီမလေးပုံရိပ်ရေ… ထပ်တူဆုတောင်းပေးပါတယ် ညီမရယ်…. ကျေးဇူးပါနော်…

    မောင်မျိုးရေ… နေကောင်းပါတယ်… ခုဦးထုတ်ကြီးနဲ့ မိုလား…

    ReplyDelete
  14. သိုင်းဆရာApril 28, 2009 at 10:59 AM

    ကိုပေါကစောက်ရမ်း လေကြီးတယ်ဗျာ။
    စကားလုံး တွေကပါးစပ်နဲ့ ဆန့် ရဲ့ လားလို့ မေးချင်တယ်။

    ReplyDelete
  15. In addition to above interview...( his latest great idea as follows) :

    Ko Paw said...

    "" ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။ ""

    ReplyDelete
  16. That's why....we said to "မတန်ခူး "..

    Don't waste your peaceful time..anymore..please..!

    ReplyDelete
  17. ”သည်လိုသာ ဖြစ်မလာသေးလို့ ကဲ့ရဲ့ရစတမ်းဆိုရင် ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။”


    သည်လိုပြောတာ ငပေါ.. အမတန်ခူး..ရေ။
    ကျနော် ဒီပို့စ်မှာ မှတ်ချက်မရေးခဲ့မိတာ သိပ်မှန်တယ်။

    ReplyDelete