Tuesday, March 3, 2009

လွမ်းတဲ့အလွဲများ

မမသိင်္ဂီက တက်ထားတော့ အလွဲတွေ အတော်များတဲ့ အူလည်လည်တွေ တော်တော်ဖြစ်တတ်တဲ့ ကိုယ့်အတွက် ရေးစရာတွေက အစီအရီဖြစ်လာတယ်။ နောက်ဆုံးတော့ ကျောင်းပြီးအလုပ်ဝင်ကာစက ခုထိလွမ်းနေဆဲ အလွဲလေးတွေကို ရေးပေးလိုက်ပါတယ်။ မမသိင်္ဂီရေ မှတ်မှတ်ရရ တက်ဂ်ပေးတာ ကျေးဇူးပါနော်။

**********

ကျောင်းပြီးတာနဲ့  အလုပ်တန်းဝင်တော့ လူကြီးမဖြစ်၊ ကလေးမဖြစ်။ အတော်တော့ ကိုးလို့ ကန့် လန့် နိုင်သည်။ အလုပ်ဝင်ကာစက အပျိုကြီး အင်ဂျင်နီယာမမက အခြောက်တိုက် ခေါ်ဆူသည်။ ကလေးလို မနေရ၊ မ၀တ်ရတဲ့။ တနှစ်ကြီးတနှစ်ငယ် အင်ဂျင်နီယာအငယ်တွေက အုပ်စုလိုက်ဆိုတော့ ကျောင်းတုန်းက ဘရုတ်ကျသည့် အကျင့်တွေက အလုပ်ထိပါချင်သေးသည်။

အလုပ်ကလဲ ယောင်္ကျားလေးဆို လက်ချိုးရေလို့ ရသည်။ မိန်းခလေးတွေချည်းဆိုတော့ အတော် လွတ်လပ်သည်။ ကလေးတွေရှေ့  မှင်သေသေနေရပေမယ့် ကလေးတွေ ကွယ်ရာကျတော့ ကိုယ်က ကလေးပြန်ပြန်ဖြစ်နေတတ်သည်။ ဒီဘက် စက်ရုံမှာ လုပ်စရာနည်းရင် ဟိုဘက်စက်ရုံက အမအခန်းမှာ အောက်စက်(VCR) တွေ သွားသွားပြင် (တကယ်တော့ ဆော့တာပါ) သည်။ ပြင်ချင်ယောင်ဆောင်ရင်း အခွေလေးလဲကြည့်ရင်း၊ လစ်ရင်လစ်သလို ဂိမ်းလေးလဲ ဆော့တတ်ပါသည်။ ကိုရီးယားအင်ဂျင်နီယာဘော့စ်က တခါတခါတော့ လွှတ်ပေးထားသည်။ တခါတခါတော့ ကြိတ်ကြိတ်ဆူသည်။ သူ့ ကို ကိုယ်တို့ က အင်ဂျင်နီယာ အပျိုကြီးမမတွေလောက်တော့ မကြောက်။

တနေ့  အောက်စက်ပြင်သည့် အခန်းထဲမှာ တိတ်တိတ်လေး ဂိမ်းဆော့နေရင်း စိတ်တွေပါလာလိုက်တာ ဆော့နေသည့် ဂိမ်းမှလွဲပြီး ဘာမှမသိတော့။ နောက်ကနေ နာမည်လာခေါ်တာကို နေစမ်းပါ ဒီမှာနိုင်ခါနီးနေပြီတွေဘာတွေ ပြန်ပြောလို့ ။ အခန်းရှင် မမက ဘာမှ မပြောနိုင်လောက်အောင် ရယ်နေပြီ။ မမက ဘာလို့ ဒီလောက် သဘောကျနေတာလဲ လို့  ကိုယ်ကတောင်ပြန်မေးလိုက်သေးတယ်။ နောက်က ခေါ်သံနဲနဲကျယ်မှ ဂိမ်းကို လွှတ်ချပြီး ကမန်းကတန်း နောက်လှည့်ကြည့်တော့ ကိုရီးယားဘော့စ်။ အိုးမိုင်ဂေါ့။ သူ့ ကို လုပ်ဖော်ကိုင်ဖက်ထဲက တယောက်ထင်ပြီး ဂိမ်းဆော့မပျက်ခဲ့တာ။ ဆူမယ့်ပြင်တဲ့ သူ့ မျက်နှာကလဲ ပြုံးဖြီးဖြီးကြီး။ ဒါပေမယ့် အဲဒီနေ့ ကစပြီး အမိန့် ထုတ်လိုက်တာက ဟိုဘက်ရုံကို မကူးရတဲ့။ ကျောင်းထဲက တတွဲတွဲ သူငယ်ချင်းကြီးနဲ့  ဟိုတရုံ၊ ဒီတရုံဆိုတော့ လွမ်းလိုက်တာ။ ထမင်းစားချိန်ပဲ တွေ့ ရတော့တယ်။ ကိုယ်လုပ်မိတဲ့ အလွဲက ကောင်းကောင်းဒဏ်ခတ်ခံရတာ။

အမှတ်မရှိတော့ လစ်ရင်လစ်သလို ရုံကူးဖို့  ကြံသေးတာ။ ကိုရီးယားဘော့စ်ကလဲ သူခိုးဖမ်းဖို့  သူ့ စားပွဲပေါ်မှာ မှန်လေးတောင် ထောင်ထားလိုက်သေး။ သူမရှိဘူးထင်ပြီး ခိုးကူးလိုက်တာ မှန်ထဲက မျက်လုံးသေးသေးလေးတွေလဲ တွေ့ ရော ပြုံးပြပြီး ခပ်တည်တည်နဲ့  နောက်ပြန်လှည့်ရတဲ့ အခါပေါင်းက မနည်းဘူး။ ဟိုဘက်ရုံက သူငယ်ချင်းကြီးက အချက်ပေးရင် ရုံခိုးကူး။ တရက်တော့ ရုံခိုးကူးကောင်းတာ ဘော့စ်က ရိပ်မိပြီး လိုက်ရှာပါလေရော။ TV ရုံက လိုင်းထဲမှာ အင်ဂျင်နီယာတန်မယ့် ဘော့စ်နဲ့ တူတူပုန်းတမ်းဆော့တာ။ လိုင်းထဲက လူကြီးတွေက ကိုယ့်ထက်အကြီးတွေဆိုတော့ သူတို့ ကတောင် ဖွက်ပေးသေးတယ်။ လာနေပြီ၊ သွားပြီ အချက်တွေပြပေးရင်း အဲဒီနေ့ က ဘော့စ်လက်ထဲက သီသီလေးလွတ်သွားတာ။

ရုံမကူးရတော့ ဟိုဘက်ရုံ၊ ဒီဘက်ရုံ တယ်လီဖုန်းနဲ့  ဆက်သွယ်ရတယ်။ ဘယ်လောက်ထိ ဘရုတ်ကျလဲဆို ဟိုဘက်ရုံက သူငယ်ချင်းက ဘာစကားမှ မပြောပဲ တယ်လီဖုန်းထဲကို လေနဲ့ မှုတ်တယ်။ လူမမြင်ရပေမယ့် သူလုပ်တယ်ဆိုတာ တတ်အပ်သိတော့ စိတ်ထဲမခံချင်။ ၂ ခါ ၃ခါ ခံရတော့ နောက်တခါလာရင် ကိုယ်က ဦးအောင် လေနဲ့ မှုတ်မယ်လို့  ကြံထားတာ။ နောက်တခါ ဖုန်းလဲလာရော ဟိုဘက်က အသံမကြားခင် ဒီဘက်က လေနဲ့ ဖူးဖူးဆိုမှုတ်တာ။ ကိုယ်နိုင်ပြီဆိုပြီး ပျော်နေတုန်း ဟိုဘက်က အသံထွက်လာတယ် “ဒေါ်…. ကျွန်တော်အောင်ငွေပါ… အလုပ်ကိစ္စဆွေးနွေးချင်လို့ ပါ” တဲ့။ သေတော့။ ကိုယ်လေနဲ့  မှုတ်တဲ့အချိန်ကျမှ အလွဲကြီးလွဲ။ ကားတွေအုပ်ချူပ်သူက ကိုယ့်ကို လေးလေးစားစား ဒေါ်တပ်ခေါ်။ ကိုယ်က လေနဲ့ မှုတ်။ မှင်သေသေနဲ့  အလုပ်အကြောင်း ဆက်ပြောချင်နေပေမယ့် ရယ်ချင်လိုက်တာ စိတ်ထဲကလိလိ။ အဲဒီအလွဲလေးကတော့ ဒီနေ့ ထက်ထိ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ တိုင်း ပြောမိနေတဲ့ အမှတ်တရအလွဲလေးပါ။

(စာကြွင်း။ အဲလောက် ဘရုတ်ကျလို့  ဘယ်ချိန်သွားအလုပ်လုပ်လဲ မထင်လိုက်ပါနဲ့ နော်။ စက်တွေ စိတ်ကောင်းဝင်နေတဲ့ အချိန်ပဲ ဘရုတ်ကျတာပါ။ စက်တွေ စိတ်ပုပ်တဲ့အခါကျရင် ခြေသလုံးတွေ တောင့်တဲ့အထိ ပြင်ခဲ့ရတာပါ။ တကယ်)

တက်ဂ်ဂိမ်းမကစားရတာကြာလို့  ချစ်တဲ့ မောင်လေး ညီမလေးတွေကို အားရပါးရဆက်တက်ဂ်ပါရစေ

၁) ညီမလေးချိုသင်း
၂) နိနိတို့ စုံတွဲ
၃) မောင်လေးမောင်မျိုး
၎) ညီမလေးမြတ်နိုး
၅) ညီမလေးပုံရိပ်

တန်ခူး
3:02pm 03-Mar-2009

25 comments:

  1. အဟီးး........လေနဲ့ မှုတ်တာ တော်တော်ရယ် ရတယ် အစ်မကြီးကလည်း လွဲတတ်ပါ့ ဟဟား ဒီပို့စ်ဖတ်ပြီးကျနော် အ၇မ်းရယ်နေလို့ ဘေးက လူကမေးနေပြီး ဘယ်လိုဖြေရပါ့း)

    Tag တာ ကျေးဇူးဗျ ကျနော်ရေးပြီးပြီး

    http://www.maungmyo.co.cc/2009/02/blog-post_23.html

    အကြွေးကို ချက်ချင်းဆပ်တာ :P

    ReplyDelete
  2. ရယ်လိုက်ရတာ..
    တယ်လီဖုန်းလေနဲ့မှုတ်၊ မှန်ထေဲက မျက်လုံးသေးသေးလေးး....။ ဘော့စ်ကလည်း ကလေးထိန်းနေရသလို ထင်မယ်နော်...။

    ReplyDelete
  3. တန်ခူး အလွဲလေးတွေက ပျော်စရာ လွမ်းစရာလေးတွေပါလား... ဟဲဟဲ.. အဲဒီတုန်းကလို အပျော်မျိုး ဘယ်ရှိတော့ပါ့မလဲ...။ ရီရတယ်..လေနဲ့မှုတ်ပေလို့ပေါ့..။

    တန်ခူးရေ..အမှတ်တရအပျော်လေးတွေ ဝေမျှပြီး တက်ဂ်ထားတာကို ရေးပေးတဲ့ အတွက် ကျေးဇူးနော်..။

    ReplyDelete
  4. အမတန်ခူးရေ ရယ်လိုက်ရတာ။ ကလေးဆိုးကြီးပေါ့နော်။ ဖြစ်ရမယ် လေနဲ့မှုတ်ကြတာတဲ့။ အလုပ်ခွင်ပေမယ့် ပျော်စရာကောင်းသားနော်။ အုပ်စုညီတော့ ပိုပျော်စရာကောင်းမယ်ထင်တယ်။
    နိနိတို့လည်း ရေးပေးမယ်နော်။

    ReplyDelete
  5. မတန်ခူးရေ-
    အလွဲတွေ..အလွမ်းတွေ..း)

    ReplyDelete
  6. အမရေ လွမ်းစရာကောင်းတဲ့အလွဲတွေပဲနော်

    ReplyDelete
  7. အတော်ရီရသဗျာ... ပါးစပ် မပိတ်နိုင်ပဲ ပြန်သွားတယ်...း)

    ReplyDelete
  8. ရယ်ရတယ်..
    ဒီလို အချိန်မျိုးတွေ ပြန်မရတော့ဘူး

    ReplyDelete
  9. မမရဲ့ အလွဲတွေက တကယ်ရီရတာပဲ.. ဂိမ်းဆော့ရင်းတောင် Boss ကို “နေစမ်းပါ ဒီမှာနိုင်ခါနီးနေပြီ” လို့ပြောတဲ့ မမကို တကယ်ချီးကျူးတယ်... ဂိမ်းကလည်း အသည်းအသန် ဖိုက်ရပြီဆို ဘေးနား ဘာပဲ လာနေ လာနေ မရတော့ဘူးနော်.. လွမ်းစရာလေးတွေပေါ့ အမရေ.. :D

    ReplyDelete
  10. မတန်ခူး...
    ပျော်နိုင်လိုက်တာ..
    အားကျတယ်...
    ကျနော်ဖြင့် ဘာရေးရမှန်းကိုမသိဘူး..

    ReplyDelete
  11. အမတန်ခူးရေ
    လေနဲ့ မှုတ်တယ်တဲ့၊ ရီလိုက်ရတာ။ ဂိမ်းကလဲ ဆော့သေးတာ။ အလုပ်မဖြုတ်လိုက်တာ ကံကောင်းပါလား။
    ချိုသင်းလဲ ရေးမယ် အမ။ မနက်ဖြန်ညကျရင် ရေးမယ်လေ။ ဒီညတော့ ဒီကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ ရွှေဂျမ်းကို သွားတွေ့မလို့။ အပြင်မှာ ဘလော့မိတ်ဆွေတွေ ဆုံရတာ ဂျမ်းနဲ့ဆို ၃ယောက် ရှိပြီ။ အားလုံး ဆုံကြရရင်ကောင်းမှာနော်။

    ReplyDelete
  12. အမရေ..
    ရီလိုက်ရတာ.. ဟုတ်တယ်.. မြတ်နိုးလဲ အဲလိုပဲ..ဟီး

    အမရေ..တက်တဲ့အတွက် ကျေူးဇူးပါ။ အမရေ.. စာရေးရမှာလဲ ပျင်းနေတယ်..ပီးတော့ အလုပ်တွေလဲ ရှုပ်နေတယ်..ဘလော့ရေးရတာ စိတ်မပါဖ်ြစ်နေတယ်အမရေ..

    ဘလော့တောင် ပိတ်တော့မလားလို့ လာချောင်းတဲ့သူတွေကို အားနာနေလို့..။ စိတ်မဆိုးပါနဲ့ အမရယ်နော်..။ တကယ်လို့ရေးဖြစ်ရင်လဲ အမရဲ့ ပို့စ်က နောက်ဆုံးဖြစ်မယ်ထင်တယ်။

    မြတ်နိုး

    ReplyDelete
  13. ခြေသလုံးတွေ တောင့်အောင် ပြင်တယ်ဆိုတာ ယုံပါတယ် အမရယ်... ပျော်စရာ အချိန်လေးတွေ ရှိနေသေးလို့လည်း တော်သေးတာပေါ့...

    ReplyDelete
  14. အမရေ -
    အမလွဲသွားတာက ပျော်စရာကြီးနော်...
း)
    ကျနော် အကြွေးဆပ်ထားပါတယ် အမ လာဖတ်လှည့်ပါဦး

    ReplyDelete
  15. အစ်မက တော်တော်ဆော့တာကိုး ဟဲဟဲ။ ပျော်စရာကြီး။ ငယ်ဘ၀က ဘာပဲ ဖြစ်ဖြစ် လွတ်လပ်တယ်။

    ReplyDelete
  16. အစ်မ tag တာ ပုံရိပ်လည်း စဉ်းစားလိုက်ဦးမယ်။ ရေးမယ်နော် :)

    ReplyDelete
  17. အမ မအားတဲ့ကြားက စိတ်ညစ်တာနဲ့ ပျော်စရာလေးစဉ်းစားပီး ရေးပီးပါပီ။

    မနက်ဖြန်အပီးစာတမ်းတင်ရမှာ ..ဟီး

    မြတ်နိုး

    ReplyDelete
  18. ပျော်စရာကြီးပါလား တန်ခူးရေ...
    ဖတ်လို့လဲ အလွန်ကောင်းပါ့...။
    တို့လဲ ရေးရအုံးမယ် ဘာရေးရမှန်းတော့ မသိသေးဘူး
    စဉ်းစားနေတုန်းပဲ...
    စဉ်းစားနေတယ်ဆိုလို့ အလွဲတွေမရှိဘူးလို့
    မထင်လိုက်ပါနဲ့..
    များလွန်းလို့ စဉ်းစားနေရတာမျိုးပါ.. ဟဲဟဲ

    ReplyDelete
  19. ဟော ဟိုမှာဟိုမှာ ... လုံးလုံး လုံးလုံးလေး လိမ့်သွားတယ် ဆိုပြီး ဘော့စ်ကို ၀ိုင်းကူ ဖမ်းပေးချင်လိုက်တာနော်

    ReplyDelete
  20. အမရေ Tag ထားတာ ရေးပြီးကြောင်းပါ။ အိပ်ပြီ။

    ReplyDelete
  21. ပြုံးသွားပါ၏။ လူကြီးဆိုတောကအိနြေလေးနဲ့ပေါ့။

    ReplyDelete
  22. မောင်မျိုးရေ… အကြွေးကလဲ ကြိုဆပ်ထားတာပေါ့… ရယ်မောပျော်ရွှင်ရတယ်ဆိုလို့  ၀မ်းသာပါတယ်မောင်လေးရေ…

    ဟုတ်တယ်ညီမရေ… ဘော့စ်လဲ အတော် စိတ်ညစ်ရှာမှာပဲ… ညီမဘလော့ဂ်လိပ်စာလေးကို ပြောပြပါဦး sin dan lar ရေ…

    မ ရေ… ဟုတ်ပါတယ်… တခါတခါ အပျော်တွေ ဘယ်ရောက်သွားလဲလို့  အံ့သြမိတယ်… အမှတ်တရ တက်ဂ်ပေးတာကျေးဇူးပါ မရယ်…

    နိနိရေ… ဟုတ်ပါတယ်ညီမရေ… အုပ်စုညီလို့ လဲ ပိုပျော်စရာကောင်းတာပါ… ခုထိအဲဒီအုပ်စုက ဒီမှာလဲ တတွဲတွဲပဲညီမရေ…

    ကေရေ… အလွဲတွေက အချိန်တွေကြာလာတော့ အလွမ်းတွေဖြစ်ရောနော်…

    ဟုတ်ပါတယ်ရွာသားလေးရေ… လွမ်းနေတုန်းပါပဲ…

    ကိုအောင်သာငယ်ရေ… ဟုတ်လို့ လား… ကျွန်မက ရယ်စရာသိပ်မရေးတတ်ဘူး… အရင်က ရယ်စရာ စာတပုဒ်ရေးပြီး သူငယ်ချင်းကို ပေးဖတ်တာ သူက ရေးသူပဲ ရယ်နေပြီး ဖတ်သူက မရယ်ရဘူးလို့  ပြောဖူးတယ်… ဒါလေးရေးတော့ အဲလိုများဖြစ်နေမလားလို့  တွေးပူမိသေးတာ…

    ဟုတ်တယ်ပန်ရေ… ပြန်မရနိုင်တဲ့ နုနယ်ပျိုမျစ်တဲ့အပျော်တွေ…

    နုရေ… ကိုယ့်အကြောင်းကိုယ် သိလို့  သားနဲ့ ဂိမ်းမဆော့ဘူး… တော်ကြာ… ကိုယ်စိတ်ပါလာရင် သားတောင် ဆော့လိုက်ရမှာ မဟုတ်ဘူး…

    ပေါက်ရယ်… အလွဲလေးတွေ ပြန်တွေးကြည့်လိုက်… ရေးစရာထွက်လာလိမ့်မယ်…

    ဟုတ်တယ် ချိုသင်းရေ… ခုချိန်လူကြီးစိတ်နဲ့ ပြန်တွေးရင် ကိုယ့်ကိုယ်ကို ဒုတ်ကလေးနဲ့ သာ ခပ်စပ်စပ် ရိုက်ချင်တော့တာပဲ…

    မြတ်နိုးရေ… ရေးပေးတာ ကျေးဇူးပါညီမရေ… ဘလော့ဂ်တော့ မပိတ်ပါနဲ့ လေ… လွမ်းလို့ နေတတ်မှာ မဟုတ်ဘူး….

    ပျော်အောင်နေရတာပေါ့ညီမရေ… အမတို့ ရုံးကြီးက အပြင်လူလဲ ၀င်လို့ မရ… တချို့ ဆို ထောင်ကြီးနဲ့ တူတယ်လို့ တောင် ဆိုသေးတယ် ညီမမီယာရေ…

    ကိုဇနိတို့ အလွဲလေးက ရင်ခုန်စရာ ပြီးတော့ ချစ်စရာအလွဲလေးနော်… ရေးပေးတာ ကျေးဇူးပါကိုဇနိနဲ့ နိနိရေ…

    အင်း… တဖြေးဖြေးနဲ့  ကိုယ့်အကြောင်းတွေ ပေါ်ကုန်တော့မယ် ပုံရိပ်ရေ… ရေးလဲရေးသေးဘူးနော်… လာလာချောင်းတယ်…

    မြတ်နိုးရေ… မအားတဲ့ကြားထဲက ရေးပေးတာ ကျေးဇူးပါညီမရေ… စာတမ်းပြီးသွားပြီဆိုလို့  ၀မ်းသာပါတယ် ညီမရေ…

    သက်ဝေရေ… စောင့်ဖတ်နေမယ်နော်… သက်ဝေရဲ့အလွဲလေးတွေကို…

    မ ရေ… ဟိဟိ… အဲဒီလုံးလုံးလေးကို ဘော့စ်က မမြင်ဘူးလေ… ဒီကလဲ လျင်တာကို…ပြီးတော့ သူကလဲ အမြင်ကျဉ်းတာကို…

    ဟင်… မမကလဲ… ကော်မန့် ပေးတာ ကတ်စေးနဲလိုက်တာ…

    ချိုသင်းရဲ့ ဖော်ဖော်ရွေရွေအလွဲလေးတွေက ဖတ်လို့ ကောင်းလိုက်တာ… ကျေးဇူးပါညီမရေ…

    မမရေ… ကျေနပ်သွားပြီ… ခုကတ်စေးမနဲတော့လို့ ….

    ReplyDelete
  23. ရယ်လိုက်တာ အစ်မတန်ခူးရယ် ... မောင်မျိုးဆီကတဆင့်အစ်မဆီရောက်လာတာ ...း)
    နောက်မှကျန်တာတွေလာဖတ်ဦးမယ် ....

    ReplyDelete
  24. ha..hah.. now i knew who you are? u working under Daw Wai Ye right..? yr korea Boss is Mr. Lee .. am i right??? ha..hah

    ReplyDelete